သမီးရင်းအား အဓမ္မပြုကျင့်ပြီး မြိတ်မြို့မှ ထွက်ပြေးတိမ်းရှောင်နေသူ ကော့သောင်းမြို့နယ်တွင် ဖမ်းမိ


(Unicode)⤵⤵⤵
သမီးရင်းအား အဓမ္မပြုကျင့်ပြီး မြိတ်မြို့မှ ထွက်ပြေးတိမ်းရှောင်နေသူအား ကော့သောင်းမြို့နယ်တွင် ဇွန်လ ၁၁ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က ဖမ်းဆီးမိကြောင်း သိရပါတယ်။

မြိတ်မြို့၊ ပါရမီ ၂ ရပ် ၊ မုဒိတာလမ်းတွင် နေထိုင်တဲ့ ဇော်ခင်း(ခ)ခိုင်ဒူဆော် မှ လွန်ခဲ့တဲ့ ၃ လ ခန့်က သမီးရင်းအား အဓမ္မပြုကျင့်ခဲ့ပြီးနောက် မ-----မှာ ရာသီသွေးမပေါ်ပဲရှိရာ ဇွန်လ ၄ ရက်နေ့က ခေါင်းမူးသည်ဟုဆိုကာ လှဲကျသတိလစ်သွားတာကြောင့် ကန်ခေါင်းရပ်ရှိ မိခင်နှင့်ကလေးဆေးရုံကြီးသို့ တင်ပို့ပြီး စစ်ဆေးရာ သားအိမ်ပုပ်ပြီး ပြည်လိုက်နေကြောင်းသိရ၍ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း သိရပါတယ်။

အဆိုပါဖြစ်စဉ်အား မိခင်ဖြစ်သူက နယ်ဝေးထွက်ပြီး အရောင်းအဝယ်လုပ်နေတဲ့  ဇော်လင်းအား ဖုန်းဖြင့်ဆက်သွယ်ပြီးပြောကြားရာ နောက်ပိုင်း ဇော်လင်းမှ ဖုန်းစက်ပိတ်ပြီးရှောင်ပြေးသွားကြောင်း သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ဇော်လင်း အား ဖမ်းဆီးရမိရေး မြိတ်မြို့မရဲစခန်းမှူးက အခြားမြို့မှ ရဲတပ်ဖွဲ့များနဲ့ချိတ်ဆက်ပြီး ရှာဖွေစုံစမ်းရာ ကော့သောင်းမြို့နယ်ဘက်သို့ ရောက်ရှိနေကြောင်းသတင်းအရ ကော့သောင်းနယ်ထိန်းခေါင်းဆောင်အဖွဲ့က ရှာဖွေဖမ်းဆီးလိုက်ကြောင်းသိရပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အမှုမှ ထွက်ပြေးတိမ်းရှောင်သူ ဇော်လင်း(ခ) ခိုင်ဒူဆော် (၃၈)နှစ်၊အား ကော့သောင်း မြို့မရဲစခန်းမှ မြိတ်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရပါတယ်။

မြတ်ထွဋ် (မြိတ်) - Myat Htut - Myeik
---------------------------------------------
(Zawgyi)⤵⤵⤵
သမီးရင္းအား အဓမၼျပဳက်င့္ၿပီး ၿမိတ္ၿမိဳ႕မွ ထြက္ေျပးတိမ္းေရွာင္ေနသူ ေကာ့ေသာင္းၿမိဳ႕နယ္တြင္ ဖမ္းမိ

သမီးရင္းအား အဓမၼျပဳက်င့္ၿပီး ၿမိတ္ၿမိဳ႕မွ ထြက္ေျပးတိမ္းေရွာင္ေနသူအား ေကာ့ေသာင္းၿမိဳ႕နယ္တြင္ ဇြန္လ ၁၁ ရက္ေန႔၊ ေန႔လယ္ ၁ နာရီခန႔္က ဖမ္းဆီးမိေၾကာင္း သိရပါတယ္။

ၿမိတ္ၿမိဳ႕၊ ပါရမီ ၂ ရပ္ ၊ မုဒိတာလမ္းတြင္ ေနထိုင္တဲ့ ေဇာ္ခင္း(ခ)ခိုင္ဒူေဆာ္ မွ လြန္ခဲ့တဲ့ ၃ လ ခန႔္က သမီးရင္းအား အဓမၼျပဳက်င့္ခဲ့ၿပီးေနာက္ မ-----မွာ ရာသီေသြးမေပၚပဲရွိရာ ဇြန္လ ၄ ရက္ေန႔က ေခါင္းမူးသည္ဟုဆိုကာ လွဲက်သတိလစ္သြားတာေၾကာင့္ ကန္ေခါင္းရပ္ရွိ မိခင္ႏွင့္ကေလးေဆး႐ုံႀကီးသို႔ တင္ပို႔ၿပီး စစ္ေဆးရာ သားအိမ္ပုပ္ၿပီး ျပည္လိုက္ေနေၾကာင္းသိရ၍ ခြဲစိတ္ကုသမႈ ခံယူခဲ့ရေၾကာင္း သိရပါတယ္။

အဆိုပါျဖစ္စဥ္အား မိခင္ျဖစ္သူက နယ္ေဝးထြက္ၿပီး အေရာင္းအဝယ္လုပ္ေနတဲ့  ေဇာ္လင္းအား ဖုန္းျဖင့္ဆက္သြယ္ၿပီးေျပာၾကားရာ ေနာက္ပိုင္း ေဇာ္လင္းမွ ဖုန္းစက္ပိတ္ၿပီးေရွာင္ေျပးသြားေၾကာင္း သိရပါတယ္။

ထြက္ေျပးတိမ္းေရွာင္ေနတဲ့ ေဇာ္လင္း အား ဖမ္းဆီးရမိေရး ၿမိတ္ၿမိဳ႕မရဲစခန္းမႉးက အျခားၿမိဳ႕မွ ရဲတပ္ဖြဲ႕မ်ားနဲ႔ခ်ိတ္ဆက္ၿပီး ရွာေဖြစုံစမ္းရာ ေကာ့ေသာင္းၿမိဳ႕နယ္ဘက္သို႔ ေရာက္ရွိေနေၾကာင္းသတင္းအရ ေကာ့ေသာင္းနယ္ထိန္းေခါင္းေဆာင္အဖြဲ႕က ရွာေဖြဖမ္းဆီးလိုက္ေၾကာင္းသိရပါတယ္။

ရာဇသတ္ႀကီး ပုဒ္မ ၃၇၆ အမႈမွ ထြက္ေျပးတိမ္းေရွာင္သူ ေဇာ္လင္း(ခ) ခိုင္ဒူေဆာ္ (၃၈)ႏွစ္၊အား ေကာ့ေသာင္း ၿမိဳ႕မရဲစခန္းမွ ၿမိတ္ၿမိဳ႕မရဲစခန္းသို႔ လႊဲေျပာင္းေပးႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း သိရပါတယ္။

ျမတ္ထြဋ္ (ၿမိတ္) - Myat Htut - Myeik
သမီးရင်းအား အဓမ္မပြုကျင့်ပြီး မြိတ်မြို့မှ ထွက်ပြေးတိမ်းရှောင်နေသူ ကော့သောင်းမြို့နယ်တွင် ဖမ်းမိ သမီးရင်းအား အဓမ္မပြုကျင့်ပြီး မြိတ်မြို့မှ ထွက်ပြေးတိမ်းရှောင်နေသူ ကော့သောင်းမြို့နယ်တွင် ဖမ်းမိ Reviewed by THITHTOOLWIN on 22:14 Rating: 5
Powered by Blogger.