ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက် ရဲကင်း စခန်းတိုက်ခိုက်ခံရ

အငူမော်-မောင်တော အဝေးပြေးကားလမ်းမ တလျှောက်မှာ နယ်ခြားစောင့် ရဲကင်းစခန်းတွေ အများအပြား ချထားတာရှိ
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်ထဲမှာ ရှိတဲ့ ဒုံးပိုက်ကျေးရွာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း ၅ နာရီကျော်အချိန်ခန့်က တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒုံးပိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

နယ်ခြားစောင့်ရဲကင်းစခန်းဟာ ဇွန်လ ၁၃ ရက် (စနေနေ့) မနက်ပိုင်း ၅ နာရီ ၁၃ မိနစ်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခံရတာ ဖြစ်ပြီ မိနစ် ၄၀ ခန့်အကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ရဲတပ်ဖွဲ့ဘက်က အကျအဆုံးတွေ ရှိပြီး ဖမ်းဆီး ခံရမှု တချို့လည်း ရှိတယ်လို့ ဒေသခံတချို့က ပြောပေမယ့် ဒါကို ဘီဘီစီက သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ခိုက်ခံရမှု အကြောင်း ဘီဘီစီက တပ်မတော် ဘက်ကို မေးမြန်းရာမှာတော့ အေအေ လက်နက်ကိုင် တပ်ဖွဲ့က စခန်းကို လာရောက် တိုက်ခိုက်ခဲ့ကြောင်း အတည်ပြု ဖြေကြားပြီး အကျအဆုံး မရှိဘူးလို့ ဆိုပါတယ်။

တိုက်ပွဲက ၁၀ မိနစ်၊ ၁၅ မိနစ် လောက် ပဲ ကြာပြီး အေအေ အဖွဲ့က အရှေ့ဘက်ကို ဆုတ်ခွာ သွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းမှာ ပြန်လည် ဖြေကြားထားပါတယ်။

ဒုံးပိုက်ကျေးရွာဟာ ရသေ့တောင်မြို့နယ်ထဲက ကျေးရွာတစ်ရွာဖြစ်ပြီး အငူမော်-မောင်တော အဝေးပြေးကားလမ်းမ နံဘေးမှာ တည်ရှိကာ ရဲကင်းစခန်းဟာ ကျေးရွာနဲ့မနီးမဝေးမှာရှိနေတဲ့ စခန်းတစ်ခုဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မနက်ပိုင်းက အဲ့ဒီဒေသမှာ မိုးသည်းထန်စွာရွာသွန်းနေပြီး တိုက်ခိုက်ခံလိုက်ရတဲ့အချိန်ဟာ ရွာသားတွေအိပ်နေကြတဲ့ အချိန်ဖြစ်တာကြောင့် သေနတ်ပစ်ခတ်သံတွေကိုကြားမှ တိုက်ပွဲဖြစ်ပွားနေတာကို သိရပြီး ဘယ်အဖွဲ့အစည်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတာကို ပြောဖို့ခက်ခဲတယ်လို့ ဦးဇော်ဝင်းက ပြောပါတယ်။

အခုအချိန်ဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေကြပြီ ဖြစ်တဲ့အတွက် မနက်ပိုင်းစောစော ရဲကင်းစခန်းတိုက်ခိုက်ခံလိုက်ရတဲ့ အချိန်မှာ လယ်သမားတွေ လယ်ထဲဆင်းသူဆင်းနေကြပြီဖြစ်ပြီး သေနတ်ပစ်ခတ်သံတွေကြားရတဲ့အတွက် ထွက်ပြေးလာခဲ့ ကြရသူတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

