အသွားအလာကန့်သတ်ထားရသူ တစ်နိုင်ငံလုံးမှာ ၃၄၀၀၀ ကျော်ရှိနေသေး

စစ်ပွဲတွေရှိနေသေးတဲ့ ရခိုင်ပြည်နယ်မှာတော့ ၂၀၀၀ နီးပါးစောင့်ကြည့်ထားရသူတွေရှိနေပါတယ်။
(Unicode)⤵⤵⤵
ဇွန်လ ၂၃ရက်နေ့ ညနေပိုင်းအထိကို ကိုဗစ်ကူးစက်ခံရနိုင်မှုရှိမရှိ စောင့်ကြည့်ရန် အသွားအလာကန့်သတ်ထားရသူအရေအတွက်က တစ်နိုင်ငံလုံးမှာ ၃၄၀၀၀ ကျော်အထိရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇွန်လ ၂၄ရက်နေ့ညကထုတ်ပြန်ပါတယ်။

အခုအရေအတွက်က တိုင်းနဲ့ ပြည်နယ်အနှံ့က သတ်မှတ်ထားတဲ့ စောင့်ကြည့်ရေး စခန်းတွေမှာ ထားရှိထားတဲ့အရေအတွက်လည်းဖြစ်ပါတယ်။

ပဲခူး၊ မကွေး၊ ကရင် ပြည်နယ်တို့မှာ ၄၀၀၀ ကျော်အသီးသီးရှိပြီး၊ မွန်၊ ရန်ကုန်နဲ့ ကချင်ပြည်နယ်တို့မှာ ၃၀၀၀ နဲ့ ၃၀၀၀ ကျော်အထိအသီးသီးရှိနေပါတယ်။

ကျန်တဲ့ဒေသအနှံ့အပြားမှာတော့ ရာချီကနေ ထောင်ချီ အရေအတွက်အထိကို ရှိနေဆဲဖြစ်ပါတယ်။ စစ်ပွဲတွေရှိနေသေးတဲ့ ရခိုင်ပြည်နယ်မှာတော့ ၂၀၀၀ နီးပါးစောင့်ကြည့်ထားရသူတွေရှိနေပါတယ်။

ကိုဗစ်ရောဂါစတင်တဲ့ ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီကစတင်ပြီး ဇွန်လ ၂၃ရက်နေ့အထိ ကိုဗစ်ရှိမရှိ စစ်ဆေးခဲ့သူပေါင်းက ၆၆၃၅၃ သာရှိပါတယ်။

ကျန်းမာရေးကတွတ်ချက်ထားတဲ့ ကူးစက်မှုနှုန်းအရဆိုရင် စောင့်ကြည့်ခံရသူလူနာများရဲ့ ၁ ရာခိုင်နှုန်းသာ ရောဂါကူးစက်ပြီး၊ ရောဂါလက္ခဏာမရှိပေမယ့်လည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားရာဇဝင်ရှိလို့ အသွားအလာကန့်သတ်သူနဲ့ ပိုးတွေ့လူနာနဲ့ ထိတွေ့သူတွေ ကူးစက်မှုကတော့ ဝ.၃၉ (လူအယောက် တစ်ရာမှာ တစ်ဦးကူးစက်နိုင်မှုပင် အလွန်နည်းခဲ့သည်ကိုတွေ့ရ) သာရှိတယ်လို့ ဖော်ပြပါတယ်။

ဒီနေ့မနက် ဇွန်လ ၂၅ရက်နေ့ စစ်ဆေးချက်အရတော့ ကိုဗစ်ကူးစက်ခံရသူ ၂၉၂ ဦးအထိရှိပါတယ်။ ဒီနေ့မနက်စစ်ဆေးချက်အရတော့ ထပ်မံကူးစက်သူမရှိပါဘူး။ ပိုးတွေ့သူတွေကို ပြန်လည်စစ်ဆေးရာ ၂ကြိမ်ဆက်တိုက် ပိုးမတွေ့သူ ၂၀၈ဦးအထိရှိနေပြီး အဲဒီထဲက ၁၉၃ ဦးက ဆေးရုံကဆင်းခွင့်ပေးခဲ့ပြီဖြစ်ပါတယ်။

BBC Burmese
---------------------------------------
(Zawgyi)⤵⤵⤵
အသြားအလာကန႔္သတ္ထားရသူ တစ္ႏိုင္ငံလုံးမွာ ၃၄၀၀၀ ေက်ာ္ရွိေနေသး

