တပ်မတော်နဲ့ စီးပွားရေးတွဲမလုပ်ဖို့ Kirin ကုမ္ပဏီကို လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

ဂျပန်နိုင်ငံ တိုဂျိုမြို့ရှိ Kirin ရုံးချုပ်။ (နိုဝင်ဘာ ၂၉၊ ၂၀၀၈)
(Unicode)⤵⤵⤵
ဂျပန်အခြေစိုက် Kirin ကုမ္ပဏီဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ အကျိုးတူလုပ်နေတဲ့လုပ်ငန်းတွေ ရပ်နားဖို့ ဂျပန်နဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် စုံစမ်းမေးမြန်းထားပါတယ်။
လူ့အခွင့်အရေးအဖွဲ့ HRW ရဲ့ အာရှရေးရာ တာဝန်ခံ Phil Robertson
အဖျော်၊ အချိုရည်ထုတ်လုပ်နေတဲ့ Kirin ကုမ္ပဏီအနေနဲ့ မြန်မာစစ်တပ်နဲ့ အဆက်အဆံတွေဖြတ်ချင်းအားဖြင့် ကုမ္ပဏီက ချမှတ်ထားတဲ့ လူ့အခွင့်အရေးစံနှုန်း၊ စံထားတွေနဲ့ တရားမျှတမှုကို လေးစားလိုက်နာမှုပြဖို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က တိုက်တွန်းပါတယ်။ ရိုဟင်ဂျာတွေနဲ့ မြန်မာ လူနည်းစုတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကို အလှုငွေထည့်ဝင်တာတွေအပြင်၊ စစ်တပ်နဲ့အကျိုးတူဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ အချိန်ရောက်ပြီလို့ လူ့အခွင့်အရေးအဖွဲ့ HRW ရဲ့ အာရှရေးရာ တာဝန်ခံ Phil Robertson က VOA ကို ပြောပါတယ်။

“ဒါက သိပ်ကို ရှင်းပါတယ်၊ Kirin နဲ့ အကျိုးတူလုပ်နေတဲ့လုပ်ငန်းက တကယ်တော့ မြန်မာစစ်တပ်က ထိန်းချုပ်ထားတာပါ။ မြန်မာစစ်တပ်ကိုပဲ အကျိုးဖြစ်စေမှာပါ။ ပြီးတော့ Kirin က နိုင်ငံတကာ ဂုဏ်သိက္ခာအတွက် လေးစားတဲ့အဖွဲ့ပါ။ ဒါကြောင့် စစ်တပ်နဲ့ စီးပွားရေးလုပ်တာ ရပ်သင့်ပါတယ်။”

မြန်မာစစ်တပ်ဟာ ဖြစ်နိုင်ခြေရှိတဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ ရခိုင်နဲ့ ကချင်ပြည်နယ်မှာ ပြစ်မှုတွေ ကျူးလွန်မှုတွေ ဒါတွေနဲ့ နိုင်ငံတကာတရားရုံး ICJ မှာ တရားရင်ဆိုင်နေရတာကြောင့်၊ နိုင်ငံတကာ စံနှုန်းတွေကို လေးစားလိုက်နာတဲ့ Kirin လို စီးပွားရေးလုပ်ငန်း တခုအနေနဲ့ ဒီလိုမျိုးအကျိုးတူ မလုပ်သင့်ဘူးလို့လည်း သူကပြောတာပါ။

ဒီတိုက်တွန်းချက်ကို Human Rights Now, Human Rights Watch, Japan Volunteer International Center နဲ့ Shapla Neer စတဲ့ လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့တွေက ဒီကနေ့ဇွန်လ ၁၈ ရက်မှာ ပူးတွဲသဘောထား ထုတ်ပြန်ခဲ့တာပါ။ Kirin ကုမ္ပဏီက ၂၀၁၇ အောက်တိုဘာမှာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၃၀,၀၀၀ လှူဒါန်းခဲ့ပြီး အဲဒီအချိန်က ရိုဟင်ဂျာတွေကို လူမျိုးသုန်း ရှင်းလင်းနေချိန်ဖြစ်သလို လိင်ပိုင်းကျူးလွန်တာတွေ၊ တိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ အတင်းအကျပ် နေရာရွှေ့ပြောင်းခိုင်းတာတွေ ရှိခဲ့တယ်လို့ ထောက်ပြထားကြပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုတော့ မြန်မာအစိုးရရော၊ မြန်မာစစ်တပ်ကပါ လက်မခံပါဘူး။

