အိန္ဒိယပြန်တစ်ဦးနဲ့ ထိုင်းပြန်တစ်ဦးမှာ ပိုးထပ်တွေ့

အိန္ဒိယမှာအခက်ကြုံနေတဲ့မြန်မာနိုင်ငံသားတွေကို အစိုးရက ပြန်ခေါ်တာ တတိယအသုတ်ထိရှိနေပါပြီ။
(Unicode)⤵⤵⤵
ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံက ထပ်တိုးလူနာ အမှတ် ၂၄၁ နဲ့ ၂၄၂ လူနာ ၂ ဦးဟာ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ က ပြန်ရောက်လာသူတွေ ဖြစ်တယ်လို့ လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီ လူနာနှစ်ဦး အနက် အိန္ဒိယပြန်လာသူကတော့ ရန်ကုန်မှာ ကွာရန်တင်းထားရှိကာ အသွားအလာ စောင့်ကြည့်ခံနေရသူဖြစ်ပြီးတော့ ထိုင်းနိုင်ငံ ကပြန်ရောက်လာသူကတော့ မကွေးတိုင်းသရက်မြို့မှာ အသွားအလာ စောင့်ကြည့်ခံနေ ရသူတွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ ကလည်း အိန္ဒိယပြန် ၄ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး အခုဆိုရင် အိန္ဒိယပြန် တွေထဲက ကိုရိုနာ ရောဂါ ဗိုင်းရပ် စ် ပိုးတွေ့သူ ၃၃ ဦးထိ ရှိလာပြီဖြစ်ပြီးတော့ ပြည်တော်ပြန်တွေထဲမှာ အိန္ဒိယပြန် လာသူတွေထဲက ပိုးတွေ့သူအများဆုံးဖြစ်နေပါတယ်။

ဇွန်လ ၇ ရက်နေ့အထိ မြန်မာနိုင်ငံကို နေ ရပ်အသီးသီး ကနေ ပြန်လည်ဝင်ရောက်လာ သူစုစုပေါင် ၃၉၀၀ ကျော်ကို အထူးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန်လ ၄ရက်နေ့ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံက ထပ်တိုးလူနာ အမှတ် ၂၃၅ နဲ့၂၃၆ လူနာ ၂ ဦးဟာ သံဃာတော်တွေ ဖြစ်
နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေ ပျံသန်းမှုယာယီရပ်ဆိုင်း ထားတာကြောင့် ပြည်ပနိုင်ငံ တွေမှာ အခက်ကြုံနေတဲ့မြန်မာနိုင်ငံသား တွေကို ကယ်ဆယ်ရေးလေယာဉ် တွေ၊ အထူးလေယာဉ် တွေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်လျက်ရှိပါတယ်။

မေ ၃၀ ရက်မနက် ၇ နာရီက အိန္ဒိယပြန်တွေ ထဲက ကိုဗစ်-၁၉ အတည်ပြုလူနာသစ် နောက်ထပ် ၁၇ ဦးထပ်တွေ့ တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ် ။ဒါဟာ အိန္ဒိယပြန်တွေ ထဲက ကိုဗစ်-၁၉ အတည်ပြုလူနာသစ် အများဆုံးတွေ့ခဲ့တာလည်းဖြစ်ပါတယ်။

သူတို့နဲ့လေယာဉ်အတူစီးလာတဲ့ တပ်မတော်သား ၄ ဦးလည်းရောဂါ ကူးစက်ခံရတယ်လို့ ဇွန် လ ၁ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဇွန်လ ၄ ရက်နေ့က အိန္ဒိယပြန် သံဃာ ၂ ပါးနဲ့ ဇွန်လ ၆ရက်နေ့ ကလည်းရန်ကုန်မှာ ကွာရန်တင်းဝင်နေတဲ့ အိန္ဒိယပြန် ၄ ဦးမှာ ရောဂါပိုးတွေ့ရှိရ တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အိန္ဒိယမှာ ကျမ်းစာသင်ကျောင်းတက်တဲ့ သူတွေက နယ်စပ်ကနေ ပြန်ဝင်လာသူတွေရှိနေ
ဒီရက်ပိုင်း အိန္ဒိယ နယ်စပ်ကနေ မြန်မာနိုင်ငံထဲကိုပြန်ဝင်လာ ၃၃ ဦး ရှိပြီး ဖလမ်းမြို့မှာ ကွာရန်တင်းဝင်နေတယ် ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်ကပြောပါတယ်။

သူတို့ ဟာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ က နယ်စပ်ကနေ ဝင်လာကြပြီး ကျန်းမာရေးစစ်ဆေးမှုတွေလုပ်နေပြီးတော့ ကွာရန်တင်း စနစ်တကျ ဝင်ခိုင်းထားတယ်လို့လည်း သူကရှင်းပြပါတယ်။

ဇွန်လ ၇ ရက် ကိုရိုနာရောဂါပိုးတွေ့ရှိတဲ့ အိန္ဒိယပြန်ကိုတော ရန်ကုန် က တောင်ဥက္ကလာပ ဆေးရုံမှာ ကုသပေးမှာဖြစ်ပြီးတော့ ထိုင်းနိုင်ငံ ကပြန်လာတဲ့ သရက်မြို့မှာ နေထိုင်သူကတော့ မကွေးမြို့ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုပေးမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

အိန္ဒိယပြန်တွေကို နောက်ထပ်ကလေယာဉ်နဲ့ခေါ်မယ့် အစီစဉ် ကိုအတိအကျ ထုတ်ပြန်တာမရှိပေမဲ့ အိန္ဒိယ ထဲရောက်နေတဲ့ မြန်မာ ကျမ်းစာသင်ကျောင်းသား တစ်ရာကျော်လောက် နယ်စပ်ကနေ အခုရက်ပိုင်းပြန်ဝင်လာဖို့လည်းရှိနေတယ်လို့ ချင်းပြည်နယ် အစိုးရနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

လက်ရှိကမ္ဘာမှာ ဘရာဇီး နဲ့ အိန္ဒိယ တို့မှာ ဗိုင်းရပ်စ် ကူးစက်မှု ဆိုးရွားလျက် ရှိပြီးအိန္ဒိယမှာ သေဆုံးသူ လေးထောင်နီးပါး ရှိလာကာ ကူးစက်ခံထားရသူပေါင်း နှစ်သိန်းခွဲနီးပါး ရှိပါတယ်။

မြန်မာနိုင်ငံတော့ ဇွန် ၇ ရက် နေ့ည (၈) နာရီ အချိန်အထိ အစိုးရထုတ်ပြန်ချက်အရ လူနာသစ် (၂) ဦးတွေ့ရှိရပြီး စုစုပေါင်း အတည်ပြုလူနာ (၂၄၂) ဦးရှိလာပြီ ဖြစ်ပါတယ်။

BBC Burmese
--------------------------------------
(Zawgyi)⤵⤵⤵















BBC Burmese
https://www.bbc.com/burmese/burma-52957756
အိန္ဒိယပြန်တစ်ဦးနဲ့ ထိုင်းပြန်တစ်ဦးမှာ ပိုးထပ်တွေ့ အိန္ဒိယပြန်တစ်ဦးနဲ့ ထိုင်းပြန်တစ်ဦးမှာ ပိုးထပ်တွေ့ Reviewed by THITHTOOLWIN on 22:14 Rating: 5
Powered by Blogger.