မုဒိတာအိမ်ရာက အထောက်အထားမဲ့ နိုင်ငံခြားသား တိမ်းရှောင်သူတွေ ကျန်နေဆဲလို့ဆို

အခုလိုဖမ်းဆီးမှု မတိုင်ခင် တစ်လလောက်ကလည်း လဝကနဲ့ ရဲတို့ဝင်ရောက်စစ်ဆေးခဲ့ပေမယ့် နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးနဲ့ မြန်မာအမျိုးသမီးတစ်ဦးတို့ကိုသာ မူးယစ်ဆေးဝါးတွေနဲ့အတူဖမ်းဆီးရမိခဲ့
(Unicode)⤵⤵⤵

ရန်ကုန်မြို့ သမိုင်း မုဒိတာအိမ်ရာအတွင်း ဇွန်လ ၂၄ရက်၊ နေ့လယ်ပိုင်းလောက်မှာ ရဲ၊ လဝက၊ ထွေအုပ်အစရှိတဲ့ စုပေါင်းအဖွဲ့နဲ့ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ အထောက်အထားမဲ့ နေထိုင်နေသူ နိုင်ငံခြားသာ ၂၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ အိမ်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီလိုဝင်ရောက်စစ်ဆေးတဲ့အခါမှာလည်း အိမ်တံခါးတွေကို သော့ခတ်ပိတ်ဆိုထားမှုကြောင့် ဖျက်ဆီးဝင်ရောက်ကာ ဖမ်းဆီးခဲ့ရတယ်လို့ အိမ်ရာကြီးကြပ်ရေးအဖွဲ့တွေထံကသိရပါတယ်။

ဒါပေမယ့် ဝင်ရောက်စစ်ဆေးချိန်မှာ အမြဲနေထိုင်ရာအခန်းတွေကနေ တိမ်းရှောင်နေသူတွေကိုတော့ စစ်ဆေးနိုင်ခဲ့ခြင်းမရှိဘူးလို့ မုဒိတာအိမ်ရာ အပိုင်း၁ ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဒေါ်ဥမ္မာကြည်က ဘီဘီစီကိုပြောပါတယ်။

ဇွန်လ ၂၅ ရက် မနက်ပိုင်းကပဲ အပိုင်း ၂ အတွင်း၊ တိုက်တစ်ခုရဲ့ ဒုတိယထပ်ကနေ အလားတူ နိုင်ငံခြားသာတစ်ဦးက ခုန်ဆင်းပြီး ထွက်ပြေးခဲ့တယ်လို့ သူကပြောပါတယ်။

ဒါကြောင့် ဖမ်းဆီးပြီးနောက်ပိုင်း ပြန်လာသူတွေလည်းရှိတယ်လို့သူက ဆိုပါတယ်။ အိမ်ရာကြီးကြပ်ရေးအဖွဲ့ရဲ့ စာရင်းအရဆိုရင် အဆိုပါ နိုင်ငံခြားသားတွေ နေထိုင်ကြတဲ့အခန်းတွေက အပိုင်း ၁ မှာ ၈ ခန်း၊ အပိုင်း ၂ မှာ ၁၉ ခန်းနဲ့ အပိုင်း ၃ မှာ ၃၃ ခန်းအထိရှိတယ်လို့သိရပါတယ်။

အဲဒီထဲကမှ အပိုင်း ၁ မှာဆိုရင်လည်း ၅ ခန်းကိုသာစစ်ဆေးနိုင်ပြီး ကျန်တဲ့ ၂ နဲ့ ၃မှာလည်း စစ်ဆေးနိုင်မှု မရှိတဲ့အခန်းတွေ ကျန်နေခဲ့တယ်လို့ အပိုင်း ၁ ကြီးကြပ်ရေးကော်မတီထံကသိရပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေဖြစ်တဲ့၊ နိုင်ဂျီးရီးယား၊ ကင်မရွန်း၊ အိုင်ဗရီကို့စ် နိုင်ငံသားတွေမှာ မြန်မာနိုင်ငံအတွင်းနေထိုင်နိုင်မယ့် အထောက်အထား တစ်စုံတစ်ရာမတွေရှိတာ၊ နိုင်ငံကူးလက်မှတ်မရှိတာ၊ ဖောင်စီလို့ခေါ်တဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေမှာ ရေးသွင်းရတဲ့ အချက်အလက်ဖောင်တွေကို မဖြည့်သွင်းသလို၊ အသိပေးမှုမရှိနေထိုင်တာ အစရှိတာတွေကို သိရှိရတယ်လို့ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ရဲစခန်းက တာဝန်ကျရဲအရာရှိက ဘီဘီစီကို ဇွန်လ ၂၅ရက် မနက်ပိုင်းက ပြောပါတယ်။

