ကိုဗစ်ကပ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားမဝင်ပြန်ဝင်လာသူတွေ ဆက်ရှိနေ

နယ်စပ်စည်းရိုးက လုံခြုံရေးအားနည်းတဲ့နေရာတွေကတဆင့် ခိုးဝင်တာတွေရှိနေ
(Unicode)⤵⤵⤵
ဘူးသီးတောင်နဲ့မောင်တောမြို့နယ်မှာ ဇွန် ၄ ရက်နဲ့ ၅ ရက် နှစ်ရက်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က တရားမဝင်ပြန်ဝင်လာသူ ၁၂ ဦးရှိခဲ့တယ်လို့ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးဦးစိုးအောင်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ မောင်တောမြို့ကို တရားမဝင် ပြန်ဝင်လာသူ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ ပြီးတဲ့နောက်မှာလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူတွေဆက်ရှိနေတဲ့အပေါ် ဒေသခံတွေဘက်က စိုးရိမ်ပူပန်တာတွေလည်းရှိလာပါတယ်။

' ' ၄ ရက်နေ့က ၂ယောက်၊ ၅ရက်နေ့က ၁၀ယောက် ပြန်ဝင်လာတယ်။ ဘူးသီးတောင်မှာကတော့ ၄ယောက်က စစ်ဆေးရေးဂိတ်မှာတွေ့တာ။ ကျန်တာတွေကတော့ ရွာမှာတွေ့တာ။ ရွာကလည်း အဝင် မခံဘူး။ သူတို့ မူဆလင်အချင်းချင်းဖြစ်ပေမယ့်လည်း ရွာကိုအဝင်မခံဘူး'' လို့ တရားမဝင် ပြန်လည်ဝင်ရောက်လာသူတွေနဲ့ ပတ်သက်ပြီး မောင်တောခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပြပါတယ်။

ပြန်ဝင်လာသူ ၁၂ ဦးမှာ အစ္စလာမ် ဘာသာဝင် ၁၁ ဦးနဲ့ ဟိန္ဒူဘာသာဝင်က တစ်ဦးဖြစ်ပြီး ဘူးသီးတောင်မြို့နယ်ကို ဝင်လာသူက ၈ ဦးဖြစ်တယ်လို့ သိရပါတယ်။

"သူတို့ကို မြို့ပေါ်က အာရ်ဘီ စာသင်ကျောင်းတစ်ကျောင်းမှာ ကွာရန်တင်းသွင်းထားတယ်။ မနေ့ကစပြီး သွင်းထားတာ စုစုပေါင်း ၈ ယောက်ရှိတယ်။ မိသားစုတစ်စုက ကျွန်တော်တို့ဆီကို ရောက်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သတင်းပို့လို့ ခေါ်ပြီးတော့ ကွာရန်တင်းသွင်းထားတာပေါ့။"လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးမောင်လှရွှေက ပြောပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ တရားဝင် ပြန်လည်လက်ခံရေးကို မြန်မာဘက်က ဧပြီလကတည်းက ရပ်ဆိုင်းထားခဲ့ပြီး ပိတ်ထားခဲ့ပေမယ့် ကိုယ့်အစီအစဉ်နဲ့ကိုယ် တရားမဝင် ပြန်လာသူတွေက ဆက်တိုက်ဆိုသလို ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇွန် ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ဖြစ်ပွားမှုပေါင်း ၆သောင်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
မေ ၃၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူ အမျိုးသားမှာ ပိုးတွေ့
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူတွေအတွက် ကျန်းမာရေးစစ်ဆေးမှုတွေကိုဘယ်လိုလုပ်နေလဲ

' ' တရားဝင်အပေါက် ၂ခုမှာတော့ ကျန်းမာရေးဝန်ထမ်းတွေကိုချထားပြီး စစ်ဆေးပေးတာတွေ လုပ်တယ်။ တရားမဝင်တာတွေကိုတော့ ကျွန်တော်တို့မသိဘူး။ ဒါပေမယ့် တရားမဝင် ပြန်ဝင်လာပြီဆို ရပ်ရွာက သိတယ်။ ကျွန်တော်တို့ကို အကြောင်းကြားရင် လှဖိုးခေါင်စခန်းမှာ ထားတယ်။ ပြီးရင် နှာခေါင်းတို့ဖတ်ယူပြီး စစ်ဆေးတယ်''လို့ ပြန်ဝင်လာသူတွေကို ကျန်းမာရေးစစ်ဆေးတဲ့အပေါ် ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဘီဘီစီကို ပြောပါတယ်။

