အငြင်းပွားမြေမှာ တပ် ဝင်ရောက်ထွန်ယက်မှုကို တောင်သူတွေ ကန့်ကွက်

(Unicode)⤵⤵⤵
မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကယားပြည်နယ် ဒီမောဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာက တောင်ယာတွေထဲမှာ တပ်မတော်က ဝင်ရောက်ထွန်ယက်နေတဲ့အပေါ် တောင်သူတွေက ကန့်ကွက်လိုက်ပါတယ်။

အမှတ် ၃၆၀ အမြောက်တပ်နဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒေါဆိုရှေ့ကျေးရွာက တောင်ယာတွေထဲမှာ ဒီရက်ပိုင်းအတွင်း တပ်က ဝင်ရောက်ထွန်ယက်သွားတာဟာ တရားမျှတမှု မရှိဘူးလို့ တောင်သူတွေက ပြောကြပါတယ်။

ဒေါဆိုရှေ့တောင်သူ ခွန်းသောမတ်စ် က တောင်သူတွေကိုတော့ ယာထဲ မဝင်ဖို့ ပြောပြီး၊ တပ်က ဝင်ရောက်ထွန်ယက်သွားတယ်လို့ ပြောပါတယ်။

“သူတို့အခု လာလုပ်သွားတာ ၃ ရက်လား ၄ ရက်လောက်ရှိပြီ၊ ကျနော်တို့ကိုကျတော့ မဝင်သေးနဲ့အုံးလို့ ပြောပြီးတော့မှ အခုက သူတို့တပ်ဖက်ကနေ ကျနော်တို့တောင်ယာကို လာထွန်ထယ်သွားတဲ့ကိစ္စက ကျနော်တိုအတွက် မတရားပါဘူး။”

၂၀၀၂ ခုနှစ်လောက်ကတည်းက ဒေါဆိုရှေ့ရွာထဲက ယာမြေ  ဧက ၂၀၀ ကို အမှတ် ၃၆၀ အမြောက်တပ်က သိမ်းယူခဲ့တာဖြစ်ပါတယ်။

အဲဒီယာတွေဟာ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်ခဲ့ကြတဲ့ မြေတွေဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။ လုပ်ကိုင်စားသောက်စရာ မြေနေရာ မရှိတဲ့အတွက် မိသားစုစားဝတ်နေရေးကို စိတ်ပူပန်ရပြီး နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲနေရတယ်လို့ ဒေါဆိုရှေ့တောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်ညားမာ က ပြောပါတယ်။

“ကျမက ပညာလည်း မတတ်ဘူးဆိုတော့ သူများနားမှာပဲ တရက်ပြီးတရက် နေ့စားလုပ်တယ်။ ကျမမှာ လုပ်စားစရာမြေမရှိတော့ဘူးလေး။ ကျမ သူများခြံထဲ နေ့စားလုပ်ဖို့သွားရင် ကျမခြံကို ကျော်သွားရတယ်။ ကျမခြံကို ကျမတွေ့ရင် ကျမငိုတယ် သူများ ကျမခြံကို အကုန်လုံး လာလုပ်စားလိုက်တယ်။”

ဒေါ်ညားမာက တောင်ယာမြေ ဧက ၂၀ ဝန်းကျင် သိမ်းယူခံရပြီး လက်ရှိမှာတော့  စိုက်ပျိုးစားသောက်စရာ မြေနေရာမရှိတော့လို့ ဆောက်နေဆဲ တိုက်ပုအိမ်ကလေးကိုလည်း မဆောက်နိုင်တော့ဘူးလို့ ပြောပါတယ်။

ဒေါဆိုရှေ့ကျေးရွာက တောင်သူတွေဟာ သိမ်းဆည်းခံထားရတဲ့ တောင်ယာအပြင် တခြား လုပ်ကိုင်စား သောက်စရာ နေရာမရှိတဲ့အတွက် ပြန်ပေးဖို့ မြေသိမ်းခံရတဲ့ ခွန်းသောမတ်စ် က တောင်းဆိုပါတယ်။