"မနက်ပိုင်း ၅ နာရီ ၁၃ မိနစ်လောက်မှာ စဖြစ်တယ်၊ ၆ နာရီလောက်မှာတော့ ပြီးသွားတယ်ဗျ။ ကျွန်တော်တို့လည်း အိပ်နေကြတဲ့အချိန်ဆိုတော့ ပစ်ခတ်သံတွေကြားမှပဲ ဝင်တိုက်တယ်ဆိုတာ သိလိုက်ရတယ်။ နှစ်ဖက်အပြန်အလှန် ပစ်ကြတဲ့အသံတွေတော့ကြားလိုက်ပါတယ်။ အထိခိုက်ရှိမရှိတော့ မသိရသေးဘူး" လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ဘီဘီစီကို ပြောပါတယ်။
မောင်တော အငူမော် ကားလမ်းပိုင်း
ဒုံးပိုက်ကျေးရွာဟာ အိမ်ခြေ ၂၀၀ လောက်သာရှိပြီး ကျေးရွာအနီးမှာရှိတဲ့ ရဲကင်းစခန်း တိုက်ခိုက်ခံလိုက်ရတာကြောင့် လက်ရှိမှာ ကျေးရွာသားတချို့ကတော့ စိုးရိမ်ကြောက်လန့်ပြီး နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြတာတွေလည်းရှိနေ တယ်လို့ သိရပါတယ်။

ရဲကင်းစခန်း တိုက်ခိုက်ခံလိုက်ရတာနဲ့ ပတ်သက်လို့တော့ မနက်ပိုင်းအထိ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က ကျေးရွာသားတွေကို ခေါ်ယူစစ်ဆေးတာတွေလည်းမရှိသေးသလို အဲ့ဒီနယ်မြေအတွင်းမှာ လုံခြုံးရေးဆောင်ရွက်တာတွေကိုလည်း မတွေ့ရသေး ဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဇွန် ၁၃ မနက်ပိုင်း အခြေအနေကို ပြောပါတယ်။

ကျေးရွာသားတွေ ကြောက်ရွံ့ပြီးထွက်ပြေးနေကြပေမယ့် မောင်တာ-အငူမော်ကားလမ်းကိုတော့ ပိတ်ထားတာမရှိဘဲ ကားတွေအသွားအလာရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဖြစ်တာကတော့မနက်ပိုင်းဖြစ်တယ်၊ ဝင်သိမ်းတာမျိုးတော့မဟုတ်ဘူး ပစ်ခတ်ခဲ့တာပဲထင်တယ်။၊ ရွာသားတွေကတော့ ထွက်ပြေးသွားကြပြီ၊ လမ်းမှာတော့ ကားတွေအသွားအလာရှိနေတယ်၊ မောင်တောဘက်က ကားတွေလာနေတာကို တွေ့ရတယ်၊ လူနာတင်ကားတွေလည်းတွေ့ရပါတယ်" လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ မနက်ပိုင်း ၂ နာရီခန့် ကလည်း ရသေ့တောင်မြို့နယ် မြောက်ပိုင်း သဇင်မြိုင်ရဲ့ကင်းစခန်းကို အေအေဘက်ကနေ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ပြီး ရဲ တပ်ဖွဲဝင် ၆ ဦးနဲ့ မိသားစုဝင်တချို့ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပြီး မိသားစုဝင်တွေကိုတော့ ဖြစ်စဉ် ဖြစ်ပွားတဲ့ နေ့ညနေပိုင်းကတည်းက အေအေဘက်က ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပီ၊ ကျောက်တောင်စခန်းတွေ တိုက်ခိုက်ခံခဲ့ရဖူးပြီး မတ်လ ၉ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ယိုးတရုပ်စခန်း၊ ဧပြီ ၁၀ ရက်နေ့မှာ မြောက်ဦးမြို့မှာရှိတဲ့ ရဲတပ်ရင်းဌာနချုပ်၊ ဇူလိုင် ၁၆ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်အတွင်းက ညောင်ချောင်းနယ်မြေ ရဲကင်းစခန်းတို့ အခုလိုမျိုး ဝင်ရောက်တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။

ရဲကင်းစခန်းတွေဟာ တရားဥပဒေ စိုးမိုးရေး အတွက် အသုံးပြု နိုင်မယ့် လက်နက် နဲ့ အင်အားသာ ရှိပြီး စစ်ရေး လုပ်ဆောင်ခြင်း မရှိတာကို အေအေအဖွဲ့ အခွင့် ကောင်းယူပြီး အခုလို တိုက်ခိုက်နေတာလို့ တပ်မတော်ဘက်က စွပ်စွဲ ပြောဆိုထားပါတယ်။

