ဘင်္ဂလားဒေ့ရှ်ပြန်ပိုးတွေ့သူလေးဦးရှိပြီ

မောင်တောမြို့နယ်ရှိ လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်စဉ်
(Unicode)⤵⤵⤵
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ဇွန်လ ၁၀ ရက်မောင်တော က ရောဂါပိုးတွေ့သူနှစ်ဦး ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးပြီး ပြန်ဝင်လာသူ ဖြစ်တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဘီဘီစီကိုပြောပါတယ်။

အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး သူတို့ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူတွေလို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။

သူတို့ ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့ မှာ အသွားအလာ ကန့်သတ်ခံထား ရသူတွေဖြစ်ပြီး တော့ ရောဂါ ပိုးရှိသူတွေနဲ့ ထိတွေ့ ခဲ့တာ မရှိဘူးလို့လည်း ဖော်ပြပါတယ်။

အခုအခါ မောင်တောမှာ ဘင်္ဂလားဒေ့ရှ် ကပြန်လာသူတွေထဲ က ရောဂါပိုးတွေ့သူ လေးဦးအထိ ရှိလာပြီလည်းဖြစ်ပါတယ်။
မောင်တော ဆေးရုံကို ဇွန်လ ၄ ရက်နေ့က လူနာ ခေါ်လာစဉ်
မောင်တောမှာ ဇွန်လ ၄ ရက်နေ့က ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့သူဟာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ မိမိသဘောနဲ့ ပြန်ဝင်လာသူ ဖြစ် ပါတယ် ။ အဲဒီလူဟာ အသက် ၃၈ နှစ်အရွယ် မွတ်ဆလင်အမျိုးသားဖြစ်တယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဘီဘီစီကို ပြောခဲ့ပါတယ်။

အခုဇွန်လ ၈ ရက် လူနာ အမှတ်၂၄၄ နောက်တစ်ဦးထပ်တိုးပြီး မောင်တောမှာ ရောဂါပိုးရှိသူ နှစ်ဦး အထိရှိလာပါတယ် ။

ထပ်တိုးလူနာ ၂ ဦးဟာလည်း လှဖိုးခေါင်စခန်းမှာ အသွားအလာ ကန့်သတ်ခံထားရပြီး ကွာရန်တင်းဝင်နေသူတွေဖြစ်တယ်လို့လည်း သူဘီဘီစီ ကိုပြောပါတယ်။

အခုအခါ မှာ နယ်စပ် ဂိတ်တွေပိတ်ထားတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ဝင်လာပြီး ရောဂါပိုးတွေ့သူတွေဟာ တရားမဝင် ဝင်ရောက်လာ သူတွေဖြစ်တယ်လို့လည်း မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။

အခုလို တရားမဝင်ဝင်ရောက် လာသူတွေထဲ က ရောဂါပိုးတွေ့ရှိသူတွေရှိလာတဲ့နောက်ပိုင်း မှာ တော့ အစိုးရက ကိုဗစ်ကာ လ အတွင်း တရားဝင် လက်ခံရေးစခန်းမရှိတဲ့ စခန်းတွေက ဝင်လာတဲ့ အတွက် ရောဂါ ပြန့်ပွားမှုဖြစ်နိုင်သလိုရောဂါ ထိန်းချုပ်ရေးကို အဟန့်အတားဖြစ်စေနိုင်တာကြောင့် ခိုးဝင်လာသူတွေကို လက်သင့်ခံထားလျှင် ဥပဒေအရ အရေးယူမယ်လို့လည်းထုတ်ပြန်ပါတယ်။

မောင်တောမှာ တို့ဖတ်နမူနာတွေကို စစ်ဆေးပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရ ခြင်းရှိမရှိ ဆေးစစ်ချက် အဖြေစောင့်နေသူ ၅ ဦးခန့်ရှိတယ်လို့ လည်း မောင်တောဆေးရုံကနေ သိရပါတယ်။

BBC Burmese
--------------------------------------------
(Zawgyi)⤵⤵⤵











BBC Burmese
https://www.bbc.com/burmese/burma-52998896
ဘင်္ဂလားဒေ့ရှ်ပြန်ပိုးတွေ့သူလေးဦးရှိပြီ ဘင်္ဂလားဒေ့ရှ်ပြန်ပိုးတွေ့သူလေးဦးရှိပြီ Reviewed by THITHTOOLWIN on 22:19 Rating: 5
Powered by Blogger.