“ကျနော်တို့ကဒီဟာလေးကိုပဲ မှီခိုအားထားနေရတယ်။ ဒီဟာလေးမရှိရင် ဘာမှ လုပ်ကိုင်စားသောက် စားသောက်စရာ နေရာ မရှိဘူးပေါနော် ကျနော်တို့မှာ လစာ မရှိပါဘူး ကျနော်တို့မှာ တခြား မှီခိုအားထားစရာ ဘာမှမရှိပါဘူး ကျနော်တို့မှာ ဒီမြေကြီး ဒီရေပဲ သောက်သုံးနေရတယ်အဲ့ဒါကြောင့် ကျနော်တို့ အရမ်းကို အခက်အခဲကြုံနေရပါတယ်”

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကယားပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ ကို ဇွန်လ ၁၀ ရက်နေ့က လွှတ်တော်အစည်းအဝေးအပြီး မေးမြန်းရာမှာတော့ သူ့အနေနဲ့ မသိကြောင်း ပြန်လည်ဖြေကြား ပါတယ်။

“အခုပြောမှ အဲဒီ မေးခွန်းက သိတာ။ ကျနော်က တပ်မြေတို့၊ ဘာတို့ကို ကိုင်တာ မဟုတ်ဘူး။ မေးမှပဲ ဒီအကြောင်းအရာကို သိတာ။”

၂၀၁၉ ခုနှစ် စိုက်ပျိုးရာသီချိန်မှာ ဒေါဆိုရှေးတောင်သူတွေဟာ အဲဒီတောင်ယာမြေတွေထဲကို ဝင်ရောက်ထွန်ယက် စိုက်ပျိုးရာကနေ တပ်ပိုင်မြေထဲ ဝင်ရောက်ကျူးကျော် စိုက်ပျိုးတယ်ဆိုပြီး ဒေါ်ညားမာ အပါအဝင် တောင်သူ ၁၉ ယောက်ကို အမှတ် ၃၆၀ အမြောက်တပ်က ပြည်သူပိုင် ပစ္စည်းကာကွယ်ရေးဥပဒေ ပုဒ်မ ၆/၁၊ ပိုင်နက် ကျူးကျော် မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

တရားစွဲခံရသူတွေထဲက တောင်သူထက်ဝက်ခန့်က ရှစ်လခန့် အချုပ်ကျခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် ငွေဒဏ် တစ်သောင်းနဲ့ စီရင်ချက် ချမှတ်ခံရလို့ ငွေဒဏ်ပေးဆောင်ကာ ပြန်လည်လွတ်မြောက်လာခဲ့ကြသူတွေဖြစ်ပါတယ်။

အမှတ် ၃၆၀ အမြောက်တပ်မှာ သိမ်းဆည်းထားတဲ့ မြေဧက တစ်ထောင်ကျော်ထဲက တစ်ဝက်ကျော်ကို ၂၀၁၅ ခုနှစ်လောက်က ပြန်လည်စွန့်လွှတ်ထားပြီးဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ RFA ကို ဖြေကြားထားပါတယ်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ခင်မောင်ဝင်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

တောင်သူတွေက သူတို့မြေယာတွေမှာ ပြန်လည်စိုက်ပျိုးထွန်ယက်နိုင်ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကြိုးစားသွားမယ်လို့ ပြောကြပါတယ်။

RFA Burmese
---------------------------------

(Zawgyi)⤵⤵⤵
အျငင္းပြားေျမမွာ တပ္ ဝင္ေရာက္ထြန္ယက္မႈကို ေတာင္သူေတြ ကန႔္ကြက္

ေျမယာပိုင္ဆိုင္မႈ အျငင္းပြားေနတဲ့ ကယားျပည္နယ္ ဒီေမာဆိုၿမိဳ႕နယ္ ေဒါဆိုေရွ႕ေက်း႐ြာက ေတာင္ယာေတြထဲမွာ တပ္မေတာ္က ဝင္ေရာက္ထြန္ယက္ေနတဲ့အေပၚ ေတာင္သူေတြက ကန႔္ကြက္လိုက္ပါတယ္။

အမွတ္ ၃၆၀ အေျမာက္တပ္နဲ႔ ေျမယာပိုင္ဆိုင္မႈ အျငင္းပြားေနတဲ့ ေဒါဆိုေရွ႕ေက်း႐ြာက ေတာင္ယာေတြထဲမွာ ဒီရက္ပိုင္းအတြင္း တပ္က ဝင္ေရာက္ထြန္ယက္သြားတာဟာ တရားမွ်တမႈ မရွိဘူးလို႔ ေတာင္သူေတြက ေျပာၾကပါတယ္။

