ကိုဗစ်ကာလ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ခိုးဝင်တဲ့ ဒုက္ခသည်အရေအတွက် တိုးလာနေ

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့ဘက်မှ မြင်ကွင်း။ (သြဂုတ် ၂၄၊ ၂၀၁၈)
(Unicode)⤵⤵⤵
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို ပြန်လက်ခံရေးအတွက် အစီအစဉ်အားလုံးကို ရပ်ဆိုင်းထားပေမဲ့လို့ ဒုက္ခသည်တွေ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု တိုးများလာနေတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ဘဂ်လားဒေ့ရှ်နိုင်ငံ နယ်စပ်မှာရှိတဲ့ Cox's Bazar ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စနဲ့ ပတ်သက်လို့စ်ဘက်အစိုးရ အစီအစဉ်နဲ့ရော ကိုယ့်သဘောဆန္ဒအလျှောက် ပြန်ဝင်လာကြသူတွေကိုပါ မြန်မာနိုင်ငံက လက်မခံဆိုင်းငံထားတာပါ။

ဒါပေမဲ့ လက်ရှိမှာ နယ်စပ်ဝင်ပေါက်တွေကနေတစ်ဆင့် တရားမဝင် ပြန်လည်ဝင်ရောက်လာ ကြသူတွေက ပိုများလာနေပြီးတော့ ဒီလူတွေကို သက်ဆိုင်ရာဖမ်းဆီး ကယ်ဆယ်ရေးစခန်းထဲ ထည့်ထားပါတယ်။ အခုဆိုရင် လှဖိုးခေါင်စခန်းမှာ တရားမဝင်ပြန်ဝင်လာသူ ၉၀ ကျော်ကို ကိုဗစ် ရောဂါပိုးရှိ၊ မရှိ စစ်ဆေးဖို့ သီးသန့်ထားစောင့်ကြည့်ထားတယ်လို့ မောင်းတောမြို့နယ် အုပ်ချုပ်ရေးမှူးက VOA ကို ပြောပါတယ်။

နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ပြန်ဝင်လာကြသူတွေ ကိစ္စနဲ့ ပတ်သက်လို့ အစိုးရက ဘယ်လိုတွေ ဆောင်ရွက်နေသလဲဆိုတာကို ပြည်သူတွေကို ပွင့်လင်းမြင်သာ အသိပေးမှု မရှိသလို သက်ဆိုင်ရာ မြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်အသိပေးတာ မရှိဘူးလို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။

“သူတို့အုပ်ချုပ်ရေးပိုင်းက လုပ်တယ်။ ဘယ်လိုလုပ်တယ်ဆိုတာကို ကျနော်တို့ကို မပြောဘူး။ ကျနော်တို့ စာရင်းတောင်တောင်းလို့ မရတဲ့ အခြေအနေရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေတောင် စာရင်းမပေးချင်တော့ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေက မီဒီယာနဲ့ပြောလို့ ကျနော်သုံးသပ်တာက မီဒီယာကို ပြောလို့ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာကို ကျနော်တို့ကို မပြောဘူး၊ စာရင်းတောင် မပေးချင်ကြဘူးဗျ၊ အဲ့လိုဖြစ်နေတယ်။ တံငါသည်တွေကိုတောင် ကိုဗစ်နဲ့ ပတ်သက်လို့ ပိတ်ထားတယ်၊ ပိတ်ထားတာတော့ မှန်တယ်။ ဒါပေမဲ့ ခိုးဝင်တွေကျတော့ ဘာလို့ မပိတ်တာလဲမသိဘူးဗျ။ ဒါ သံသယဖြစ်စရာတွေ အများကြီးရှိတယ်။ သူတို့က ငွေကြေးကိုပဲ ကြည့်နေတာကို ကျနော်တို့ ကြားပါတယ်။ ကြားတယ်ဆိုတာက ဒီကတော့နဲ့ ဝင်လာတဲ့သူတွေကို ကျနော်တို့က မေးတဲ့အခါမှာ ငွေ ၃၀၀,၀၀၀ ပေးရပါတယ်၊ ဘယ်သူကိုပေးရလဲဆိုတော့ ကုတို့လှေကို ပေးရပါတယ်တဲ့ ဆိုတော့ကုတို့လှေကို ပေးရတယ်ဆိုတော့ သူတို့က ကုတို့သည်ကို ဖမ်းရမှာလေ။ အဲ့ဒီ ငွေ ၃၀၀,၀၀၀ မင်းတို့ ဘယ်သူဘယ်သူ့ပေးလည်း မေးရမှာလေ။ ဒါမျိုးတွေကို မပေးဘူး၊ ကတော့သည်ကိုတောင် မဖမ်းရဲဘူးဗျာ မဖမ်းရဲဘူးလို့ပဲ ကျနော်ပြောချင်တယ်။ ကုတို့လှေကို ဖမ်းလိုက်ရင် တကယ့်တကယ့်သာ နိုင်ငံအပေါ်မှာ သစ္စာရှိရင် ကုတို့လှေကို ဖမ်းပြီး စစ်ဆေးမေးမြန်းရမှာ အဲ့ဒီလိုတွေတောင် သူတို့မလုပ်ဘူး။ ကျနော်တို့ ပြည်သူတွေအနေနဲ့ ဘယ်လိုယုံကြည်ရမလဲ ဒီအုပ်ချုပ်ရေးပိုင်းကို။”

