အိမ်အကူအလုပ်သမား အကာအကွယ်ပေးရေးဥပဒေ ပြဌာန်းဖို့ လွှတ်တော်ပြင်ဆင်


(Unicode)⤵⤵⤵
မြန်မာနိုင်ငံတွင်း အိမ်အကူလုပ်သားတွေကို အိမ်တွင်းအကြမ်းဖက်မှု အမြတ်ထုတ်မှုသတင်းတွေ ဒီနှစ်ပိုင်းတွေ တော်တော်လေးတွေ့လာရပါတယ်။ ဒါကြောင့် အိမ်အကူလုပ်သားတွေရဲ့အခွင့်အရေးကို ဥပဒေအရတိတိကျကျ အကာအကွယ်ပေးနိုင်ဖို့ လွှတ်တော်ပိုင်းက ကြိုးစားနေပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက စုံစမ်းမေးမြန်းထားပါတယ်။

အခု ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့ဟာ နိုင်ငံတကာ အိမ်အကူလုပ်သားများနေ့လို့ သတ်မှတ်ထားတာပါ။ အိမ်အကူလုပ်သားတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO က ဥပဒေပြဌာန်းနိုင်ခဲ့တာကို ရည်ညွှန်းပါတယ်။ မြန်မာနိုင်ငံမှာတော့ အိမ်အကူလုပ်သားတွေအတွက် ဥပဒေအရ အကာအကွယ် မပေးနိုင်သေးတာကြောင့် အိမ်ကူလုပ်သားတွေ အကြမ်းဖက်ခံရတာ အမြတ်ထုတ်ခံရတာတွေ ဖြစ်နေတုန်းပါ။ အလုပ်ရှင်တွေ အနေနဲ့ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး သိရှိမှု အားနည်းနေတာကြောင့် ဖြစ်တယ်လို့ ညီမျှခြင်းမြန်မာက အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေထဲမှာ အလုပ်သမားတွေအတွက် အကာအကွယ်ပေးမှုတွေ အများကြီး ရှိနေပေမယ့် အိမ်အကူအလုပ်တွေရဲ့ သဘောသဘာဝအရ ဒီအခွင့်အရေးတွေကို ရယူနိုင်ဖို့ ခက်ခဲနေတယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။ လက်ရှိမှာ အိမ်အကူအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ကာကွယ်ပေးနိုင်တဲ့ ဥပဒေကြမ်းတစ်ခုကို လွှတ်တော်မှာ ရေးဆွဲအတည်ပြုနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ဒီဥပဒေက အိမ်အကူလုပ်သားတွေအပေါ် ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ ဦးအောင်မျိုးမင်းက ခုလို သုံးသပ်ပါတယ်။

“ကျနော်တို့မှာ ဘယ်လိုမျိုးဖြစ်လဲဆိုရင်တော့ ဥပဒေက ရှိတယ်။ ဒါပေမဲ့ ဥပဒေအရ ခံစားခွင့်မရှိဘူး။ နောက်တစ်ခုက ဒီဥပဒေကို အိမ်အကူလုပ်သားတွေကလည်း မသိသလို အိမ်ရှင်တွေကလည်း ဒါကို သိပ်ပြီးတော့မသိကြဘူး။ တကယ်လို့များ ဒီဥပဒေ (အိမ်အကူအလုပ်သမား ဥပဒေ) ပေါ်လာရင် ကျနော်တို့ နောက်ထပ် ထပ်သိဖို့ ကိစ္စက ဒီဥပဒေကို ပါဝင်ပတ်သက်တဲ့ အိမ်အကူ တွေရော အိမ်ရှင်တွေရော နောက် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီရော အားလုံးကနေ ကျနော်တို့ သဘောပေါက်ပြီးတော့ ကျင့်သုံးဖို့အတွက်ရှိမယ်၊ နောက်တစ်ခါ လုပ်ထုံးလုပ်နည်းအရ ဒါတွေကို သေသေချာချာစောင့်ကြပ်နိုင်တဲ့ လုပ်ထုံးလုပ်နည်း အဲ့ဒါလည်း အရေးကြီးပါတယ်ခင်ဗျ။ အဲ့တော့ ဥပဒေပေါ်လာရုံနဲ့တော့ ဖြစ်မှာမဟုတ်ဘူး။ ပူးပေါင်းပါဝင်မှုရယ်၊ ဒီဟာကို စောင့်ကြပ်မှု အပိုင်း ယန္တရားပိုင်းတွေပါ ဆက်ရှိနေဖို့လိုအပ်ပါတယ်။”

