ရန်ကုန်တိုင်းအစိုးရကို ဦးစီးမယ့်သူက ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်သင့်သလဲ

(Unicode)⤵⤵⤵
လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို ဒီလထဲမှာ အပြီးသတ် ရွေးချယ်ပြီး အမည်စာရင်းပို့ဖို့ NLD က အောက်ခြေကို ညွှန်ကြားလိုက်ပါတယ်။

ရွေးကောက်ပွဲအလွန်ကာလ အစိုးရဖွဲ့နိုင်တဲ့ပါတီရဲ့ အရေးကြီးတဲ့ လုပ်ဆောင်မှုထဲမှာ စီးပွားရေး အချက်အခြာ ကျပြီး လူနေထူထပ်တဲ့ ရန်ကုန်တိုင်းအတွက် ဝန်ကြီးချုပ်ရွေးချယ်မှုလည်း ပါဝင်ပါတယ်။

လာမယ့်ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့နိုင်တဲ့ပါတီဟာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နေရာအတွက် ပိုမိုဂရုစိုက် ရွေးချယ်ဖို့ ရန်ကုန်မှာ နေထိုင်သူတချို့က ပြောကြပါတယ်။

ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်လောင်းတွေကို ဒီလထဲမှာ အပြီးသတ် ရွေးချယ်ပြီး ဗဟိုကို တင်ပြရတော့မှာပါ။

၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ အခြေအနေပေါ်ကြည့်ပြီးတော့ ဒီနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးဖို့ အချိန်ကျရောက်လာပြီဖြစ်လို့ အဆင်သင့်ပြင်နေတာဖြစ်ကြောင်း၊ တစ်မြို့နယ်ကို ငါးဦးနှုန်း အဆိုပြုရမှာဖြစ်ကြောင်း ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို မေ ၃၁ ရက်နေ့ မနေ့က ပြောလိုက်ပါတယ်။

မဲဆန္ဒနယ်အားလုံးမှာ ဝင်ပြိုင်မယ့် NLD က လွှတ်တော်အရပ်ရပ်အတွက် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော် လိုအပ်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရခဲ့တဲအတွက် ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေ၊ ဝန်ကြီးချုပ်တွေကို စိတ်ကြိုက် ခန့်အပ်နိုင်ခဲ့ပါတယ်။

သြဇာကြီးမားတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ကို လူထုထောက်ခံမှု များပြားနေဆဲဖြစ် တာကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ထပ်မံပြီး အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရခဲ့ရင် အသင့်တော်ဆုံးသူတွေကို ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေကို ဦးဆောင်စေသင့်တယ်လို့ လေ့လာသူတွေက ပြောနေကြပါတယ်။

ပြည်နယ်၊ တိုင်း ၁၄ ခု အစိုးရတွေထဲမှာ အဝေဖန်အခံရဆုံးကတော့ လူဦးရေ ၈ သန်းဝန်းကျင် နေထိုင်တဲ့ဒေသကို စီမံအုပ်ချုပ်ရတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရရဲ့ ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူတွေကို စမတ်ကတ် ထုတ်ပေးပြီး ဖြေရှင်းမယ်လို့ ကြေညာခဲ့တဲ့ အစီအစဉ် အကောင်အထည်မပေါ်သေးသလို ကမ်းနားလမ်း ကွန်တိန်နာတင်ကား ဖြတ်သန်းမှု ကိစ္စလည်း  အဆင်မပြေသေးပါဘူး။

ရန်ကုန်မြို့က သတင်းစာဆရာ ဦးဇေယျာလှိုင်ကတော့  ရန်ကုန်တိုင်းအတွက် အပြောနဲ့အလုပ် ညီတဲ့သူတွေ လိုအပ်တယ်လို့ ဆိုပါတယ်။

“နံပါတ်တစ် အရေးကြီးတာကတော့ ကိုယ့်ပြောစကားနဲ့အလုပ်နဲ့ မညီတဲ့သူကို မထားတာ ကောင်းပါတယ်၊ ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက ပြောခဲ့တဲ့စကားတွေနဲ့ အာဏာရပြီး ပြောတဲ့စကား ညီပါရဲ့လားပေါ့၊ နောက်ပြီးတော့ သူတို့ရဲ့လုပ်ဆောင်မှုတွေဟာ တကယ်ပဲ ပြည်သူကို မျက်နှာမူပါရဲ့လားပေါ့၊ ပြည်သူ၊ ပြည်သူဆို နာမည်တပ်ပြီးတော့မှ ကိုယ်ကျိုးစီးပွားရှာတဲ့သူမျိုး မဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်၊ နိုင်ငံရေးသမားဆိုတာ၊ ပြည်သူ့အတွက် ကောင်းမွန်တဲ့ နိုင်ငံရေးသမားဆိုတာ သူပြောတဲ့စကားနဲ့ သူ့အလုပ်နဲ့ညီတဲ့သူမျိုးဖြစ်ဖို့ လိုပါတယ်”

ကွမ်းယာစားတဲ့သူတွေနဲ့ ကွမ်းယာဆိုင်တွေကို အရေးယူမယ်ဆိုတဲ့ ကွမ်းယာတော်လှန်ရေး ကိစ္စဟာလည်း မအောင်မြင်ခဲ့တဲ့အပြင် ကမ်းနားလမ်းက ညဈေး၊ ကျောင်းကားကိစ္စနဲ့ မြို့သစ်စီမံကိန်းတွေဟာလည်း မအောင်မြင်ဘူးလို့ ဦးဇေယျာလှိုင် က ဆိုပါတယ်။

