မြန်မာနိုင်ငံရဲ့ လူမှောင်ခိုနှိမ်နှင်းရေး တိုးတက်မှု မရှိ


(Unicode)⤵⤵⤵
၂၀၂၀ ပြည့်နှစ် ကမ္ဘာ့လူမှောင်ခိုလုပ်ငန်းဆိုင်ရာ အစီရင်ခံစာကို အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတွေရဲ့ လူမှောင်ခိုကူးမှုအခြေအနေကို အဆင့် သုံးဆင့် သတ်မှတ်ထားရာမှာ မြန်မာနိုင်ငံက အရင်နှစ်တွေလိုပဲ အဆင့် ၃ မှာပဲရှိနေပါတယ်။

မြန်မာအစိုးရအနေနဲ့ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းမှာလို လူမှောင်ခိုရာဇတ်မှုတွေကို စုံစမ်းဖော်ထုတ် အရေးယူတာတွေ ရှိခဲ့ပြီး၊ ကလေးစစ်သားစုဆောင်းတာတွေလည်း မနှစ်ကထက် လျော့ပါးလာခဲ့ပါတယ်။ ဒါပေမဲ့ အဓမ္မလုပ်အားယူခိုင်းစေမှု၊ ကလေးအလုပ်သမား၊ အမျိုးသမီးတွေ လူမှောင်ခိုကူးခံရတာတွေက ရှိနေဆဲလို့ဆိုပါတယ်။ ဒါ့ပြင် ရခိုင်နဲ့ရှမ်းပြည်နယ်က စစ်ရေးပဋိပက္ခတွေမှာလည်း အဓမ္မခိုင်းစေတာတွေ ရှိနေဆဲလို့ဖြစ်လို့ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးအဆင့်ကိုတောင် အပြည့်အ၀ မရောက်ရှိသေးဘူးလို့လည်း ဖော်ပြပါတယ်။

အစိုးရအနေနဲ့ တရားဥပဒေအသက်ဝင်ရေးအတွက် အားထုတ်ခဲ့ပေမယ့် စစ်တပ်အာဏာပိုင်တွေက  ကလေးစစ်သားစုဆောင်းတဲ့ တပ်မတော်သားတွေကို အရေးယူရာမှာ စစ်ခုံရုံးကိုသာ သုံးခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့ပြင် အမျိုးသမီးတွေကို ဇနီးမယားနဲ့ အိမ်ဖော်တွေအဖြစ် တရုတ်ပြည်ကို မှောင်ခိုပို့တာ၊ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာအမျိုးသမီးတွေကို လိင်ကျွန်အဖြစ် အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့မလေးရှားကို ရောင်းစားတာ၊ ဂျပန်လို နိုင်ငံမှာတောင် အစိုးရရဲ့ နည်းပညာသင်တန်း အစီအစဉ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံသားတွေကို စားသောက်ကုန်လုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ အဓမ္မခိုင်းစေနေတာတွေ ရှိကြောင်းလည်း ဖော်ပြထားပါတယ်။ အစီရင်ခံစာအရ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်က အဆင့် ၂ မှာ ရှိနေပါတယ်။

RFA Burmese
---------------------------------
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံရဲ႕ လူေမွာင္ခိုႏွိမ္ႏွင္းေရး တိုးတက္မႈ မရွိ

၂၀၂၀ ျပည့္ႏွစ္ ကမာၻ႔လူေမွာင္ခိုလုပ္ငန္းဆိုင္ရာ အစီရင္ခံစာကို အေမရိကန္အစိုးရ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မေန႔က ထုတ္ျပန္လိုက္ပါတယ္။ ႏိုင္ငံေတြရဲ႕ လူေမွာင္ခိုကူးမႈအေျခအေနကို အဆင့္ သုံးဆင့္ သတ္မွတ္ထားရာမွာ ျမန္မာႏိုင္ငံက အရင္ႏွစ္ေတြလိုပဲ အဆင့္ ၃ မွာပဲရွိေနပါတယ္။

ျမန္မာအစိုးရအေနနဲ႔ ပင္လယ္ျပင္ငါးဖမ္းလုပ္ငန္းမွာလို လူေမွာင္ခိုရာဇတ္မႈေတြကို စုံစမ္းေဖာ္ထုတ္ အေရးယူတာေတြ ရွိခဲ့ၿပီး၊ ကေလးစစ္သားစုေဆာင္းတာေတြလည္း မႏွစ္ကထက္ ေလ်ာ့ပါးလာခဲ့ပါတယ္။ ဒါေပမဲ့ အဓမၼလုပ္အားယူခိုင္းေစမႈ၊ ကေလးအလုပ္သမား၊ အမ်ိဳးသမီးေတြ လူေမွာင္ခိုကူးခံရတာေတြက ရွိေနဆဲလို႔ဆိုပါတယ္။ ဒါ့ျပင္ ရခိုင္နဲ႔ရွမ္းျပည္နယ္က စစ္ေရးပဋိပကၡေတြမွာလည္း အဓမၼခိုင္းေစတာေတြ ရွိေနဆဲလို႔ျဖစ္လို႔ သတ္မွတ္ထားတဲ့ အနိမ့္ဆုံးအဆင့္ကိုေတာင္ အျပည့္အ၀ မေရာက္ရွိေသးဘူးလို႔လည္း ေဖာ္ျပပါတယ္။

အစိုးရအေနနဲ႔ တရားဥပေဒအသက္ဝင္ေရးအတြက္ အားထုတ္ခဲ့ေပမယ့္ စစ္တပ္အာဏာပိုင္ေတြက  ကေလးစစ္သားစုေဆာင္းတဲ့ တပ္မေတာ္သားေတြကို အေရးယူရာမွာ စစ္ခုံ႐ုံးကိုသာ သုံးခဲ့တယ္လို႔လည္း ေဖာ္ျပပါတယ္။

ဒါ့ျပင္ အမ်ိဳးသမီးေတြကို ဇနီးမယားနဲ႔ အိမ္ေဖာ္ေတြအျဖစ္ တ႐ုတ္ျပည္ကို ေမွာင္ခိုပို႔တာ၊ ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းေတြက ႐ိုဟင္ဂ်ာအမ်ိဳးသမီးေတြကို လိင္ကြၽန္အျဖစ္ အိႏၵိယ၊ အင္ဒိုနီးရွားနဲ႔မေလးရွားကို ေရာင္းစားတာ၊ ဂ်ပန္လို ႏိုင္ငံမွာေတာင္ အစိုးရရဲ႕ နည္းပညာသင္တန္း အစီအစဥ္ဆိုတဲ့ေခါင္းစဥ္ေအာက္မွာ ျမန္မာႏိုင္ငံသားေတြကို စားေသာက္ကုန္လုပ္ငန္း၊ ေဆာက္လုပ္ေရးနဲ႔ ငါးဖမ္းလုပ္ငန္းေတြမွာ အဓမၼခိုင္းေစေနတာေတြ ရွိေၾကာင္းလည္း ေဖာ္ျပထားပါတယ္။ အစီရင္ခံစာအရ ကေမာၻဒီးယားနဲ႔ ဗီယက္နမ္က အဆင့္ ၂ မွာ ရွိေနပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
မြန်မာနိုင်ငံရဲ့ လူမှောင်ခိုနှိမ်နှင်းရေး တိုးတက်မှု မရှိ မြန်မာနိုင်ငံရဲ့ လူမှောင်ခိုနှိမ်နှင်းရေး တိုးတက်မှု မရှိ Reviewed by THITHTOOLWIN on 05:52 Rating: 5
Powered by Blogger.