ရက္ခိုင့်တပ်တော် အေအေ ဘက်ကတော့ ရဲကင်းစခန်းတွေမှာ တပ်မတော်ဘက်က စစ်ရေး လှုပ်ရှားမှုတွေ ရှိလို့ တိုက်ခိုက်တာလို့ အရင်အကြိမ် တိုက်ခိုက်မှုတွေတုန်းက ကြေညာထားပါတယ်။

BBC Burmese
---------------------------------------
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ထဲက ဒုံးပိုက္ ရဲကင္း စခန္းတိုက္ခိုက္ခံရ

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕နယ္ထဲမွာ ရွိတဲ့ ဒုံးပိုက္ေက်း႐ြာ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ ကင္းစခန္း ဇြန္လ ၁၃ ရက္ေန႔ မနက္ပိုင္း ၅ နာရီေက်ာ္အခ်ိန္ခန႔္က တိုက္ခိုက္ခံလိုက္ရတယ္လို႔ ဒုံးပိုက္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္ဝင္းက ဘီဘီစီကို အတည္ျပဳေျပာဆိုပါတယ္။

နယ္ျခားေစာင့္ရဲကင္းစခန္းဟာ ဇြန္လ ၁၃ ရက္ (စေနေန႔) မနက္ပိုင္း ၅ နာရီ ၁၃ မိနစ္ေလာက္မွာ ဝင္ေရာက္တိုက္ခိုက္ခံရတာ ျဖစ္ၿပီ မိနစ္ ၄၀ ခန႔္အၾကာ ႏွစ္ဖက္အျပန္အလွန္ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ၾကေၾကာင္း လုံၿခဳံေရးေၾကာင့္ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက ဆိုပါတယ္။

ရဲတပ္ဖြဲ႕ဘက္က အက်အဆုံးေတြ ရွိၿပီး ဖမ္းဆီး ခံရမႈ တခ်ိဳ႕လည္း ရွိတယ္လို႔ ေဒသခံတခ်ိဳ႕က ေျပာေပမယ့္ ဒါကို ဘီဘီစီက သီးျခား အတည္မျပဳႏိုင္ေသးပါဘူး။

ဒီတိုက္ခိုက္ခံရမႈ အေၾကာင္း ဘီဘီစီက တပ္မေတာ္ ဘက္ကို ေမးျမန္းရာမွာေတာ့ ေအေအ လက္နက္ကိုင္ တပ္ဖြဲ႕က စခန္းကို လာေရာက္ တိုက္ခိုက္ခဲ့ေၾကာင္း အတည္ျပဳ ေျဖၾကားၿပီး အက်အဆုံး မရွိဘူးလို႔ ဆိုပါတယ္။

တိုက္ပြဲက ၁၀ မိနစ္၊ ၁၅ မိနစ္ ေလာက္ ပဲ ၾကာၿပီး ေအေအ အဖြဲ႕က အေရွ႕ဘက္ကို ဆုတ္ခြာ သြားတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဇြန္လ ၁၃ ရက္ ေန႔လယ္ပိုင္းမွာ ျပန္လည္ ေျဖၾကားထားပါတယ္။

ဒုံးပိုက္ေက်း႐ြာဟာ ရေသ့ေတာင္ၿမိဳ႕နယ္ထဲက ေက်း႐ြာတစ္႐ြာျဖစ္ၿပီး အငူေမာ္-ေမာင္ေတာ အေဝးေျပးကားလမ္းမ နံေဘးမွာ တည္ရွိကာ ရဲကင္းစခန္းဟာ ေက်း႐ြာနဲ႔မနီးမေဝးမွာရွိေနတဲ့ စခန္းတစ္ခုျဖစ္တယ္လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