ရန်ကုန်ကိုစီမံခန့်ခွဲမယ့်သူဟာ နောက်နှစ်များစွာအထိ အမြော်အမြင်ရှိပြီး ခေတ်နဲ့အညီ လိုက်နိုင်သူဖြစ်စေချင် တယ်လို့ ပြောတာက Mandalay Technology ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာဇော်နိုင်ပါ။

“ရန်ကုန်ကို စီမံခန့်ခွဲတဲ့ခေါင်းဆောင်တဲ့သူဟာ အမြော်အမြင်ကြီးတဲ့သူ၊ ရှေ့ကိုအမြင်ရှိတဲ့သူ၊ ရန်ကုန်ကို နောက်ဆယ်နှစ်မှာ ဘယ်လိုမျိုး မြင်ချင်သလဲ၊ နောက်အနှစ်ငါးဆယ်မှာ ရန်ကုန်မြို့ကို ဘယ်လိုမျိုး မြင်ချင် သလဲဆိုတဲ့ အမြင်ရှိတဲ့သူမျိုး ဖြစ်စေချင်ပါတယ်၊ ပထမဆုံး တစ်ခုက။ ဒုတိယတစ်ခုက အဲဒီအမြော်အမြင်ရှိပြီး အဲဒါကို အကောင်အထည်ဖော်နိုင်တဲ့ စီမံခန့်ခွဲမှုစွမ်းရည် ပြည့်ဝတဲ့၊ အရည်အချင်းရှိတဲ့ နောက်ပြီးတော့ အခုခေတ်ကာလက အလွန့်အလွန် ပြောင်းနေတဲ့အတွက်ကြောင့် ပြောင်းလဲနေတာတွေကို အချိန်နဲ့ တပြေးညီ လိုက်ပြီးတော့ ပြောင်းနိုင်တဲ့ တက်ကြွတဲ့ မြို့တော်ဝန်၊ ဝန်ကြီးချုပ် အဲဒီလို ခေါင်းဆောင်မျိုး လိုချင်ပါတယ်”

လက်ရှိတိုင်းအစိုးရရဲ့ စီမံခန့်ခွဲသူတွေဆီမှာ ရန်ကုန်ကို ဘယ်လို တိုးတက်အောင် လုပ်မယ်ဆိုတဲ့ အမြင်ရှိလား ဆိုတာ ရန်ကုန်က ပြည်သူအနေနဲ့ သိချင်ပေမယ့် မသိရတဲ့အတွက်  အစိုးရရဲ့ ငါးနှစ်တာကာလ အလကား အချိန်ကုန်သွားပြီလို့ ဒေါက်တာဇော်နိုင်က ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးနေလင်းဇင်ကလည်း ရန်ကုန်တိုင်းကို ဦးဆောင်မယ့်သူဟာ ဘက်ပေါင်းစုံက ပြဿနာတွေကို အချိန်တိုတိုနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိတဲ့သူပဲ ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာဆိုရင် ရန်ကုန်မြို့က အဓိကကျတယ်ပေါ့၊ ဒီလိုနေရာမျိုး ဦးဆောင်မယ့်သူဟာ စွမ်းရည်မြင့်မား တဲ့သူမျိုး၊ အထူးသဖြင့် ပြဿနာဖြေရှင်းခြင်းပေါ့၊ ကျွန်တော်တို့နိုင်ငံက ဘယ်လိုဖြစ်နေတာလဲဆိုတော့ ပြဿနာတွေ အများကြီးဖြစ်နေတာ၊ ပြဿနာဆိုတာက ခေတ်အဆက်ဆက်မှာ ရှိလာခဲ့တဲ့ စနစ်အမှားတွေရဲ့ ပြဿနာတွေများကြီးကို စုပုံနေတဲ့နေရာ ဖြစ်နေတယ်၊ စုပုံနေတော့ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာ ပဲဖြစ်ဖြစ်၊ ပညာရေး၊ ကျန်းမာရေး၊ လူတွေနဲ့သက်ဆိုင်တဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး အားလုံးပေါ့ အဲ့ဒါတွေအားလုံးက ပြဿနာတွေ အများကြီးနဲ့ အခက်အခဲတွေဖြစ်နေတာ၊ ဒီလိုမျိုးပြဿနာတွေနဲ့ ကြုံတွေနေတဲ့ မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့ကို အထူးသဖြင့် ဦးဆောင်ဖို့ ဆိုတဲ့အခါမှာ ဒါတွေကိုဖြေရှင်းနိုင်တဲ့၊ ပြဿနာဖြေရှင်းတဲ့၊ စွမ်းရည်ကောင်းတဲ့၊ ဘယ်ပြဿနာကိုဘယ်လို အချိန်တိုတိုအတွင်းမှာ မှန်မှန်နဲ့ အဖြေရှာနိုင်တဲ့ လူပုဂ္ဂိုလ်မျိုး၊ အရည်အချင်းရှိတဲ့သူကို ကျွန်တော်တို့က ဖြစ်စေချင်တယ်”

