ရမ်းဗြဲမြို့နယ် NLD ဘဏ္ဍာရေးမှူး ဦးဇေယျာမင်း ပြန်လွတ်လာမှု အတည်ပြု


(Unicode)⤵⤵⤵
စစ်တွေ၊ ဇွန် ၆ / ၂ဝ၂ဝ

(၄)လကြာ ဖမ်းဆီးခံခဲ့ရသည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရမ်းဗြဲမြို့နယ် အလုပ်မှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဇေယျာမင်း ပြန်လည်လွတ်မြောက်လာခြင်း အပေါ် ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့ အတည်ပြု ပြောကြားသည်။

"ကျန်းကျန်းမာမာပဲ ပြန်လွတ်လာတာပါ။ သူရောက်နေတယ်ဆိုတော့ ကျနော်တို့က ခေါ်ပြီးမေးရတာပါ။ အေအေက လွတ်လာတယ်ဆိုတော့ ကျနော်တို့ကခေါ်ပြီးတော့ စစ်ဆေးရတာပါ။ အဖမ်းခံထားရတဲ့ အချိန်မှာတော့ သူ့ကိုဘယ်နေရာ၊ ဘယ်မြို့နယ်ကို ခေါ်သွားတယ်ဆိုတာကို သူကိုယ်တိုင်လည်း မသိပါဘူး"ဟု ရမ်းဗြဲမြို့မရဲစခန်းမှူး ဒုရဲမှူး မောင်မောင်က ပြောသည်။

ဦးဇေယျာမင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့၊ ညနေ ၆ နာရီခန့်တွင် ရမ်းဗြဲမြို့နယ် သနပ်ကုန်း ကျောက်ဆောင်ကျေးရွာမှ AA တပ်ဖွဲ့ဝင် (၈)ဦးက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။ ဦးဇေယျာမင်းအား ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက ရမ်းဗြဲမြို့နယ် ပိန္နဲတောင် ကားလမ်း အနီး ပြန်လွှတ် ပေးခဲ့ခြင်းဖြစ်သည်ဟု  အတည်ပြုပြောသည်။

ပြန်လွတ်လာသည့်ကိစ္စနှင့်ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် ဦးဇေယျာမင်းနှင့်  ရမ်းဗြဲမြို့နယ် NLD အတွင်းရေးမှူး ဦးခင်ရီအား နိရဉ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲသိန်းအား AA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယင်းနောက် ဦးရဲသိန်းသည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်သေဆုံးသွားခဲ့သည်ဟု AA က သတင်းထုတ်ပြန်ခဲ့သည်။

ထွန်းခိုင် (တောင်ရင်းကျွန်း) - Narinjara
------------------------------------------------
(Zawgyi)⤵⤵⤵
ရမ္းၿဗဲၿမိဳ႕နယ္ NLD ဘ႑ာေရးမႉး ဦးေဇယ်ာမင္း ျပန္လြတ္လာမႈ အတည္ျပဳ

စစ္ေတြ၊ ဇြန္ ၆ / ၂ဝ၂ဝ

(၄)လၾကာ ဖမ္းဆီးခံခဲ့ရသည့္  အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) ရမ္းၿဗဲၿမိဳ႕နယ္ အလုပ္မႈေဆာင္အဖြဲ႕ဝင္ ဘ႑ာေရးမႉး ဦးေဇယ်ာမင္း ျပန္လည္လြတ္ေျမာက္လာျခင္း အေပၚ ရမ္းၿဗဲၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ အတည္ျပဳ ေျပာၾကားသည္။

"က်န္းက်န္းမာမာပဲ ျပန္လြတ္လာတာပါ။ သူေရာက္ေနတယ္ဆိုေတာ့ က်ေနာ္တို႔က ေခၚၿပီးေမးရတာပါ။ ေအေအက လြတ္လာတယ္ဆိုေတာ့ က်ေနာ္တို႔ကေခၚၿပီးေတာ့ စစ္ေဆးရတာပါ။ အဖမ္းခံထားရတဲ့ အခ်ိန္မွာေတာ့ သူ႔ကိုဘယ္ေနရာ၊ ဘယ္ၿမိဳ႕နယ္ကို ေခၚသြားတယ္ဆိုတာကို သူကိုယ္တိုင္လည္း မသိပါဘူး"ဟု ရမ္းၿဗဲၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ေမာင္ေမာင္က ေျပာသည္။

ဦးေဇယ်ာမင္းကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔၊ ညေန ၆ နာရီခန႔္တြင္ ရမ္းၿဗဲၿမိဳ႕နယ္ သနပ္ကုန္း ေက်ာက္ေဆာင္ေက်း႐ြာမွ AA တပ္ဖြဲ႕ဝင္ (၈)ဦးက ဖမ္းဆီးေခၚေဆာင္သြားျခင္းျဖစ္သည္ဟု သိရသည္။ ဦးေဇယ်ာမင္းအား ဇြန္လ ၅ ရက္ေန႔ နံနက္ပိုင္းက ရမ္းၿဗဲၿမိဳ႕နယ္ ပိႏၷဲေတာင္ ကားလမ္း အနီး ျပန္လႊတ္ ေပးခဲ့ျခင္းျဖစ္သည္ဟု  အတည္ျပဳေျပာသည္။

ျပန္လြတ္လာသည့္ကိစၥႏွင့္ပတ္သက္ၿပီး ပိုမို သိရွိႏိုင္ရန္ ဦးေဇယ်ာမင္းႏွင့္  ရမ္းၿဗဲၿမိဳ႕နယ္ NLD အတြင္းေရးမႉး ဦးခင္ရီအား နိရၪၥရာက ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္မရခဲ့ပါ။

ၿပီးခဲ့သည့္ ၂ဝ၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၁ ရက္ေန႔ကလည္း ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးရဲသိန္းအား AA က ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။ ယင္းေနာက္ ဦးရဲသိန္းသည္ ဒီဇင္ဘာလ ၂၅ ရက္ေန႔တြင္ တိုက္ပြဲအတြင္း လက္နက္ႀကီး ထိမွန္ေသဆုံးသြားခဲ့သည္ဟု AA က သတင္းထုတ္ျပန္ခဲ့သည္။

ထြန္းခိုင္ (ေတာင္ရင္းကြၽန္း) - Narinjara
https://burmese.narinjara.com/news/detail/5edb92f200c3371e71bc8e43
ရမ်းဗြဲမြို့နယ် NLD ဘဏ္ဍာရေးမှူး ဦးဇေယျာမင်း ပြန်လွတ်လာမှု အတည်ပြု ရမ်းဗြဲမြို့နယ် NLD ဘဏ္ဍာရေးမှူး ဦးဇေယျာမင်း ပြန်လွတ်လာမှု အတည်ပြု Reviewed by THITHTOOLWIN on 07:02 Rating: 5
Powered by Blogger.