ကချင်ပြည်နယ်က စက်မှုဇုန်စီမံကိန်း တရုတ်ကုမ္ပဏီက အသာစီးယူထား

(Unicode)⤵⤵⤵
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးက နမ့်ကျင်ရွာမှာ တရုတ်ကုမ္ပဏီက တည်ဆောက်မယ့် စက်မှုဇုန်နဲ့ ပတ်သက်ပြီး ဒေသခံတွေကို တရားဝင် အသိပေးတာမရှိသေးတဲ့အပြင် တခြားအလားတူ စီမံကိန်းမျိုးကို ထပ်မံခွင့်မပြုဖို့ တရုတ်ကုမ္ပဏီက တောင်းဆိုထားတာတွေ ရှိနေပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားအနီးမှာ တည်ဆောက်မယ့် စီးပွားဖွံ့ဖြိုးတိုးတက်မှုဇုန်နဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီ ဘက်က အသာစီးယူထားတယ်လို့ ဇုန်နဲ့ပတ်သက်ပြီး သုတေသနလုပ်နေတဲ့ သန္ဓိအဖွဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးခိုင်ဝင်းက ပြောပါတယ်။

"ဘယ်လိုမျိုး ယူထားလဲဆိုတော့ လက်ဝါကြီးအုပ်ထားတဲ့ ပုံစံမျိုးပေါ့။ ဒီစီမံကိန်း တည်ဆောက်ရေးကာလ ၁၅ နှစ်အတွင်းမှာ အလားတူ ရင်းနှီးမြှုပ်နှံမှုကို ခွင့်မပြုဘူး။ ပိတ်ထားတာပေါ့နော်။ အဲဒါမျိုးအချက်တွေက စိုးရိမ်ဖို့ကောင်းတယ်။ သူကလည်း မလုပ်နိုင်ဘူး ခုနကပြောသလို တန်းလန်းကြီးဖြစ်နေမှာလည်း စိုးရိမ်ဖို့ ကောင်းတယ်။ သဘောတရားက Investment က အကြီးကြီးတစ်ခု ဒီလိုရှိနေရင် နောက် Investor ကလည်း သူမကိုက်ဘူး ထင်လို့ရှိရင်လာမှာပေါ့။ သူ့အလိုလိုလာမှာမဟုတ်ဘူး။ တစ်ကယ့်စီးပွားရေးသမားဆိုတာ မြတ်လားမမြတ်လားဆိုတာ သူတွက်မှာပဲ ဈေးကွက်အခြေအနေနဲ့သူတွက်မှာပဲ မမြတ်ဘူးထင်ရင်တော့ သူလုပ်မှာမဟုတ်ဘူး။ ဘာတွေ့ရလဲဆိုတော့ ပိတ်ထားတဲ့ သဘောမျိုးဖြစ်နေတယ်။ မြစ်ကြီးနားမြို့နယ်မှာ အလားတူ ရင်နှီးမြှုပ်နှံမှုကို ခွင့်မပြု ကချင်ပြည်နယ်မှာ ခွင့်မပြုဘူးဆိုလို့ရှိရင်တော့ အဲဒါက တစ်ဖက်သတ် ဆန်တဲ့ အပိုင်းလေးတွေ တွေ့ရတယ်"

ဒီစီမံကိန်းဟာ တရုတ်- မြန်မာ စီးပွားရေး စင်္ကြံ (CMEC) အစိတ်အပိုင်း တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ထိန်ချုံး ဟန်ရင်းကုမ္ပဏီက ပူးပေါင်းဆောင်ရွက်မယ့် စီမံကိန်း ဖြစ်ပါတယ်။ နှစ်ဘက် နားလည်မှုစာချွန်လွှာ (MOU) ကိုတော့ ၂၀၁၈ ခုနှစ်က သဘောတူ လက်မှတ်ထိုးခဲ့ပြီး ဖြစ်ပါတယ်။

အစိုးရနဲ့ တရုတ် ကုမ္ပဏီဘက်က (MOU) မှာ ပါရှိတဲ့ စီမံကိန်း တည်ဆောက်ရေးကာလအတွင်း အလားတူ ရင်းနှီး မြှုပ်နှံမှုကို ခွင့်မပြုရဘူး ဆိုတဲ့အချက်ကို ပယ်ဖျက်သင့်တယ်လို့ ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ M - ကောန်လက ပြောပါတယ်။

