သထုံမြို့နယ်မှာ ကားနဲ့ဆိုင်ကယ်တိုက်မိ သားအမိ နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိ

ကားနဲ့ဆိုင်ကယ်တိုက်မိ သားအမိ နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိ(ဓါတ်ပုံ-facebook)
(Unicode)⤵⤵⤵
သုဝဏ္ဏဝတီ   ဇွန်     ၆

    မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး  ကမာစိုင် ကျေးရွာ၌ ဇွန် ၅ ရက် ည ၈ နာရီ ခန့်က ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်ရှိ ကမာစိုင်ကွက်သစ်ပိုင်းတွင် မိသားစုဝင် လေးဦး စီးနင်းလာသော ဆိုင်ကယ်နှင့် ကား တိုက်မိပြီး နှစ်ဦးသေဆုံး၍ နှစ်ဦး ဒဏ်ရာရရှိသွားပြီး မော်တော်ယာဉ် နှင့် ယာဉ်မောင်းမှာ ထွက်ပြေးမောင်းနှင်သွားကြောင်း သိရသည် ။

   သတင်းအရ သိမ်ဆိပ်နယ်မြေရဲစခန်းမှ ဒုရဲအုပ် ငြိမ်းလှိုင်ဦး ၊ ရဲတပ်ဖွဲ့ဝင်များ၊ သွားရောက် စစ်ဆေးရာ  ဘီးလင်းမြို့ဘက်မှ သထုံမြို့ဘက်သို့  ယာဉ်မောင်းနှင့် ယာဉ်နံပါတ်၊ (စုံစမ်းဆဲ) ယာဉ်သည်   လားရာတူရှေ့မှ  မိုးကောင်းကျေးရွာနေသူ ဦးအဇော် ၃၃ နှစ် မောင်းနှင်ပြီး မိသားစုဝင် သုံးဦး ၊ စုစုပေါင်း ၄ ဦး စီးနင်းလာသော ဆိုင်ကယ်အား  တိုက်မိပြီး မောင်းနှင် ထွက်ပြေးသွားသည်။

ယာဉ်တိုက်မှုကြောင့် သထုံမြို့နယ် မိုးကောင်းကျေးရွာနေသူများ ဖြစ်ကြသည့် ဒေါ်ခင်ဝင်း (၃၇နှစ်) နှင့် သမီးဖြစ်သူ မအိချောပို (၆ နှစ်)တို့ နှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး၊ ဆိုင်ကယ်မောင်းနှင်သူ ဦးဝင်းဇော် (၃၃ နှစ်) နှင့် မောင်မျိုးမင်းဇော် ( ၆ နှစ်၊ ) တို့မှာ ဒဏ်ရာများ ရရှိသွားသောကြောင့် မိုးကောင်း နှင့် ပီတိနှလုံးသား လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ဝင်များက  သိမ်ဆိပ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။

    သိမ်ဆိပ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ နယ်မြေရဲစခန်းများနှင့် ချိတ်ဆက်၍ လူသေဆုံး၊ ဒဏ်ရာရရှိအောင် မဆင်မခြင် မောင်းနှင်တိုက်မိ ထွက်ပြေးသူ  ယာဉ်မောင်းနှင့် ယာဉ်အား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည် ။

ခွန်(ဝင်းပ) - Myanmaalinn
-----------------------------------
ကားနဲ့ဆိုင်ကယ်တိုက်မိ သားအမိ နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိ(ဓါတ်ပုံ-facebook)
(Zawgyi)⤵⤵⤵
အေနာက္မွ ကားက ေရွ႕မွဆိုင္ကယ္အား တိုက္မိ ၊ သားအမိ ႏွစ္ဦး ေသဆုံး ႏွစ္ဦး ဒဏ္ရာရရွိ

