၂၀၂၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင် လုပ်ငန်းစနေပြီ

ရန်ကုန်မြို့ရှိ မဲရုံတခုမှာ ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတွေ ဆန္ဒမဲများ ရေတွက်နေကြတဲ့ မြင်ကွင်း။ (ဧပြီ ၀၁၊ ၂၀၁၇)
(Unicode)⤵⤵⤵
၂၀၂၀ ပြည့်ရွေးကောက်ပွဲ ဘယ်နေ့ကျင်းပမယ်ဆိုတာ ရွေးကောက်ပွဲကော်မရှင်က အတိအကျ မကြေညာသေးပေမဲ့ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအသီးသီးမှာတော့ လုပ်ငန်းတွေ စလုပ်နေကြပါပြီ။ ဒီထဲကမှ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ် အပါအဝင် နယ်မြေအခြေအနေ မတည်ငြိမ်တဲ့ ဒေသတချို့မှာ ပြင်ဆင်နေတာတွေနဲ့ ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက စုစည်းတင်ပြထားပါတယ်။

ဖွဲ့စည်းပုံပါ ပြဌာန်းချက်အရ တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းမှာ ကျင်းပရမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောထားပါတယ်။ ရွေးကောက်ပွဲ လုပ်မယ့် ရက်အတိအကျကိုတော့ COVID-19 ရောဂါ ထိန်းချုပ်နိုင်မှု အခြေအနေပေါ် မူတည်ပြီး သတ်မှတ်သွားမယ်လို့ ပြောဆိုထားပါတယ်။

ပဋိပက္ခတွေ ကြီးထွားနေတဲ့ ရခိုင်ဒေသမှာတော့ ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ်မြေသတ်မှတ်တာမှာ အပြောင်းအလဲတွေ ရှိလာနိုင်ပေမယ့် ခုချိန်ထိ ပြင်ဆင်မှုပိုင်းကို အသေးစိတ်အချောသတ်နိုင်ဖို့ကလည်း အခက်အခဲတွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မတီ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ဗွီအိုအေကိုခုလိုပြောပါတယ်။

"အပြောင်းအလဲရှိတယ်၊ မရှိဘူးဆိုတာက အကုန်လုံး မဲဆန္ဒနယ်မြေ၊ မဲရုံတွေမှာ မဲလာပေးဖို့ အခြေအနေ၊ အခွင့်အလမ်းတွေ ရ၊ မရဆိုတာ အကုန်မူတည်တာကိုး။ ကာကွယ်ရေးတို့ ပြည်ထဲရေးတို့ ပြောမယ့်ဟာကို စောင့်ရမှာပေါ့လေ။ အဆင်ပြေတဲ့ နေရာမှာ လုပ်သွားဖို့က အားလုံး အဆင်သင့်ပဲ ပြင်ဆင်ထားတာ အားလုံးပြင်ထားတာရှိတယ်။ တချို့လူဦးရေ လျော့နည်းတဲ့နေရာကနေ မဲဆန္ဒမြေ လျှော့လိုက်ရတာတွေရှိတယ်၊ ထပ်တိုးလာတာတွေလည်း ရှိတယ်။ အပြောင်းအလဲကနည်းနည်းတော့ ရှိတယ်။"

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြုစုပြီးစီးတဲ့ အခြေခံမဲစာရင်းအရ ဆိုရင် မဲပေးနိုင်သူဦးရေက ၃၇သန်း ကျော် ရှိမယ်လို့ ကော်မရှင်ကဆိုပါတယ်။ ဒီစာရင်းမှာရွှေ့ပြောင်းတာဝန်ထမ်းဆောင် နေတဲ့ တပ်မတော်သားတွေနဲ့ တပ်မိသားစုဝင်များနဲ့ အဝေးရောက်မဲဆန္ဒရှင်စာရင်း မပါဝင်သေးပါဘူး။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့မှုရှိနေတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာတော့ မဲပေးနိုင်တဲ့ စာရင်းတွေ ကောက်ယူထားပြီးပေမဲ့ ရွှေ့ပြောင်းလာတဲ့ သူတွေရှိလာတာမို့ ဒီအပေါ်မှာ အသေးစိတ် ထပ်မံဆောင်ရွက်နေတယ်လို့ ရှမ်းပြည်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင် အထွေထွေ အတွင်းတွင်းရေးမှူး ဦးနှင်းသက်ဦးကပြောပါတယ်။

