မြဝတီမြို့လည် ဗုံးပေါက်ကွဲမှု လက်သည် ဖမ်းမမိသေး

မြဝတီမှာ ပေါက်ကွဲမှုဖြစ်ပြီး နောက်တရက် ဇွန်လ ၁၀ ရက်နေ့မှာ လုံခြုံရေးတင်းကြပ်စွာချထားတဲ့ မြင်ကွင်း။ 
(Unicode)⤵⤵⤵
ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးအနီးမှာ ဇွန်လ ၉ ရက်နေ့က ဗုံးပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်အတွက် လက်သည်ကို စုံစမ်း ရှာဖွေနေဆဲဖြစ်ပြီး ခုချိန်ထိတော့ မမိသေးပါဘူး။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ ရဲတဘက်ခြမ်း ကရင်ပြည်နယ် မြဝတီမြို့မှာ ဇွန်လ ၉ ရက်နေ့ညက ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် ရပ်ထားတဲ့ ယာဉ်တချို့နဲ့ လမ်းပေါ်မှာသွားနေတဲ့ Surf ကား တစီး ပေါက်ကွဲစတချို့ ထိမှန်ခဲ့ကြောင်း ကရင်ပြည်နယ် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကပြောပြပါတယ်။

"မနေ့ညက ၈ နာရီ ၅၀ လောက်ပေါ့ မိုးကလည်း ရွာနေတယ်။ အဲဒီအချိန်မှာ ယာဉ်ထိန်းရဲရှေ့မှာက အရေးယူဖမ်းထားတဲ့ သုံးဘီးဆိုင်ကယ်တစီးနဲ့ ပစ်ကပ်ကား တစီးလည်း ရှိနေတယ်။ အဲဒီကနေ ပေါက်ကွဲမှု ဖြစ်တာ ပုံမှန်ရပ်ထားတဲ့သုံးဘီးကားနဲ့ ဆိုင်ကယ်တစီးရှိနေကြတယ်။ သုံးဘီးဆိုင်ကယ်အောက်ကနေ ဆိုင်ကယ်သမားစီးတဲ့အောက်ကနေ တည့်တည့်အောက်ကနေပေါက်ကွဲမှု ဖြစ်တာ ဒီအောက်တည့်တည့်မှာ လက်နက်မိုင်းတခုကွဲတာလမ်းတဘက်ခြမ်းမှာ မောင်းလာတဲ့ Surf ကားတစီးကိုလည်း ဗုံးစတွေ သွားမှန်တော့ ကားပေါ်မှာ ဆရာတော်တပါး ပါလာတယ်။ အဲဒီတော့ ဝဲဘက်ခြေထောက်ကို ဗုံးအစတော့သွားမှန်တာရှိတယ်။"

မြဝတီမြို့မှာ ဇွန်လ ၉ ရက်နေ့ ညက ပေါက်ကွဲမှု ဖြစ်တဲ့နေရာဟာ မြို့လည်ခေါင် အချက်အချာကျတဲ့ နေရာမှာဖြစ်ပြီး အဲဒီတဝိုက်မှာ အစိုးရဌာနဆိုင်ရာ ရုံးတွေရှိနေတဲ့နေရာပါ။ မကြာသေးခင်ရက်ကပဲ ကော့ကရိပ်မြို့မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း လူတွေထိခိုက်ဒဏ်ရာတွေ ရခဲ့ကြောင်းကိုလည်း ဆက်ပြောပြပါတယ်။

"TBC ထိုင်း - မြန်မာနယ်ခြား ကော်မတီရုံး ရှိတယ်။ အဝမှာ မိန်းလမ်းပေါ်မှာ ရုံးတွေ ရှိတယ်။ လမ်းသွယ်ရဲ့ ဘယ်ညာမှာ လဝကရုံးနဲ့ အကောက်ခွန်ရုံး(ကာစတန်)ရှိတယ်။ ပေါက်ကွဲမှု ဖြစ်တဲ့ဘက်မှာ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ ယာဉ်ထိန်းရဲ ရုံးရှိတယ်။ လမ်းဆုံ ကာစတန်နဲ့ လဝကကြား ဒီဘက်ဆိုရင် ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ ယာဉ်ထိန်းရဲရုံးကြားပေါ့ ဖြစ်တာပေါ့။ ပြီးခဲ့တဲ့ ၃ ရက်မှာလည်း ကော့ကရိပ်မှာလည်း ဖြစ်တယ်။ အဲဒီမှာလည်း တယ်လီဖုန်းဆိုင်ရှေ့ ဆိုပေမဲ့လည်း အဲဒီရှေ့မှာလည်း ရဲစခန်းပဲ။ အဲဒီမှာလည်း လူ သုံး ယောက်လောက်ထိတယ်။ မစိုးရိမ်ရပါဘူး။ ဒါပေမဲ့ သူတို့ဆီမှာတော့ လူတွေ ထိခိုက်မူဖြစ်တာပေါ့။"