သုဝဏၰဝတီ   ဇြန္     ၆

    မြန္ျပည္နယ္ သထုံၿမိဳ႕နယ္ သုဝဏၰဝတီၿမိဳ႕အနီး  ကမာစိုင္ ေက်း႐ြာ၌ ဇြန္ ၅ ရက္ ည ၈ နာရီ ခန္႔က ရန္ကုန္-ေမာ္လၿမိဳင္ အေဝးေျပးလမ္းမႀကီးေပၚရွိ ကမာစိုင္ကြက္သစ္ပိုင္းတြင္ မိသားစုဝင္ ေလးဦး စီးနင္းလာေသာ ဆိုင္ကယ္ႏွင့္ ကား တိုက္မိၿပီး ႏွစ္ဦးေသဆုံး၍ ႏွစ္ဦး ဒဏ္ရာရရွိသြားၿပီး ေမာ္ေတာ္ယာဥ္ ႏွင့္ ယာဥ္ေမာင္းမွာ ထြက္ေျပးေမာင္းႏွင္သြားေၾကာင္း သိရသည္ ။

   သတင္းအရ သိမ္ဆိပ္နယ္ေျမရဲစခန္းမွ ဒုရဲအုပ္ ၿငိမ္းလႈိင္ဦး ၊ ရဲတပ္ဖြဲ႕ဝင္မ်ား၊ သြားေရာက္ စစ္ေဆးရာ  ဘီးလင္းၿမိဳ႕ဘက္မွ သထုံၿမိဳ႕ဘက္သို႔  ယာဥ္ေမာင္းႏွင့္ ယာဥ္နံပါတ္၊ (စုံစမ္းဆဲ) ယာဥ္သည္   လားရာတူေရွ႕မွ  မိုးေကာင္းေက်း႐ြာေနသူ ဦးအေဇာ္ ၃၃ ႏွစ္ ေမာင္းႏွင္ၿပီး မိသားစုဝင္ သုံးဦး ၊ စုစုေပါင္း ၄ ဦး စီးနင္းလာေသာ ဆိုင္ကယ္အား  တိုက္မိၿပီး ေမာင္းႏွင္ ထြက္ေျပးသြားသည္။

ယာဥ္တိုက္မႈေၾကာင့္ သထုံၿမိဳ႕နယ္ မိုးေကာင္းေက်း႐ြာေနသူမ်ား ျဖစ္ၾကသည့္ ေဒၚခင္ဝင္း (၃၇ႏွစ္) ႏွင့္ သမီးျဖစ္သူ မအိေခ်ာပို (၆ ႏွစ္)တို႔ ႏွစ္ဦးမွာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားၿပီး၊ ဆိုင္ကယ္ေမာင္းႏွင္သူ ဦးဝင္းေဇာ္ (၃၃ ႏွစ္) ႏွင့္ ေမာင္မ်ိဳးမင္းေဇာ္
 ( ၆ ႏွစ္၊ ) တို႔မွာ ဒဏ္ရာမ်ား ရရွိသြားေသာေၾကာင့္ မိုးေကာင္း ႏွင့္ ပီတိႏွလုံးသား လူမႈကယ္ဆယ္ေရး အသင္းအဖြဲ႕ဝင္မ်ားက  သိမ္ဆိပ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္ ။

    သိမ္ဆိပ္နယ္ေျမရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားက သက္ဆိုင္ရာ နယ္ေျမရဲစခန္းမ်ားႏွင့္ ခ်ိတ္ဆက္၍ လူေသဆုံး၊ ဒဏ္ရာရရွိေအာင္ မဆင္မျခင္ ေမာင္းႏွင္တိုက္မိ ထြက္ေျပးသူ  ယာဥ္ေမာင္းႏွင့္ ယာဥ္အား အျမန္ဆုံး ဖမ္းဆီးရမိႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္ ။

ခြန္(ဝင္းပ) - Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သထုံမြို့နယ်မှာ ကားနဲ့ဆိုင်ကယ်တိုက်မိ သားအမိ နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိ သထုံမြို့နယ်မှာ ကားနဲ့ဆိုင်ကယ်တိုက်မိ သားအမိ နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 06:23 Rating: 5
Powered by Blogger.