အိမ်အကူအလုပ်သမား ဥပဒေကြမ်းကို မူကြမ်းအနေနဲ့ရေးဆွဲထားပြီး အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီက အတည်ပြုပြီးတော့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကို တင်ပြထားတယ်လို့ ကော်မတီအဖွဲ့ဝင် ဒေါက်တာခင်မကြီးက ပြောပါတယ်။ ဒီဥပဒေက အိမ်အကူအလုပ်သမားတွေအတွက် ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ ဒေါက်တာ ခင်မကြီးက ခုလိုပြောပြပါတယ်။

“အတတ်နိုင်ဆုံးတော့ ကျမတို့တွေ အိမ်အကူအလုပ်သမားတွေမှာ ထိခိုက်အနာတရဖြစ်အောင် နှိပ်စက်ခံရတာတွေ ရှိတယ်။ နောက် ဥပဒေ မရှိတဲ့အခါကျတော့ လုပ်အားခနဲ့ ပတ်သက်ပြီးတော့ပဲ ဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ ဒါတွေလည်း ခဏခဏတွေ့နေရတယ်။ အိမ်အကူအလုပ်သမားတွေမှာ စောင့်ကြည့်ပေးမယ့် ဥပဒေမရှိဘူးပေါ့နော်။ မရှိတဲ့ခါကျတော့ သူတို့မှာ သူတိုရဲ့ လုပ်အားအပေါ်မှာ ခေါင်းပုံဖြတ်တာတွေရော ခုဏကလိုမျိုး ညှင်းပန်းနှိပ်စက်တဲ့ဟာ တွေရော ဒါတွေကိုတော့ ကျမတို့က အပြည့်အဝမဟုတ်တောင်မှာ ရာခိုင်နှုန်းတော်တော်များများ နောက်ပြီးတော့ ဆိုးဆိုးဝါးဝါးအခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို ကာကွယ်နိုင်မယ်လို့ ကျမတို့ ယူဆပါတယ်။ ကျမတို့ကတော့ အိမ်အကူအလုပ်သမား ဥပဒေကြမ်းကို မြန်မြန် အတည်ပြုချင်တယ်၊ အတည်ပြုပြီးတော်မှ ဒီအိမ်အကူအလုပ်သမားတွေရဲ့ အခွင့်အရေးတွေ၊ ညှင်းပန်းနှိပ်စက်ခံနေရတာ တွေကို အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို မြန်မြန်အကာအကွယ် ပေးချင်ပါတယ်။ ပြည်တွင်းရော၊ ပြည်ပရော အလုပ်သမားတွေကို ကာကွယ်ပေးချင်ပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကပဲ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO က ပြဌာန်းထားတဲ့ အလုပ်လုပ်နိုင်တဲ့ အနိမ့်ဆုံး အသက်ကန့်သတ်မှုနဲ့ သက်ဆိုင်တဲ့ သဘောတူညီချက် အမှတ် ၁၃၈ ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီအထဲမှာ အလုပ်လုပ်နိုင်စွမ်းရှိသည့် ကလေးအသက် သည် ၁၄ နှစ်အောက် မငယ်စေရဆိုတဲ့ အချက် ပါဝင်ပါတယ်။ အဆိုးဝါးဆုံးအလုပ်သမား လုပ်အားစေခိုင်းမှုနဲ့ ပတ်သက်တဲ့ ILO ရဲ့ သဘောတူညီချက်အမှတ် ၁၈၂ ကိုလည်း ၂၀၁၃ ခုနှစ်က လက်မှတ်ရေးထိုးထားခဲ့ပါတယ်။ ဒါပေမဲ့လည်း အိမ်ကူလုပ်သားတွေကို အကာအကွယ်ပေးဖို့ ILO သဘောတူညီချက် ၁၈၉ ကိုတော့ မြန်မာအနေနဲ့ လက်မှတ်ထိုးထားခြင်း မရှိသေးပါဘူးရှင်။

