အိမ်ဖြူတော်ရှေ့ ဆန္ဒပြသူတွေကို ရှင်းလင်းမှုအတွက် တာဝန်မရှိကြောင်း ရှေ့နေချုပ် ငြင်းဆို



Share/Bookmark
အိမ်ဖြူတော်အနီး ဆန္ဒပြနေသူများကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွင်းနေတဲ့ မြင်ကွင်း။ (မေ ၃၁၊ ၂၀၂၀)
(Unicode)⤵⤵⤵
အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့က ဆန္ဒပြတဲ့သူတွေကို ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက လူစုခွဲပြီး ရှင်းလင်းဖယ်ရှားဖို့အတွက် သူအမိန့်ပေးခဲ့တာ မဟုတ်ဘူးလို့ အမေရိကန်ရှေ့နေချုပ် William Barr က ပြောလိုက်ပါတယ်။

အိမ်ဖြူတော်ရှေ့ Lafeyette ရင်ပြင်က ဆန္ဒပြတဲ့သူတွေကို လူစုခွဲဖို့ကိစ္စကို သူ့အနေနဲ့ ထောက်ခံပေမယ့် ဒီအမိန့်ကို သူပေးခဲ့တာမဟုတ်ကြောင်း AP သတင်းဌာနနဲ့ သောကြာနေ့က တွေ့ဆုံမေးမြန်းခန်းမှာ အမေရိကန်ရှေ့နေချုပ်က ပြောလိုက်ပါတယ်။

အဲဒီပန်းခြံမှာ လာရောက်ဆန္ဒပြနေတဲ့သူတွေကို လူစုခွဲဖို့အတွက် ရှေ့နေချုပ်က အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်နဲ့ တခြားလူတွေက ထပ်တလဲလဲ ပြောဆိုခဲ့ပြီးတဲ့နောက် အမေရိကန်ရှေ့နေချုပ်က အသေးစိတ် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြတဲ့သူတွေကို လူစုခွဲပြီး သိပ်မကြာခင်မှာပဲ သမ္မတ Donald Trump၊ ရှေ့နေချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ အကြံပေးတချို့ဟာ ရင်ပြင်ကို ဖြတ်လျှောက်ပြီး ဆန္ဒပြပွဲတွေအတွင်းမှာ ထိခိုက်သွားတဲ့ အဲဒီနားက ခရစ်ယာန်ဘုရားကျောင်းကို သွားပြီး အဲဒီရှေ့မှာ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

ဒီလုပ်ရပ်အပေါ် သူ့ရဲ့ ရီပတ်ဘလစ်ကန်ပါတီထဲက လူတချို့နဲ့ Trump အစိုးရလက်ထက် ပထမဆုံး ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ Jim Mattis အပါအဝင် အမေရိကန် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်ဟောင်းတချို့က အကြီးအကျယ် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------
(Zawgyi)⤵⤵⤵
အိမ္ျဖဴေတာ္ေရွ႕ ဆႏၵျပသူေတြကို ရွင္းလင္းမႈအတြက္ တာဝန္မရွိေၾကာင္း ေရွ႕ေနခ်ဳပ္ ျငင္းဆို

အေမရိကန္သမၼတ အိမ္ျဖဴေတာ္ေရွ႕က ဆႏၵျပတဲ့သူေတြကို ၿပီးခဲ့တဲ့ တနလၤာေန႔တုန္းက လူစုခြဲၿပီး ရွင္းလင္းဖယ္ရွားဖို႔အတြက္ သူအမိန႔္ေပးခဲ့တာ မဟုတ္ဘူးလို႔ အေမရိကန္ေရွ႕ေနခ်ဳပ္ William Barr က ေျပာလိုက္ပါတယ္။

အိမ္ျဖဴေတာ္ေရွ႕ Lafeyette ရင္ျပင္က ဆႏၵျပတဲ့သူေတြကို လူစုခြဲဖို႔ကိစၥကို သူ႔အေနနဲ႔ ေထာက္ခံေပမယ့္ ဒီအမိန႔္ကို သူေပးခဲ့တာမဟုတ္ေၾကာင္း AP သတင္းဌာနနဲ႔ ေသာၾကာေန႔က ေတြ႕ဆုံေမးျမန္းခန္းမွာ အေမရိကန္ေရွ႕ေနခ်ဳပ္က ေျပာလိုက္ပါတယ္။

အဲဒီပန္းၿခံမွာ လာေရာက္ဆႏၵျပေနတဲ့သူေတြကို လူစုခြဲဖို႔အတြက္ ေရွ႕ေနခ်ဳပ္က အမိန႔္ေပးခဲ့တာ ျဖစ္တယ္လို႔ သမၼတအိမ္ျဖဴေတာ္နဲ႔ တျခားလူေတြက ထပ္တလဲလဲ ေျပာဆိုခဲ့ၿပီးတဲ့ေနာက္ အေမရိကန္ေရွ႕ေနခ်ဳပ္က အေသးစိတ္ ရွင္းျပခဲ့တာ ျဖစ္ပါတယ္။

လုံၿခဳံေရးတပ္ဖြဲ႕ေတြက ဆႏၵျပတဲ့သူေတြကို လူစုခြဲၿပီး သိပ္မၾကာခင္မွာပဲ သမၼတ Donald Trump၊ ေရွ႕ေနခ်ဳပ္နဲ႔ အစိုးရအဖြဲ႕ဝင္ေတြ၊ အႀကံေပးတခ်ိဳ႕ဟာ ရင္ျပင္ကို ျဖတ္ေလွ်ာက္ၿပီး ဆႏၵျပပြဲေတြအတြင္းမွာ ထိခိုက္သြားတဲ့ အဲဒီနားက ခရစ္ယာန္ဘုရားေက်ာင္းကို သြားၿပီး အဲဒီေရွ႕မွာ ဓာတ္ပုံ႐ိုက္ခဲ့ၾကပါတယ္။

ဒီလုပ္ရပ္အေပၚ သူ႔ရဲ႕ ရီပတ္ဘလစ္ကန္ပါတီထဲက လူတခ်ိဳ႕နဲ႔ Trump အစိုးရလက္ထက္ ပထမဆုံး ကာကြယ္ေရးဝန္ႀကီးျဖစ္တဲ့ Jim Mattis အပါအဝင္ အေမရိကန္ စစ္တပ္ထိပ္ပိုင္း ေခါင္းေဆာင္ေဟာင္းတခ်ိဳ႕က အႀကီးအက်ယ္ ေဝဖန္ျပစ္တင္ခဲ့ၾကပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/protests-near-white-house-us-attorney-general/5452838.html

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