NLD ပါတီကို ထောက်ခံအားပေးခဲ့တဲ့ အဆိုတော် ဆောင်းဦးလှိုင်က မေလ ၂၅ ရက်နေ့က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ပါတီပုံရိပ်ကို အကြိမ်ကြိမ်ထိခိုက်ပြီး အရပ်သားအစိုးရကို သိက္ခာကျစေခဲ့တဲ့ ရန်ကုန်က အရာရှိတွေ အညံ့ဆုံးဖြစ်ကြောင်းနဲ့ ရှက်တတ်ရင် ထွက်ဖို့၊ ၂၀၂၀ အလွန် အစိုးရအဖွဲ့မှာ ပြန်ပါမလာဖို့ တောင်းဆိုသွားမယ်လို့ ရေးသားထားပါတယ်။

ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုင်းအစိုးရအဖွဲ့ဝင်တချို့ကို တယ်လီဖုန်းကတဆင့် မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရန်ကုန်က ပရဟိတသမားတစ်ယောက်ဖြစ်တဲ့ ကိုထွန်းကျော်ဟန်ကတော့ တိုင်းအစိုးရအဖွဲ့ရဲ့ အားသာချက်တွေ ထဲမှာ ရန်ကုန်မြို့ ခရီးသည် သယ်ယူပို့ဆောင်ရေး စီစဉ်မှုအားနည်းခဲ့တဲ့ မထသ အဖွဲ့နေရာမှာ YBS နဲ့ အစားထိုး ပြောင်းလဲနိုင်ခဲ့တာလည်း ပါဝင်တယ်လို့ ပြောပါတယ်။

“မထသဆိုတဲ့အဖွဲ့မျိုးကိုဖျက်ပြီးတော့ YBS ဆိုတဲ့ ကားအသစ်တွေ ပေါ်လာတယ်၊ တကယ့်ကို သေသေချာချာ အစလုပ်ခဲ့တာ ကောင်းပါတယ်၊ ဒါပေမဲ့ တစ်ခုရှိတာက ပြောရမယ်ဆိုရင် ရန်ကုန်မြို့ကလည်း ကျယ်တယ် ပေါ့ဗျာ။ ဒါကြောင့် ဝေဖန်ဆုံးဖြတ်ရမှာတော့ ခက်ပါတယ်။ ဒါပေမဲ့ တချို့မြို့လေးတွေ နယ်လေးတွေမှာ လမ်းလေးတွေ ကောင်းလာတာ အဲလိုမျိုး ပြောင်းလဲတာတွေတော့ ရှိပါတယ်၊ အရမ်းကြီး အားရကျေနပ်မှုတွေ မရှိဘူးပေါ့၊ ဒါပေမဲ့ သူ့မှာလည်း သူနေရာနဲ့ သူ့အထာနဲ့တော့ ရှိတော့ရှိမယ်လို့ပဲ ကျွန်တော်ကတော့ ထင်ပါတယ်”

စမ်းချောင်းမှာနေထိုင်တဲ့ မငြိမ်းချမ်းစုကြည်ကလည်း ဦဖြိုးမင်းသိန်းဟာ သူလုပ်နိုင်စွမ်းနဲ့ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

“ဘက်စုံတိုင်းမှာတော့ တိုးတက်မှုတွေတော့ရှိတယ်၊ လမ်းတွေနဲ့ ပတ်သက်တာလည်း တော်တော်တိုးတက်မှု ရှိတယ်၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တာကတော့ အထိုက်အသင့် အလျောက်ကို အားရ ကျေနပ်မှုရှိတယ်၊ ခြုံပြီးတော့ ပြောရရင်တော့ အားရကျေနပ်မှုရှိတာ ကျောင်းကားနဲ့ YBS ပဲ၊  တိုးတက်သင့် သလောက် မတိုးတက်တဲ့ တချို့အရာတွေလည်း ရှိတယ်ပေါ့လေ၊ သူလုပ်သင့်တဲ့ သူလုပ်နိုင်တဲ့အရာတွေကို သူလုပ်တယ်၊ သူလုပ်နိုင်စွမ်းရှိသလောက် သူလုပ်တယ်၊ တချို့ အရာတွေမှာ သူ တစွတ်ထိုး လုပ်လိုက်မိ တာတွေတော့ ရှိတယ်ပေါ့လေ”

NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့  လက်ရှိရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီး မှတ်ချက်မပေးလိုဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လာမယ့်ရွေးကောက်ပွဲပြီးရင် ရန်ကုန်အတွက် လုပ်ရည်ကိုင်ရည်ရှိတဲ့သူကို ရွေးချယ်သင့်တယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

“ရန်ကုန်တိုင်းဆိုတာက ဗမာနိုင်ငံအတွက် တကယ့်ကိုရေးကြီးတဲ့ တိုင်းဒေသကြီးပဲလေ၊ ရန်ကုန်တိုင်း ဆိုတာက တခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့တောင် မတူပါဘူး၊ ဘာကြောင့်လဲဆိုတော့ ရန်ကုန်တိုင်းဟာ ဟိုတုန်းကတည်းက မြန်မာနိုင်ငံရဲ့မြို့တော်ပေါ့လေ၊ တိုင်းလည်းဖြစ်နေတယ်၊ အရေးကြီးတဲ့တိုင်း၊ နောက်ပြီးတော့ ရန်ကုန်ဆိုတာလည်း မြို့တော်ပေါ့၊ နောက်အခုကာလမှာလည်း စီးပွားရေးမြို့တော်၊ အချက်အချာလည်းကျတယ်၊ အဲဒီလိုမျိုးတိုင်းမှာ တကယ်တော်တဲ့သူ၊ တကယ်အမြင်ကျယ်ကျယ်နဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့သူကို ရွေးချယ်နိုင်ရင်တော့ ပိုပြီးတော့ ကောင်းပါလိမ့်မယ်၊ ကျွန်တော်ကတော့ ဘယ်သူ့ကိုရွေးပါ၊ ဘယ်ပုဂ္ဂိုလ်ကိုရွေးပါ ဆိုတာတော့ ကျွန်တော် လောလောဆယ် ပြောလို့မသင့်သေးဘူးလို့ ထင်ပါတယ်”