လူ့အခွင့်အရေးအဖွဲ့ HRW က Kirin ကုမ္ပဏီကို မေလ ၂၂ ရက်က ကနဦး စာပေးပို့ထားပြီး Kirin ဘက်ကလည်း ဇွန်လ ၁၂ ရက်မှာ ပြန်အကြောင်းကြားခဲ့ပါတယ်။ အဲဒီစာထဲမှာတော့ သူတို့ကုမ္ပဏီက ၂၀၁၅ ခုနှစ် မြန်မာပြည်မှာ စရင်းနှီးမြှုပ်နှံတုန်းက မြန်မာအစိုးရဟာ ဒီမိုကရေစီအရွေ့ကို ကူးပြောင်းနေတာရယ်၊ NLD က အစိုးရဖွဲ့နိုင်တာရယ်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂက မြန်မာကို စီးပွားရေးပိတ်ဆို့တာတွေ ဖယ်ရှားလိုက်တာရယ် ဒီအချက်တွေနဲ့ ဦးပိုင်ကုမ္ပဏီနဲ့လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာလို့ တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့ အခုလို လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုတဲ့အတိုင်း စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ လက်တွဲဖြုတ်ဖို့ဆိုရင် စုံစမ်းစစ်ဆေးမှုတွေ သူတို့ဘက်က အမြန်ဆုံး လုပ်သွားမယ်လို့လည်း တုံ့ပြန်ထားပါတယ်။

ကုမ္ပဏီဘက်က စုံစမ်းမှုတွေ လုပ်မယ်လို့ပြောတဲ့အပေါ်မှာ တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ် ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အရင်ကတည်းက တောက်လျှောက်ရှိနေတယ်လို့ ထောက်ပြပါတယ်။

“အနှစ်ချုပ်ပြောရမယ်ဆိုရင် အခု Kirin ကလည်းပြန်ပြီး စိစစ်မယ် ပြန်ပြီး သုံးသပ်မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်မှု NLD အစိုးရလက်ထက်မှာ ဖြေလျော့သွားပါပြီ၊ တပ်မတော်က မလုပ်တော့ပါဘူး ဆိုပေမဲ့လည်း နိုင်ငံတကာစံနှုန်းအရမှာ နောက်ပိုင်း ICJ မှအစလေ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတာ ရှိနေတာပဲလေ။ အဲဒီတော့ အခုကျမှပဲ ပြန်သုံးသပ်မယ်ဆိုတဲ့ ဟာကတော့ ကုမ္ပဏီကလည်းဒါ ပွင့်ပွင့်လင်းလင်းပြောရင်တော့ သိသိလျက်သားနဲ့ အခုမှ ပြန်စုံစမ်းမယ်ဆိုတာ ကျနော်တော့ သဘောမတွေ့ဘူးပေါ့နော်။”

တပ်မတော်ဘက်ကတော့ နယ်မြေမငြိမ်းချမ်းတဲ့အချိန်၊ တိုက်ပွဲကာလအတွင်း ဒီလိုခေါင်းစဉ်အောက်ကနေ လူ့အခွင့်အရေး ချိုးဖောက်တဲ့ပုံစံ ဖြစ်ပွားလေ့ရှိတယ်ဆိုပြီး တုံ့ပြန်တာမျိုးရှိကြောင်း သူကထောက်ပြပါတယ်။

၂၀၁၅ တုန်းက ဦးပိုင်နဲ့ အကျိုးတူစလုပ်ခဲ့တဲ့ MBL ကုမ္ပဏီမှာ Kirin က ရှယ်ယာ ၅၅ ရာခိုင်နှုန်း၊ ၂၀၁၇ မှာ လုပ်တဲ့ Mandalay Brewery ကုမ္ပဏီမှာ ၅၁ ရာခိုင်နှုန်း Kirin ဘက်ကရထားပါတယ်။

 ဇော်ထက်  / ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------------
(Zawgyi)⤵⤵⤵
တပ္မေတာ္နဲ႔ စီးပြားေရးတြဲမလုပ္ဖို႔ Kirin ကုမၸဏီကို လူ႔အခြင့္အေရးအဖြဲ႕ေတြ တိုက္တြန္း

ဂ်ပန္အေျခစိုက္ Kirin ကုမၸဏီဟာ စစ္တပ္ပိုင္ ျမန္မာ့စီးပြားေရး ဦးပိုင္ကုမၸဏီနဲ႔ အက်ိဳးတူလုပ္ေနတဲ့လုပ္ငန္းေတြ ရပ္နားဖို႔ ဂ်ပန္နဲ႔ ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႕ေတြ တိုက္တြန္းလိုက္ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္ စုံစမ္းေမးျမန္းထားပါတယ္။

