ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း တိုင်းလွှတ်တော်အမတ်တွေ လက်မှတ်ထိုးတင်ပြထား

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း တိုင်းလွှတ်တော်အမတ်တွေ လက်မှတ်ထိုးတင်ပြထား
(Unicode)⤵⤵⤵
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း စွပ်စွဲပြစ်တင်တဲ့အဆိုကို တိုင်းလွှတ်တော်ကိုယ်စားလှယ် ၃၀ကျော်က လက်မှတ်ရေးထိုးပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံ လွှတ်တော်အရေးပေါ်အစည်းအဝေး နောက်ဆုံးနေ့ ဇွန်လ ၅ ရက်က တင်ပြခဲ့ကြတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ကိုကိုးကျွန်း မဲဆန္ဒနယ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်က ဘီဘီစီကို ပြောပါတယ်။

တိုင်းလွှတ်တော်အမတ်ရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၂ ဦးက ရေးထိုးတင်ပြခဲ့ တာဖြစ်လို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဒီကိစ္စအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မဖြစ်မနေ ဖွဲ့ပြီး လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီကိုယ်စားလှယ် ဦးကျော်ဇေယျက ဘီဘီစီကိုပြောပါတယ်။

' ' ရန်ကုန်ဝန်ကြီးချုပ်ကို ဗိုလ်တထောင်ကိစ္စအပါအဝင် ဘတ်ဂျက်တွေ စီမံခန့်ခွဲမှုကိစ္စတွေ အချက်ကတော့များစွာပေါ့လေ။ တင်တာကတော့ ကိုကိုးကျွန်း ( မဲဆန္ဒနယ် ၁ )ကိုယ်စားလှယ်ဦးတင်ဝင်း တင်တာပါ။ ပထမ အန်ကယ်တင်တဲ့ အဆိုတုန်းက လွှတ်တော်ဥက္ကဋ္ဌကလက်မခံခဲ့ဘူး။ ဒါကြောင့် အဆိုကို ဆွေးနွေးခွင့်ရအောင် ပုဒ်မ ၂၆၃ (က)အရ လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံ လက်မှတ်ထိုးတင်ရင် လွှတ်တော်ဥက္ကဋ္ဌက လုပ်ကိုလုပ်ပေးရတယ်။ ဒါကြောင့် တပ်မတော်ကိုယ်စားလှယ်တွေ အပါအဝင် ဝိုင်းလက်မှတ်ထိုး တင်လိုက်တာပါ''လို့ ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တဲ့အဆို တင်သွင်းမှုနဲ့ ပတ်သက်ပြီး ဦးကျော်ဇေယျက ပြောပါတယ်။

တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးကို ကနဦးက ဇွန် ၉ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ် ဇွန် ၅ ရက်နေ့မှာ နောက်ဆုံးနေ့အဖြစ် ကျင်းပမယ်လို့ ကြားသိရတာကြောင့် ဇွန် ၅ ရက်နေ့မှာတင်သွင်း ဖြစ်ခဲ့တာလို့ ကိုကိုးကျွန်းလွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်က ပြောပါတယ်။

' ' ဝန်ကြီးချုပ်အဆိုကြောင့်တော့ မဟုတ်ဘူး။ ၉ရက်နေ့အထိ မလုပ်ဖြစ်တော့ဘူးလို့ ကြားလို့ ကျွန်တော်တို့ မနေ့ကတင်လိုက်ကြတာပါ။ အခုက အရေးပေါ်အစည်းအဝေး ပြီးသွားပြီဆိုတော့ နောက်လွှတ်တော်ထပ်ခေါ်မှပဲ ဒီကိစ္စကဆက်ဆွေးနွေးရမှာပေါ့။ ကြားထဲမှာ အရေးပေါ်အစည်းအဝေး ခေါ်ဖို့မရှိဘူးဆိုရင်တော့ နောက်ထပ် ၂လလောက် ထပ်ကြာမယ်ထင်တယ်''လို့ ဦးအောင်နိုင်က ပြောပါတယ်။