လက်ရှိမှာတော့ လဝက ဆိုင်ရာစစ်ဆေးမှုတွေကို ဆက်လုပ်နေပြီး လဝကအက်ဥပဒေနဲ့ အရေးယူဖို့အတွက်လည်းပြင်ဆင်နေတယ်လို့ မရမ်းကုန်း ဘုရင့်နောင်ရဲစခန်းကသိရပါတယ်။

အခုလိုဖမ်းဆီးမှု မတိုင်ခင် တစ်လလောက်ကလည်း လဝကနဲ့ ရဲတို့ဝင်ရောက်စစ်ဆေးခဲ့ပေမယ့် နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးနဲ့ မြန်မာအမျိုးသမီးတစ်ဦးတို့ကိုသာ မူးယစ်ဆေးဝါးတွေနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။

အခုလိုအထောက်အထားမဲ့ နိုင်ငံခြားသားတွေနေထိုင်နေတာကို အိမ်ရာကြီးကြပ်ရေးအဖွဲ့တွေက လွန်ခဲ့တဲ့ လပိုင်းတွေကပင် ရန်ကုန်တိုင်း လဝကနဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဝန်ကြီးနဲ့တွေ့ဆုံခွင့်ရတဲ့ လူထုတွေ့ဆုံပွဲမှာ တိုက်ရိုက်တင်ပြခဲ့ဖူးပေမယ့် ဖမ်းဆီးမှုတွေကိုတော့ အခုမှ လုပ်ဆောင်တာဖြစ်တယ်လို့လည်း အပိုင်း ၂ အိမ်ရာကြီးကြပ်ရေးကော်မတီထံကသိရပါတယ်။

BBC Burmese
-------------------------------------
(Zawgyi)⤵⤵⤵
မုဒိတာအိမ္ရာက အေထာက္အထားမဲ့ ႏိုင္ငံျခားသား တိမ္းေရွာင္သူေတြ က်န္ေနဆဲလို႔ဆို

ရန္ကုန္ၿမိဳ႕ သမိုင္း မုဒိတာအိမ္ရာအတြင္း ဇြန္လ ၂၄ရက္၊ ေန႔လယ္ပိုင္းေလာက္မွာ ရဲ၊ လဝက၊ ေထြအုပ္အစရွိတဲ့ စုေပါင္းအဖြဲ႕နဲ႔ ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးရာ အေထာက္အထားမဲ့ ေနထိုင္ေနသူ ႏိုင္ငံျခားသာ ၂၇ ဦးကို ဖမ္းဆီးရမိခဲ့တယ္လို႔ အိမ္ရာ တာဝန္ရွိသူေတြက ေျပာပါတယ္။

အဲဒီလိုဝင္ေရာက္စစ္ေဆးတဲ့အခါမွာလည္း အိမ္တံခါးေတြကို ေသာ့ခတ္ပိတ္ဆိုထားမႈေၾကာင့္ ဖ်က္ဆီးဝင္ေရာက္ကာ ဖမ္းဆီးခဲ့ရတယ္လို႔ အိမ္ရာႀကီးၾကပ္ေရးအဖြဲ႕ေတြထံကသိရပါတယ္။

ဒါေပမယ့္ ဝင္ေရာက္စစ္ေဆးခ်ိန္မွာ အၿမဲေနထိုင္ရာအခန္းေတြကေန တိမ္းေရွာင္ေနသူေတြကိုေတာ့ စစ္ေဆးႏိုင္ခဲ့ျခင္းမရွိဘူးလို႔ မုဒိတာအိမ္ရာ အပိုင္း၁ ႀကီးၾကပ္ေရးအဖြဲ႕ေခါင္းေဆာင္ ေဒၚဥမၼာၾကည္က ဘီဘီစီကိုေျပာပါတယ္။

ဇြန္လ ၂၅ ရက္ မနက္ပိုင္းကပဲ အပိုင္း ၂ အတြင္း၊ တိုက္တစ္ခုရဲ႕ ဒုတိယထပ္ကေန အလားတူ ႏိုင္ငံျခားသာတစ္ဦးက ခုန္ဆင္းၿပီး ထြက္ေျပးခဲ့တယ္လို႔ သူကေျပာပါတယ္။