လှဖိုးခေါင်ကြားစခန်းကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူတွေကို ကွာရန်တင်းစခန်းအဖြစ် သတ်မှတ် ဆောင်ရွက်နေပြီး လူဦးရေ ၁၀၀ခန့် စောင့်ကြည့်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

' ' ဆိုရှယ်ဒစ်စတန်းဆင်းအရ လူ ၁၀၀ ဆန့်တယ်။ လူ ၁၀၀ ပဲဆိုပေမယ့် မဆန့်ဘူးဆိုရင် နှာခေါင်းတို့ဖတ် ယူပြီးသူတွေကို ကွန်မြူနတီဘေ့စ်စခန်းတွေမှာ စောင့်ကြည့်ဖို့ထားသွားမယ်။အခုက လှဖိုးခေါင်စခန်းမှာ ၈ ယောက်ပဲရှိသေးတယ်''လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမှာ ၂ရက်အတွင်း တရားမဝင် ပြန်ဝင်လာသူ ၁၂ ဦးရှိ
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူတွေကို လှဖိုးခေါင်စခန်းမှာပဲ စောင့်ကြည့်ဖို့စီစဉ်ထားပေမယ့် ဒီရက်ပိုင်း အတွင်း မောင်တောမြို့နယ်အပြင် ဘူးသီးတောင်မြို့နယ်တွေကိုပါ ပြန်ဝင်သူတွေရှိလာတဲ့အတွက် ဘူးသီးတောင်မြို့နုယ်မှာလည်း သီးသန့်ထားရှိပြီး စောင့်ကြည့်တဲ့နေရာတွေ ပြင်ဆင်ထားရတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

' ' အခုက ပိုးတွေ့လူနာကလည်းရှိလာပြီဆိုတော့ ဘူးသီးတောင်မှာ တွေ့တဲ့သူတွေကို လှဖိုးခေါင်စခန်းကို ပြန်ခေါ်ဖို့က မဖြစ်ဘူး။ ဒါကြောင့် ဘူးသီးတောင်ဘက်မှာလည်း သီးသန့်နေရာ ထားထားတယ်လို့သိရတယ်''လို့ ဦးစိုးအောင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်- ၁၉ ပိုးတွေ့ရှိထားသူ ၃ ဦးရှိပြီး သံတွဲမြို့နယ်မှာ ၁ ဦး၊ တောင်ကုတ်မြို့နယ်မှာ ၁ ဦးနဲ့ မောင်တောမြို့နယ်မှာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ပြန်ဝင်လာသူတစ်ဦး တို့မှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
 မေလ တတိယပတ်အထိ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူ ၈၀ခန့်ကို လှဖိုးခေါင်စခန်းမှာစောင့်ကြည့်ခဲ့
ကိုဗစ်ကပ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာသူဘယ်လောက်များသလဲ

တရားဝင်လက်ခံရေးကို ပိတ်ထားချိန် ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေချိန်ကာလ မေလတတိယအပတ်ထိ ဘင်္ဂလားဒေ့ရှ်ဘက်က ကိုယ့်အစီအစဉ်နဲ့ကိုယ် တရားမဝင်ပြန်ဝင်လာသူဦးရေ ၈၀ ဝန်းကျင်ခန့်ကို လှဖိုးခေါင် ကြားစခန်းမှာ သီးခြားစောင့်ကြည့် ကွာရန်တင်းထားခဲ့တယ်လို့ မောင်တော ပြည်နယ်လွှတ်တော်အမတ် ဦးမောင်အုန်း က ဘီဘီစီကို ပြောထားပါတယ်။

' ' တချို့နေရာတွေက ခြံစည်းရိုးရှိတယ်။ တချို့နေရာတွေကတော့ ခြံစည်းရိုးမရှိဘူး။ ချောင်းပေါက်၀ တွေကနေ လှေနဲ့ခိုးဝင်တာလည်းရှိတယ်။ တချို့ကလည်း ရဲကင်းတွေနဲ့ဝေးတဲ့ နေရာကနေ ခြံစည်းရိုးကလည်းတစ်ထပ်ပဲရှိတော့ ကျော်တက်ပြီးဝင်လာတာတွေရှိတယ်''လို့ တရားမဝင်ပြန်ဝင်လာနေတဲ့အခြေအနေတွေကို မောင်တောအုပ်ချုပ်ရေးမှူးဦးစိုးအောင်က ဘီဘီစီကို ပြောပြပါတယ်။