အများပြည်သူရဲ့ ဝေဖန်ခံနေရသူတွေ လာမယ့်ရွေးကောက်ပွဲမှာ ပြန်ပါမလား၊ မပါလာဘူးလား ဆိုတာကလည်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့သာ ဆိုင်တယ်လို့လည်း မုံရွာအောင်ရှင်က ဆိုပါတယ်။

ကျန်းမာရေးဌာနက ပျော်ပွဲရွှင်ပွဲတွေနဲ့ ဘာသာရေး အခမ်းအနားတွေ အပါအဝင် လူစုလူဝေး မလုပ်ဖို့ အမိန့်ထုတ် ထားတဲ့ကြားက ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ မကြာသေးခင်ရက်ပိုင်းက ဗိုလ်တထောင်ဘုရားမှာ အခမ်းအနားတချို့ ပြုလုပ်ခဲ့ရာမှာ လူအများအပြား ပါဝင်ခဲ့တဲ့အတွက် ဝေဖန်ခံနေရပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို ကပ်ဘေးကာလ အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းချက်တွေကို ဖောက်ဖျက်ခဲ့တဲ့ အတွက် ပါတီက နှုတ်နဲ့သတိပေးထားတယ်လို့ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို ပြောပါတယ်။

ရန်ကုန်မှာ ပြဿနာဖြစ်ခဲ့တာကြောင့် ကပ်ဘေးကာလ ထုတ်ပြန်ချက်တွေကို လေးစားလိုက်နာဖို့ တခြားဝန်ကြီး ချုပ်တွေကိုလည်း သတိပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

ရွေးကောက်ပွဲပြုလုပ်မယ့်နှစ်မှာ ပေါ်ပေါက်လာတဲ့ ကပ်ရောဂါ အန္တရာယ်ကာလအတွင်း ကူးစက်ရောဂါပိုး ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့ ဂရုတစိုက် လုပ်ကိုင်နေကြတဲ့အချိန်မှာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ လှုပ်ရှားမှုတချို့က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အများပြည်သူ ဝေဖန်ထောက်ပြစရာ ဖြစ်ခဲ့ပါတယ်။

သန့်ဇင်ဦး / RFA Burmese
-------------------------------------------

(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းအစိုးရကို ဦးစီးမယ့္သူက ဘယ္လိုပုဂၢိဳလ္မ်ိဳး ျဖစ္သင့္သလဲ

လာမယ့္ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းေတြကို ဒီလထဲမွာ အၿပီးသတ္ ေ႐ြးခ်ယ္ၿပီး အမည္စာရင္းပို႔ဖို႔ NLD က ေအာက္ေျခကို ၫႊန္ၾကားလိုက္ပါတယ္။

ေ႐ြးေကာက္ပြဲအလြန္ကာလ အစိုးရဖြဲ႕ႏိုင္တဲ့ပါတီရဲ႕ အေရးႀကီးတဲ့ လုပ္ေဆာင္မႈထဲမွာ စီးပြားေရး အခ်က္အျခာ က်ၿပီး လူေနထူထပ္တဲ့ ရန္ကုန္တိုင္းအတြက္ ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္မႈလည္း ပါဝင္ပါတယ္။

လာမယ့္ေ႐ြးေကာက္ပြဲအၿပီး အစိုးရဖြဲ႕ႏိုင္တဲ့ပါတီဟာ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ေနရာအတြက္ ပိုမိုဂ႐ုစိုက္ ေ႐ြးခ်ယ္ဖို႔ ရန္ကုန္မွာ ေနထိုင္သူတခ်ိဳ႕က ေျပာၾကပါတယ္။

ေ႐ြးေကာက္ပြဲအတြက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အမတ္ေလာင္းေတြကို ဒီလထဲမွာ အၿပီးသတ္ ေ႐ြးခ်ယ္ၿပီး ဗဟိုကို တင္ျပရေတာ့မွာပါ။

၂၀၁၅ ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲ အေျခအေနေပၚၾကည့္ၿပီးေတာ့ ဒီႏွစ္ အေထြေထြ ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းေ႐ြးဖို႔ အခ်ိန္က်ေရာက္လာၿပီျဖစ္လို႔ အဆင္သင့္ျပင္ေနတာျဖစ္ေၾကာင္း၊ တစ္ၿမိဳ႕နယ္ကို ငါးဦးႏႈန္း အဆိုျပဳရမွာျဖစ္ေၾကာင္း ပါတီဒုဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္က သတင္းေထာက္ေတြကို ေမ ၃၁ ရက္ေန႔ မေန႔က ေျပာလိုက္ပါတယ္။