ဒီစွပ်စွဲပြစ်တင်မှုကို လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ရေးထိုးခဲ့တာကြောင့် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာကို ဆက်လုပ်ရမှာဖြစ်တယ်လို့လည်း ဒဂုံမဲဆန္ဒနယ်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောပါတယ်။

' ' မဲခွဲရင်တော့ မဲအရေအတွက်အရ အဆိုရှုံးကောင်းရှုံးနိုင်တယ်။ ဒါပေမယ့် ဒါက လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာ။ ဥပဒေလမ်းကြောင်း အရ အမှန်တရားကို ရပ်တည်ပြီးတော့ လုပ်တယ်ပေါ့။ သမိုင်းမှတ်တမ်းအရ ဝင်အောင်လို့ ရည်ရွယ်ပြီးလုပ်တာ ဖြစ်ပါတယ်''လို့ ဦးကျော်ဇေယျက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေးကို ဇွန် ၂ရက်ကနေစတင်ခေါ်ယူခဲ့ပြီး ဇွန် ၅ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။

BBC Burmese
-----------------------------------------
(Zawgyi)⤵⤵⤵
ရန္ကုန္ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကို အယုံအၾကည္မရွိေၾကာင္း တိုင္းလႊတ္ေတာ္အမတ္ေတြ လက္မွတ္ထိုးတင္ျပထား

ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကို အယုံအၾကည္မရွိေၾကာင္း စြပ္စြဲျပစ္တင္တဲ့အဆိုကို တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ၃၀ေက်ာ္က လက္မွတ္ေရးထိုးၿပီး တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ထံ လႊတ္ေတာ္အေရးေပၚအစည္းအေဝး ေနာက္ဆုံးေန႔ ဇြန္လ ၅ ရက္က တင္ျပခဲ့ၾကတယ္လို႔ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဝင္ ကိုကိုးကြၽန္း မဲဆႏၵနယ္ (၂)လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္က ဘီဘီစီကို ေျပာပါတယ္။

တိုင္းလႊတ္ေတာ္အမတ္ရဲ႕ ေလးပုံတစ္ပုံျဖစ္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ၃၂ ဦးက ေရးထိုးတင္ျပခဲ့ တာျဖစ္လို႔ တိုင္းလႊတ္ေတာ္ဥကၠ႒အေနနဲ႔ ဒီကိစၥအေပၚ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို မျဖစ္မေန ဖြဲ႕ၿပီး လုပ္ေဆာင္ရမွာျဖစ္တယ္လို႔ ျပည္သူ႔ေရွ႕ေဆာင္ပါတီကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ဘီဘီစီကိုေျပာပါတယ္။

' ' ရန္ကုန္ဝန္ႀကီးခ်ဳပ္ကို ဗိုလ္တေထာင္ကိစၥအပါအဝင္ ဘတ္ဂ်က္ေတြ စီမံခန႔္ခြဲမႈကိစၥေတြ အခ်က္ကေတာ့မ်ားစြာေပါ့ေလ။ တင္တာကေတာ့ ကိုကိုးကြၽန္း ( မဲဆႏၵနယ္ ၁ )ကိုယ္စားလွယ္ဦးတင္ဝင္း တင္တာပါ။ ပထမ အန္ကယ္တင္တဲ့ အဆိုတုန္းက လႊတ္ေတာ္ဥကၠ႒ကလက္မခံခဲ့ဘူး။ ဒါေၾကာင့္ အဆိုကို ေဆြးေႏြးခြင့္ရေအာင္ ပုဒ္မ ၂၆၃ (က)အရ လႊတ္ေတာ္ကိုယ္စားလွယ္ ေလးပုံတစ္ပုံ လက္မွတ္ထိုးတင္ရင္ လႊတ္ေတာ္ဥကၠ႒က လုပ္ကိုလုပ္ေပးရတယ္။ ဒါေၾကာင့္ တပ္မေတာ္ကိုယ္စားလွယ္ေတြ အပါအဝင္ ဝိုင္းလက္မွတ္ထိုး တင္လိုက္တာပါ''လို႔ ဝန္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္တဲ့အဆို တင္သြင္းမႈနဲ႔ ပတ္သက္ၿပီး ဦးေက်ာ္ေဇယ်က ေျပာပါတယ္။