ဦးမောင်အုန်း စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုချက် မရသလို၊ ဒေသခံအုပ်ချုပ်ရေးဘက်ကလည်း ဒီအပေါ် ဖြေရှင်းချက် မပေးပါဘူး။ ဒါပေမဲ့လည်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးကတော့ လက်ရှိမှာ တရားမဝင် ဝင်လာသူတွေနဲ့ ပတ်သက်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“ခြံစည်းရိုးကာလို့မရတဲ့ နေရာတွေမှာတော့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က သူဟာသူ လုံခြုံရေးလုပ်နေတာ ရှိတယ်လေ။ အဲ့တာတော့ ခင်ဗျားတို့ နယ်ခြားစောင့်ကို မေးမှရမယ်။ အဲ့လိုပဲ့ ရဲက မတွေ့ဘဲနဲ့ ရွာတွေကိုရောက်လာရင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ သတင်းပို့တာကို ကျနော်တို့က Quarantine လုပ်တာပေါ့။ ဒါတွေက ခိုးပြီးတော့ ဝင်လာတာဖြစ်တဲ့အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပိုပြီးတော့ စစ်ပေးဖို့ ပြီးတော့ရွာတွေကိုလည်း နယ်ခြားစောင့်တွေက စစ်လို့မရတဲ့နေရာတွေလည်း အများကြီးပဲရှိတယ်။ အဲ့ဒီကနေ လုံခြုံရေးတွမသိအောင် ခိုးဝင်လာခဲ့လို့ ရွာတွေကိုရောက်ရင်လည်း အုပ်ချုပ်ရေးမှူးတွေ အုပ်ချုပ်ရေးမှုးတွေက တဆင့်မှ ကျေးရွာပြည်သူလူထုတွေကို ကိုဗစ်နဲ့ ပတ်သက်ပြီးတော့မှ ပညာပေးတာတွေက လုပ်ပြီးသား နိုင်ငံတော်ကနေ ကိုဗစ်နဲ့ ပတ်သက်ပြီး စလုပ်ကတည်းက ကျွန်တော်တို့ ခရိုင်မှာလည်း လုပ်ပြီးသား။”