အိမ့်သန္တာထွန်း  / ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
အိမ္အကူအလုပ္သမား အကာအကြယ္ေပးေရးဥပေဒ ျပဌာန္းဖို႔ လႊတ္ေတာ္ျပင္ဆင္

ျမန္မာႏိုင္ငံတြင္း အိမ္အကူလုပ္သားေတြကို အိမ္တြင္းအၾကမ္းဖက္မႈ အျမတ္ထုတ္မႈသတင္းေတြ ဒီႏွစ္ပိုင္းေတြ ေတာ္ေတာ္ေလးေတြ႕လာရပါတယ္။ ဒါေၾကာင့္ အိမ္အကူလုပ္သားေတြရဲ႕အခြင့္အေရးကို ဥပေဒအရတိတိက်က် အကာအကြယ္ေပးႏိုင္ဖို႔ လႊတ္ေတာ္ပိုင္းက ႀကိဳးစားေနပါတယ္။ ဒီအေၾကာင္း ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက စုံစမ္းေမးျမန္းထားပါတယ္။

အခု ဒီကေန႔ ဇြန္လ ၁၆ ရက္ေန႔ဟာ ႏိုင္ငံတကာ အိမ္အကူလုပ္သားမ်ားေန႔လို႔ သတ္မွတ္ထားတာပါ။ အိမ္အကူလုပ္သားေတြကို အကာအကြယ္ေပးဖို႔ ႏိုင္ငံတကာ အလုပ္သမားအဖြဲ႕ခ်ဳပ္ ILO က ဥပေဒျပဌာန္းႏိုင္ခဲ့တာကို ရည္ၫႊန္းပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ အိမ္အကူလုပ္သားေတြအတြက္ ဥပေဒအရ အကာအကြယ္ မေပးႏိုင္ေသးတာေၾကာင့္ အိမ္ကူလုပ္သားေတြ အၾကမ္းဖက္ခံရတာ အျမတ္ထုတ္ခံရတာေတြ ျဖစ္ေနတုန္းပါ။ အလုပ္ရွင္ေတြ အေနနဲ႔ အလုပ္သမားအခြင့္အေရးနဲ႔ ပတ္သက္ၿပီး သိရွိမႈ အားနည္းေနတာေၾကာင့္ ျဖစ္တယ္လို႔ ညီမွ်ျခင္းျမန္မာက အမႈေဆာင္ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အလုပ္သမားဥပေဒထဲမွာ အလုပ္သမားေတြအတြက္ အကာအကြယ္ေပးမႈေတြ အမ်ားႀကီး ရွိေနေပမယ့္ အိမ္အကူအလုပ္ေတြရဲ႕ သေဘာသဘာဝအရ ဒီအခြင့္အေရးေတြကို ရယူႏိုင္ဖို႔ ခက္ခဲေနတယ္လို႔ ဦးေအာင္မ်ိဳးမင္းက ဆိုပါတယ္။ လက္ရွိမွာ အိမ္အကူအလုပ္သမားေတြနဲ႔ ပတ္သက္ၿပီး ကာကြယ္ေပးႏိုင္တဲ့ ဥပေဒၾကမ္းတစ္ခုကို လႊတ္ေတာ္မွာ ေရးဆြဲအတည္ျပဳႏိုင္ဖို႔ ႀကိဳးပမ္းေနပါတယ္။