အေဖ်ာ္၊ အခ်ိဳရည္ထုတ္လုပ္ေနတဲ့ Kirin ကုမၸဏီအေနနဲ႔ ျမန္မာစစ္တပ္နဲ႔ အဆက္အဆံေတြျဖတ္ခ်င္းအားျဖင့္ ကုမၸဏီက ခ်မွတ္ထားတဲ့ လူ႔အခြင့္အေရးစံႏႈန္း၊ စံထားေတြနဲ႔ တရားမွ်တမႈကို ေလးစားလိုက္နာမႈျပဖို႔ Human Rights Watch လူ႔အခြင့္အေရးေစာင့္ၾကည့္မႈအဖြဲ႕က တိုက္တြန္းပါတယ္။ ႐ိုဟင္ဂ်ာေတြနဲ႔ ျမန္မာ လူနည္းစုတိုင္းရင္းသားေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေနတဲ့ ျမန္မာစစ္တပ္ကို အလႈေငြထည့္ဝင္တာေတြအျပင္၊ စစ္တပ္နဲ႔အက်ိဳးတူေဆာင္႐ြက္ေနတဲ့ လုပ္ငန္းေတြကို ရပ္ဆိုင္းဖို႔ အခ်ိန္ေရာက္ၿပီလို႔ လူ႔အခြင့္အေရးအဖြဲ႕ HRW ရဲ႕ အာရွေရးရာ တာဝန္ခံ Phil Robertson က VOA ကို ေျပာပါတယ္။

“ဒါက သိပ္ကို ရွင္းပါတယ္၊ Kirin နဲ႔ အက်ိဳးတူလုပ္ေနတဲ့လုပ္ငန္းက တကယ္ေတာ့ ျမန္မာစစ္တပ္က ထိန္းခ်ဳပ္ထားတာပါ။ ျမန္မာစစ္တပ္ကိုပဲ အက်ိဳးျဖစ္ေစမွာပါ။ ၿပီးေတာ့ Kirin က ႏိုင္ငံတကာ ဂုဏ္သိကၡာအတြက္ ေလးစားတဲ့အဖြဲ႕ပါ။ ဒါေၾကာင့္ စစ္တပ္နဲ႔ စီးပြားေရးလုပ္တာ ရပ္သင့္ပါတယ္။”

ျမန္မာစစ္တပ္ဟာ ျဖစ္ႏိုင္ေျခရွိတဲ့ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြ၊ ရခိုင္နဲ႔ ကခ်င္ျပည္နယ္မွာ ျပစ္မႈေတြ က်ဴးလြန္မႈေတြ ဒါေတြနဲ႔ ႏိုင္ငံတကာတရား႐ုံး ICJ မွာ တရားရင္ဆိုင္ေနရတာေၾကာင့္၊ ႏိုင္ငံတကာ စံႏႈန္းေတြကို ေလးစားလိုက္နာတဲ့ Kirin လို စီးပြားေရးလုပ္ငန္း တခုအေနနဲ႔ ဒီလိုမ်ိဳးအက်ိဳးတူ မလုပ္သင့္ဘူးလို႔လည္း သူကေျပာတာပါ။

ဒီတိုက္တြန္းခ်က္ကို Human Rights Now, Human Rights Watch, Japan Volunteer International Center နဲ႔ Shapla Neer စတဲ့ လူ႔အခြင့္အေရး ေစာင့္ၾကည့္တဲ့ အဖြဲ႕ေတြက ဒီကေန႔ဇြန္လ ၁၈ ရက္မွာ ပူးတြဲသေဘာထား ထုတ္ျပန္ခဲ့တာပါ။ Kirin ကုမၸဏီက ၂၀၁၇ ေအာက္တိုဘာမွာ စစ္တပ္ပိုင္ ဦးပိုင္ကုမၸဏီကို အေမရိကန္ေဒၚလာ ၃၀,၀၀၀ လႉဒါန္းခဲ့ၿပီး အဲဒီအခ်ိန္က ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးသုန္း ရွင္းလင္းေနခ်ိန္ျဖစ္သလို လိင္ပိုင္းက်ဴးလြန္တာေတြ၊ တိုင္းရင္းသားေတြအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္တာေတြ၊ အတင္းအက်ပ္ ေနရာေ႐ႊ႕ေျပာင္းခိုင္းတာေတြ ရွိခဲ့တယ္လို႔ ေထာက္ျပထားၾကပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့အသုံးအႏႈန္းကိုေတာ့ ျမန္မာအစိုးရေရာ၊ ျမန္မာစစ္တပ္ကပါ လက္မခံပါဘူး။