မဲဆႏၵနယ္အားလုံးမွာ ဝင္ၿပိဳင္မယ့္ NLD က လႊတ္ေတာ္အရပ္ရပ္အတြက္ ကိုယ္စားလွယ္ေလာင္း တစ္ေထာင္ေက်ာ္ လိုအပ္မွာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ NLD က အျပတ္အသတ္ အႏိုင္ရခဲ့တဲအတြက္ ျပည္နယ္နဲ႔တိုင္း အစိုးရအဖြဲ႕ေတြ၊ ဝန္ႀကီးခ်ဳပ္ေတြကို စိတ္ႀကိဳက္ ခန႔္အပ္ႏိုင္ခဲ့ပါတယ္။

ၾသဇာႀကီးမားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္တဲ့ NLD ကို လူထုေထာက္ခံမႈ မ်ားျပားေနဆဲျဖစ္ တာေၾကာင့္ လာမယ့္ေ႐ြးေကာက္ပြဲမွာ ထပ္မံၿပီး အစိုးရဖြဲ႕ႏိုင္တဲ့အထိ အႏိုင္ရခဲ့ရင္ အသင့္ေတာ္ဆုံးသူေတြကို ျပည္နယ္နဲ႔တိုင္း အစိုးရအဖြဲ႕ေတြကို ဦးေဆာင္ေစသင့္တယ္လို႔ ေလ့လာသူေတြက ေျပာေနၾကပါတယ္။

ျပည္နယ္၊ တိုင္း ၁၄ ခု အစိုးရေတြထဲမွာ အေဝဖန္အခံရဆုံးကေတာ့ လူဦးေရ ၈ သန္းဝန္းက်င္ ေနထိုင္တဲ့ေဒသကို စီမံအုပ္ခ်ဳပ္ရတဲ့ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ျဖစ္ပါတယ္။

ရန္ကုန္တိုင္းအစိုးရရဲ႕ က်ဴးေက်ာ္ရပ္ကြက္မွာ ေနထိုင္သူေတြကို စမတ္ကတ္ ထုတ္ေပးၿပီး ေျဖရွင္းမယ္လို႔ ေၾကညာခဲ့တဲ့ အစီအစဥ္ အေကာင္အထည္မေပၚေသးသလို ကမ္းနားလမ္း ကြန္တိန္နာတင္ကား ျဖတ္သန္းမႈ ကိစၥလည္း  အဆင္မေျပေသးပါဘူး။

ရန္ကုန္ၿမိဳ႕က သတင္းစာဆရာ ဦးေဇယ်ာလႈိင္ကေတာ့  ရန္ကုန္တိုင္းအတြက္ အေျပာနဲ႔အလုပ္ ညီတဲ့သူေတြ လိုအပ္တယ္လို႔ ဆိုပါတယ္။

“နံပါတ္တစ္ အေရးႀကီးတာကေတာ့ ကိုယ့္ေျပာစကားနဲ႔အလုပ္နဲ႔ မညီတဲ့သူကို မထားတာ ေကာင္းပါတယ္၊ ေ႐ြးေကာက္ပြဲ မဲဆြယ္ကာလတုန္းက ေျပာခဲ့တဲ့စကားေတြနဲ႔ အာဏာရၿပီး ေျပာတဲ့စကား ညီပါရဲ႕လားေပါ့၊ ေနာက္ၿပီးေတာ့ သူတို႔ရဲ႕လုပ္ေဆာင္မႈေတြဟာ တကယ္ပဲ ျပည္သူကို မ်က္ႏွာမူပါရဲ႕လားေပါ့၊ ျပည္သူ၊ ျပည္သူဆို နာမည္တပ္ၿပီးေတာ့မွ ကိုယ္က်ိဳးစီးပြားရွာတဲ့သူမ်ိဳး မျဖစ္ဖို႔ အရမ္းအေရးႀကီးပါတယ္၊ ႏိုင္ငံေရးသမားဆိုတာ၊ ျပည္သူ႔အတြက္ ေကာင္းမြန္တဲ့ ႏိုင္ငံေရးသမားဆိုတာ သူေျပာတဲ့စကားနဲ႔ သူ႔အလုပ္နဲ႔ညီတဲ့သူမ်ိဳးျဖစ္ဖို႔ လိုပါတယ္”

ကြမ္းယာစားတဲ့သူေတြနဲ႔ ကြမ္းယာဆိုင္ေတြကို အေရးယူမယ္ဆိုတဲ့ ကြမ္းယာေတာ္လွန္ေရး ကိစၥဟာလည္း မေအာင္ျမင္ခဲ့တဲ့အျပင္ ကမ္းနားလမ္းက ညေဈး၊ ေက်ာင္းကားကိစၥနဲ႔ ၿမိဳ႕သစ္စီမံကိန္းေတြဟာလည္း မေအာင္ျမင္ဘူးလို႔ ဦးေဇယ်ာလႈိင္ က ဆိုပါတယ္။

ရန္ကုန္ကိုစီမံခန႔္ခြဲမယ့္သူဟာ ေနာက္ႏွစ္မ်ားစြာအထိ အေျမာ္အျမင္ရွိၿပီး ေခတ္နဲ႔အညီ လိုက္ႏိုင္သူျဖစ္ေစခ်င္ တယ္လို႔ ေျပာတာက Mandalay Technology ကုမၸဏီရဲ႕ မန္ေနဂ်င္းဒါ႐ိုက္တာ ေဒါက္တာေဇာ္ႏိုင္ပါ။