"ကျေးရွာအုပ်စုတခု၊ နှစ်ခုရွှေ့တာကလွဲလို့ နေပြည်တော်တင်ပြပြီးလို့ နီးရင်ထွက်လာပါလိမ့်မယ်။ မဲဆန္ဒရှင် စာရင်းကတော့ အရင်ကထက်တိုးတယ်။ မူဆယ်တို့ဘာတို့ဆိုလဲ လူတွေများလာတယ်။ ပြီးတော့လောက်ကိုင်ဘက်ရောပေါ့။"

ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက ကျင်းပတဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲ ကျင်းပရက်ကို ရွေးကောက်ပွဲ မလုပ်ခင် ၄ လ ကြိုတင် ကြေညာခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ၃ လနီးပါး ကြိုတင်ကြေညာခဲ့ပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကာလမှာမဲစာရင်း စစ်ဆေးမှုတွေ စစ်ဆေးဖို့ လွယ်ကူစေဖို့ မိသားစုလိုက် ထုတ်ပြန်တဲ့ စာရင်း ပုံစံနဲ့ ထုတ်ပြန်သွားဖို့ စီစဉ်ထားတယ်လို့ ကော်မရှင်ကပြောဆိုထားပါတယ်။ ဒါက မဲစာရင်း မှားယွင်းစေတာ နည်းစေတယ်လို့ ကော်မရှင်ဘက်က ဆိုပါတယ်။ ကြိုတင်မဲပေးလိုသူများ၊ အဝေးရောက် မဲဆန္ဒရှင် စာရင်းတွေနဲ့ပတ်သတ်လို့တော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က တိတိကျကျ ပြောဆိုတာ မရှိသေးပါဘူး။

စစ်ဘေးရှောင်စခန်းတွေကနေ ကျေးရွာတွေဆီ နေရာပြန်ချဖို့ စီစဉ်နေတဲ့ ကချင်ပြည်နယ်တွင်းမှာ မဲပေးသူဦးရေ တိုးပွားလာတယ်လို့ ပြည်နယ် ကော်မရှင် အတွင်းရေးမှူးကဆိုပါတယ်။ အခြေအနေအရ မဲဆနနယ် အချို့ကို ပြင်ဆင်ဖို့ရှိတယ်လို့ ပြည်နယ် ကော်မရှင် အတွင်းရေးမှူးက ဗွီအိုအေကို ပြောပါတယ်။

"လက်ရှိ အခြေအနေအရ တိုးတက်တဲ့ အလားအလာရှိတယ်။ ၂၀၁၅ ခုနှစ်ကထက် တချို့က နယ်မြေအေးတော့ ပြန်လာနေတာတွေ ကောက်ထားတာရှိတယ်။ တချို့နေရာတွေ တိုးလာတာပေါ့ ၁၅၀,၀၀၀ ကျော်တာပေါ့။ ပြည်နယ်လွှတ်တော်နဲ့ တချို့မြို့လောက်ပဲ အနည်းငယ်အပြောင်းအလဲရှိတယ်။ အများစုကတော့ပြောင်းလဲတာမရှိပါဘူး။

လာမယ့်ရွေးကောက်ပွဲမှာ မဲလက်မှတ်များကို အဖြူရောင် အနေနဲ့ သတ်မှတ်သုံးသွားဖို့ ကော်မရှင်က လျာထားတယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ကိုကော်မရှင်က အတည်မပြုသေးပေမဲ့ ရွေးကောက်ပွဲ ကျင်းပစရိတ်ကိုတော့ ကျပ်ဘီလီယံ ၅၀ လောက် သုံးဖို့ လျာထားတယ်လို့ ကော်မရှင်ကပြောဆိုထားပါတယ်။

 မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------
(Zawgyi)⤵⤵⤵
၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ လုပ္ငန္းစေနၿပီ

၂၀၂၀ ျပည့္ေ႐ြးေကာက္ပြဲ ဘယ္ေန႔က်င္းပမယ္ဆိုတာ ေ႐ြးေကာက္ပြဲေကာ္မရွင္က အတိအက် မေၾကညာေသးေပမဲ့ သက္ဆိုင္ရာ ေကာ္မရွင္အဖြဲ႕ခြဲအသီးသီးမွာေတာ့ လုပ္ငန္းေတြ စလုပ္ေနၾကပါၿပီ။ ဒီထဲကမွ လက္နက္ကိုင္ပဋိပကၡျဖစ္ေနတဲ့ ရခိုင္ျပည္နယ္ အပါအဝင္ နယ္ေျမအေျခအေန မတည္ၿငိမ္တဲ့ ေဒသတခ်ိဳ႕မွာ ျပင္ဆင္ေနတာေတြနဲ႔ ပတ္သက္ၿပီး ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက စုစည္းတင္ျပထားပါတယ္။