"အဲဒါကဘာလဲဆိုတော့ မြစ်ကြီးနား နမ်ကျင်စီးပွားရေးဇုန် ပထမ မူလ MOU မှာ တရုတ်ဘက်က တောင်းဆိုချက်က နှစ်ပေါင်း ၇၀ ရင်းနှီးမြှုပ်နှံမှုကိုပြောတာ နှစ်ပေါင်း ၇၀ နှစ်ကာလ အကန့်အသတ်ကို ကချင်ပြည်နယ် တစ်ခုလုံးကို သူတို့ကယူမယ်။ တစ်ခြားသူတွေ နှစ်ပေါင်း ၇၀ အတွင်း ဘယ်သူမှမလာနဲ့ ဆိုပြီးလုပ်တာ။ အဲဒါတော့ တောင်းတဲ့သူက တောင်းမှာပေါ့။ ဒီဟာကတော့ သူတို့အလုပ်ကို။ ဒါပေမဲ့ ပေးတဲ့သူက ပေးစရာမလိုဘူးလေ။ ဒါကတော့ နိုင်ငံရေးအရ စဉ်းစားရမယ်။ ကချင်ပြည်နယ် အစိုးရက MOU မှာ ဘာသွားသဘောတူထားလဲဆိုတော့ မြစ်ကြီးနားနယ်အတွင်း ၁၅ နှစ်ဆိုပြီး သူဈေးဆစ်လို့ရတယ်ပေါ့ ၇၀ ကို ၁၅ နှစ်အထိ တောင်သူဈေးဆစ်ထားတယ်ပေါ့၊ မဆိုင်တဲ့လုပ်ကိုင်ခွင့်အချုပ်အခြာအာဏာကို သွားပြီး ခွင့်ပြုထားတယ်၊ MOA မှာ ပါမပါတော့ မသိသေးဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့က MOA မသိပဲ ဝေဖန်ရတာ နည်းနည်းတော့ခက်တယ်။ ဒါပေမယ့် MOU ကို အခြေခံပြီး ပြောမယ်ဆိုရင်တော့ အဲဒါက လုံးဝ မလုပ်ရဘူး၊ လုံးဝပယ်ဖျက်ရမယ့်ဟာ သူတို့ကလည်း တောင်းခွင့်မရှိသလို ကိုယ်ကလည်း ပေးခွင့်မရှိဘူး "

ရင်းနှီးမြှုပ်နှံမှုက ရရှိလာမယ့် အကျိုးအမြတ်နဲ့ စီးပွားရေး အခွင့်အရေးတွေအပေါ် ခန့်မှန်းထားတာ မရှိတဲ့အတွက် ပြည်နယ် အစိုးရနဲ့ ဒေသခံတွေအတွက် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှု အန္တရာယ် ကြုံတွေနိုင်မှု မြင့်မားတယ်လို့ သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ကချင်ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းကတော့ နားလည်မှုစာချွန်လွှာတွေမှာ အားနည်းချက်တချို့ရှိနိုင်ပေမယ့် စီမံကိန်းအကောင်အထည်ဖော်ဖို့ စာချုပ်ချုပ်ဆိုတာကသာ အရေးကြီးကြောင်း ပြောပါတယ်။

စက်မှုဇုန်အတွက် စီမံကိန်း မြေနေရာတိုင်းတာ၊ စီမံကိန်းဧရိယာအတွင်းနဲ့ အနီးဝန်းကျင်မှာရှိတဲ့ စိုက်ပျိုးမြေ သီးနှံလျော်ကြေးပေးရမယ့် ခွင့်ပြုစိုက်ပျိုးပင် စာရင်းကောက်ယူတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ စီမံကိန်းနဲ့ ဆောင်ရွက်မယ့် ပုံစံနဲ့ ပတ်သက်ပြီး အခုချိန်ထိ လူထုကို ပွင့်ပွင့်လင်းလင်း ချပြတာ မရှိတဲ့အတွက် ဒေသခံတွေကြားမှာလည်း စိုးရိမ်မှုတွေရှိနေတယ်လို့ နမ်ကျင်ဒေသခံ ဦးခေါင်ဒီးက ပြောပါတယ်။