လူ႔အခြင့္အေရးအဖြဲ႕ HRW က Kirin ကုမၸဏီကို ေမလ ၂၂ ရက္က ကနဦး စာေပးပို႔ထားၿပီး Kirin ဘက္ကလည္း ဇြန္လ ၁၂ ရက္မွာ ျပန္အေၾကာင္းၾကားခဲ့ပါတယ္။ အဲဒီစာထဲမွာေတာ့ သူတို႔ကုမၸဏီက ၂၀၁၅ ခုႏွစ္ ျမန္မာျပည္မွာ စရင္းႏွီးျမႇဳပ္ႏွံတုန္းက ျမန္မာအစိုးရဟာ ဒီမိုကေရစီအေ႐ြ႕ကို ကူးေျပာင္းေနတာရယ္၊ NLD က အစိုးရဖြဲ႕ႏိုင္တာရယ္၊ အေမရိကန္နဲ႔ ဥေရာပသမဂၢက ျမန္မာကို စီးပြားေရးပိတ္ဆို႔တာေတြ ဖယ္ရွားလိုက္တာရယ္ ဒီအခ်က္ေတြနဲ႔ ဦးပိုင္ကုမၸဏီနဲ႔လက္တြဲဖို႔ ဆုံးျဖတ္ခဲ့တာလို႔ တုံ႔ျပန္ထားပါတယ္။ ဒါေပမဲ့ အခုလို လူ႔အခြင့္အေရးအဖြဲ႕ေတြက ေတာင္းဆိုတဲ့အတိုင္း စစ္တပ္ပိုင္ ဦးပိုင္ကုမၸဏီနဲ႔ လက္တြဲျဖဳတ္ဖို႔ဆိုရင္ စုံစမ္းစစ္ေဆးမႈေတြ သူတို႔ဘက္က အျမန္ဆုံး လုပ္သြားမယ္လို႔လည္း တုံ႔ျပန္ထားပါတယ္။

ကုမၸဏီဘက္က စုံစမ္းမႈေတြ လုပ္မယ္လို႔ေျပာတဲ့အေပၚမွာ တရားလႊတ္ေတာ္ေရွ႕ေန ဦးဂဲနက္စ္ ကေတာ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြက အရင္ကတည္းက ေတာက္ေလွ်ာက္ရွိေနတယ္လို႔ ေထာက္ျပပါတယ္။

“အႏွစ္ခ်ဳပ္ေျပာရမယ္ဆိုရင္ အခု Kirin ကလည္းျပန္ၿပီး စိစစ္မယ္ ျပန္ၿပီး သုံးသပ္မယ္ဆိုတဲ့ ကိစၥနဲ႔ ပတ္သက္လို႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ NLD အစိုးရလက္ထက္မွာ ေျဖေလ်ာ့သြားပါၿပီ၊ တပ္မေတာ္က မလုပ္ေတာ့ပါဘူး ဆိုေပမဲ့လည္း ႏိုင္ငံတကာစံႏႈန္းအရမွာ ေနာက္ပိုင္း ICJ မွအစေလ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးခံေနရတာ ရွိေနတာပဲေလ။ အဲဒီေတာ့ အခုက်မွပဲ ျပန္သုံးသပ္မယ္ဆိုတဲ့ ဟာကေတာ့ ကုမၸဏီကလည္းဒါ ပြင့္ပြင့္လင္းလင္းေျပာရင္ေတာ့ သိသိလ်က္သားနဲ႔ အခုမွ ျပန္စုံစမ္းမယ္ဆိုတာ က်ေနာ္ေတာ့ သေဘာမေတြ႕ဘူးေပါ့ေနာ္။”

တပ္မေတာ္ဘက္ကေတာ့ နယ္ေျမမၿငိမ္းခ်မ္းတဲ့အခ်ိန္၊ တိုက္ပြဲကာလအတြင္း ဒီလိုေခါင္းစဥ္ေအာက္ကေန လူ႔အခြင့္အေရး ခ်ိဳးေဖာက္တဲ့ပုံစံ ျဖစ္ပြားေလ့ရွိတယ္ဆိုၿပီး တုံ႔ျပန္တာမ်ိဳးရွိေၾကာင္း သူကေထာက္ျပပါတယ္။

၂၀၁၅ တုန္းက ဦးပိုင္နဲ႔ အက်ိဳးတူစလုပ္ခဲ့တဲ့ MBL ကုမၸဏီမွာ Kirin က ရွယ္ယာ ၅၅ ရာခိုင္ႏႈန္း၊ ၂၀၁၇ မွာ လုပ္တဲ့ Mandalay Brewery ကုမၸဏီမွာ ၅၁ ရာခိုင္ႏႈန္း Kirin ဘက္ကရထားပါတယ္။

 ေဇာ္ထက္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/kirin--company-u-paing/5467804.html
တပ်မတော်နဲ့ စီးပွားရေးတွဲမလုပ်ဖို့ Kirin ကုမ္ပဏီကို လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း တပ်မတော်နဲ့ စီးပွားရေးတွဲမလုပ်ဖို့ Kirin ကုမ္ပဏီကို လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.