ဖြဲ႕စည္းပုံပါ ျပဌာန္းခ်က္အရ တတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းအတြက္ ပါတီစုံ အေထြေထြ ေ႐ြးေကာက္ပြဲကို ၂၀၂၀ ျပည့္ႏွစ္ ေႏွာင္းပိုင္းမွာ က်င္းပရမွာ ျဖစ္တယ္လို႔ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒က ေျပာထားပါတယ္။ ေ႐ြးေကာက္ပြဲ လုပ္မယ့္ ရက္အတိအက်ကိုေတာ့ COVID-19 ေရာဂါ ထိန္းခ်ဳပ္ႏိုင္မႈ အေျခအေနေပၚ မူတည္ၿပီး သတ္မွတ္သြားမယ္လို႔ ေျပာဆိုထားပါတယ္။

ပဋိပကၡေတြ ႀကီးထြားေနတဲ့ ရခိုင္ေဒသမွာေတာ့ ေ႐ြးေကာက္ပြဲ အတြက္ မဲဆႏၵနယ္ေျမသတ္မွတ္တာမွာ အေျပာင္းအလဲေတြ ရွိလာႏိုင္ေပမယ့္ ခုခ်ိန္ထိ ျပင္ဆင္မႈပိုင္းကို အေသးစိတ္အေခ်ာသတ္ႏိုင္ဖို႔ကလည္း အခက္အခဲေတြ ရွိေနတယ္လို႔ ရခိုင္ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မတီ ဥကၠ႒ ေဒၚတင္လႈိင္က ဗြီအိုေအကိုခုလိုေျပာပါတယ္။

"အေျပာင္းအလဲရွိတယ္၊ မရွိဘူးဆိုတာက အကုန္လုံး မဲဆႏၵနယ္ေျမ၊ မဲ႐ုံေတြမွာ မဲလာေပးဖို႔ အေျခအေန၊ အခြင့္အလမ္းေတြ ရ၊ မရဆိုတာ အကုန္မူတည္တာကိုး။ ကာကြယ္ေရးတို႔ ျပည္ထဲေရးတို႔ ေျပာမယ့္ဟာကို ေစာင့္ရမွာေပါ့ေလ။ အဆင္ေျပတဲ့ ေနရာမွာ လုပ္သြားဖို႔က အားလုံး အဆင္သင့္ပဲ ျပင္ဆင္ထားတာ အားလုံးျပင္ထားတာရွိတယ္။ တခ်ိဳ႕လူဦးေရ ေလ်ာ့နည္းတဲ့ေနရာကေန မဲဆႏၵေျမ ေလွ်ာ့လိုက္ရတာေတြရွိတယ္၊ ထပ္တိုးလာတာေတြလည္း ရွိတယ္။ အေျပာင္းအလဲကနည္းနည္းေတာ့ ရွိတယ္။"

လာမည့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ျပဳစုၿပီးစီးတဲ့ အေျခခံမဲစာရင္းအရ ဆိုရင္ မဲေပးႏိုင္သူဦးေရက ၃၇သန္း ေက်ာ္ ရွိမယ္လို႔ ေကာ္မရွင္ကဆိုပါတယ္။ ဒီစာရင္းမွာေ႐ႊ႕ေျပာင္းတာဝန္ထမ္းေဆာင္ ေနတဲ့ တပ္မေတာ္သားေတြနဲ႔ တပ္မိသားစုဝင္မ်ားနဲ႔ အေဝးေရာက္မဲဆႏၵရွင္စာရင္း မပါဝင္ေသးပါဘူး။

ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြနဲ႔ မၾကာခဏ ထိေတြ႕မႈရွိေနတဲ့ ရွမ္းျပည္ေျမာက္ပိုင္းမွာေတာ့ မဲေပးႏိုင္တဲ့ စာရင္းေတြ ေကာက္ယူထားၿပီးေပမဲ့ ေ႐ႊ႕ေျပာင္းလာတဲ့ သူေတြရွိလာတာမို႔ ဒီအေပၚမွာ အေသးစိတ္ ထပ္မံေဆာင္႐ြက္ေနတယ္လို႔ ရွမ္းျပည္ေျမာက္ပိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ အေထြေထြ အတြင္းတြင္းေရးမႉး ဦးႏွင္းသက္ဦးကေျပာပါတယ္။

