တရုတ်အစိုးရပိုင် ကုမ္ပဏီ စစ်ကိုင်းတိုင်းမှာ မြေဧက နှစ်သိန်းနီးပါး လုပ်ခွင့်ရ


(Unicode)⤵⤵⤵
တရုတ်အစိုးရပိုင် PanAust ကုမ္ပဏီက  စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး ဘက်က မြေဧက တစ်သိန်း ရှစ်သောင်းကျော်မှာ ကြေးနီနဲ့ ဆက်စပ်သတ္ထုတူး ဖော်ရေး လုပ်ကိုင်ခွင့် ရရှိတဲ့အတွက် စမ်းသပ် တိုင်းတာမှု တချို့ လုပ်ကိုင်ခဲ့ပါတယ်။  လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီတွေဟာ ဒေသခံတို့နဲ့ ဖြစ်ပွားတဲ့ ပြဿနာတွေကို ဂရုတစိုက် ဖြေရှင်းပေးလေ့ မရှိခဲ့တဲ့အတွက် ဒီစီမံကိန်းကြီးအတွက် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

တရုတ်နိုင်ငံ အစိုးရပိုင် PanAust ကုမ္ပဏီက စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုဘက်မှာ ကြေးနီနဲ့ သတ္ထုတူးဖော်ခွင့် အတွက် မြေဧက တစ်သိန်း ရှစ်သောင်းကျော်ကို ပြည်ထောင်စုအစိုးရရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့ လုပ်ကိုင်ခွင့် ရရှိထားပါတယ်။

ပြည်ထောင်စုက တိုက်ရိုက်လုပ်ကိုင်ခွင့် ပေးလိုက်တာဟာ စမ်းသပ်ကာလဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှာ စိစစ်တာမရှိပဲနဲ့ ခွင့်ပြုပေးထားတာ ဖြစ်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ ကပြောပါတယ်။

စစ်ကိုင်းတိုင်း အစိုးရ အဖွဲ့အနေနဲ့လည်း လုပ်ကွက်မြေနေရာတွေမှာ ရွာမြေ၊ လယ်မြေ စတာတွေ မပါဝင်ရင်တော့ လုပ်ကိုင်ခွင့်ပြုကြောင်း သဘောထားမှတ်ချက် ပေးခဲ့တယ်လို့ ပြောပါတယ်။

မြေဧက တစ်သိန်း ရှစ်သောင်းကျော်ကို လုပ်ကိုင်ခွင့်ရရှိထားပေမယ့် အဲဒီဒေသက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေကတော့ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ မသိရှိရဘူးလို့ ဝန်းသိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးက ပြောပါတယ်။

ကိုယ်စားလှယ်တွေ အနေနဲ့ စီမံကိန်းကို ကန့်ကွက်နေတာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ကုမ္ပဏီအနေနဲ့ တူးဖော်မလုပ်ကိုင်ခင် သတ္ထုစူးစမ်းရှာဖွေမှု ငါးနှစ်လုပ်ကိုင်မှာ ဖြစ်ပါတယ်။

ပင်လယ်ဘူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် စာချုပ်စည်းကမ်းချက်တွေအတိုင်း လုပ်ဆောင် မယ်ဆိုရင်တော့ ကန့်ကွက်စရာ မရှိဘူးလို့ ပင်လည်ဘူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်က ပြောပါတယ်။