တစ်ဖက်ကပြန်ဝင်လာသူတွေထဲမှာ ရောဂါပိုးကူးစက်ခံရသူတွေ ထပ်ပြီးတော့ပါလာနိုင်ပြီး အခုလိုအချိန်မှာ နယ်စပ်ဒေသကို ကောင်းကောင်းမွန်မွန် မထိန်းချုပ်နိုင်လို့ရှိရင် မြန်မာနိုင်ငံအတွက် မတွေးဝံ့စရာတွေဖြစ်သွားနိုင်တယ်လို့ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဆိုပါတယ်။

ပြန်လည်ဝင်ရောက်လာခဲ့သူတွေကို သူတို့ရောက်ရှိလာခဲ့တဲ့နေရာတွေမှာ ကော်ရန်တင်းထားသင့်ကြောင်းနဲ့ အခုလိုမျိုး ဘူးသီးတောင်မြို့ပေါ်ကနေရာတွေမှာ ကွာရန်တင်းစင်တာတွေလုပ်ပြီး ထားနေရတဲ့အတွက် ဒေသခံတွေဘက်ကတော့ ရောဂါပိုးကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားလာမှာကိုစိုးရိမ်ပြီး ကန့်ကွက်နေကြသူတွေလည်းရှိနေပါတယ်။

BBC Burmese
---------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္ကပ္အတြင္း ဘဂၤလားေဒ့ရွ္ဘက္ကေန တရားမဝင္ျပန္ဝင္လာသူေတြ ဆက္ရွိေန

ဘူးသီးေတာင္နဲ႔ေမာင္ေတာၿမိဳ႕နယ္မွာ ဇြန္ ၄ ရက္နဲ႔ ၅ ရက္ ႏွစ္ရက္အတြင္း ဘဂၤလားေဒ့ရွ္ဘက္က တရားမဝင္ျပန္ဝင္လာသူ ၁၂ ဦးရွိခဲ့တယ္လို႔ ေမာင္ေတာခ႐ိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉးဦးစိုးေအာင္က ဘီဘီစီကို ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၃၀ ရက္ေန႔က ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းကေန ေမာင္ေတာၿမိဳ႕ကို တရားမဝင္ ျပန္ဝင္လာသူ အမ်ိဳးသားတစ္ဦးမွာ ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္ခံထားရေၾကာင္း ေတြ႕ရွိခဲ့ ၿပီးတဲ့ေနာက္မွာလည္း ဘဂၤလားေဒ့ရွ္ဘက္က ျပန္ဝင္လာသူေတြဆက္ရွိေနတဲ့အေပၚ ေဒသခံေတြဘက္က စိုးရိမ္ပူပန္တာေတြလည္းရွိလာပါတယ္။

' ' ၄ ရက္ေန႔က ၂ေယာက္၊ ၅ရက္ေန႔က ၁၀ေယာက္ ျပန္ဝင္လာတယ္။ ဘူးသီးေတာင္မွာကေတာ့ ၄ေယာက္က စစ္ေဆးေရးဂိတ္မွာေတြ႕တာ။ က်န္တာေတြကေတာ့ ႐ြာမွာေတြ႕တာ။ ႐ြာကလည္း အဝင္ မခံဘူး။ သူတို႔ မူဆလင္အခ်င္းခ်င္းျဖစ္ေပမယ့္လည္း ႐ြာကိုအဝင္မခံဘူး'' လို႔ တရားမဝင္ ျပန္လည္ဝင္ေရာက္လာသူေတြနဲ႔ ပတ္သက္ၿပီး ေမာင္ေတာခ႐ိုင္အေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာျပပါတယ္။

ျပန္ဝင္လာသူ ၁၂ ဦးမွာ အစၥလာမ္ ဘာသာဝင္ ၁၁ ဦးနဲ႔ ဟိႏၵဴဘာသာဝင္က တစ္ဦးျဖစ္ၿပီး ဘူးသီးေတာင္ၿမိဳ႕နယ္ကို ဝင္လာသူက ၈ ဦးျဖစ္တယ္လို႔ သိရပါတယ္။

"သူတို႔ကို ၿမိဳ႕ေပၚက အာရ္ဘီ စာသင္ေက်ာင္းတစ္ေက်ာင္းမွာ ကြာရန္တင္းသြင္းထားတယ္။ မေန႔ကစၿပီး သြင္းထားတာ စုစုေပါင္း ၈ ေယာက္ရွိတယ္။ မိသားစုတစ္စုက ကြၽန္ေတာ္တို႔ဆီကို ေရာက္တယ္။ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြက သတင္းပို႔လို႔ ေခၚၿပီးေတာ့ ကြာရန္တင္းသြင္းထားတာေပါ့။"လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးဦးေမာင္လွေ႐ႊက ေျပာပါတယ္။