ကိုဗစ်ရောဂါ စဖြစ်ကတည်းက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေကို ဆောင်ရွက်ထားတယ်ဆိုပေမဲ့ ခုလို တရားမဝင်ဝင်လာသူတွေ ရှိနေရင် ရခိုင်ပြည်မှာ ရောဂါကူးစက်မှုကို ထိန်းမနိုင်ဘဲ စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်လာနိုင်တယ်လို့ ရခိုင်ဒေသခံတချို့ စိုးရိမ်နေပါတယ်။ ဘဂ်လားဒေ့ရှ်ဘက်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာတော့ COVID 19 ရောဂါပိုး ဓါတ်ခွဲစမ်းသပ်တွေ့ရှိသူ ၃၀ ကျော်ပြီလို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။ ရောဂါပိုးတဦးရှိသူ တဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အခု ဇွန်လ ၁၁ ရက်နေ့အထိ စာရင်းတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ COVID 19 ရောဂါပိုး ဓါတ်ခွဲစမ်းသပ်တွေ့ရှိထားသူ ၈၀,၀၀၀ နီးပါးရှိနေပြီး၊ ရောဂါပိုးတွေ့သူထဲက ၁,၀၀၀ ကျော် သေဆုံးခဲ့ပါပြီ။ လက်ရှိအားဖြင့် မြန်မာနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်ဝင်လာသူတွေထဲက လေးဦးမှာ ရောဂါပိုး စမ်းသပ်တွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထားပါတယ်။ မြန်မာအစိုးရကတော့ အဲဒီဒေသက မွတ်ဆလင်တွေကို ရိုဟင်ဂျာဆိုပြီး သုံးနှုန်းတာကို လက်မခံပါဘူး။

အိမ့်သန္တာထွန်း  / ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္ကာလ ဘဂၤလားေဒ့ရွ္ဘက္က ျပန္ခိုးဝင္တဲ့ ဒုကၡသည္အေရအတြက္ တိုးလာေန

ျမန္မာႏွင့္ ဘဂၤလားေဒ့ရွ္နယ္စပ္မွာ ရွိေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြက ဒုကၡသည္ေတြကို ျပန္လက္ခံေရးအတြက္ အစီအစဥ္အားလုံးကို ရပ္ဆိုင္းထားေပမဲ့လို႔ ဒုကၡသည္ေတြ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္မႈ တိုးမ်ားလာေနတဲ့ အေျခအေနကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပပါမယ္။

ဘဂ္လားေဒ့ရွ္ႏိုင္ငံ နယ္စပ္မွာရွိတဲ့ Cox's Bazar ဒုကၡသည္စခန္းက ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ ျပန္လည္လက္ခံေရးကိစၥနဲ႔ ပတ္သက္လို႔စ္ဘက္အစိုးရ အစီအစဥ္နဲ႔ေရာ ကိုယ့္သေဘာဆႏၵအေလွ်ာက္ ျပန္ဝင္လာၾကသူေတြကိုပါ ျမန္မာႏိုင္ငံက လက္မခံဆိုင္းငံထားတာပါ။

ဒါေပမဲ့ လက္ရွိမွာ နယ္စပ္ဝင္ေပါက္ေတြကေနတစ္ဆင့္ တရားမဝင္ ျပန္လည္ဝင္ေရာက္လာ ၾကသူေတြက ပိုမ်ားလာေနၿပီးေတာ့ ဒီလူေတြကို သက္ဆိုင္ရာဖမ္းဆီး ကယ္ဆယ္ေရးစခန္းထဲ ထည့္ထားပါတယ္။ အခုဆိုရင္ လွဖိုးေခါင္စခန္းမွာ တရားမဝင္ျပန္ဝင္လာသူ ၉၀ ေက်ာ္ကို ကိုဗစ္ ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးဖို႔ သီးသန႔္ထားေစာင့္ၾကည့္ထားတယ္လို႔ ေမာင္းေတာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးက VOA ကို ေျပာပါတယ္။

နယ္စပ္ဝင္ေပါက္ေတြကေန တရားမဝင္ ျပန္ဝင္လာၾကသူေတြ ကိစၥနဲ႔ ပတ္သက္လို႔ အစိုးရက ဘယ္လိုေတြ ေဆာင္႐ြက္ေနသလဲဆိုတာကို ျပည္သူေတြကို ပြင့္လင္းျမင္သာ အသိေပးမႈ မရွိသလို သက္ဆိုင္ရာ ၿမိဳ႕နယ္ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔လည္း ပူးေပါင္းေဆာင္႐ြက္အသိေပးတာ မရွိဘူးလို႔ ေမာင္ေတာၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္အုန္းက ေျပာပါတယ္။