မနက္ပိုင္းက အဲ့ဒီေဒသမွာ မိုးသည္းထန္စြာ႐ြာသြန္းေနၿပီး တိုက္ခိုက္ခံလိုက္ရတဲ့အခ်ိန္ဟာ ႐ြာသားေတြအိပ္ေနၾကတဲ့ အခ်ိန္ျဖစ္တာေၾကာင့္ ေသနတ္ပစ္ခတ္သံေတြကိုၾကားမွ တိုက္ပြဲျဖစ္ပြားေနတာကို သိရၿပီး ဘယ္အဖြဲ႕အစည္းက ဝင္ေရာက္တိုက္ခိုက္ခဲ့တယ္ဆိုတာကို ေျပာဖို႔ခက္ခဲတယ္လို႔ ဦးေဇာ္ဝင္းက ေျပာပါတယ္။

အခုအခ်ိန္ဟာ လယ္ယာလုပ္ငန္း လုပ္ကိုင္ေနၾကၿပီ ျဖစ္တဲ့အတြက္ မနက္ပိုင္းေစာေစာ ရဲကင္းစခန္းတိုက္ခိုက္ခံလိုက္ရတဲ့ အခ်ိန္မွာ လယ္သမားေတြ လယ္ထဲဆင္းသူဆင္းေနၾကၿပီျဖစ္ၿပီး ေသနတ္ပစ္ခတ္သံေတြၾကားရတဲ့အတြက္ ထြက္ေျပးလာခဲ့ ၾကရသူေတြလည္းရွိခဲ့တယ္လို႔ ဆိုပါတယ္။

"မနက္ပိုင္း ၅ နာရီ ၁၃ မိနစ္ေလာက္မွာ စျဖစ္တယ္၊ ၆ နာရီေလာက္မွာေတာ့ ၿပီးသြားတယ္ဗ်။ ကြၽန္ေတာ္တို႔လည္း အိပ္ေနၾကတဲ့အခ်ိန္ဆိုေတာ့ ပစ္ခတ္သံေတြၾကားမွပဲ ဝင္တိုက္တယ္ဆိုတာ သိလိုက္ရတယ္။ ႏွစ္ဖက္အျပန္အလွန္ ပစ္ၾကတဲ့အသံေတြေတာ့ၾကားလိုက္ပါတယ္။ အထိခိုက္ရွိမရွိေတာ့ မသိရေသးဘူး" လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္ဝင္းက ဘီဘီစီကို ေျပာပါတယ္။

ဒုံးပိုက္ေက်း႐ြာဟာ အိမ္ေျခ ၂၀၀ ေလာက္သာရွိၿပီး ေက်း႐ြာအနီးမွာရွိတဲ့ ရဲကင္းစခန္း တိုက္ခိုက္ခံလိုက္ရတာေၾကာင့္ လက္ရွိမွာ ေက်း႐ြာသားတခ်ိဳ႕ကေတာ့ စိုးရိမ္ေၾကာက္လန႔္ၿပီး နီးစပ္ရာေက်း႐ြာေတြကို ထြက္ေျပးေနၾကတာေတြလည္းရွိေန တယ္လို႔ သိရပါတယ္။

ရဲကင္းစခန္း တိုက္ခိုက္ခံလိုက္ရတာနဲ႔ ပတ္သက္လို႔ေတာ့ မနက္ပိုင္းအထိ တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕တို႔က ေက်း႐ြာသားေတြကို ေခၚယူစစ္ေဆးတာေတြလည္းမရွိေသးသလို အဲ့ဒီနယ္ေျမအတြင္းမွာ လုံၿခဳံးေရးေဆာင္႐ြက္တာေတြကိုလည္း မေတြ႕ရေသး ဘူးလို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ဇြန္ ၁၃ မနက္ပိုင္း အေျခအေနကို ေျပာပါတယ္။

ေက်း႐ြာသားေတြ ေၾကာက္႐ြံ႕ၿပီးထြက္ေျပးေနၾကေပမယ့္ ေမာင္တာ-အငူေမာ္ကားလမ္းကိုေတာ့ ပိတ္ထားတာမရွိဘဲ ကားေတြအသြားအလာရွိေနတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

