ကုလ လုံခြုံရေးကောင်စီ ယာယီအဖွဲ့ဝင် နိုင်ငံသစ်တွေ ရွေးချယ်

၂၀၂၀ ဖေဖော်ဝါရီ ၁၂ ရက်တုန်းက ကုလ လုံခြုံရေးကောင်စီ ကျင်းပစဉ်
(Unicode)⤵⤵⤵
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်း အဖွဲ့ဝင်မဟုတ်တဲ့ အဖွဲ့ဝင် နေရာအတွက် ရွေးချယ်ပွဲတွေကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ရာ မှာ အိန္ဒိယ၊ အိုင်ယာလန်၊ မက္ကဆီကိုနဲ့ နော်ဝေးနိုင်ငံတို့ အရွေးခံခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မဲ အရေအတွက် သုံးပုံ နှစ်ပုံ ပြတ်ပြတ်သားသား မရခဲ့ကြတဲ့ ကင်ညာနဲ့ Djibouti နိုင်ငံတို့အတွက် ဒုတိယအကျော့ ရွေးချယ်ပွဲကို ကြာသပတေးနေ့မှာ ထပ်မံ ပြုလုပ်ခဲ့ရာမှာတော့ အာဖရိကတိုက်နေရာအတွက် ကင်ညာ နိုင်ငံက ပွတ်ကာသီကာနဲ့ အနိုင်ရခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ရွေးချယ်ပွဲမှာလည်း လစ်လပ်နေတဲ့ ၂ နေရာအတွက် အိုင်ယာလန်နဲ့ နော်ဝေးတို့က ကနေဒါနိုင်ငံနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရတာပါ။ အိန္ဒိယနဲ့ မက္ကဆီကိုတို့ကတော့ ပြိုင်ဘက်မရှိဘဲ ရွေးချယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အမြဲတမ်းအဖွဲ့ဝင်မဟုတ်တဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နေရာတွေကို ဒေသအုပ်စုအလိုက် အလှည့်ကျ ရွေးချယ်ကြရတာဖြစ်ပါတယ်။ ရံဖန်ရံခါ ဒေသတွင်းမှာပဲ အဖွဲ့ဝင်နိုင်ငံလောင်းကို ကနဦး ရွေးချယ်ထားပြီး ဖြစ်လို့ ပြိုင်ဘက် မရှိဘဲ ရွေးချယ်ခံတာလည်း ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ အဖွဲ့ဝင်သစ် ၅ နိုင်ငံဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ၂ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ လက်ရှိ အမြဲတမ်း အဖွဲ့ဝင် မဟုတ်တဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကတော့ Estonia ၊ Niger ၊ St. Vincent and the Grenadines ၊ Tunisia နဲ့ Vietnam တို့ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံအပါအဝင် စုစုပေါင်း ၁၅ နိုင်ငံရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------
(Zawgyi)⤵⤵⤵
ကုလ လုံၿခဳံေရးေကာင္စီ ယာယီအဖြဲ႕ဝင္ ႏိုင္ငံသစ္ေတြ ေ႐ြးခ်ယ္

ကုလသမဂၢ လုံၿခဳံေရးေကာင္စီအၿမဲတမ္း အဖြဲ႕ဝင္မဟုတ္တဲ့ အဖြဲ႕ဝင္ ေနရာအတြက္ ေ႐ြးခ်ယ္ပြဲေတြကို ဗုဒၶဟူးေန႔က က်င္းပခဲ့ရာ မွာ အိႏၵိယ၊ အိုင္ယာလန္၊ မကၠဆီကိုနဲ႔ ေနာ္ေဝးႏိုင္ငံတို႔ အေ႐ြးခံခဲ့ရပါတယ္။

ဗုဒၶဟူးေန႔က ကုလသမဂၢ အေထြေထြညီလာခံရဲ႕ မဲ အေရအတြက္ သုံးပုံ ႏွစ္ပုံ ျပတ္ျပတ္သားသား မရခဲ့ၾကတဲ့ ကင္ညာနဲ႔ Djibouti ႏိုင္ငံတို႔အတြက္ ဒုတိယအေက်ာ့ ေ႐ြးခ်ယ္ပြဲကို ၾကာသပေတးေန႔မွာ ထပ္မံ ျပဳလုပ္ခဲ့ရာမွာေတာ့ အာဖရိကတိုက္ေနရာအတြက္ ကင္ညာ ႏိုင္ငံက ပြတ္ကာသီကာနဲ႔ အႏိုင္ရခဲ့ပါတယ္။

ဗုဒၶဟူးေန႔က ေ႐ြးခ်ယ္ပြဲမွာလည္း လစ္လပ္ေနတဲ့ ၂ ေနရာအတြက္ အိုင္ယာလန္နဲ႔ ေနာ္ေဝးတို႔က ကေနဒါႏိုင္ငံနဲ႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ၾကရတာပါ။ အိႏၵိယနဲ႔ မကၠဆီကိုတို႔ကေတာ့ ၿပိဳင္ဘက္မရွိဘဲ ေ႐ြးခ်ယ္ခံခဲ့ရတာလည္း ျဖစ္ပါတယ္။

အၿမဲတမ္းအဖြဲ႕ဝင္မဟုတ္တဲ့ လုံၿခဳံေရးေကာင္စီ အဖြဲ႕ဝင္ေနရာေတြကို ေဒသအုပ္စုအလိုက္ အလွည့္က် ေ႐ြးခ်ယ္ၾကရတာျဖစ္ပါတယ္။ ရံဖန္ရံခါ ေဒသတြင္းမွာပဲ အဖြဲ႕ဝင္ႏိုင္ငံေလာင္းကို ကနဦး ေ႐ြးခ်ယ္ထားၿပီး ျဖစ္လို႔ ၿပိဳင္ဘက္ မရွိဘဲ ေ႐ြးခ်ယ္ခံတာလည္း ျဖစ္ပါတယ္။ ေ႐ြးခ်ယ္ခံရတဲ့ အဖြဲ႕ဝင္သစ္ ၅ ႏိုင္ငံဟာ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔ကစၿပီး ၂ ႏွစ္သက္တမ္း တာဝန္ထမ္းေဆာင္ရမွာ ျဖစ္ပါတယ္။ လက္ရွိ အၿမဲတမ္း အဖြဲ႕ဝင္ မဟုတ္တဲ့ လုံၿခဳံေရးေကာင္စီ အဖြဲ႕ဝင္ႏိုင္ငံေတြကေတာ့ Estonia ၊ Niger ၊ St. Vincent and the Grenadines ၊ Tunisia နဲ႔ Vietnam တို႔ျဖစ္ပါတယ္။ ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ အၿမဲတမ္း အဖြဲ႕ဝင္ ၅ ႏိုင္ငံအပါအဝင္ စုစုေပါင္း ၁၅ ႏိုင္ငံရွိပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/un-security-council-new-member-/5468516.html
ကုလ လုံခြုံရေးကောင်စီ ယာယီအဖွဲ့ဝင် နိုင်ငံသစ်တွေ ရွေးချယ် ကုလ လုံခြုံရေးကောင်စီ ယာယီအဖွဲ့ဝင် နိုင်ငံသစ်တွေ ရွေးချယ် Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.