“သူတို႔အုပ္ခ်ဳပ္ေရးပိုင္းက လုပ္တယ္။ ဘယ္လိုလုပ္တယ္ဆိုတာကို က်ေနာ္တို႔ကို မေျပာဘူး။ က်ေနာ္တို႔ စာရင္းေတာင္ေတာင္းလို႔ မရတဲ့ အေျခအေနရွိတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြေတာင္ စာရင္းမေပးခ်င္ေတာ့ဘူး။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက မီဒီယာနဲ႔ေျပာလို႔ က်ေနာ္သုံးသပ္တာက မီဒီယာကို ေျပာလို႔ ဘယ္ႏွစ္ေယာက္ရွိတယ္ဆိုတာကို က်ေနာ္တို႔ကို မေျပာဘူး၊ စာရင္းေတာင္ မေပးခ်င္ၾကဘူးဗ်၊ အဲ့လိုျဖစ္ေနတယ္။ တံငါသည္ေတြကိုေတာင္ ကိုဗစ္နဲ႔ ပတ္သက္လို႔ ပိတ္ထားတယ္၊ ပိတ္ထားတာေတာ့ မွန္တယ္။ ဒါေပမဲ့ ခိုးဝင္ေတြက်ေတာ့ ဘာလို႔ မပိတ္တာလဲမသိဘူးဗ်။ ဒါ သံသယျဖစ္စရာေတြ အမ်ားႀကီးရွိတယ္။ သူတို႔က ေငြေၾကးကိုပဲ ၾကည့္ေနတာကို က်ေနာ္တို႔ ၾကားပါတယ္။ ၾကားတယ္ဆိုတာက ဒီကေတာ့နဲ႔ ဝင္လာတဲ့သူေတြကို က်ေနာ္တို႔က ေမးတဲ့အခါမွာ ေငြ ၃၀၀,၀၀၀ ေပးရပါတယ္၊ ဘယ္သူကိုေပးရလဲဆိုေတာ့ ကုတို႔ေလွကို ေပးရပါတယ္တဲ့ ဆိုေတာ့ကုတို႔ေလွကို ေပးရတယ္ဆိုေတာ့ သူတို႔က ကုတို႔သည္ကို ဖမ္းရမွာေလ။ အဲ့ဒီ ေငြ ၃၀၀,၀၀၀ မင္းတို႔ ဘယ္သူဘယ္သူ႔ေပးလည္း ေမးရမွာေလ။ ဒါမ်ိဳးေတြကို မေပးဘူး၊ ကေတာ့သည္ကိုေတာင္ မဖမ္းရဲဘူးဗ်ာ မဖမ္းရဲဘူးလို႔ပဲ က်ေနာ္ေျပာခ်င္တယ္။ ကုတို႔ေလွကို ဖမ္းလိုက္ရင္ တကယ့္တကယ့္သာ ႏိုင္ငံအေပၚမွာ သစၥာရွိရင္ ကုတို႔ေလွကို ဖမ္းၿပီး စစ္ေဆးေမးျမန္းရမွာ အဲ့ဒီလိုေတြေတာင္ သူတို႔မလုပ္ဘူး။ က်ေနာ္တို႔ ျပည္သူေတြအေနနဲ႔ ဘယ္လိုယုံၾကည္ရမလဲ ဒီအုပ္ခ်ဳပ္ေရးပိုင္းကို။”

ဦးေမာင္အုန္း စြပ္စြဲေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္လို႔ သီးျခားအတည္ျပဳခ်က္ မရသလို၊ ေဒသခံအုပ္ခ်ဳပ္ေရးဘက္ကလည္း ဒီအေပၚ ေျဖရွင္းခ်က္ မေပးပါဘူး။ ဒါေပမဲ့လည္း ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးကေတာ့ လက္ရွိမွာ တရားမဝင္ ဝင္လာသူေတြနဲ႔ ပတ္သက္လို႔ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