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့တော့ ဘယ်သူဘယ်ဝါတွေရဲ့ လက်ချက်ဆိုတာ မသိရသေးသလိုဒီလိုပေါက်ကွဲမှု ဖြစ်အောင်လုပ်ခဲ့သူကိုလည်း ဖမ်းမမိသေးဘူးလို့ ဆိုပါတယ်။ ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့မှာတော့ မြန်မာ့တပ်မတော်နယ်ခြား စောင့်တပ်တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ရှိနေတာပါ မြဝတီမြို့ဟာ မကြာခဏ ပေါက်ကွဲမူတွေ ဖြစ်တတ်ပြီး သေနတ်နဲ့ ပစ်ခတ်မှုတွေလည်း ရှိနေတဲ့ နယ်စပ်မြို့ ဖြစ်ပါတယ်။ လက်ရှိအားဖြင့်တော့ မြဝတီမြို့မှာ လုံခြုံရေး အထူးတင်းကြပ်ထားပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
------------------------------------------------
(Zawgyi)⤵⤵⤵
ျမဝတီၿမိဳ႕လည္ ဗုံးေပါက္ကြဲမႈ လက္သည္ ဖမ္းမမိေသး

ထိုင္း - ျမန္မာနယ္စပ္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးနဲ႔ ယာဥ္ထိန္းရဲတပ္ဖြဲ႕႐ုံးအနီးမွာ ဇြန္လ ၉ ရက္ေန႔က ဗုံးေပါက္ကြဲခဲ့တဲ့ ျဖစ္ရပ္အတြက္ လက္သည္ကို စုံစမ္း ရွာေဖြေနဆဲျဖစ္ၿပီး ခုခ်ိန္ထိေတာ့ မမိေသးပါဘူး။ ဒီအေၾကာင္း ဗြီအိုေအ ထိုင္းအေျခစိုက္ သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ထိုင္း - ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕ ရဲတဘက္ျခမ္း ကရင္ျပည္နယ္ ျမဝတီၿမိဳ႕မွာ ဇြန္လ ၉ ရက္ေန႔ညက ေပါက္ကြဲမႈ ျဖစ္ပြားခဲ့တာေၾကာင့္ ရပ္ထားတဲ့ ယာဥ္တခ်ိဳ႕နဲ႔ လမ္းေပၚမွာသြားေနတဲ့ Surf ကား တစီး ေပါက္ကြဲစတခ်ိဳ႕ ထိမွန္ခဲ့ေၾကာင္း ကရင္ျပည္နယ္ ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေတဇာေအာင္ကေျပာျပပါတယ္။

"မေန႔ညက ၈ နာရီ ၅၀ ေလာက္ေပါ့ မိုးကလည္း ႐ြာေနတယ္။ အဲဒီအခ်ိန္မွာ ယာဥ္ထိန္းရဲေရွ႕မွာက အေရးယူဖမ္းထားတဲ့ သုံးဘီးဆိုင္ကယ္တစီးနဲ႔ ပစ္ကပ္ကား တစီးလည္း ရွိေနတယ္။ အဲဒီကေန ေပါက္ကြဲမႈ ျဖစ္တာ ပုံမွန္ရပ္ထားတဲ့သုံးဘီးကားနဲ႔ ဆိုင္ကယ္တစီးရွိေနၾကတယ္။ သုံးဘီးဆိုင္ကယ္ေအာက္ကေန ဆိုင္ကယ္သမားစီးတဲ့ေအာက္ကေန တည့္တည့္ေအာက္ကေနေပါက္ကြဲမႈ ျဖစ္တာ ဒီေအာက္တည့္တည့္မွာ လက္နက္မိုင္းတခုကြဲတာလမ္းတဘက္ျခမ္းမွာ ေမာင္းလာတဲ့ Surf ကားတစီးကိုလည္း ဗုံးစေတြ သြားမွန္ေတာ့ ကားေပၚမွာ ဆရာေတာ္တပါး ပါလာတယ္။ အဲဒီေတာ့ ဝဲဘက္ေျခေထာက္ကို ဗုံးအစေတာ့သြားမွန္တာရွိတယ္။"