"ကျနော်တို့ဆီမှာက အဲ့ဒီအပိုင်းကို ဘယ်သူမှ ချပြထားတာမရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျာတို့ ပြည်သူလူထုအတွက် ဘယ်လောက်ကောင်းသွားမယ်။ ဘယ်လိုဖြစ်လာမယ်ဆိုတဲ့ ချပြထားတာမရှိဘူးလေ။ ကျွန်တော်ကပဲ မကြားလိုက်တာလားမသိဘူးလေနော်။ ကျွန်တော်တို့အနေနဲ့က ဆိုးကျိုးများမယ့် အတိုင်းအတာ ဆိုရင်တော့ ကျွန်တော်တို့ ပြည်သူလူထူကမလိုလားဘူး။ အများပိုင်းကောင်းတယ်ဆိုရင်တော့ လက်ခံတယ်။ မကောင်းနိုင်တဲ့ အတိုင်းအတာကို ဆက်လုပ်တဲ့ပုံစံမျိုးဆိုရင်တော့ ပြည်သူလူထုကလည်း လက်ခံမှာမဟုတ်လို့မြင်တယ်"

စီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရဲ့ ရှင်းလင်းပြတ်သားတဲ့ မှတ်တမ်းမှတ်ရာမရှိတာနဲ့ အစိုးရရဲ့ ပွင့်လင်းမြင်သာမှု မရှိတာကြောင့်လည်း ဖွံ့ဖြိုးရေးနဲ့ ဆောက်လုပ်ရေးဆိုင်ရာ ဆုံးရှုံးမှုအန္တရာယ် ရင်ဆိုင် ကြုံတွေ့နိုင်မှု မြင့်မားနိုင်တယ်လို့လည်း သန္ဓိအဖွဲ့ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

အဲ့ဒီအပြင် လူထုတွေကြားမှာလည်း မြေယာဆုံးရှုံးမှုပြဿနာ၊ သဘာဝပတ်ဝန်းကျင်ပြဿနာ၊ လူမှုရေး ပြဿနာတွေနဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ပျက်စီးသွားမှာကို စိုးရိမ်နေကြပါတယ်။

နမ့်ကျင်စက်မှုဇုန်ကို မြစ်ကြီးနားမြို့ရဲ့ အနောက်ဘက် ၈ မိုင်ခန့်အကွာမှာရှိတဲ့ နမ့်ကျင်ကျေးရွာက မြေဧက ၄၇၀၀ မှာ အကောင်အထည်ဖော်မယ်လို့ လျာထားတဲ့ စီမံကိန်းဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အကြီးမားဆုံးဖြစ်လာမယ့် စီမံကိန်းဖြစ်သလို ကချင်ပြည်နယ်မှာ မြစ်ဆုံးစီမံကိန်းနည်းတူ စီမံကိန်းကြီးဖြစ်ပါတယ်။

ဒါကြောင့်လည်း ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုဖြစ်လာမလားဆိုပြီး ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။

အဲလိဇဘက်ဂျန်မာ / RFA Burmese
---------------------------------

(Zawgyi)⤵⤵⤵
ကခ်င္ျပည္နယ္က စက္မႈဇုန္စီမံကိန္း တ႐ုတ္ကုမၸဏီက အသာစီးယူထား

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕အနီးက နမ့္က်င္႐ြာမွာ တ႐ုတ္ကုမၸဏီက တည္ေဆာက္မယ့္ စက္မႈဇုန္နဲ႔ ပတ္သက္ၿပီး ေဒသခံေတြကို တရားဝင္ အသိေပးတာမရွိေသးတဲ့အျပင္ တျခားအလားတူ စီမံကိန္းမ်ိဳးကို ထပ္မံခြင့္မျပဳဖို႔ တ႐ုတ္ကုမၸဏီက ေတာင္းဆိုထားတာေတြ ရွိေနပါတယ္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားအနီးမွာ တည္ေဆာက္မယ့္ စီးပြားဖြံ႕ၿဖိဳးတိုးတက္မႈဇုန္နဲ႔ ပတ္သက္ၿပီး တ႐ုတ္ကုမၸဏီ ဘက္က အသာစီးယူထားတယ္လို႔ ဇုန္နဲ႔ပတ္သက္ၿပီး သုေတသနလုပ္ေနတဲ့ သႏၶိအဖြဲ႕ အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာ ဦးခိုင္ဝင္းက ေျပာပါတယ္။

