နေပြည်တော်ဒုတိယမြို့တော်ဝန်ကို ရန်ကုန်စီမံဘဏ္ဍာဝန်ကြီးခန့်မယ်

၂၀၁၉ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာပဲ နေပြည်တော် ဒုတိယမြို့တော်ဝန်အဖြစ်ခန့်အပ်ခြင်းခံရ
(Unicode)⤵⤵⤵
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာလစ်လပ်နေတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးအဖြစ် လက်ရှိ နေပြည်တော် ဒုတိယ မြို့တော်ဝန် တာဝန်ထမ်းဆောင်နေသူ ဦးရဲမင်းဦးကိုခန့်အပ်သွားမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဆီက နေသိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းဟာ ပြီးခဲ့တဲ့ဧပြီလက ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့နေရာမှာလစ်လပ်သွားတဲ့စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ရာထူးပြန်လည်ခန့်အပ်ဖို့အတွက်ရှိနေတယ်လို့လည်း အင်းစိန်မြို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဘီဘီစီကိုပြောပါတယ်။

"မနက်ဖြန်ဇွန် ၂ ရက်မှာတော့ ရန်ကုန်တိုင်းလွှတ်တော်က အရေးပေါ်အစည်းအဝေးခေါ်ထားတယ် ၊ဘတ်ဂျက် ကိစ္စ ဆွေးနွေးကြမှာပါ၊ ဝန်ကြီး ခန့်ဖို့ အစီအစဉ်မှာ ပါမပါ တော့ မသိရ သေးပါဘူး"လို့လည်း သူကပြောပါတယ်။

ဇွန်လ ၂ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ခေါ်ယူထားတဲ့ ရန်ကုန်တိုင်းဒေသကြီးလွတ်တော်အစည်းအဝေးမှာ ဦးရဲမင်းဦးကို စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးအဖြစ် အဆိုပြုပြီး ကန့်ကွက်တဲ့သူမရှိရင်တော့ သူဟာရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဖြစ်လာဖို့လည်းရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ကာယကံရှင်ကိုယ်တိုင်ကတော့တစ်စုံတစ်ရာ မှတ်ချက်ပေးပြောကြားခြင်းမရှိပါဘူး။

ဘီဘီစီ က စုံစမ်းသိရှိရတဲ့ သတင်းတွေ အရတော့ ဦးရဲမင်းဦးဟာ ဇွန်လ ၁ ရက်နေ့က နေပြည်တော် ကနေ ရန်ကုန် ကိုခရီးထွက်သွားတယ်လို့လည်းသိရပါတယ်။

ဦးရဲမင်းဦးဟာ နေပြည်တော်စည်ပင်သာယာရေးဘဏ်ရဲ့ ဥက္ကဌအဖြစ် ၂၀၁၉ ခုနှစ်ဇန်နဝါရီလ လဆန်းမှာ စတင်ခန့်အပ်ခံရပြီး ၂၀၁၉ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှာပဲ နေပြည်တော် ဒုတိယမြို့တော်ဝန်အဖြစ်ခန့်အပ်ခြင်းခံရပါတယ်။

ဦးရဲမင်းဦးဟာ လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီမှာအဖွဲ့ဝင်အဖြစ်နဲ့ဗဟိုစီးပွါးရေးကော်မတီမှာ အဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

BBC Burmese
------------------------------------
(Zawgyi)⤵⤵⤵
ေနျပည္ေတာ္ဒုတိယၿမိဳ႕ေတာ္ဝန္ကို ရန္ကုန္စီမံဘ႑ာဝန္ႀကီးခန္႔မယ္