ဒါေၾကာင့္ ဖမ္းဆီးၿပီးေနာက္ပိုင္း ျပန္လာသူေတြလည္းရွိတယ္လို႔သူက ဆိုပါတယ္။ အိမ္ရာႀကီးၾကပ္ေရးအဖြဲ႕ရဲ႕ စာရင္းအရဆိုရင္ အဆိုပါ ႏိုင္ငံျခားသားေတြ ေနထိုင္ၾကတဲ့အခန္းေတြက အပိုင္း ၁ မွာ ၈ ခန္း၊ အပိုင္း ၂ မွာ ၁၉ ခန္းနဲ႔ အပိုင္း ၃ မွာ ၃၃ ခန္းအထိရွိတယ္လို႔သိရပါတယ္။

အဲဒီထဲကမွ အပိုင္း ၁ မွာဆိုရင္လည္း ၅ ခန္းကိုသာစစ္ေဆးႏိုင္ၿပီး က်န္တဲ့ ၂ နဲ႔ ၃မွာလည္း စစ္ေဆးႏိုင္မႈ မရွိတဲ့အခန္းေတြ က်န္ေနခဲ့တယ္လို႔ အပိုင္း ၁ ႀကီးၾကပ္ေရးေကာ္မတီထံကသိရပါတယ္။

ဖမ္းဆီးရမိတဲ့သူေတြျဖစ္တဲ့၊ ႏိုင္ဂ်ီးရီးယား၊ ကင္မ႐ြန္း၊ အိုင္ဗရီကို႔စ္ ႏိုင္ငံသားေတြမွာ ျမန္မာႏိုင္ငံအတြင္းေနထိုင္ႏိုင္မယ့္ အေထာက္အထား တစ္စုံတစ္ရာမေတြရွိတာ၊ ႏိုင္ငံကူးလက္မွတ္မရွိတာ၊ ေဖာင္စီလို႔ေခၚတဲ့ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရး႐ုံးေတြမွာ ေရးသြင္းရတဲ့ အခ်က္အလက္ေဖာင္ေတြကို မျဖည့္သြင္းသလို၊ အသိေပးမႈမရွိေနထိုင္တာ အစရွိတာေတြကို သိရွိရတယ္လို႔ မရမ္းကုန္းၿမိဳ႕နယ္ ဘုရင့္ေနာင္ရဲစခန္းက တာဝန္က်ရဲအရာရွိက ဘီဘီစီကို ဇြန္လ ၂၅ရက္ မနက္ပိုင္းက ေျပာပါတယ္။

လက္ရွိမွာေတာ့ လဝက ဆိုင္ရာစစ္ေဆးမႈေတြကို ဆက္လုပ္ေနၿပီး လဝကအက္ဥပေဒနဲ႔ အေရးယူဖို႔အတြက္လည္းျပင္ဆင္ေနတယ္လို႔ မရမ္းကုန္း ဘုရင့္ေနာင္ရဲစခန္းကသိရပါတယ္။

အခုလိုဖမ္းဆီးမႈ မတိုင္ခင္ တစ္လေလာက္ကလည္း လဝကနဲ႔ ရဲတို႔ဝင္ေရာက္စစ္ေဆးခဲ့ေပမယ့္ ႏိုင္ဂ်ီးရီးယားႏိုင္ငံသားတစ္ဦးနဲ႔ ျမန္မာအမ်ိဳးသမီးတစ္ဦးတို႔ကိုသာ မူးယစ္ေဆးဝါးေတြနဲ႔အတူဖမ္းဆီးရမိခဲ့ပါတယ္။

အခုလိုအေထာက္အထားမဲ့ ႏိုင္ငံျခားသားေတြေနထိုင္ေနတာကို အိမ္ရာႀကီးၾကပ္ေရးအဖြဲ႕ေတြက လြန္ခဲ့တဲ့ လပိုင္းေတြကပင္ ရန္ကုန္တိုင္း လဝကနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးေရး ဝန္ႀကီးနဲ႔ေတြ႕ဆုံခြင့္ရတဲ့ လူထုေတြ႕ဆုံပြဲမွာ တိုက္႐ိုက္တင္ျပခဲ့ဖူးေပမယ့္ ဖမ္းဆီးမႈေတြကိုေတာ့ အခုမွ လုပ္ေဆာင္တာျဖစ္တယ္လို႔လည္း အပိုင္း ၂ အိမ္ရာႀကီးၾကပ္ေရးေကာ္မတီထံကသိရပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53175683
မုဒိတာအိမ်ရာက အထောက်အထားမဲ့ နိုင်ငံခြားသား တိမ်းရှောင်သူတွေ ကျန်နေဆဲလို့ဆို မုဒိတာအိမ်ရာက အထောက်အထားမဲ့ နိုင်ငံခြားသား တိမ်းရှောင်သူတွေ ကျန်နေဆဲလို့ဆို Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.