ပြည်ထောင်စုအဆင့်က လုပ်ဆောင်တာဖြစ်တဲ့အတွက် တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ မသိရှိတာမဟုတ်ပဲ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေကို ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နေတဲ့ ကုမ္ပဏီဘက်က လေ့လာရေး ခရီးစဉ်ခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သတ္ထုရေးရာက အမြဲတမ်းတွင်းဝန် ဦးမင်းမင်းဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း အစိုးရအဖွဲ့  ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်းက စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေဘက်က စိုးရိမ်မှုတွေကိုတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ တတ်နိုင်သလောက် ဖြေရှင်းပေးသွားမယ်လို့ ပြောပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့က လုပ်ကိုင်ခွင့် ချပေးလိုက်တဲ့ ကုမ္ပဏီတွေဟာ ဒေသခံတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားတဲ့ ပြဿနာတွေကို ဂရုတစိုက်ဖြေရှင်းပေးမရှိဘူးလို့ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ MATA ရဲ့ စစ်ကိုင်းတိုင်းပြန်ကြားရေး တာဝန်ခံ ကိုတင့်အောင်စိုးက ပြောပါတယ်။

PanAust ကုမ္ပဏီဟာ စီမံကိန်းကို လုပ်ကိုင်ဖို့အတွက် Wuntho Resources Company Limited နဲ့ဖက်စပ် လုပ်ကိုင်တာဖြစ်ပြီး Myanmar Energy Resources Group International Company Ltd (MERG)နဲ့ ပူးပေါင်း ထူထောင်ထားတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က PanAust ကုမ္ပဏီဟာ လုပ်ကွက်မြေ တစ်သိန်း သုံးသောင်းကျော် ဧကကို ရှာဖွေတူးဖော်ခွင့် လိုင်စင် ရရှိခဲ့တာ ဖြစ်ပါတယ်။

စီမံကိန်းနဲ့ ပတ်သက်ပြီး စမ်းသပ်ကာလမှာသာ မြေဧကတွေ အများကြီး ယူထားပေမယ့် တကယ်ထုတ်လုပ် ချိန်ကျရင်တော့ ဧကလျော့ကျသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

PanAust ကုမ္ပဏီက  မြန်မာ၊ လာအိုနိုင်ငံတို့မှာ ကြေးနီနဲ့ ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေတယ်လို့ ကုမ္ပဏီရဲ့ အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

အောင်သိင်္ခ / RFA Burmese
--------------------------------
မြန်မာအစိုးရက PanAust ကုမ္ပဏီကို စစ်ကိုင်းတိုင်းအတွင်း သတ္ထု စမ်းသပ်တူးဖော်ခွင့်လိုင်စင်ထုတ်ပေးမှု အခမ်းအနားကို နေပြည်တော်မှာ မေလ ၂၇ ရက်နေ့က ကျင်းပခဲ့စဉ် - Photo: PanAust
(Zawgyi)⤵⤵⤵
တ႐ုတ္အစိုးရပိုင္ ကုမၸဏီ စစ္ကိုင္းတိုင္းမွာ ေျမဧက ႏွစ္သိန္းနီးပါး လုပ္ခြင့္ရ

ျမန္မာအစိုးရက PanAust ကုမၸဏီကို စစ္ကိုင္းတိုင္းအတြင္း သတၳဳ စမ္းသပ္တူးေဖာ္ခြင့္လိုင္စင္ထုတ္ေပးမႈ အခမ္းအနားကို ေနျပည္ေတာ္မွာ ေမလ ၂၇ ရက္ေန႔က က်င္းပခဲ့စဥ္ - Photo: PanAust

တ႐ုတ္အစိုးရပိုင္ PanAust ကုမၸဏီက  စစ္ကိုင္းတိုင္းေဒသႀကီး ေကာလင္း၊ ဝန္းသို၊ ပင္လယ္ဘူး ဘက္က ေျမဧက တစ္သိန္း ရွစ္ေသာင္းေက်ာ္မွာ ေၾကးနီနဲ႔ ဆက္စပ္သတၳဳတူး ေဖာ္ေရး လုပ္ကိုင္ခြင့္ ရရွိတဲ့အတြက္ စမ္းသပ္ တိုင္းတာမႈ တခ်ိဳ႕ လုပ္ကိုင္ခဲ့ပါတယ္။  လုပ္ပိုင္ခြင့္ရတဲ့ ကုမၸဏီေတြဟာ ေဒသခံတို႔နဲ႔ ျဖစ္ပြားတဲ့ ျပႆနာေတြကို ဂ႐ုတစိုက္ ေျဖရွင္းေပးေလ့ မရွိခဲ့တဲ့အတြက္ ဒီစီမံကိန္းႀကီးအတြက္ စိုးရိမ္မႈေတြလည္း ရွိေနပါတယ္။