တိုင္းလႊတ္ေတာ္အေရးေပၚအစည္းအေဝးကို ကနဦးက ဇြန္ ၉ ရက္ေန႔အထိ က်င္းပဖို႔ စီစဥ္ထားခဲ့ေပမယ္ ဇြန္ ၅ ရက္ေန႔မွာ ေနာက္ဆုံးေန႔အျဖစ္ က်င္းပမယ္လို႔ ၾကားသိရတာေၾကာင့္ ဇြန္ ၅ ရက္ေန႔မွာတင္သြင္း ျဖစ္ခဲ့တာလို႔ ကိုကိုးကြၽန္းလႊတ္ေတာ္ကိုယ္စားလွယ္ဦးေအာင္ႏိုင္က ေျပာပါတယ္။

' ' ဝန္ႀကီးခ်ဳပ္အဆိုေၾကာင့္ေတာ့ မဟုတ္ဘူး။ ၉ရက္ေန႔အထိ မလုပ္ျဖစ္ေတာ့ဘူးလို႔ ၾကားလို႔ ကြၽန္ေတာ္တို႔ မေန႔ကတင္လိုက္ၾကတာပါ။ အခုက အေရးေပၚအစည္းအေဝး ၿပီးသြားၿပီဆိုေတာ့ ေနာက္လႊတ္ေတာ္ထပ္ေခၚမွပဲ ဒီကိစၥကဆက္ေဆြးေႏြးရမွာေပါ့။ ၾကားထဲမွာ အေရးေပၚအစည္းအေဝး ေခၚဖို႔မရွိဘူးဆိုရင္ေတာ့ ေနာက္ထပ္ ၂လေလာက္ ထပ္ၾကာမယ္ထင္တယ္''လို႔ ဦးေအာင္ႏိုင္က ေျပာပါတယ္။

ဒီစြပ္စြဲျပစ္တင္မႈကို လႊတ္ေတာ္ကိုယ္စားလွယ္ ေလးပုံတစ္ပုံက လက္မွတ္ေရးထိုးခဲ့တာေၾကာင့္ လႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္တာကို ဆက္လုပ္ရမွာျဖစ္တယ္လို႔လည္း ဒဂုံမဲဆႏၵနယ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ကေျပာပါတယ္။

' ' မဲခြဲရင္ေတာ့ မဲအေရအတြက္အရ အဆိုရႈံးေကာင္းရႈံးႏိုင္တယ္။ ဒါေပမယ့္ ဒါက လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ လုပ္သင့္လုပ္ထိုက္တာကို လုပ္တာ။ ဥပေဒလမ္းေၾကာင္း အရ အမွန္တရားကို ရပ္တည္ၿပီးေတာ့ လုပ္တယ္ေပါ့။ သမိုင္းမွတ္တမ္းအရ ဝင္ေအာင္လို႔ ရည္႐ြယ္ၿပီးလုပ္တာ ျဖစ္ပါတယ္''လို႔ ဦးေက်ာ္ေဇယ်က ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ အေရးေပၚအစည္းအေဝးကို ဇြန္ ၂ရက္ကေနစတင္ေခၚယူခဲ့ၿပီး ဇြန္ ၅ ရက္ေန႔မွာ ၿပီးဆုံးခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52833431
ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း တိုင်းလွှတ်တော်အမတ်တွေ လက်မှတ်ထိုးတင်ပြထား ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း တိုင်းလွှတ်တော်အမတ်တွေ လက်မှတ်ထိုးတင်ပြထား Reviewed by THITHTOOLWIN on 01:13 Rating: 5
Powered by Blogger.