"ဘယ္လိုမ်ိဳး ယူထားလဲဆိုေတာ့ လက္ဝါႀကီးအုပ္ထားတဲ့ ပုံစံမ်ိဳးေပါ့။ ဒီစီမံကိန္း တည္ေဆာက္ေရးကာလ ၁၅ ႏွစ္အတြင္းမွာ အလားတူ ရင္းႏွီးျမႇဳပ္ႏွံမႈကို ခြင့္မျပဳဘူး။ ပိတ္ထားတာေပါ့ေနာ္။ အဲဒါမ်ိဳးအခ်က္ေတြက စိုးရိမ္ဖို႔ေကာင္းတယ္။ သူကလည္း မလုပ္ႏိုင္ဘူး ခုနကေျပာသလို တန္းလန္းႀကီးျဖစ္ေနမွာလည္း စိုးရိမ္ဖို႔ ေကာင္းတယ္။ သေဘာတရားက Investment က အႀကီးႀကီးတစ္ခု ဒီလိုရွိေနရင္ ေနာက္ Investor ကလည္း သူမကိုက္ဘူး ထင္လို႔ရွိရင္လာမွာေပါ့။ သူ႔အလိုလိုလာမွာမဟုတ္ဘူး။ တစ္ကယ့္စီးပြားေရးသမားဆိုတာ ျမတ္လားမျမတ္လားဆိုတာ သူတြက္မွာပဲ ေဈးကြက္အေျခအေနနဲ႔သူတြက္မွာပဲ မျမတ္ဘူးထင္ရင္ေတာ့ သူလုပ္မွာမဟုတ္ဘူး။ ဘာေတြ႕ရလဲဆိုေတာ့ ပိတ္ထားတဲ့ သေဘာမ်ိဳးျဖစ္ေနတယ္။ ျမစ္ႀကီးနားၿမိဳ႕နယ္မွာ အလားတူ ရင္ႏွီးျမႇဳပ္ႏွံမႈကို ခြင့္မျပဳ ကခ်င္ျပည္နယ္မွာ ခြင့္မျပဳဘူးဆိုလို႔ရွိရင္ေတာ့ အဲဒါက တစ္ဖက္သတ္ ဆန္တဲ့ အပိုင္းေလးေတြ ေတြ႕ရတယ္"

ဒီစီမံကိန္းဟာ တ႐ုတ္- ျမန္မာ စီးပြားေရး စႀကႍ (CMEC) အစိတ္အပိုင္း တစ္ခုျဖစ္ၿပီး တ႐ုတ္ႏိုင္ငံ ယူနန္ထိန္ခ်ဳံး ဟန္ရင္းကုမၸဏီက ပူးေပါင္းေဆာင္႐ြက္မယ့္ စီမံကိန္း ျဖစ္ပါတယ္။ ႏွစ္ဘက္ နားလည္မႈစာခြၽန္လႊာ (MOU) ကိုေတာ့ ၂၀၁၈ ခုႏွစ္က သေဘာတူ လက္မွတ္ထိုးခဲ့ၿပီး ျဖစ္ပါတယ္။

အစိုးရနဲ႔ တ႐ုတ္ ကုမၸဏီဘက္က (MOU) မွာ ပါရွိတဲ့ စီမံကိန္း တည္ေဆာက္ေရးကာလအတြင္း အလားတူ ရင္းႏွီး ျမႇဳပ္ႏွံမႈကို ခြင့္မျပဳရဘူး ဆိုတဲ့အခ်က္ကို ပယ္ဖ်က္သင့္တယ္လို႔ ကခ်င္အမ်ိဳးသား ကြန္ဂရက္ပါတီ ဥကၠ႒ M - ေကာန္လက ေျပာပါတယ္။

