အိန္ဒိယ မွန်ဘိုင်းမှာ ကိုဗစ်ကူးစက်မှု မြင့်တက်ပြီး ဝူဟန်ကိုကျော်

မွန်ဘိုင်းမြို့ရှိတဲ့ မဟာရာရှာတရာပြည်နယ်မှာတော့ ကူးစက်သူက ၉၀,၀၀၀ ရှိနေပြီ
(Unicode)⤵⤵⤵
အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး မြို့တော် မွန်ဘိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၅၁,၀၀၀ ရှိပြီဖြစ်လို့ ပိုးကူးစက်မှု စတင် ပြန့်ပွားခဲ့တဲ့ ကူးစက်သူ ၅၀,၀၀၀ ကျော်ရှိခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကို ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

အိန္ဒိယမှာ ကူးစက်တွေမှု မြင့်တက်နေပြီး တစ်နိုင်ငံလုံး ကူးစက်သူ ၂၆၆,၅၉၈ ဦး ရှိပါပြီ။

မွန်ဘိုင်းမြို့ရှိတဲ့ မဟာရာရှာတရာပြည်နယ်မှာတော့ ကူးစက်သူက ၉၀,၀၀၀ ရှိနေပြီ ဖြစ်ပါတယ်။

ဝူဟန်မြို့ရှိရာ ဟူဘေးပြည်နယ်မှာက ကူးစက်သူ ၆၈,၀၀၀ ကျော်ရှိခဲ့ပါတယ်။

မြို့တော် ဒေလီမှာလည်း ကူးစက်မှုတွေ မြင့်တက်နေပြီး ဇူလိုင်လကုန်ရောက်ရင် ဒေလီမှာ လူငါးသိန်းကျော်မက ကူးစက်နိုင်ခြေရှိတာကို မျှော်လင့်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အိန္ဒိယမှာ ကူးစက်မှု မြင့်တက်လာချိန်က နိုင်ငံကို ပိတ်ဆို့မှုတွေ ဖြေလျှော့လိုက်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ကမ္ဘာ့ပဉ္စမ စီးပွားအင်အား အကြီးဆုံးဖြစ်ပေမဲ့ စီးပွားရေးထိခိုက်မှုကို မကာကွယ်နိုင်

ကူးစက်မှု တားဆီးနိုင်ဖို့အတွက် အိန္ဒိယမှာ သုံးလ တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေ လုပ်ခဲ့ပြီး ပြန်ဖွင့်ပေးလိုက်တာပါ။

ဇွန်လ ၈ ရက်မှာ ဈေးဝယ်စင်တာတွေ၊ ဝတ်ပြုဆုတောင်းရာနေရာတွေ၊ ရုံးတွေကို ပြန်ဖွင့်ဖို့ ခွင့်ပြုခဲ့ပါတယ်။

အဲဒါမတိုင်ခင်က ဆိုင်တွေ၊ ဈေးတွေနဲ့ သယ်ယူပို့ဆောင်ရေးတွေ ပြန်စဖို့ ခွင့်ပြုခဲ့ပြီးပါပြီ။

ပိတ်ဆို့မှုတွေကြောင့် နိုင်ငံစီးပွားရေး အကြီးအကျယ် ဆုံးရှုံးမှုဖြစ်လို့ ကူးစက်မှုတွေ မြင့်နေပေမဲ့ ပြန်ဖွင့်ပေးတာတာကလွဲလို့ တခြားရွေးစရာ မရှိဘူးလို့ ပညာရှင်တွေက ပြောပါတယ်။

လူသန်းပေါင်းများစွာ အလုပ်အကိုင်နဲ့ အသက်မွေးလုပ်ငန်းတွေ ဆုံးရှုံးကုန်ပြီး စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရပါတယ်။

အငတ်ဘေးကြုံရမှာ ကြောက်လို့ မြို့တွေက ကျပန်းအလုပ်သမား မြောက်များစွာဟာ မြို့တွေကနေ ပြန်ကုန်ကြပါတယ်။ သယ်ယူပို့ဆောင်ရေးတွေ ညတွင်းချင်း ရပ်ကုန်လို့ အများစုဟာ ခြေလျင်ပြန်ကြရပါတယ်။အဲဒီထဲက လူတော်တော်များများလည်း ပင်ပန်းမှုဒဏ်နဲ့ ဆာလောင်မှုဒဏ်ကြောင့် သေဆုံးခဲ့ကြပါတယ်။

အခုကူးစက်မှုတွေ မတိုင်ခင်က အိန္ဒိယမှာ သီတင်းပတ်တော်တော်ကြာ ကူးစက်မှု တော်တော်နည်းနေခဲ့လို့ ပညာရှင်တွေ ဦးနှောက်ခြောက်ခဲ့ကြရပါတယ်။