“ရန္ကုန္ကို စီမံခန႔္ခြဲတဲ့ေခါင္းေဆာင္တဲ့သူဟာ အေျမာ္အျမင္ႀကီးတဲ့သူ၊ ေရွ႕ကိုအျမင္ရွိတဲ့သူ၊ ရန္ကုန္ကို ေနာက္ဆယ္ႏွစ္မွာ ဘယ္လိုမ်ိဳး ျမင္ခ်င္သလဲ၊ ေနာက္အႏွစ္ငါးဆယ္မွာ ရန္ကုန္ၿမိဳ႕ကို ဘယ္လိုမ်ိဳး ျမင္ခ်င္ သလဲဆိုတဲ့ အျမင္ရွိတဲ့သူမ်ိဳး ျဖစ္ေစခ်င္ပါတယ္၊ ပထမဆုံး တစ္ခုက။ ဒုတိယတစ္ခုက အဲဒီအေျမာ္အျမင္ရွိၿပီး အဲဒါကို အေကာင္အထည္ေဖာ္ႏိုင္တဲ့ စီမံခန႔္ခြဲမႈစြမ္းရည္ ျပည့္ဝတဲ့၊ အရည္အခ်င္းရွိတဲ့ ေနာက္ၿပီးေတာ့ အခုေခတ္ကာလက အလြန႔္အလြန္ ေျပာင္းေနတဲ့အတြက္ေၾကာင့္ ေျပာင္းလဲေနတာေတြကို အခ်ိန္နဲ႔ တေျပးညီ လိုက္ၿပီးေတာ့ ေျပာင္းႏိုင္တဲ့ တက္ႂကြတဲ့ ၿမိဳ႕ေတာ္ဝန္၊ ဝန္ႀကီးခ်ဳပ္ အဲဒီလို ေခါင္းေဆာင္မ်ိဳး လိုခ်င္ပါတယ္”

လက္ရွိတိုင္းအစိုးရရဲ႕ စီမံခန႔္ခြဲသူေတြဆီမွာ ရန္ကုန္ကို ဘယ္လို တိုးတက္ေအာင္ လုပ္မယ္ဆိုတဲ့ အျမင္ရွိလား ဆိုတာ ရန္ကုန္က ျပည္သူအေနနဲ႔ သိခ်င္ေပမယ့္ မသိရတဲ့အတြက္  အစိုးရရဲ႕ ငါးႏွစ္တာကာလ အလကား အခ်ိန္ကုန္သြားၿပီလို႔ ေဒါက္တာေဇာ္ႏိုင္က ဆိုပါတယ္။

စီးပြားေရးလုပ္ငန္းရွင္ ဦးေနလင္းဇင္ကလည္း ရန္ကုန္တိုင္းကို ဦးေဆာင္မယ့္သူဟာ ဘက္ေပါင္းစုံက ျပႆနာေတြကို အခ်ိန္တိုတိုနဲ႔ မွန္မွန္ကန္ကန္ ေျဖရွင္းႏိုင္တဲ့ အရည္အခ်င္းရွိတဲ့သူပဲ ျဖစ္ေစခ်င္တယ္လို႔ ေျပာပါတယ္။

“ျမန္မာႏိုင္ငံမွာဆိုရင္ ရန္ကုန္ၿမိဳ႕က အဓိကက်တယ္ေပါ့၊ ဒီလိုေနရာမ်ိဳး ဦးေဆာင္မယ့္သူဟာ စြမ္းရည္ျမင့္မား တဲ့သူမ်ိဳး၊ အထူးသျဖင့္ ျပႆနာေျဖရွင္းျခင္းေပါ့၊ ကြၽန္ေတာ္တို႔ႏိုင္ငံက ဘယ္လိုျဖစ္ေနတာလဲဆိုေတာ့ ျပႆနာေတြ အမ်ားႀကီးျဖစ္ေနတာ၊ ျပႆနာဆိုတာက ေခတ္အဆက္ဆက္မွာ ရွိလာခဲ့တဲ့ စနစ္အမွားေတြရဲ႕ ျပႆနာေတြမ်ားႀကီးကို စုပုံေနတဲ့ေနရာ ျဖစ္ေနတယ္၊ စုပုံေနေတာ့ ႏိုင္ငံေရးမွာပဲျဖစ္ျဖစ္၊ စီးပြားေရးမွာ ပဲျဖစ္ျဖစ္၊ ပညာေရး၊ က်န္းမာေရး၊ လူေတြနဲ႔သက္ဆိုင္တဲ့ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး အားလုံးေပါ့ အဲ့ဒါေတြအားလုံးက ျပႆနာေတြ အမ်ားႀကီးနဲ႔ အခက္အခဲေတြျဖစ္ေနတာ၊ ဒီလိုမ်ိဳးျပႆနာေတြနဲ႔ ႀကဳံေတြေနတဲ့ ျမန္မာႏိုင္ငံရဲ႕ ရန္ကုန္ၿမိဳ႕ကို အထူးသျဖင့္ ဦးေဆာင္ဖို႔ ဆိုတဲ့အခါမွာ ဒါေတြကိုေျဖရွင္းႏိုင္တဲ့၊ ျပႆနာေျဖရွင္းတဲ့၊ စြမ္းရည္ေကာင္းတဲ့၊ ဘယ္ျပႆနာကိုဘယ္လို အခ်ိန္တိုတိုအတြင္းမွာ မွန္မွန္နဲ႔ အေျဖရွာႏိုင္တဲ့ လူပုဂၢိဳလ္မ်ိဳး၊ အရည္အခ်င္းရွိတဲ့သူကို ကြၽန္ေတာ္တို႔က ျဖစ္ေစခ်င္တယ္”