"ေက်း႐ြာအုပ္စုတခု၊ ႏွစ္ခုေ႐ႊ႕တာကလြဲလို႔ ေနျပည္ေတာ္တင္ျပၿပီးလို႔ နီးရင္ထြက္လာပါလိမ့္မယ္။ မဲဆႏၵရွင္ စာရင္းကေတာ့ အရင္ကထက္တိုးတယ္။ မူဆယ္တို႔ဘာတို႔ဆိုလဲ လူေတြမ်ားလာတယ္။ ၿပီးေတာ့ေလာက္ကိုင္ဘက္ေရာေပါ့။"

ၿပီးခဲ့တဲ့ ၂၀၁၅ တုန္းက က်င္းပတဲ့ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲတုန္းက ေ႐ြးေကာက္ပြဲ က်င္းပရက္ကို ေ႐ြးေကာက္ပြဲ မလုပ္ခင္ ၄ လ ႀကိဳတင္ ေၾကညာခဲ့ၿပီး ၂၀၁၀ ေ႐ြးေကာက္ပြဲတုန္းကေတာ့ ၃ လနီးပါး ႀကိဳတင္ေၾကညာခဲ့ပါတယ္။

လာမယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ ကာလမွာမဲစာရင္း စစ္ေဆးမႈေတြ စစ္ေဆးဖို႔ လြယ္ကူေစဖို႔ မိသားစုလိုက္ ထုတ္ျပန္တဲ့ စာရင္း ပုံစံနဲ႔ ထုတ္ျပန္သြားဖို႔ စီစဥ္ထားတယ္လို႔ ေကာ္မရွင္ကေျပာဆိုထားပါတယ္။ ဒါက မဲစာရင္း မွားယြင္းေစတာ နည္းေစတယ္လို႔ ေကာ္မရွင္ဘက္က ဆိုပါတယ္။ ႀကိဳတင္မဲေပးလိုသူမ်ား၊ အေဝးေရာက္ မဲဆႏၵရွင္ စာရင္းေတြနဲ႔ပတ္သတ္လို႔ေတာ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္က တိတိက်က် ေျပာဆိုတာ မရွိေသးပါဘူး။

စစ္ေဘးေရွာင္စခန္းေတြကေန ေက်း႐ြာေတြဆီ ေနရာျပန္ခ်ဖို႔ စီစဥ္ေနတဲ့ ကခ်င္ျပည္နယ္တြင္းမွာ မဲေပးသူဦးေရ တိုးပြားလာတယ္လို႔ ျပည္နယ္ ေကာ္မရွင္ အတြင္းေရးမႉးကဆိုပါတယ္။ အေျခအေနအရ မဲဆနနယ္ အခ်ိဳ႕ကို ျပင္ဆင္ဖို႔ရွိတယ္လို႔ ျပည္နယ္ ေကာ္မရွင္ အတြင္းေရးမႉးက ဗြီအိုေအကို ေျပာပါတယ္။

"လက္ရွိ အေျခအေနအရ တိုးတက္တဲ့ အလားအလာရွိတယ္။ ၂၀၁၅ ခုႏွစ္ကထက္ တခ်ိဳ႕က နယ္ေျမေအးေတာ့ ျပန္လာေနတာေတြ ေကာက္ထားတာရွိတယ္။ တခ်ိဳ႕ေနရာေတြ တိုးလာတာေပါ့ ၁၅၀,၀၀၀ ေက်ာ္တာေပါ့။ ျပည္နယ္လႊတ္ေတာ္နဲ႔ တခ်ိဳ႕ၿမိဳ႕ေလာက္ပဲ အနည္းငယ္အေျပာင္းအလဲရွိတယ္။ အမ်ားစုကေတာ့ေျပာင္းလဲတာမရွိပါဘူး။

လာမယ့္ေ႐ြးေကာက္ပြဲမွာ မဲလက္မွတ္မ်ားကို အျဖဴေရာင္ အေနနဲ႔ သတ္မွတ္သုံးသြားဖို႔ ေကာ္မရွင္က လ်ာထားတယ္လို႔ ေျပာပါတယ္။ ေ႐ြးေကာက္ပြဲ က်င္းပမယ့္ ေန႔ကိုေကာ္မရွင္က အတည္မျပဳေသးေပမဲ့ ေ႐ြးေကာက္ပြဲ က်င္းပစရိတ္ကိုေတာ့ က်ပ္ဘီလီယံ ၅၀ ေလာက္ သုံးဖို႔ လ်ာထားတယ္လို႔ ေကာ္မရွင္ကေျပာဆိုထားပါတယ္။

 ေမခ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-2020-election/5456910.html
၂၀၂၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင် လုပ်ငန်းစနေပြီ ၂၀၂၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင် လုပ်ငန်းစနေပြီ Reviewed by THITHTOOLWIN on 19:23 Rating: 5
Powered by Blogger.