လူဦးရေ ထူထပ်ပြီး အစိုးရဆေးရုံတွေမှာ အသုံးစရိတ် မလုံလောက်မှုတွေ ရှိပေမဲ့ ရောဂါကူးစက်မှု ထိုးတက်သွားတာမျိုးနဲ့ သေဆုံးသူ များလွန်းတာမျိုး မရှိခဲ့ပါဘူး။

ရောဂါစစ်ဆေးနှုန်း နည်းတာကြောင့် ကူးစက်သူ နည်းနည်းပဲတွေ့တယ်လို့ ယူဆနိုင်ပေမဲ့ သေဆုံးမှုနှုန်းမမြင့်တာက ဘာကြောင့်လဲဆိုတာ မသိနိုင်ပါဘူး။

ဒါပေမဲ့ အခု ကူးစက်မှုတွေ မြင့်တက်လာတာက ကူးစက်မှုတွေ နောက်ကျမှ မြင့်တက်တာကို ကြုံနေရတာမျိုး ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ပိတ်ဆို့ထားတဲ့ ကာလအတွင်းမှာ ကျန်းမာရေး အသုံးအဆောင်တွေ အများအပြား ဖြည့်ဆည်းခဲ့ပေမဲ့ မြို့ကြီးတွေက ဆေးရုံတွေမှာ ဝန်နဲ့အားမမျှ ဖြစ်နေတာကို စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် ကိုဗစ်နဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာရှိတဲ့ လူနာအများအပြားလည်း အကုမခံကြရဘူးဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။

BBC Burmese
--------------------------------------
(Zawgyi)⤵⤵⤵
အိႏၵိယ မြန္ဘိုင္းမွာ ကိုဗစ္ကူးစက္မႈ ျမင့္တက္ၿပီး ဝူဟန္ကိုေက်ာ္

အိႏၵိယႏိုင္ငံရဲ႕ စီးပြားေရး ၿမိဳ႕ေတာ္ မြန္ဘိုင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၅၁,၀၀၀ ရွိၿပီျဖစ္လို႔ ပိုးကူးစက္မႈ စတင္ ျပန္႔ပြားခဲ့တဲ့ ကူးစက္သူ ၅၀,၀၀၀ ေက်ာ္ရွိခဲ့တဲ့ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကို ေက်ာ္သြားခဲ့ၿပီ ျဖစ္ပါတယ္။

အိႏၵိယမွာ ကူးစက္ေတြမႈ ျမင့္တက္ေနၿပီး တစ္ႏိုင္ငံလုံး ကူးစက္သူ ၂၆၆,၅၉၈ ဦး ရွိပါၿပီ။

မြန္ဘိုင္းၿမိဳ႕ရွိတဲ့ မဟာရာရွာတရာျပည္နယ္မွာေတာ့ ကူးစက္သူက ၉၀,၀၀၀ ရွိေနၿပီ ျဖစ္ပါတယ္။

ဝူဟန္ၿမိဳ႕ရွိရာ ဟူေဘးျပည္နယ္မွာက ကူးစက္သူ ၆၈,၀၀၀ ေက်ာ္ရွိခဲ့ပါတယ္။

ၿမိဳ႕ေတာ္ ေဒလီမွာလည္း ကူးစက္မႈေတြ ျမင့္တက္ေနၿပီး ဇူလိုင္လကုန္ေရာက္ရင္ ေဒလီမွာ လူငါးသိန္းေက်ာ္မက ကူးစက္ႏိုင္ေျခရွိတာကို ေမွ်ာ္လင့္ထားတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

အိႏၵိယမွာ ကူးစက္မႈ ျမင့္တက္လာခ်ိန္က ႏိုင္ငံကို ပိတ္ဆို႔မႈေတြ ေျဖေလွ်ာ့လိုက္ခ်ိန္နဲ႔ တိုက္ဆိုင္ေနပါတယ္။

ကူးစက္မႈ တားဆီးႏိုင္ဖို႔အတြက္ အိႏၵိယမွာ သုံးလ တင္းက်ပ္တဲ့ ပိတ္ဆို႔မႈေတြ လုပ္ခဲ့ၿပီး ျပန္ဖြင့္ေပးလိုက္တာပါ။

ဇြန္လ ၈ ရက္မွာ ေစ်းဝယ္စင္တာေတြ၊ ဝတ္ျပဳဆုေတာင္းရာေနရာေတြ၊ ႐ုံးေတြကို ျပန္ဖြင့္ဖို႔ ခြင့္ျပဳခဲ့ပါတယ္။

အဲဒါမတိုင္ခင္က ဆိုင္ေတြ၊ ေစ်းေတြနဲ႔ သယ္ယူပို႔ေဆာင္ေရးေတြ ျပန္စဖို႔ ခြင့္ျပဳခဲ့ၿပီးပါၿပီ။