ဒီဥပေဒက အိမ္အကူလုပ္သားေတြအေပၚ ဘယ္ေလာက္ထိ ကာကြယ္ေပးႏိုင္မလဲဆိုတာနဲ႔ ပတ္သက္လို႔ ဦးေအာင္မ်ိဳးမင္းက ခုလို သုံးသပ္ပါတယ္။

“က်ေနာ္တို႔မွာ ဘယ္လိုမ်ိဳးျဖစ္လဲဆိုရင္ေတာ့ ဥပေဒက ရွိတယ္။ ဒါေပမဲ့ ဥပေဒအရ ခံစားခြင့္မရွိဘူး။ ေနာက္တစ္ခုက ဒီဥပေဒကို အိမ္အကူလုပ္သားေတြကလည္း မသိသလို အိမ္ရွင္ေတြကလည္း ဒါကို သိပ္ၿပီးေတာ့မသိၾကဘူး။ တကယ္လို႔မ်ား ဒီဥပေဒ (အိမ္အကူအလုပ္သမား ဥပေဒ) ေပၚလာရင္ က်ေနာ္တို႔ ေနာက္ထပ္ ထပ္သိဖို႔ ကိစၥက ဒီဥပေဒကို ပါဝင္ပတ္သက္တဲ့ အိမ္အကူ ေတြေရာ အိမ္ရွင္ေတြေရာ ေနာက္ အလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီေရာ အားလုံးကေန က်ေနာ္တို႔ သေဘာေပါက္ၿပီးေတာ့ က်င့္သုံးဖို႔အတြက္ရွိမယ္၊ ေနာက္တစ္ခါ လုပ္ထုံးလုပ္နည္းအရ ဒါေတြကို ေသေသခ်ာခ်ာေစာင့္ၾကပ္ႏိုင္တဲ့ လုပ္ထုံးလုပ္နည္း အဲ့ဒါလည္း အေရးႀကီးပါတယ္ခင္ဗ်။ အဲ့ေတာ့ ဥပေဒေပၚလာ႐ုံနဲ႔ေတာ့ ျဖစ္မွာမဟုတ္ဘူး။ ပူးေပါင္းပါဝင္မႈရယ္၊ ဒီဟာကို ေစာင့္ၾကပ္မႈ အပိုင္း ယႏၲရားပိုင္းေတြပါ ဆက္ရွိေနဖို႔လိုအပ္ပါတယ္။”

အိမ္အကူအလုပ္သမား ဥပေဒၾကမ္းကို မူၾကမ္းအေနနဲ႔ေရးဆြဲထားၿပီး အမ်ိဳးသားလႊတ္ေတာ္ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္တြင္းျပည္ပ အလုပ္သမားဆိုင္ရာ ေကာ္မတီက အတည္ျပဳၿပီးေတာ့ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ကို တင္ျပထားတယ္လို႔ ေကာ္မတီအဖြဲ႕ဝင္ ေဒါက္တာခင္မႀကီးက ေျပာပါတယ္။ ဒီဥပေဒက အိမ္အကူအလုပ္သမားေတြအတြက္ ဘယ္ေလာက္ထိ ကာကြယ္ေပးႏိုင္မလဲဆိုတာနဲ႔ ပတ္သက္လို႔ ေဒါက္တာ ခင္မႀကီးက ခုလိုေျပာျပပါတယ္။

