မန္တလေးတိုင်း သစ်တောအရာရှိနှစ်ဦးကို အဂတိလိုက်စားမှုစွဲချက်နဲ့ ဖမ်းဆီး

(Unicode)⤵⤵⤵
 မန္တလေးတိုင်းအတွင်းက သစ်တောအရာရှိနှစ်ဦးကို ဌာနတွင်း ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ အမှုဖွင့်လိုက်ပါတယ်။

ရမည်းသင်းခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေစိုးဦးနဲ့ ရမည်းသင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးအောင်ကျော်ထွေး တို့ကို မနေ့က ရမည်းသင်းမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြောပါတယ်။

သူတို့နှစ်ဦးဟာ သစ်တောတွေ ပြန်လည် ထူထောင်ရေး စီမံကိန်း ခွင့်ပြုငွေကို တောခေါင်းတွေဆီကနေ ဖြတ်ရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကော်မရှင်တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးကျော်စိုးက ပြောပါတယ်။

လက်ထောက်ညွှန်ကြားရေးမှူး ဦးငွေစိုးဦးက တောခေါင်း ၆ ဦးဆီကနေ ငွေကျပ် ၆၁ သိန်းကျော်၊ သစ်တောဦးစီးအရာရှိ ဦးအောင်ကျော်ထွေးက တောခေါင်း ၄ ဦးဆီကနေ  ငွေကျပ် ၃၇ သိန်းကျော် အလွဲသုံးစား ရယူခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

လက်ရှိ သူတို့ကို ရမည်းသင်းရဲစခန်းမှာ ဖမ်းဆီးထားပြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ အမှုရင်ဆိုင်မှာ ဖြစ်ပါတယ်။ ပြစ်မှုထင်ရှားရင်တော့ အမြင့်ဆုံးထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်ခံရမှာဖြစ်ပါတယ်။

RFA Burmese
---------------------------------
(Zawgyi)⤵⤵⤵
မႏၲေလးတိုင္း သစ္ေတာအရာရွိႏွစ္ဦးကို အဂတိလိုက္စားမႈစြဲခ်က္နဲ႔ ဖမ္းဆီး

 မႏၲေလးတိုင္းအတြင္းက သစ္ေတာအရာရွိႏွစ္ဦးကို ဌာနတြင္း ေငြေၾကးအလြဲသုံးစားလုပ္မႈနဲ႔ အမႈဖြင့္လိုက္ပါတယ္။

ရမည္းသင္းခ႐ိုင္ သစ္ေတာဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေငြစိုးဦးနဲ႔ ရမည္းသင္းၿမိဳ႕နယ္ သစ္ေတာဦးစီးအရာရွိ ဦးေအာင္ေက်ာ္ေထြး တို႔ကို မေန႔က ရမည္းသင္းၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ခဲ့ေၾကာင္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က ေျပာပါတယ္။

သူတို႔ႏွစ္ဦးဟာ သစ္ေတာေတြ ျပန္လည္ ထူေထာင္ေရး စီမံကိန္း ခြင့္ျပဳေငြကို ေတာေခါင္းေတြဆီကေန ျဖတ္ရတာကို စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ ေကာ္မရွင္တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ဦးေက်ာ္စိုးက ေျပာပါတယ္။

လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေငြစိုးဦးက ေတာေခါင္း ၆ ဦးဆီကေန ေငြက်ပ္ ၆၁ သိန္းေက်ာ္၊ သစ္ေတာဦးစီးအရာရွိ ဦးေအာင္ေက်ာ္ေထြးက ေတာေခါင္း ၄ ဦးဆီကေန  ေငြက်ပ္ ၃၇ သိန္းေက်ာ္ အလြဲသုံးစား ရယူခဲ့တယ္လို႔ စြပ္စြဲခံထားရတာပါ။

လက္ရွိ သူတို႔ကို ရမည္းသင္းရဲစခန္းမွာ ဖမ္းဆီးထားၿပီး၊ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ နဲ႔ အမႈရင္ဆိုင္မွာ ျဖစ္ပါတယ္။ ျပစ္မႈထင္ရွားရင္ေတာ့ အျမင့္ဆုံးေထာင္ဒဏ္ ၁ဝ ႏွစ္အထိ ခ်မွတ္ခံရမွာျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
မန္တလေးတိုင်း သစ်တောအရာရှိနှစ်ဦးကို အဂတိလိုက်စားမှုစွဲချက်နဲ့ ဖမ်းဆီး မန္တလေးတိုင်း သစ်တောအရာရှိနှစ်ဦးကို အဂတိလိုက်စားမှုစွဲချက်နဲ့ ဖမ်းဆီး Reviewed by THITHTOOLWIN on 01:13 Rating: 5
Powered by Blogger.