ပိတ္ဆို႔မႈေတြေၾကာင့္ ႏိုင္ငံစီးပြားေရး အႀကီးအက်ယ္ ဆုံးရႈံးမႈျဖစ္လို႔ ကူးစက္မႈေတြ ျမင့္ေနေပမဲ့ ျပန္ဖြင့္ေပးတာတာကလြဲလို႔ တျခားေ႐ြးစရာ မရွိဘူးလို႔ ပညာရွင္ေတြက ေျပာပါတယ္။

လူသန္းေပါင္းမ်ားစြာ အလုပ္အကိုင္နဲ႔ အသက္ေမြးလုပ္ငန္းေတြ ဆုံးရႈံးကုန္ၿပီး စီးပြားေရးလုပ္ငန္းေတြ ပိတ္ထားရပါတယ္။

အငတ္ေဘးႀကဳံရမွာ ေၾကာက္လို႔ ၿမိဳ႕ေတြက က်ပန္းအလုပ္သမား ေျမာက္မ်ားစြာဟာ ၿမိဳ႕ေတြကေန ျပန္ကုန္ၾကပါတယ္။ သယ္ယူပို႔ေဆာင္ေရးေတြ ညတြင္းခ်င္း ရပ္ကုန္လို႔ အမ်ားစုဟာ ေျခလ်င္ျပန္ၾကရပါတယ္။အဲဒီထဲက လူေတာ္ေတာ္မ်ားမ်ားလည္း ပင္ပန္းမႈဒဏ္နဲ႔ ဆာေလာင္မႈဒဏ္ေၾကာင့္ ေသဆုံးခဲ့ၾကပါတယ္။

အခုကူးစက္မႈေတြ မတိုင္ခင္က အိႏၵိယမွာ သီတင္းပတ္ေတာ္ေတာ္ၾကာ ကူးစက္မႈ ေတာ္ေတာ္နည္းေနခဲ့လို႔ ပညာရွင္ေတြ ဦးေႏွာက္ေျခာက္ခဲ့ၾကရပါတယ္။

လူဦးေရ ထူထပ္ၿပီး အစိုးရေဆး႐ုံေတြမွာ အသုံးစရိတ္ မလုံေလာက္မႈေတြ ရွိေပမဲ့ ေရာဂါကူးစက္မႈ ထိုးတက္သြားတာမ်ိဳးနဲ႔ ေသဆုံးသူ မ်ားလြန္းတာမ်ိဳး မရွိခဲ့ပါဘူး။

ေရာဂါစစ္ေဆးႏႈန္း နည္းတာေၾကာင့္ ကူးစက္သူ နည္းနည္းပဲေတြ႕တယ္လို႔ ယူဆႏိုင္ေပမဲ့ ေသဆုံးမႈႏႈန္းမျမင့္တာက ဘာေၾကာင့္လဲဆိုတာ မသိႏိုင္ပါဘူး။

ဒါေပမဲ့ အခု ကူးစက္မႈေတြ ျမင့္တက္လာတာက ကူးစက္မႈေတြ ေနာက္က်မွ ျမင့္တက္တာကို ႀကဳံေနရတာမ်ိဳး ျဖစ္ႏိုင္တယ္လို႔ ပညာရွင္ေတြက ေျပာပါတယ္။

ပိတ္ဆို႔ထားတဲ့ ကာလအတြင္းမွာ က်န္းမာေရး အသုံးအေဆာင္ေတြ အမ်ားအျပား ျဖည့္ဆည္းခဲ့ေပမဲ့ ၿမိဳ႕ႀကီးေတြက ေဆး႐ုံေတြမွာ ဝန္နဲ႔အားမမွ် ျဖစ္ေနတာကို စိုးရိမ္ေနၾကပါတယ္။

ဒါ့အျပင္ ကိုဗစ္နဲ႔ ဆင္တူတဲ့ ေရာဂါလကၡဏာရွိတဲ့ လူနာအမ်ားအျပားလည္း အကုမခံၾကရဘူးဆိုတဲ့ စြပ္စြဲမႈေတြလည္း ထြက္ေပၚေနပါတယ္။

BBC Burmese
https://www.bbc.com/burmese/world-52994105
အိန္ဒိယ မွန်ဘိုင်းမှာ ကိုဗစ်ကူးစက်မှု မြင့်တက်ပြီး ဝူဟန်ကိုကျော် အိန္ဒိယ မွန်ဘိုင်းမှာ ကိုဗစ်ကူးစက်မှု မြင့်တက်ပြီး ဝူဟန်ကိုကျော် Reviewed by THITHTOOLWIN on 22:24 Rating: 5
Powered by Blogger.