“အတတ္ႏိုင္ဆုံးေတာ့ က်မတို႔ေတြ အိမ္အကူအလုပ္သမားေတြမွာ ထိခိုက္အနာတရျဖစ္ေအာင္ ႏွိပ္စက္ခံရတာေတြ ရွိတယ္။ ေနာက္ ဥပေဒ မရွိတဲ့အခါက်ေတာ့ လုပ္အားခနဲ႔ ပတ္သက္ၿပီးေတာ့ပဲ ျဖစ္ျဖစ္ စိတ္ပိုင္းဆိုင္ရာ ႐ုပ္ပိုင္းဆိုင္ရာ ညႇင္းပန္းႏွိပ္စက္မႈေတြ ဒါေတြလည္း ခဏခဏေတြ႕ေနရတယ္။ အိမ္အကူအလုပ္သမားေတြမွာ ေစာင့္ၾကည့္ေပးမယ့္ ဥပေဒမရွိဘူးေပါ့ေနာ္။ မရွိတဲ့ခါက်ေတာ့ သူတို႔မွာ သူတိုရဲ႕ လုပ္အားအေပၚမွာ ေခါင္းပုံျဖတ္တာေတြေရာ ခုဏကလိုမ်ိဳး ညႇင္းပန္းႏွိပ္စက္တဲ့ဟာ ေတြေရာ ဒါေတြကိုေတာ့ က်မတို႔က အျပည့္အဝမဟုတ္ေတာင္မွာ ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ား ေနာက္ၿပီးေတာ့ ဆိုးဆိုးဝါးဝါးအခြင့္အေရး ခ်ိဳးေဖာက္ခံေနရတာေတြကို ကာကြယ္ႏိုင္မယ္လို႔ က်မတို႔ ယူဆပါတယ္။ က်မတို႔ကေတာ့ အိမ္အကူအလုပ္သမား ဥပေဒၾကမ္းကို ျမန္ျမန္ အတည္ျပဳခ်င္တယ္၊ အတည္ျပဳၿပီးေတာ္မွ ဒီအိမ္အကူအလုပ္သမားေတြရဲ႕ အခြင့္အေရးေတြ၊ ညႇင္းပန္းႏွိပ္စက္ခံေနရတာ ေတြကို အခြင့္အေရး ခ်ိဳးေဖာက္ခံေနရတာေတြကို ျမန္ျမန္အကာအကြယ္ ေပးခ်င္ပါတယ္။ ျပည္တြင္းေရာ၊ ျပည္ပေရာ အလုပ္သမားေတြကို ကာကြယ္ေပးခ်င္ပါတယ္။”

ၿပီးခဲ့တဲ့ ဇြန္လ ၈ ရက္ေန႔ကပဲ ျမန္မာႏိုင္ငံဟာ အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႕ခ်ဳပ္ ILO က ျပဌာန္းထားတဲ့ အလုပ္လုပ္ႏိုင္တဲ့ အနိမ့္ဆုံး အသက္ကန႔္သတ္မႈနဲ႔ သက္ဆိုင္တဲ့ သေဘာတူညီခ်က္ အမွတ္ ၁၃၈ ကို လက္မွတ္ေရးထိုးခဲ့ပါတယ္။ ဒီအထဲမွာ အလုပ္လုပ္ႏိုင္စြမ္းရွိသည့္ ကေလးအသက္ သည္ ၁၄ ႏွစ္ေအာက္ မငယ္ေစရဆိုတဲ့ အခ်က္ ပါဝင္ပါတယ္။ အဆိုးဝါးဆုံးအလုပ္သမား လုပ္အားေစခိုင္းမႈနဲ႔ ပတ္သက္တဲ့ ILO ရဲ႕ သေဘာတူညီခ်က္အမွတ္ ၁၈၂ ကိုလည္း ၂၀၁၃ ခုႏွစ္က လက္မွတ္ေရးထိုးထားခဲ့ပါတယ္။ ဒါေပမဲ့လည္း အိမ္ကူလုပ္သားေတြကို အကာအကြယ္ေပးဖို႔ ILO သေဘာတူညီခ်က္ ၁၈၉ ကိုေတာ့ ျမန္မာအေနနဲ႔ လက္မွတ္ထိုးထားျခင္း မရွိေသးပါဘူးရွင္။

အိမ့္သႏၲာထြန္း  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/hluttaw--myanmar-maid-protection-against-abuse/5464565.html
အိမ်အကူအလုပ်သမား အကာအကွယ်ပေးရေးဥပဒေ ပြဌာန်းဖို့ လွှတ်တော်ပြင်ဆင် အိမ်အကူအလုပ်သမား အကာအကွယ်ပေးရေးဥပဒေ ပြဌာန်းဖို့ လွှတ်တော်ပြင်ဆင် Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.