NLD ပါတီကို ေထာက္ခံအားေပးခဲ့တဲ့ အဆိုေတာ္ ေဆာင္းဦးလႈိင္က ေမလ ၂၅ ရက္ေန႔က သူ႔ရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာမွာ ပါတီပုံရိပ္ကို အႀကိမ္ႀကိမ္ထိခိုက္ၿပီး အရပ္သားအစိုးရကို သိကၡာက်ေစခဲ့တဲ့ ရန္ကုန္က အရာရွိေတြ အညံ့ဆုံးျဖစ္ေၾကာင္းနဲ႔ ရွက္တတ္ရင္ ထြက္ဖို႔၊ ၂၀၂၀ အလြန္ အစိုးရအဖြဲ႕မွာ ျပန္ပါမလာဖို႔ ေတာင္းဆိုသြားမယ္လို႔ ေရးသားထားပါတယ္။

ေဝဖန္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း တိုင္းအစိုးရအဖြဲ႕ဝင္တခ်ိဳ႕ကို တယ္လီဖုန္းကတဆင့္ ေမးျမန္းဖို႔ ႀကိဳးစားေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ရန္ကုန္က ပရဟိတသမားတစ္ေယာက္ျဖစ္တဲ့ ကိုထြန္းေက်ာ္ဟန္ကေတာ့ တိုင္းအစိုးရအဖြဲ႕ရဲ႕ အားသာခ်က္ေတြ ထဲမွာ ရန္ကုန္ၿမိဳ႕ ခရီးသည္ သယ္ယူပို႔ေဆာင္ေရး စီစဥ္မႈအားနည္းခဲ့တဲ့ မထသ အဖြဲ႕ေနရာမွာ YBS နဲ႔ အစားထိုး ေျပာင္းလဲႏိုင္ခဲ့တာလည္း ပါဝင္တယ္လို႔ ေျပာပါတယ္။

“မထသဆိုတဲ့အဖြဲ႕မ်ိဳးကိုဖ်က္ၿပီးေတာ့ YBS ဆိုတဲ့ ကားအသစ္ေတြ ေပၚလာတယ္၊ တကယ့္ကို ေသေသခ်ာခ်ာ အစလုပ္ခဲ့တာ ေကာင္းပါတယ္၊ ဒါေပမဲ့ တစ္ခုရွိတာက ေျပာရမယ္ဆိုရင္ ရန္ကုန္ၿမိဳ႕ကလည္း က်ယ္တယ္ ေပါ့ဗ်ာ။ ဒါေၾကာင့္ ေဝဖန္ဆုံးျဖတ္ရမွာေတာ့ ခက္ပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ၿမိဳ႕ေလးေတြ နယ္ေလးေတြမွာ လမ္းေလးေတြ ေကာင္းလာတာ အဲလိုမ်ိဳး ေျပာင္းလဲတာေတြေတာ့ ရွိပါတယ္၊ အရမ္းႀကီး အားရေက်နပ္မႈေတြ မရွိဘူးေပါ့၊ ဒါေပမဲ့ သူ႔မွာလည္း သူေနရာနဲ႔ သူ႔အထာနဲ႔ေတာ့ ရွိေတာ့ရွိမယ္လို႔ပဲ ကြၽန္ေတာ္ကေတာ့ ထင္ပါတယ္”

စမ္းေခ်ာင္းမွာေနထိုင္တဲ့ မၿငိမ္းခ်မ္းစုၾကည္ကလည္း ဦၿဖိဳးမင္းသိန္းဟာ သူလုပ္ႏိုင္စြမ္းနဲ႔ လုပ္ေဆာင္ခဲ့တယ္လို႔ ေျပာပါတယ္။

“ဘက္စုံတိုင္းမွာေတာ့ တိုးတက္မႈေတြေတာ့ရွိတယ္၊ လမ္းေတြနဲ႔ ပတ္သက္တာလည္း ေတာ္ေတာ္တိုးတက္မႈ ရွိတယ္၊ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးနဲ႔ ပတ္သက္တာကေတာ့ အထိုက္အသင့္ အေလ်ာက္ကို အားရ ေက်နပ္မႈရွိတယ္၊ ၿခဳံၿပီးေတာ့ ေျပာရရင္ေတာ့ အားရေက်နပ္မႈရွိတာ ေက်ာင္းကားနဲ႔ YBS ပဲ၊  တိုးတက္သင့္ သေလာက္ မတိုးတက္တဲ့ တခ်ိဳ႕အရာေတြလည္း ရွိတယ္ေပါ့ေလ၊ သူလုပ္သင့္တဲ့ သူလုပ္ႏိုင္တဲ့အရာေတြကို သူလုပ္တယ္၊ သူလုပ္ႏိုင္စြမ္းရွိသေလာက္ သူလုပ္တယ္၊ တခ်ိဳ႕ အရာေတြမွာ သူ တစြတ္ထိုး လုပ္လိုက္မိ တာေတြေတာ့ ရွိတယ္ေပါ့ေလ”

NLD ပါတီရဲ႕ ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉး မုံ႐ြာေအာင္ရွင္ကေတာ့  လက္ရွိရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္နဲ႔ ပတ္သက္ၿပီး မွတ္ခ်က္မေပးလိုဘူးလို႔ ေျပာပါတယ္။ ဒါေပမဲ့ လာမယ့္ေ႐ြးေကာက္ပြဲၿပီးရင္ ရန္ကုန္အတြက္ လုပ္ရည္ကိုင္ရည္ရွိတဲ့သူကို ေ႐ြးခ်ယ္သင့္တယ္လို႔ မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။