ရခိုင္ျပည္နယ္က ပဋိပကၡေတြအတြင္း ဘဂၤလားေဒ့ရွ္ဘက္ကထြက္ေျပးသြားတဲ့ ဒုကၡသည္ေတြ တရားဝင္ ျပန္လည္လက္ခံေရးကို ျမန္မာဘက္က ဧၿပီလကတည္းက ရပ္ဆိုင္းထားခဲ့ၿပီး ပိတ္ထားခဲ့ေပမယ့္ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ တရားမဝင္ ျပန္လာသူေတြက ဆက္တိုက္ဆိုသလို ရွိေနခဲ့တာ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ဇြန္ ၆ ရက္ေန႔အထိ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ျဖစ္ပြားမႈေပါင္း ၆ေသာင္းေက်ာ္ ရွိေနၿပီ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ဘက္က ျပန္ဝင္လာသူေတြအတြက္ က်န္းမာေရးစစ္ေဆးမႈေတြကိုဘယ္လိုလုပ္ေနလဲ

' ' တရားဝင္အေပါက္ ၂ခုမွာေတာ့ က်န္းမာေရးဝန္ထမ္းေတြကိုခ်ထားၿပီး စစ္ေဆးေပးတာေတြ လုပ္တယ္။ တရားမဝင္တာေတြကိုေတာ့ ကြၽန္ေတာ္တို႔မသိဘူး။ ဒါေပမယ့္ တရားမဝင္ ျပန္ဝင္လာၿပီဆို ရပ္႐ြာက သိတယ္။ ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားရင္ လွဖိုးေခါင္စခန္းမွာ ထားတယ္။ ၿပီးရင္ ႏွာေခါင္းတို႔ဖတ္ယူၿပီး စစ္ေဆးတယ္''လို႔ ျပန္ဝင္လာသူေတြကို က်န္းမာေရးစစ္ေဆးတဲ့အေပၚ ရခိုင္ျပည္နယ္ က်န္းမာေရးဦးစီး ဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာစိုးဝင္းပိုင္က ဘီဘီစီကို ေျပာပါတယ္။

လွဖိုးေခါင္ၾကားစခန္းကို ဘဂၤလားေဒ့ရွ္ဘက္က ျပန္ဝင္လာသူေတြကို ကြာရန္တင္းစခန္းအျဖစ္ သတ္မွတ္ ေဆာင္႐ြက္ေနၿပီး လူဦးေရ ၁၀၀ခန႔္ ေစာင့္ၾကည့္ႏိုင္ဖို႔ ျပင္ဆင္ထားတယ္လို႔ ဆိုပါတယ္။

' ' ဆိုရွယ္ဒစ္စတန္းဆင္းအရ လူ ၁၀၀ ဆန႔္တယ္။ လူ ၁၀၀ ပဲဆိုေပမယ့္ မဆန႔္ဘူးဆိုရင္ ႏွာေခါင္းတို႔ဖတ္ ယူၿပီးသူေတြကို ကြန္ျမဴနတီေဘ့စ္စခန္းေတြမွာ ေစာင့္ၾကည့္ဖို႔ထားသြားမယ္။အခုက လွဖိုးေခါင္စခန္းမွာ ၈ ေယာက္ပဲရွိေသးတယ္''လို႔ ေဒါက္တာစိုးဝင္းပိုင္က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ဘက္က ျပန္ဝင္လာသူေတြကို လွဖိုးေခါင္စခန္းမွာပဲ ေစာင့္ၾကည့္ဖို႔စီစဥ္ထားေပမယ့္ ဒီရက္ပိုင္း အတြင္း ေမာင္ေတာၿမိဳ႕နယ္အျပင္ ဘူးသီးေတာင္ၿမိဳ႕နယ္ေတြကိုပါ ျပန္ဝင္သူေတြရွိလာတဲ့အတြက္ ဘူးသီးေတာင္ၿမိဳ႕ႏုယ္မွာလည္း သီးသန႔္ထားရွိၿပီး ေစာင့္ၾကည့္တဲ့ေနရာေတြ ျပင္ဆင္ထားရတယ္လို႔ ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာပါတယ္။