"အဲဒါကဘာလဲဆိုေတာ့ ျမစ္ႀကီးနား နမ္က်င္စီးပြားေရးဇုန္ ပထမ မူလ MOU မွာ တ႐ုတ္ဘက္က ေတာင္းဆိုခ်က္က ႏွစ္ေပါင္း ၇၀ ရင္းႏွီးျမႇဳပ္ႏွံမႈကိုေျပာတာ ႏွစ္ေပါင္း ၇၀ ႏွစ္ကာလ အကန႔္အသတ္ကို ကခ်င္ျပည္နယ္ တစ္ခုလုံးကို သူတို႔ကယူမယ္။ တစ္ျခားသူေတြ ႏွစ္ေပါင္း ၇၀ အတြင္း ဘယ္သူမွမလာနဲ႔ ဆိုၿပီးလုပ္တာ။ အဲဒါေတာ့ ေတာင္းတဲ့သူက ေတာင္းမွာေပါ့။ ဒီဟာကေတာ့ သူတို႔အလုပ္ကို။ ဒါေပမဲ့ ေပးတဲ့သူက ေပးစရာမလိုဘူးေလ။ ဒါကေတာ့ ႏိုင္ငံေရးအရ စဥ္းစားရမယ္။ ကခ်င္ျပည္နယ္ အစိုးရက MOU မွာ ဘာသြားသေဘာတူထားလဲဆိုေတာ့ ျမစ္ႀကီးနားနယ္အတြင္း ၁၅ ႏွစ္ဆိုၿပီး သူေဈးဆစ္လို႔ရတယ္ေပါ့ ၇၀ ကို ၁၅ ႏွစ္အထိ ေတာင္သူေဈးဆစ္ထားတယ္ေပါ့၊ မဆိုင္တဲ့လုပ္ကိုင္ခြင့္အခ်ဳပ္အျခာအာဏာကို သြားၿပီး ခြင့္ျပဳထားတယ္၊ MOA မွာ ပါမပါေတာ့ မသိေသးဘူး။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္တို႔က MOA မသိပဲ ေဝဖန္ရတာ နည္းနည္းေတာ့ခက္တယ္။ ဒါေပမယ့္ MOU ကို အေျခခံၿပီး ေျပာမယ္ဆိုရင္ေတာ့ အဲဒါက လုံးဝ မလုပ္ရဘူး၊ လုံးဝပယ္ဖ်က္ရမယ့္ဟာ သူတို႔ကလည္း ေတာင္းခြင့္မရွိသလို ကိုယ္ကလည္း ေပးခြင့္မရွိဘူး "

ရင္းႏွီးျမႇဳပ္ႏွံမႈက ရရွိလာမယ့္ အက်ိဳးအျမတ္နဲ႔ စီးပြားေရး အခြင့္အေရးေတြအေပၚ ခန႔္မွန္းထားတာ မရွိတဲ့အတြက္ ျပည္နယ္ အစိုးရနဲ႔ ေဒသခံေတြအတြက္ ဘ႑ာေရးဆိုင္ရာ ဆုံးရႈံးမႈ အႏၲရာယ္ ႀကဳံေတြႏိုင္မႈ ျမင့္မားတယ္လို႔ သႏၶိစြမ္းရည္ျမႇင့္တင္ေရးအဖြဲ႕ အစီရင္ခံစာမွာ ေထာက္ျပထားပါတယ္။

ကခ်င္ျပည္နယ္ ဘ႑ာ၊ အခြန္၊ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးေဝလင္းကေတာ့ နားလည္မႈစာခြၽန္လႊာေတြမွာ အားနည္းခ်က္တခ်ိဳ႕ရွိႏိုင္ေပမယ့္ စီမံကိန္းအေကာင္အထည္ေဖာ္ဖို႔ စာခ်ဳပ္ခ်ဳပ္ဆိုတာကသာ အေရးႀကီးေၾကာင္း ေျပာပါတယ္။

စက္မႈဇုန္အတြက္ စီမံကိန္း ေျမေနရာတိုင္းတာ၊ စီမံကိန္းဧရိယာအတြင္းနဲ႔ အနီးဝန္းက်င္မွာရွိတဲ့ စိုက္ပ်ိဳးေျမ သီးႏွံေလ်ာ္ေၾကးေပးရမယ့္ ခြင့္ျပဳစိုက္ပ်ိဳးပင္ စာရင္းေကာက္ယူတဲ့ လုပ္ငန္းေတြ ေဆာင္႐ြက္ေနၿပီ ျဖစ္ပါတယ္။

ဒါေပမဲ့ စီမံကိန္းနဲ႔ ေဆာင္႐ြက္မယ့္ ပုံစံနဲ႔ ပတ္သက္ၿပီး အခုခ်ိန္ထိ လူထုကို ပြင့္ပြင့္လင္းလင္း ခ်ျပတာ မရွိတဲ့အတြက္ ေဒသခံေတြၾကားမွာလည္း စိုးရိမ္မႈေတြရွိေနတယ္လို႔ နမ္က်င္ေဒသခံ ဦးေခါင္ဒီးက ေျပာပါတယ္။