“ရန္ကုန္တိုင္းဆိုတာက ဗမာႏိုင္ငံအတြက္ တကယ့္ကိုေရးႀကီးတဲ့ တိုင္းေဒသႀကီးပဲေလ၊ ရန္ကုန္တိုင္း ဆိုတာက တျခားတိုင္းနဲ႔ ျပည္နယ္ေတြနဲ႔ေတာင္ မတူပါဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ ရန္ကုန္တိုင္းဟာ ဟိုတုန္းကတည္းက ျမန္မာႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ေပါ့ေလ၊ တိုင္းလည္းျဖစ္ေနတယ္၊ အေရးႀကီးတဲ့တိုင္း၊ ေနာက္ၿပီးေတာ့ ရန္ကုန္ဆိုတာလည္း ၿမိဳ႕ေတာ္ေပါ့၊ ေနာက္အခုကာလမွာလည္း စီးပြားေရးၿမိဳ႕ေတာ္၊ အခ်က္အခ်ာလည္းက်တယ္၊ အဲဒီလိုမ်ိဳးတိုင္းမွာ တကယ္ေတာ္တဲ့သူ၊ တကယ္အျမင္က်ယ္က်ယ္နဲ႔ လုပ္ရည္ကိုင္ရည္ရွိတဲ့သူကို ေ႐ြးခ်ယ္ႏိုင္ရင္ေတာ့ ပိုၿပီးေတာ့ ေကာင္းပါလိမ့္မယ္၊ ကြၽန္ေတာ္ကေတာ့ ဘယ္သူ႔ကိုေ႐ြးပါ၊ ဘယ္ပုဂၢိဳလ္ကိုေ႐ြးပါ ဆိုတာေတာ့ ကြၽန္ေတာ္ ေလာေလာဆယ္ ေျပာလို႔မသင့္ေသးဘူးလို႔ ထင္ပါတယ္”

အမ်ားျပည္သူရဲ႕ ေဝဖန္ခံေနရသူေတြ လာမယ့္ေ႐ြးေကာက္ပြဲမွာ ျပန္ပါမလား၊ မပါလာဘူးလား ဆိုတာကလည္း ပါတီဗဟိုအလုပ္အမႈေဆာင္အဖြဲ႕နဲ႔သာ ဆိုင္တယ္လို႔လည္း မုံ႐ြာေအာင္ရွင္က ဆိုပါတယ္။

က်န္းမာေရးဌာနက ေပ်ာ္ပြဲ႐ႊင္ပြဲေတြနဲ႔ ဘာသာေရး အခမ္းအနားေတြ အပါအဝင္ လူစုလူေဝး မလုပ္ဖို႔ အမိန႔္ထုတ္ ထားတဲ့ၾကားက ဝန္ႀကီးခ်ဳပ္နဲ႔အဖြဲ႕ဟာ မၾကာေသးခင္ရက္ပိုင္းက ဗိုလ္တေထာင္ဘုရားမွာ အခမ္းအနားတခ်ိဳ႕ ျပဳလုပ္ခဲ့ရာမွာ လူအမ်ားအျပား ပါဝင္ခဲ့တဲ့အတြက္ ေဝဖန္ခံေနရပါတယ္။

ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ကို ကပ္ေဘးကာလ အမိန႔္၊ ၫႊန္ၾကားခ်က္၊ စည္းကမ္းခ်က္ေတြကို ေဖာက္ဖ်က္ခဲ့တဲ့ အတြက္ ပါတီက ႏႈတ္နဲ႔သတိေပးထားတယ္လို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က သတင္းေထာက္ေတြကို ေျပာပါတယ္။

ရန္ကုန္မွာ ျပႆနာျဖစ္ခဲ့တာေၾကာင့္ ကပ္ေဘးကာလ ထုတ္ျပန္ခ်က္ေတြကို ေလးစားလိုက္နာဖို႔ တျခားဝန္ႀကီး ခ်ဳပ္ေတြကိုလည္း သတိေပးထားတယ္လို႔ သူက ဆက္ေျပာပါတယ္။

ေ႐ြးေကာက္ပြဲျပဳလုပ္မယ့္ႏွစ္မွာ ေပၚေပါက္လာတဲ့ ကပ္ေရာဂါ အႏၲရာယ္ကာလအတြင္း ကူးစက္ေရာဂါပိုး ပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ ဂ႐ုတစိုက္ လုပ္ကိုင္ေနၾကတဲ့အခ်ိန္မွာ ရန္ကုန္တိုင္း အစိုးရအဖြဲ႕ရဲ႕ လႈပ္ရွားမႈတခ်ိဳ႕က ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာ အမ်ားျပည္သူ ေဝဖန္ေထာက္ျပစရာ ျဖစ္ခဲ့ပါတယ္။

သန႔္ဇင္ဦး / RFA Burmese
https://www.rfa.org/burmese/news/yangon-region-government-06012020043401.html
ရန်ကုန်တိုင်းအစိုးရကို ဦးစီးမယ့်သူက ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်သင့်သလဲ ရန်ကုန်တိုင်းအစိုးရကို ဦးစီးမယ့်သူက ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်သင့်သလဲ Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.