' ' အခုက ပိုးေတြ႕လူနာကလည္းရွိလာၿပီဆိုေတာ့ ဘူးသီးေတာင္မွာ ေတြ႕တဲ့သူေတြကို လွဖိုးေခါင္စခန္းကို ျပန္ေခၚဖို႔က မျဖစ္ဘူး။ ဒါေၾကာင့္ ဘူးသီးေတာင္ဘက္မွာလည္း သီးသန႔္ေနရာ ထားထားတယ္လို႔သိရတယ္''လို႔ ဦးစိုးေအာင္က ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ကိုဗစ္- ၁၉ ပိုးေတြ႕ရွိထားသူ ၃ ဦးရွိၿပီး သံတြဲၿမိဳ႕နယ္မွာ ၁ ဦး၊ ေတာင္ကုတ္ၿမိဳ႕နယ္မွာ ၁ ဦးနဲ႔ ေမာင္ေတာၿမိဳ႕နယ္မွာ ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းက ျပန္ဝင္လာသူတစ္ဦး တို႔မွာ ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

ကိုဗစ္ကပ္အတြင္း ဘဂၤလားေဒ့ရွ္ဘက္က ျပန္ဝင္လာသူဘယ္ေလာက္မ်ားသလဲ

တရားဝင္လက္ခံေရးကို ပိတ္ထားခ်ိန္ ကိုဗစ္ကပ္ေရာဂါျဖစ္ပြားေနခ်ိန္ကာလ ေမလတတိယအပတ္ထိ ဘဂၤလားေဒ့ရွ္ဘက္က ကိုယ့္အစီအစဥ္နဲ႔ကိုယ္ တရားမဝင္ျပန္ဝင္လာသူဦးေရ ၈၀ ဝန္းက်င္ခန႔္ကို လွဖိုးေခါင္ ၾကားစခန္းမွာ သီးျခားေစာင့္ၾကည့္ ကြာရန္တင္းထားခဲ့တယ္လို႔ ေမာင္ေတာ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးေမာင္အုန္း က ဘီဘီစီကို ေျပာထားပါတယ္။

' ' တခ်ိဳ႕ေနရာေတြက ၿခံစည္း႐ိုးရွိတယ္။ တခ်ိဳ႕ေနရာေတြကေတာ့ ၿခံစည္း႐ိုးမရွိဘူး။ ေခ်ာင္းေပါက္၀ ေတြကေန ေလွနဲ႔ခိုးဝင္တာလည္းရွိတယ္။ တခ်ိဳ႕ကလည္း ရဲကင္းေတြနဲ႔ေဝးတဲ့ ေနရာကေန ၿခံစည္း႐ိုးကလည္းတစ္ထပ္ပဲရွိေတာ့ ေက်ာ္တက္ၿပီးဝင္လာတာေတြရွိတယ္''လို႔ တရားမဝင္ျပန္ဝင္လာေနတဲ့အေျခအေနေတြကို ေမာင္ေတာအုပ္ခ်ဳပ္ေရးမႉးဦးစိုးေအာင္က ဘီဘီစီကို ေျပာျပပါတယ္။

တစ္ဖက္ကျပန္ဝင္လာသူေတြထဲမွာ ေရာဂါပိုးကူးစက္ခံရသူေတြ ထပ္ၿပီးေတာ့ပါလာႏိုင္ၿပီး အခုလိုအခ်ိန္မွာ နယ္စပ္ေဒသကို ေကာင္းေကာင္းမြန္မြန္ မထိန္းခ်ဳပ္ႏိုင္လို႔ရွိရင္ ျမန္မာႏိုင္ငံအတြက္ မေတြးဝံ့စရာေတြျဖစ္သြားႏိုင္တယ္လို႔ဘူးသီးေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေ႐ႊက ဆိုပါတယ္။

ျပန္လည္ဝင္ေရာက္လာခဲ့သူေတြကို သူတို႔ေရာက္ရွိလာခဲ့တဲ့ေနရာေတြမွာ ေကာ္ရန္တင္းထားသင့္ေၾကာင္းနဲ႔ အခုလိုမ်ိဳး ဘူးသီးေတာင္ၿမိဳ႕ေပၚကေနရာေတြမွာ ကြာရန္တင္းစင္တာေတြလုပ္ၿပီး ထားေနရတဲ့အတြက္ ေဒသခံေတြဘက္ကေတာ့ ေရာဂါပိုးကူးစက္ပ်ံ႕ႏွံ႔မႈေတြ ျဖစ္ပြားလာမွာကိုစိုးရိမ္ၿပီး ကန႔္ကြက္ေနၾကသူေတြလည္းရွိေနပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52833430
ကိုဗစ်ကပ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားမဝင်ပြန်ဝင်လာသူတွေ ဆက်ရှိနေ ကိုဗစ်ကပ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားမဝင်ပြန်ဝင်လာသူတွေ ဆက်ရှိနေ Reviewed by THITHTOOLWIN on 06:55 Rating: 5
Powered by Blogger.