မြန်မာ COVID-19 ကူးစက်သူ ၄ ဦးတိုး၊ စုစုပေါင်း ၂၄၀ ရှိပြီ

ရန်ကုန်မြို့တွင် နှာခေါင်းစည်းတပ် သွားလာနေကြသူများ။ (မေ ၁၅၊ ၂၀၂၀)
(Unicode)⤵⤵⤵
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ အသစ် ၄ ဦး ဒီကနေ့ ထပ်တွေ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ည ၈ နာရီမှာ သတင်းထုတ်ပြန်သွားတာကြောင့် မြန်မာနိုင်ငံမှာ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၂၄၀ ရှိသွားပြီ ဖြစ်ပါတယ်။
COVID-19 ကူးစက်လူနာ ၄ ဦးထပ်တိုးတဲ့ ထုတ်ပြန်ချက်။ (ဇွန် ၆၊ ၂၀၂၀၊ ဓာတ်ပုံ - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)
အခု အသစ်ကူးစက်သူ ၄ ဦးစလုံးက အိန္ဒိယနိုင်ငံက လတ်တလော ပြန်ရောက်လာသူတွေဖြစ်ပြီး တဦးက ရန်ကုန်တိုင်း မြောက်ဥက္ကလာက ဖြစ်ပြီးတော့ ကျန်သူတွေကတော့ နေပြည်တော်က ဖြစ်ပါတယ်။ သူတို့အားလုံးဟာ အသွားအလာ ကန့်သတ် စောင့်ကြည့်ခံနေရသူတွေဖြစ်ပြီး ဝေဘာဂီဆေးရုံမှာ ကုသမှုပေးမယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

လူနာဟောင်းတွေထဲမှာဆိုရင်တော့ ၂ ကြိမ်ဆက်တိုက် ဓာတ်ခွဲနမူနာ စစ်ဆေးပြီးတဲ့နောက် ရောဂါပိုးမတွေ့ရှိရတဲ့သူ ၅ ဦး ထပ်တိုးတာကြောင့် ဒီကနေ့ထိ ပိုးကင်းစင်လာသူ ၁၅၆ ဦး ရှိပါတယ်။

အဲဒီထဲမှာ အယောက် ၂၀ ကလွဲရင် ကျန်တဲ့လူတွေ ဆေးရုံက ဆင်းခွင့်ရပြီဖြစ်ပြီး သူတို့ရဲ့ အသွားအလာတွေကိုတော့ ကန့်သတ်ထားသေးတာ ဖြစ်ပါတယ်။

ဒီကနေ့ COVID-19 ဓာတ်ခွဲစစ်ဆေးမှုတွေကို ရန်ကုန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာန၊ ဆေးသုတေသန ဦးစီးဌာနတို့အပြင် မန္တလေးနဲ့ မော်လမြိုင် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနတွေမှာလည်း လုပ်ခဲ့တာပါ။

စုစုပေါင်းစစ်ဆေးမှု ၁,၅၉၉ ခု လုပ်ခဲ့ပြီး အဲဒီထဲမှာမှ COVID-19 ကူးစက်နေသူ နောက်ထပ် ၄ ဦး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီရောဂါကူးစက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၆ ဦး ရှိခဲ့ပြီဖြစ်ပြီး ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် ကူးစက် သေဆုံးသူ အရေအတွက်ဟာ မပြောပလောက်တဲ့ အနေအထားမှာ ရှိနေပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
------------------------------
(Zawgyi)⤵⤵⤵
ျမန္မာ COVID-19 ကူးစက္သူ ၄ ဦးတိုး၊ စုစုေပါင္း ၂၄၀ ရွိၿပီ

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါကူးစက္သူ အသစ္ ၄ ဦး ဒီကေန႔ ထပ္ေတြ႕တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ည ၈ နာရီမွာ သတင္းထုတ္ျပန္သြားတာေၾကာင့္ ျမန္မာႏိုင္ငံမွာ ဓာတ္ခြဲအတည္ျပဳလူနာ စုစုေပါင္း ၂၄၀ ရွိသြားၿပီ ျဖစ္ပါတယ္။

အခု အသစ္ကူးစက္သူ ၄ ဦးစလုံးက အိႏၵိယႏိုင္ငံက လတ္တေလာ ျပန္ေရာက္လာသူေတြျဖစ္ၿပီး တဦးက ရန္ကုန္တိုင္း ေျမာက္ဥကၠလာက ျဖစ္ၿပီးေတာ့ က်န္သူေတြကေတာ့ ေနျပည္ေတာ္က ျဖစ္ပါတယ္။ သူတို႔အားလုံးဟာ အသြားအလာ ကန႔္သတ္ ေစာင့္ၾကည့္ခံေနရသူေတြျဖစ္ၿပီး ေဝဘာဂီေဆး႐ုံမွာ ကုသမႈေပးမယ္လို႔ ဝန္ႀကီးဌာနက ေျပာပါတယ္။

လူနာေဟာင္းေတြထဲမွာဆိုရင္ေတာ့ ၂ ႀကိမ္ဆက္တိုက္ ဓာတ္ခြဲနမူနာ စစ္ေဆးၿပီးတဲ့ေနာက္ ေရာဂါပိုးမေတြ႕ရွိရတဲ့သူ ၅ ဦး ထပ္တိုးတာေၾကာင့္ ဒီကေန႔ထိ ပိုးကင္းစင္လာသူ ၁၅၆ ဦး ရွိပါတယ္။

အဲဒီထဲမွာ အေယာက္ ၂၀ ကလြဲရင္ က်န္တဲ့လူေတြ ေဆး႐ုံက ဆင္းခြင့္ရၿပီျဖစ္ၿပီး သူတို႔ရဲ႕ အသြားအလာေတြကိုေတာ့ ကန႔္သတ္ထားေသးတာ ျဖစ္ပါတယ္။

ဒီကေန႔ COVID-19 ဓာတ္ခြဲစစ္ေဆးမႈေတြကို ရန္ကုန္ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲဌာန၊ ေဆးသုေတသန ဦးစီးဌာနတို႔အျပင္ မႏၲေလးနဲ႔ ေမာ္လၿမိဳင္ ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာ ဌာနေတြမွာလည္း လုပ္ခဲ့တာပါ။

စုစုေပါင္းစစ္ေဆးမႈ ၁,၅၉၉ ခု လုပ္ခဲ့ၿပီး အဲဒီထဲမွာမွ COVID-19 ကူးစက္ေနသူ ေနာက္ထပ္ ၄ ဦး ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီေရာဂါကူးစက္မႈေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၆ ဦး ရွိခဲ့ၿပီျဖစ္ၿပီး ေဒသတြင္း အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ယွဥ္ရင္ ကူးစက္ ေသဆုံးသူ အေရအတြက္ဟာ မေျပာပေလာက္တဲ့ အေနအထားမွာ ရွိေနပါတယ္။

 ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/covid19-myanmar-update/5452099.html
မြန်မာ COVID-19 ကူးစက်သူ ၄ ဦးတိုး၊ စုစုပေါင်း ၂၄၀ ရှိပြီ မြန်မာ COVID-19 ကူးစက်သူ ၄ ဦးတိုး၊ စုစုပေါင်း ၂၄၀ ရှိပြီ Reviewed by THITHTOOLWIN on 01:14 Rating: 5
Powered by Blogger.