"က်ေနာ္တို႔ဆီမွာက အဲ့ဒီအပိုင္းကို ဘယ္သူမွ ခ်ျပထားတာမရွိေသးပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ခင္ဗ်ာတို႔ ျပည္သူလူထုအတြက္ ဘယ္ေလာက္ေကာင္းသြားမယ္။ ဘယ္လိုျဖစ္လာမယ္ဆိုတဲ့ ခ်ျပထားတာမရွိဘူးေလ။ ကြၽန္ေတာ္ကပဲ မၾကားလိုက္တာလားမသိဘူးေလေနာ္။ ကြၽန္ေတာ္တို႔အေနနဲ႔က ဆိုးက်ိဳးမ်ားမယ့္ အတိုင္းအတာ ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ျပည္သူလူထူကမလိုလားဘူး။ အမ်ားပိုင္းေကာင္းတယ္ဆိုရင္ေတာ့ လက္ခံတယ္။ မေကာင္းႏိုင္တဲ့ အတိုင္းအတာကို ဆက္လုပ္တဲ့ပုံစံမ်ိဳးဆိုရင္ေတာ့ ျပည္သူလူထုကလည္း လက္ခံမွာမဟုတ္လို႔ျမင္တယ္"

စီမံကိန္းနဲ႔ပတ္သက္ၿပီး တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီရဲ႕ ရွင္းလင္းျပတ္သားတဲ့ မွတ္တမ္းမွတ္ရာမရွိတာနဲ႔ အစိုးရရဲ႕ ပြင့္လင္းျမင္သာမႈ မရွိတာေၾကာင့္လည္း ဖြံ႕ၿဖိဳးေရးနဲ႔ ေဆာက္လုပ္ေရးဆိုင္ရာ ဆုံးရႈံးမႈအႏၲရာယ္ ရင္ဆိုင္ ႀကဳံေတြ႕ႏိုင္မႈ ျမင့္မားႏိုင္တယ္လို႔လည္း သႏၶိအဖြဲ႕ရဲ႕ အစီရင္ခံစာမွာ ေထာက္ျပထားပါတယ္။

အဲ့ဒီအျပင္ လူထုေတြၾကားမွာလည္း ေျမယာဆုံးရႈံးမႈျပႆနာ၊ သဘာဝပတ္ဝန္းက်င္ျပႆနာ၊ လူမႈေရး ျပႆနာေတြနဲ႔ ႐ိုးရာယဥ္ေက်းမႈ ဓေလ့ထုံးတမ္းေတြ ပ်က္စီးသြားမွာကို စိုးရိမ္ေနၾကပါတယ္။

နမ့္က်င္စက္မႈဇုန္ကို ျမစ္ႀကီးနားၿမိဳ႕ရဲ႕ အေနာက္ဘက္ ၈ မိုင္ခန႔္အကြာမွာရွိတဲ့ နမ့္က်င္ေက်း႐ြာက ေျမဧက ၄၇၀၀ မွာ အေကာင္အထည္ေဖာ္မယ္လို႔ လ်ာထားတဲ့ စီမံကိန္းျဖစ္ပါတယ္။
ဒီစီမံကိန္းဟာ ျမန္မာႏိုင္ငံမွာ တ႐ုတ္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ အႀကီးမားဆုံးျဖစ္လာမယ့္ စီမံကိန္းျဖစ္သလို ကခ်င္ျပည္နယ္မွာ ျမစ္ဆုံးစီမံကိန္းနည္းတူ စီမံကိန္းႀကီးျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ေကာင္းက်ိဳးထက္ ဆိုးက်ိဳးေတြ ပိုျဖစ္လာမလားဆိုၿပီး ေဒသခံေတြၾကားမွာ စိုးရိမ္မႈေတြ ရွိေနပါတယ္။

အဲလိဇဘက္ဂ်န္မာ / RFA Burmese
https://www.rfa.org/burmese/program_2/kachin-economic-zone-06162020054407.html
ကချင်ပြည်နယ်က စက်မှုဇုန်စီမံကိန်း တရုတ်ကုမ္ပဏီက အသာစီးယူထား ကချင်ပြည်နယ်က စက်မှုဇုန်စီမံကိန်း တရုတ်ကုမ္ပဏီက အသာစီးယူထား Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.