တ႐ုတ္ႏိုင္ငံ အစိုးရပိုင္ PanAust ကုမၸဏီက စစ္ကိုင္းတိုင္းေဒသႀကီး ဝန္းသိုဘက္မွာ ေၾကးနီနဲ႔ သတၳဳတူးေဖာ္ခြင့္ အတြက္ ေျမဧက တစ္သိန္း ရွစ္ေသာင္းေက်ာ္ကို ျပည္ေထာင္စုအစိုးရရဲ႕ တိုက္႐ိုက္ၫႊန္ၾကားခ်က္နဲ႔ လုပ္ကိုင္ခြင့္ ရရွိထားပါတယ္။

ျပည္ေထာင္စုက တိုက္႐ိုက္လုပ္ကိုင္ခြင့္ ေပးလိုက္တာဟာ စမ္းသပ္ကာလျဖစ္တဲ့အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ကုမၸဏီမ်ား ၫႊန္ၾကားမႈ ဦးစီးဌာနမွာ စိစစ္တာမရွိပဲနဲ႔ ခြင့္ျပဳေပးထားတာ ျဖစ္တယ္လို႔ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန ဒုဝန္ႀကီး ေဒါက္တာရဲျမင့္ေဆြ ကေျပာပါတယ္။

စစ္ကိုင္းတိုင္း အစိုးရ အဖြဲ႕အေနနဲ႔လည္း လုပ္ကြက္ေျမေနရာေတြမွာ ႐ြာေျမ၊ လယ္ေျမ စတာေတြ မပါဝင္ရင္ေတာ့ လုပ္ကိုင္ခြင့္ျပဳေၾကာင္း သေဘာထားမွတ္ခ်က္ ေပးခဲ့တယ္လို႔ ေျပာပါတယ္။

ေျမဧက တစ္သိန္း ရွစ္ေသာင္းေက်ာ္ကို လုပ္ကိုင္ခြင့္ရရွိထားေပမယ့္ အဲဒီေဒသက တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကေတာ့ အဲဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ဘာမွ မသိရွိရဘူးလို႔ ဝန္းသိုၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္လင္းဦးက ေျပာပါတယ္။

ကိုယ္စားလွယ္ေတြ အေနနဲ႔ စီမံကိန္းကို ကန႔္ကြက္ေနတာ မဟုတ္ဘူးလို႔လည္း ေျပာပါတယ္။ ကုမၸဏီအေနနဲ႔ တူးေဖာ္မလုပ္ကိုင္ခင္ သတၳဳစူးစမ္းရွာေဖြမႈ ငါးႏွစ္လုပ္ကိုင္မွာ ျဖစ္ပါတယ္။

ပင္လယ္ဘူးၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ စာခ်ဳပ္စည္းကမ္းခ်က္ေတြအတိုင္း လုပ္ေဆာင္ မယ္ဆိုရင္ေတာ့ ကန႔္ကြက္စရာ မရွိဘူးလို႔ ပင္လည္ဘူးၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းလႈိင္က ေျပာပါတယ္။

ျပည္ေထာင္စုအဆင့္က လုပ္ေဆာင္တာျဖစ္တဲ့အတြက္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ေတြ မသိရွိတာမဟုတ္ပဲ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ေတြကို ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ကိုင္ေနတဲ့ ကုမၸဏီဘက္က ေလ့လာေရး ခရီးစဥ္ေခၚေဆာင္သြားတာေတြ ရွိတယ္လို႔ သယံဇာတနဲ႔ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန သတၳဳေရးရာက အၿမဲတမ္းတြင္းဝန္ ဦးမင္းမင္းဦးက ေျပာပါတယ္။