ေဒါဆိုေရွ႕ေတာင္သူ ခြန္းေသာမတ္စ္ က ေတာင္သူေတြကိုေတာ့ ယာထဲ မဝင္ဖို႔ ေျပာၿပီး၊ တပ္က ဝင္ေရာက္ထြန္ယက္သြားတယ္လို႔ ေျပာပါတယ္။

“သူတို႔အခု လာလုပ္သြားတာ ၃ ရက္လား ၄ ရက္ေလာက္ရွိၿပီ၊ က်ေနာ္တို႔ကိုက်ေတာ့ မဝင္ေသးနဲ႔အုံးလို႔ ေျပာၿပီးေတာ့မွ အခုက သူတို႔တပ္ဖက္ကေန က်ေနာ္တို႔ေတာင္ယာကို လာထြန္ထယ္သြားတဲ့ကိစၥက က်ေနာ္တိုအတြက္ မတရားပါဘူး။”

၂၀၀၂ ခုႏွစ္ေလာက္ကတည္းက ေဒါဆိုေရွ႕႐ြာထဲက ယာေျမ  ဧက ၂၀၀ ကို အမွတ္ ၃၆၀ အေျမာက္တပ္က သိမ္းယူခဲ့တာျဖစ္ပါတယ္။

အဲဒီယာေတြဟာ ဘိုးဘြားစဥ္ဆက္ လုပ္ကိုင္စားေသာက္ခဲ့ၾကတဲ့ ေျမေတြျဖစ္တယ္လို႔ ေတာင္သူေတြက ေျပာပါတယ္။ လုပ္ကိုင္စားေသာက္စရာ ေျမေနရာ မရွိတဲ့အတြက္ မိသားစုစားဝတ္ေနေရးကို စိတ္ပူပန္ရၿပီး ေန႔စဥ္နဲ႔အမွ် စိတ္ဆင္းရဲေနရတယ္လို႔ ေဒါဆိုေရွ႕ေတာင္သူတစ္ဦးျဖစ္တဲ့ ေဒၚညားမာ က ေျပာပါတယ္။

“က်မက ပညာလည္း မတတ္ဘူးဆိုေတာ့ သူမ်ားနားမွာပဲ တရက္ၿပီးတရက္ ေန႔စားလုပ္တယ္။ က်မမွာ လုပ္စားစရာေျမမရွိေတာ့ဘူးေလး။ က်မ သူမ်ားၿခံထဲ ေန႔စားလုပ္ဖို႔သြားရင္ က်မၿခံကို ေက်ာ္သြားရတယ္။ က်မၿခံကို က်မေတြ႕ရင္ က်မငိုတယ္ သူမ်ား က်မၿခံကို အကုန္လုံး လာလုပ္စားလိုက္တယ္။”

ေဒၚညားမာက ေတာင္ယာေျမ ဧက ၂၀ ဝန္းက်င္ သိမ္းယူခံရၿပီး လက္ရွိမွာေတာ့  စိုက္ပ်ိဳးစားေသာက္စရာ ေျမေနရာမရွိေတာ့လို႔ ေဆာက္ေနဆဲ တိုက္ပုအိမ္ကေလးကိုလည္း မေဆာက္ႏိုင္ေတာ့ဘူးလို႔ ေျပာပါတယ္။

ေဒါဆိုေရွ႕ေက်း႐ြာက ေတာင္သူေတြဟာ သိမ္းဆည္းခံထားရတဲ့ ေတာင္ယာအျပင္ တျခား လုပ္ကိုင္စား ေသာက္စရာ ေနရာမရွိတဲ့အတြက္ ျပန္ေပးဖို႔ ေျမသိမ္းခံရတဲ့ ခြန္းေသာမတ္စ္ က ေတာင္းဆိုပါတယ္။

“က်ေနာ္တို႔ကဒီဟာေလးကိုပဲ မွီခိုအားထားေနရတယ္။ ဒီဟာေလးမရွိရင္ ဘာမွ လုပ္ကိုင္စားေသာက္ စားေသာက္စရာ ေနရာ မရွိဘူးေပါေနာ္ က်ေနာ္တို႔မွာ လစာ မရွိပါဘူး က်ေနာ္တို႔မွာ တျခား မွီခိုအားထားစရာ ဘာမွမရွိပါဘူး က်ေနာ္တို႔မွာ ဒီေျမႀကီး ဒီေရပဲ ေသာက္သုံးေနရတယ္အဲ့ဒါေၾကာင့္ က်ေနာ္တို႔ အရမ္းကို အခက္အခဲႀကဳံေနရပါတယ္”

အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး ကယားျပည္နယ္အစိုးရ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး ျမင့္ေဝ ကို ဇြန္လ ၁၀ ရက္ေန႔က လႊတ္ေတာ္အစည္းအေဝးအၿပီး ေမးျမန္းရာမွာေတာ့ သူ႔အေနနဲ႔ မသိေၾကာင္း ျပန္လည္ေျဖၾကား ပါတယ္။

“အခုေျပာမွ အဲဒီ ေမးခြန္းက သိတာ။ က်ေနာ္က တပ္ေျမတို႔၊ ဘာတို႔ကို ကိုင္တာ မဟုတ္ဘူး။ ေမးမွပဲ ဒီအေၾကာင္းအရာကို သိတာ။”

၂၀၁၉ ခုႏွစ္ စိုက္ပ်ိဳးရာသီခ်ိန္မွာ ေဒါဆိုေရွးေတာင္သူေတြဟာ အဲဒီေတာင္ယာေျမေတြထဲကို ဝင္ေရာက္ထြန္ယက္ စိုက္ပ်ိဳးရာကေန တပ္ပိုင္ေျမထဲ ဝင္ေရာက္က်ဴးေက်ာ္ စိုက္ပ်ိဳးတယ္ဆိုၿပီး ေဒၚညားမာ အပါအဝင္ ေတာင္သူ ၁၉ ေယာက္ကို အမွတ္ ၃၆၀ အေျမာက္တပ္က ျပည္သူပိုင္ ပစၥည္းကာကြယ္ေရးဥပေဒ ပုဒ္မ ၆/၁၊ ပိုင္နက္ က်ဴးေက်ာ္ မႈေတြနဲ႔ တရားစြဲဆိုခဲ့ပါတယ္။

တရားစြဲခံရသူေတြထဲက ေတာင္သူထက္ဝက္ခန႔္က ရွစ္လခန႔္ အခ်ဳပ္က်ခဲ့ၿပီး ၂၀၂၀ ခုႏွစ္ မတ္လ ၁၃ ရက္ေန႔မွာ ေထာင္ဒဏ္ ၁၅ ရက္ သို႔မဟုတ္ ေငြဒဏ္ တစ္ေသာင္းနဲ႔ စီရင္ခ်က္ ခ်မွတ္ခံရလို႔ ေငြဒဏ္ေပးေဆာင္ကာ ျပန္လည္လြတ္ေျမာက္လာခဲ့ၾကသူေတြျဖစ္ပါတယ္။

အမွတ္ ၃၆၀ အေျမာက္တပ္မွာ သိမ္းဆည္းထားတဲ့ ေျမဧက တစ္ေထာင္ေက်ာ္ထဲက တစ္ဝက္ေက်ာ္ကို ၂၀၁၅ ခုႏွစ္ေလာက္က ျပန္လည္စြန႔္လႊတ္ထားၿပီးျဖစ္တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလမွာ RFA ကို ေျဖၾကားထားပါတယ္။

အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ခင္ေမာင္ဝင္းကို RFA က ဆက္သြယ္ေပမယ့္ ဖုန္းလက္ခံ ေျဖၾကားတာ မရွိပါဘူး။

ေတာင္သူေတြက သူတို႔ေျမယာေတြမွာ ျပန္လည္စိုက္ပ်ိဳးထြန္ယက္ႏိုင္ဖို႔ အရပ္ဖက္အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းႀကိဳးစားသြားမယ္လို႔ ေျပာၾကပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/demoso-disputed-land-06132020032529.html
အငြင်းပွားမြေမှာ တပ် ဝင်ရောက်ထွန်ယက်မှုကို တောင်သူတွေ ကန့်ကွက် အငြင်းပွားမြေမှာ တပ် ဝင်ရောက်ထွန်ယက်မှုကို တောင်သူတွေ ကန့်ကွက် Reviewed by THITHTOOLWIN on 05:03 Rating: 5
Powered by Blogger.