"ျဖစ္တာကေတာ့မနက္ပိုင္းျဖစ္တယ္၊ ဝင္သိမ္းတာမ်ိဳးေတာ့မဟုတ္ဘူး ပစ္ခတ္ခဲ့တာပဲထင္တယ္။၊ ႐ြာသားေတြကေတာ့ ထြက္ေျပးသြားၾကၿပီ၊ လမ္းမွာေတာ့ ကားေတြအသြားအလာရွိေနတယ္၊ ေမာင္ေတာဘက္က ကားေတြလာေနတာကို ေတြ႕ရတယ္၊ လူနာတင္ကားေတြလည္းေတြ႕ရပါတယ္" လို႔ ေဒသခံတစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၂၉ ရက္ေန႔ မနက္ပိုင္း ၂ နာရီခန႔္ ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္ ေျမာက္ပိုင္း သဇင္ၿမိဳင္ရဲ႕ကင္းစခန္းကို ေအေအဘက္ကေန အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့အတြက္ ရဲတပ္ဖြဲ႕ဝင္ ၄ ဦး က်ဆုံးခဲ့ၿပီး ရဲ တပ္ဖြဲဝင္ ၆ ဦးနဲ႔ မိသားစုဝင္တခ်ိဳ႕ဖမ္းဆီး ေခၚေဆာင္သြားတဲ့ ျဖစ္စဥ္ ျဖစ္ခဲ့ၿပီး မိသားစုဝင္ေတြကိုေတာ့ ျဖစ္စဥ္ ျဖစ္ပြားတဲ့ ေန႔ညေနပိုင္းကတည္းက ေအေအဘက္က ျပန္လည္လႊတ္ေပးခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ ဇန္နဝါရီ ၄ ရက္ေန႔မွာ ဘူးသီးေတာင္ၿမိဳ႕နယ္ ကထီးလွ၊ ငျမင္းေဘာ္၊ ဂုပၸီ၊ ေက်ာက္ေတာင္စခန္းေတြ တိုက္ခိုက္ခံခဲ့ရဖူးၿပီး မတ္လ ၉ ရက္ေန႔မွာ ပုဏၰားကြၽန္းၿမိဳ႕နယ္အတြင္းက ယိုးတ႐ုပ္စခန္း၊ ဧၿပီ ၁၀ ရက္ေန႔မွာ ေျမာက္ဦးၿမိဳ႕မွာရွိတဲ့ ရဲတပ္ရင္းဌာနခ်ဳပ္၊ ဇူလိုင္ ၁၆ ရက္ေန႔မွာ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းက ေညာင္ေခ်ာင္းနယ္ေျမ ရဲကင္းစခန္းတို႔ အခုလိုမ်ိဳး ဝင္ေရာက္တိုက္ခိုက္ခံခဲ့ရဖူးပါတယ္။

ရဲကင္းစခန္းေတြဟာ တရားဥပေဒ စိုးမိုးေရး အတြက္ အသုံးျပဳ ႏိုင္မယ့္ လက္နက္ နဲ႔ အင္အားသာ ရွိၿပီး စစ္ေရး လုပ္ေဆာင္ျခင္း မရွိတာကို ေအေအအဖြဲ႕ အခြင့္ ေကာင္းယူၿပီး အခုလို တိုက္ခိုက္ေနတာလို႔ တပ္မေတာ္ဘက္က စြပ္စြဲ ေျပာဆိုထားပါတယ္။

ရကၡိဳင့္တပ္ေတာ္ ေအေအ ဘက္ကေတာ့ ရဲကင္းစခန္းေတြမွာ တပ္မေတာ္ဘက္က စစ္ေရး လႈပ္ရွားမႈေတြ ရွိလို႔ တိုက္ခိုက္တာလို႔ အရင္အႀကိမ္ တိုက္ခိုက္မႈေတြတုန္းက ေၾကညာထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53033618
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက် ရဲကင်း စခန်းတိုက်ခိုက်ခံရ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက် ရဲကင်း စခန်းတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 04:53 Rating: 5
Powered by Blogger.