စစ္ကိုင္းတိုင္း အစိုးရအဖြဲ႕  ခ်င္းတိုင္းရင္းသားေရးရာ ဝန္ႀကီး ဦးလာလ္ေထာင္ထန္းက စီမံကိန္းနဲ႔ ပတ္သက္ၿပီး ေဒသခံေတြဘက္က စိုးရိမ္မႈေတြကိုေတာ့ တိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနနဲ႔ တတ္ႏိုင္သေလာက္ ေျဖရွင္းေပးသြားမယ္လို႔ ေျပာပါတယ္။

ျပည္ေထာင္စုအစိုးရအဖြဲ႕က လုပ္ကိုင္ခြင့္ ခ်ေပးလိုက္တဲ့ ကုမၸဏီေတြဟာ ေဒသခံေတြနဲ႔ ပတ္သက္ၿပီး ျဖစ္ပြားတဲ့ ျပႆနာေတြကို ဂ႐ုတစိုက္ေျဖရွင္းေပးမရွိဘူးလို႔ ျမန္မာႏိုင္ငံပြင့္လင္းျမင္သာမႈနဲ႔ တာဝန္ယူမႈ တာဝန္ခံမႈဆိုင္ရာ အရပ္ဘက္ မဟာမိတ္အဖြဲ႕ MATA ရဲ႕ စစ္ကိုင္းတိုင္းျပန္ၾကားေရး တာဝန္ခံ ကိုတင့္ေအာင္စိုးက ေျပာပါတယ္။

PanAust ကုမၸဏီဟာ စီမံကိန္းကို လုပ္ကိုင္ဖို႔အတြက္ Wuntho Resources Company Limited နဲ႔ဖက္စပ္ လုပ္ကိုင္တာျဖစ္ၿပီး Myanmar Energy Resources Group International Company Ltd (MERG)နဲ႔ ပူးေပါင္း ထူေထာင္ထားတာ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္က PanAust ကုမၸဏီဟာ လုပ္ကြက္ေျမ တစ္သိန္း သုံးေသာင္းေက်ာ္ ဧကကို ရွာေဖြတူးေဖာ္ခြင့္ လိုင္စင္ ရရွိခဲ့တာ ျဖစ္ပါတယ္။

စီမံကိန္းနဲ႔ ပတ္သက္ၿပီး စမ္းသပ္ကာလမွာသာ ေျမဧကေတြ အမ်ားႀကီး ယူထားေပမယ့္ တကယ္ထုတ္လုပ္ ခ်ိန္က်ရင္ေတာ့ ဧကေလ်ာ့က်သြားမွာ ျဖစ္တယ္လို႔ ဝန္ႀကီးဌာနက ေျပာပါတယ္။

PanAust ကုမၸဏီက  ျမန္မာ၊ လာအိုႏိုင္ငံတို႔မွာ ေၾကးနီနဲ႔ ေ႐ႊတူးေဖာ္ေရးလုပ္ငန္း လုပ္ကိုင္ေနတယ္လို႔ ကုမၸဏီရဲ႕ အြန္လိုင္းစာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

ေအာင္သိခၤ / RFA Burmese
https://www.rfa.org/burmese/news/chinese-owned-company-got-almost-200000-acres-of-land-in-sagaing-division-06172020073959.html
တရုတ်အစိုးရပိုင် ကုမ္ပဏီ စစ်ကိုင်းတိုင်းမှာ မြေဧက နှစ်သိန်းနီးပါး လုပ်ခွင့်ရ တရုတ်အစိုးရပိုင် ကုမ္ပဏီ စစ်ကိုင်းတိုင်းမှာ မြေဧက နှစ်သိန်းနီးပါး လုပ်ခွင့်ရ Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.