ျမဝတီၿမိဳ႕မွာ ဇြန္လ ၉ ရက္ေန႔ ညက ေပါက္ကြဲမႈ ျဖစ္တဲ့ေနရာဟာ ၿမိဳ႕လည္ေခါင္ အခ်က္အခ်ာက်တဲ့ ေနရာမွာျဖစ္ၿပီး အဲဒီတဝိုက္မွာ အစိုးရဌာနဆိုင္ရာ ႐ုံးေတြရွိေနတဲ့ေနရာပါ။ မၾကာေသးခင္ရက္ကပဲ ေကာ့ကရိပ္ၿမိဳ႕မွာ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း လူေတြထိခိုက္ဒဏ္ရာေတြ ရခဲ့ေၾကာင္းကိုလည္း ဆက္ေျပာျပပါတယ္။

"TBC ထိုင္း - ျမန္မာနယ္ျခား ေကာ္မတီ႐ုံး ရွိတယ္။ အဝမွာ မိန္းလမ္းေပၚမွာ ႐ုံးေတြ ရွိတယ္။ လမ္းသြယ္ရဲ႕ ဘယ္ညာမွာ လဝက႐ုံးနဲ႔ အေကာက္ခြန္႐ုံး(ကာစတန္)ရွိတယ္။ ေပါက္ကြဲမႈ ျဖစ္တဲ့ဘက္မွာ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးနဲ႔ ယာဥ္ထိန္းရဲ ႐ုံးရွိတယ္။ လမ္းဆုံ ကာစတန္နဲ႔ လဝကၾကား ဒီဘက္ဆိုရင္ ခ႐ိုင္ရဲတပ္ဖြဲ႕႐ုံးနဲ႔ ယာဥ္ထိန္းရဲ႐ုံးၾကားေပါ့ ျဖစ္တာေပါ့။ ၿပီးခဲ့တဲ့ ၃ ရက္မွာလည္း ေကာ့ကရိပ္မွာလည္း ျဖစ္တယ္။ အဲဒီမွာလည္း တယ္လီဖုန္းဆိုင္ေရွ႕ ဆိုေပမဲ့လည္း အဲဒီေရွ႕မွာလည္း ရဲစခန္းပဲ။ အဲဒီမွာလည္း လူ သုံး ေယာက္ေလာက္ထိတယ္။ မစိုးရိမ္ရပါဘူး။ ဒါေပမဲ့ သူတို႔ဆီမွာေတာ့ လူေတြ ထိခိုက္မူျဖစ္တာေပါ့။"

ဒီျဖစ္ရပ္နဲ႔ ပတ္သက္လို႔ေတာ့ ဘယ္သူဘယ္ဝါေတြရဲ႕ လက္ခ်က္ဆိုတာ မသိရေသးသလိုဒီလိုေပါက္ကြဲမႈ ျဖစ္ေအာင္လုပ္ခဲ့သူကိုလည္း ဖမ္းမမိေသးဘူးလို႔ ဆိုပါတယ္။ ထိုင္းျမန္မာနယ္စပ္ၿမိဳ႕ ျဖစ္တဲ့ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕မွာေတာ့ ျမန္မာ့တပ္မေတာ္နယ္ျခား ေစာင့္တပ္ေတြအျပင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြလည္း ရွိေနတာပါ ျမဝတီၿမိဳ႕ဟာ မၾကာခဏ ေပါက္ကြဲမူေတြ ျဖစ္တတ္ၿပီး ေသနတ္နဲ႔ ပစ္ခတ္မႈေတြလည္း ရွိေနတဲ့ နယ္စပ္ၿမိဳ႕ ျဖစ္ပါတယ္။ လက္ရွိအားျဖင့္ေတာ့ ျမဝတီၿမိဳ႕မွာ လုံၿခဳံေရး အထူးတင္းၾကပ္ထားပါတယ္။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/thai-myanmar-border-myawaddy-explosion/5456845.html
မြဝတီမြို့လည် ဗုံးပေါက်ကွဲမှု လက်သည် ဖမ်းမမိသေး မြဝတီမြို့လည် ဗုံးပေါက်ကွဲမှု လက်သည် ဖမ်းမမိသေး Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.