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွာလစ္လပ္ေနတဲ့ စီမံကိန္းနဲ႔ဘ႑ာေရးဝန္ႀကီးအျဖစ္ လက္ရွိ ေနျပည္ေတာ္ ဒုတိယ ၿမိဳ႕ေတာ္ဝန္ တာဝန္ထမ္းေဆာင္ေနသူ ဦးရဲမင္းဦးကိုခန္႔အပ္သြားမွာျဖစ္တယ္လို႔ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဴပ္ ပါတီရဲ႕ထိပ္ပိုင္းေခါင္းေဆာင္ေတြဆီက ေနသိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္စီမံကိန္းနဲ႔ဘ႑ာေရးဝန္ႀကီး ဦးျမင့္ေသာင္းဟာ ၿပီးခဲ့တဲ့ဧၿပီလက ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး သူ႔ေနရာမွာလစ္လပ္သြားတဲ့စီမံကိန္းနဲ႔ဘ႑ာေရးဝန္ႀကီး ရာထူးျပန္လည္ခန္႔အပ္ဖို႔အတြက္ရွိေနတယ္လို႔လည္း အင္းစိန္ၿမိဳ႕တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ဘီဘီစီကိုေျပာပါတယ္။

"မနက္ျဖန္ဇြန္ ၂ ရက္မွာေတာ့ ရန္ကုန္တိုင္းလႊတ္ေတာ္က အေရးေပၚအစည္းအေဝးေခၚထားတယ္ ၊ဘတ္ဂ်က္ ကိစၥ ေဆြးေႏြးၾကမွာပါ၊ ဝန္ႀကီး ခန္႔ဖို႔ အစီအစဥ္မွာ ပါမပါ ေတာ့ မသိရ ေသးပါဘူး"လို႔လည္း သူကေျပာပါတယ္။

ဇြန္လ ၂ ရက္ေန႔မွာ ျပန္လည္က်င္းပဖို႔ေခၚယူထားတဲ့ ရန္ကုန္တိုင္းေဒသႀကီးလြတ္ေတာ္အစည္းအေဝးမွာ ဦးရဲမင္းဦးကို စီမံကိန္းနဲ႔ဘ႑ာေရးဝန္ႀကီးအျဖစ္ အဆိုျပဳၿပီး ကန္႔ကြက္တဲ့သူမရွိရင္ေတာ့ သူဟာရန္ကုန္တိုင္းေဒသႀကီးအစိုးရ အဖြဲ႕ဝင္ စီမံကိန္းနဲ႔ဘ႑ာေရးဝန္ႀကီးျဖစ္လာဖို႔လည္းရွိပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ကာယကံရွင္ကိုယ္တိုင္ကေတာ့တစ္စုံတစ္ရာ မွတ္ခ်က္ေပးေျပာၾကားျခင္းမရွိပါဘူး။

ဘီဘီစီ က စုံစမ္းသိရွိရတဲ့ သတင္းေတြ အရေတာ့ ဦးရဲမင္းဦးဟာ ဇြန္လ ၁ ရက္ေန႔က ေနျပည္ေတာ္ ကေန ရန္ကုန္ ကိုခရီးထြက္သြားတယ္လို႔လည္းသိရပါတယ္။

ဦးရဲမင္းဦးဟာ ေနျပည္ေတာ္စည္ပင္သာယာေရးဘဏ္ရဲ႕ ဥကၠဌအျဖစ္ ၂၀၁၉ ခုႏွစ္ဇန္နဝါရီလ လဆန္းမွာ စတင္ခန္႔အပ္ခံရၿပီး ၂၀၁၉ခုႏွစ္ ဇြန္လ ၂၅ ရက္ေန႔မွာပဲ ေနျပည္ေတာ္ ဒုတိယၿမိဳ႕ေတာ္ဝန္အျဖစ္ခန္႔အပ္ျခင္းခံရပါတယ္။

ဦးရဲမင္းဦးဟာ လက္ရွိ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ပါတီရဲ႕ ဗဟိုျပန္ၾကားေရးေကာ္မတီမွာအဖြဲ႕ဝင္အျဖစ္နဲ႔ဗဟိုစီးပြါးေရးေကာ္မတီမွာ အဖြဲ႕ဝင္အျဖစ္တာဝန္ထမ္းေဆာင္ေနသူျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52882092
နေပြည်တော်ဒုတိယမြို့တော်ဝန်ကို ရန်ကုန်စီမံဘဏ္ဍာဝန်ကြီးခန့်မယ် နေပြည်တော်ဒုတိယမြို့တော်ဝန်ကို ရန်ကုန်စီမံဘဏ္ဍာဝန်ကြီးခန့်မယ် Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.