ဇြန္လ ၂၃ရက္ေန႔ ညေနပိုင္းအထိကို ကိုဗစ္ကူးစက္ခံရႏိုင္မႈရွိမရွိ ေစာင့္ၾကည့္ရန္ အသြားအလာကန႔္သတ္ထားရသူအေရအတြက္က တစ္ႏိုင္ငံလုံးမွာ ၃၄၀၀၀ ေက်ာ္အထိရွိေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဇြန္လ ၂၄ရက္ေန႔ညကထုတ္ျပန္ပါတယ္။

အခုအေရအတြက္က တိုင္းနဲ႔ ျပည္နယ္အႏွံ႔က သတ္မွတ္ထားတဲ့ ေစာင့္ၾကည့္ေရး စခန္းေတြမွာ ထားရွိထားတဲ့အေရအတြက္လည္းျဖစ္ပါတယ္။

ပဲခူး၊ မေကြး၊ ကရင္ ျပည္နယ္တို႔မွာ ၄၀၀၀ ေက်ာ္အသီးသီးရွိၿပီး၊ မြန္၊ ရန္ကုန္နဲ႔ ကခ်င္ျပည္နယ္တို႔မွာ ၃၀၀၀ နဲ႔ ၃၀၀၀ ေက်ာ္အထိအသီးသီးရွိေနပါတယ္။

က်န္တဲ့ေဒသအႏွံ႔အျပားမွာေတာ့ ရာခ်ီကေန ေထာင္ခ်ီ အေရအတြက္အထိကို ရွိေနဆဲျဖစ္ပါတယ္။ စစ္ပြဲေတြရွိေနေသးတဲ့ ရခိုင္ျပည္နယ္မွာေတာ့ ၂၀၀၀ နီးပါးေစာင့္ၾကည့္ထားရသူေတြရွိေနပါတယ္။

ကိုဗစ္ေရာဂါစတင္တဲ့ ၂၀၂၀ခုႏွစ္၊ ေဖေဖာ္ဝါရီကစတင္ၿပီး ဇြန္လ ၂၃ရက္ေန႔အထိ ကိုဗစ္ရွိမရွိ စစ္ေဆးခဲ့သူေပါင္းက ၆၆၃၅၃ သာရွိပါတယ္။

က်န္းမာေရးကတြတ္ခ်က္ထားတဲ့ ကူးစက္မႈႏႈန္းအရဆိုရင္ ေစာင့္ၾကည့္ခံရသူလူနာမ်ားရဲ႕ ၁ ရာခိုင္ႏႈန္းသာ ေရာဂါကူးစက္ၿပီး၊ ေရာဂါလကၡဏာမရွိေပမယ့္လည္း ျပည္တြင္း၊ ျပည္ပ ခရီးသြားရာဇဝင္ရွိလို႔ အသြားအလာကန႔္သတ္သူနဲ႔ ပိုးေတြ႕လူနာနဲ႔ ထိေတြ႕သူေတြ ကူးစက္မႈကေတာ့ ဝ.၃၉ (လူအေယာက္ တစ္ရာမွာ တစ္ဦးကူးစက္ႏိုင္မႈပင္ အလြန္နည္းခဲ့သည္ကိုေတြ႕ရ) သာရွိတယ္လို႔ ေဖာ္ျပပါတယ္။

ဒီေန႔မနက္ ဇြန္လ ၂၅ရက္ေန႔ စစ္ေဆးခ်က္အရေတာ့ ကိုဗစ္ကူးစက္ခံရသူ ၂၉၂ ဦးအထိရွိပါတယ္။ ဒီေန႔မနက္စစ္ေဆးခ်က္အရေတာ့ ထပ္မံကူးစက္သူမရွိပါဘူး။ ပိုးေတြ႕သူေတြကို ျပန္လည္စစ္ေဆးရာ ၂ႀကိမ္ဆက္တိုက္ ပိုးမေတြ႕သူ ၂၀၈ဦးအထိရွိေနၿပီး အဲဒီထဲက ၁၉၃ ဦးက ေဆး႐ုံကဆင္းခြင့္ေပးခဲ့ၿပီျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-53174577
အသွားအလာကန့်သတ်ထားရသူ တစ်နိုင်ငံလုံးမှာ ၃၄၀၀၀ ကျော်ရှိနေသေး အသွားအလာကန့်သတ်ထားရသူ တစ်နိုင်ငံလုံးမှာ ၃၄၀၀၀ ကျော်ရှိနေသေး Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.