“ၿခံစည္း႐ိုးကာလို႔မရတဲ့ ေနရာေတြမွာေတာ့ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕က သူဟာသူ လုံၿခဳံေရးလုပ္ေနတာ ရွိတယ္ေလ။ အဲ့တာေတာ့ ခင္ဗ်ားတို႔ နယ္ျခားေစာင့္ကို ေမးမွရမယ္။ အဲ့လိုပဲ့ ရဲက မေတြ႕ဘဲနဲ႔ ႐ြာေတြကိုေရာက္လာရင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြကေန သတင္းပို႔တာကို က်ေနာ္တို႔က Quarantine လုပ္တာေပါ့။ ဒါေတြက ခိုးၿပီးေတာ့ ဝင္လာတာျဖစ္တဲ့အတြက္ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕က ပိုၿပီးေတာ့ စစ္ေပးဖို႔ ၿပီးေတာ့႐ြာေတြကိုလည္း နယ္ျခားေစာင့္ေတြက စစ္လို႔မရတဲ့ေနရာေတြလည္း အမ်ားႀကီးပဲရွိတယ္။ အဲ့ဒီကေန လုံၿခဳံေရးတြမသိေအာင္ ခိုးဝင္လာခဲ့လို႔ ႐ြာေတြကိုေရာက္ရင္လည္း အုပ္ခ်ဳပ္ေရးမႉးေတြ အုပ္ခ်ဳပ္ေရးမႈးေတြက တဆင့္မွ ေက်း႐ြာျပည္သူလူထုေတြကို ကိုဗစ္နဲ႔ ပတ္သက္ၿပီးေတာ့မွ ပညာေပးတာေတြက လုပ္ၿပီးသား ႏိုင္ငံေတာ္ကေန ကိုဗစ္နဲ႔ ပတ္သက္ၿပီး စလုပ္ကတည္းက ကြၽန္ေတာ္တို႔ ခ႐ိုင္မွာလည္း လုပ္ၿပီးသား။”

ကိုဗစ္ေရာဂါ စျဖစ္ကတည္းက က်န္းမာေရးနဲ႔ ပတ္သက္တဲ့ အသိပညာေပးတာေတြကို ေဆာင္႐ြက္ထားတယ္ဆိုေပမဲ့ ခုလို တရားမဝင္ဝင္လာသူေတြ ရွိေနရင္ ရခိုင္ျပည္မွာ ေရာဂါကူးစက္မႈကို ထိန္းမႏိုင္ဘဲ စိုးရိမ္စရာ အေျခအေနတစ္ခု ျဖစ္လာႏိုင္တယ္လို႔ ရခိုင္ေဒသခံတခ်ိဳ႕ စိုးရိမ္ေနပါတယ္။ ဘဂ္လားေဒ့ရွ္ဘက္က ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြမွာေတာ့ COVID 19 ေရာဂါပိုး ဓါတ္ခြဲစမ္းသပ္ေတြ႕ရွိသူ ၃၀ ေက်ာ္ၿပီလို႔ ေဒသတြင္းသတင္းေတြမွာေဖာ္ျပပါတယ္။ ေရာဂါပိုးတဦးရွိသူ တဦးလည္း ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

အခု ဇြန္လ ၁၁ ရက္ေန႔အထိ စာရင္းေတြအရ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ COVID 19 ေရာဂါပိုး ဓါတ္ခြဲစမ္းသပ္ေတြ႕ရွိထားသူ ၈၀,၀၀၀ နီးပါးရွိေနၿပီး၊ ေရာဂါပိုးေတြ႕သူထဲက ၁,၀၀၀ ေက်ာ္ ေသဆုံးခဲ့ပါၿပီ။ လက္ရွိအားျဖင့္ ျမန္မာႏိုင္ငံထဲကို နယ္စပ္ျဖတ္ေက်ာ္ဝင္လာသူေတြထဲက ေလးဦးမွာ ေရာဂါပိုး စမ္းသပ္ေတြ႕ရွိထားတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္ထားပါတယ္။ ျမန္မာအစိုးရကေတာ့ အဲဒီေဒသက မြတ္ဆလင္ေတြကို ႐ိုဟင္ဂ်ာဆိုၿပီး သုံးႏႈန္းတာကို လက္မခံပါဘူး။

အိမ့္သႏၲာထြန္း  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/rohingya-rakhine-covid/5458554.html
ကိုဗစ်ကာလ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ခိုးဝင်တဲ့ ဒုက္ခသည်အရေအတွက် တိုးလာနေ ကိုဗစ်ကာလ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ခိုးဝင်တဲ့ ဒုက္ခသည်အရေအတွက် တိုးလာနေ Reviewed by THITHTOOLWIN on 22:21 Rating: 5
Powered by Blogger.