အာဖရိက အယ်လ်ကိုင်းဒါးခေါင်းဆောင် သေဆုံးကြောင်း အမေရိကန်နဲ့ ပြင်သစ် အတည်ပြု

AQIM အဖွဲ့ခေါင်းဆောင် Abdelmalek Droukdel. (မေ ၁၀၊ ၂၀၀၇)
(Unicode)⤵⤵⤵
အာဖရိကမြောက်ပိုင်းက အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ al-Qaida in the Islamic Maghreb (AQIM) အဖွဲ့ခေါင်းဆောင် Abdelmalek Droukdel သေဆုံးကြောင်း အာဖရိကဒေသဆိုင်ရာ အမေရိကန်စစ်ဌာနချုပ် AFRICOM က အတည်ပြုပါတယ်။

ပြင်သစ်ဦးဆောင်တဲ့ ဇွန်လ ၃ ရက်နေ့ စစ်ဆင်ရေးမှာ Abdelmalek သေဆုံးကြောင်း သီးခြားဆန်းစစ်မှုက ရတဲ့ အချက်အလက်တွေကို ကိုးကားပြီး စနေနေ့မှာ AFRICOM က ထုတ်ပြန်လိုက်တာပါ။ ဒီစစ်ဆင်ရေးဟာ ပူးတွဲစစ်ဆင်ရေးဖြစ်ကြောင်းလည်း AFRICOM ပြောခွင့်ရ ဗိုလ်မှူးကြီး Chris Karns က ဗွီအိုအေကို ပြောပါတယ်။

ပြင်သစ် လက်နက်ကိုင်တပ်များဆိုင်ရာ ဝန်ကြီး Florence Parly က ပြင်သစ်တပ်တွေဟာ ဒေသတွင်း မိတ်ဆွေတွေရဲ့ အကူအညီနဲ့ မာလီမြောက်ပိုင်းမှာ ပြုလုပ်တဲ့ ဇွန်လ ၃ ရက် စစ်ဆင်ရေးအတွင်း Abdelmalek ကို အသေရမိတာဖြစ်ကြောင်း သောကြာနေ့က ကြေညာခဲ့တာပါ။

အာဖရိကမြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ ဒီ ဂျီဟတ်အဖွဲ့ကို ပြင်သစ်တပ်တွေ နှစ်ပေါင်းများစွာ ခြေရာခံလိုက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အမေရိကန်ရဲ့ ထောက်လှမ်းရေးနဲ့ စောင့်ကြည့်စစ်ဆေးမှု အချက်အလက်တွေအရ သူ့ကို ဖမ်းဖို့ စီစဉ်နိုင်ခဲ့တယ်လို့ AFRICOM က ပြောပါတယ်။

သူဟာ လူပေါင်း ၃၃ ဦး သေဆုံးခဲ့ရတဲ့ အယ်လ်ဂျီးရီးယား ဝန်ကြီးချုပ်ရုံး ဗုံးခွဲမှု အပါအဝင် ၂၀၀၇ ခုနှစ်အတွင်း လူအသေအပျောက်များတဲ့ ဗုံးခွဲမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့သူလို့ အမေရိကန် အရာရှိတွေက သတ်မှတ်ထားတာပါ။

အခု သူ့ကို အသေရမိခဲ့ပေမယ့် စီးပွားရေးနဲ့ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ အာဖရိကအနောက်ပိုင်း တချို့ဒေသတွေမှာ AQIM နဲ့ တခြားအကြမ်းဖက်အဖွဲ့တွေ တိုးလာနေတာကြောင့် ပြင်သစ်၊ အမေရိကန်နဲ့ အာဖရိကဒေသက အရာရှိတွေက စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)   
-----------------------------------------
(Zawgyi)⤵⤵⤵
အာဖရိက အယ္လ္ကိုင္းဒါးေခါင္းေဆာင္ ေသဆုံးေၾကာင္း အေမရိကန္နဲ႔ ျပင္သစ္ အတည္ျပဳ

အာဖရိကေျမာက္ပိုင္းက အယ္လ္ကိုင္းဒါး အၾကမ္းဖက္အဖြဲ႕နဲ႔ ဆက္ႏႊယ္ေနတဲ့ al-Qaida in the Islamic Maghreb (AQIM) အဖြဲ႕ေခါင္းေဆာင္ Abdelmalek Droukdel ေသဆုံးေၾကာင္း အာဖရိကေဒသဆိုင္ရာ အေမရိကန္စစ္ဌာနခ်ဳပ္ AFRICOM က အတည္ျပဳပါတယ္။

ျပင္သစ္ဦးေဆာင္တဲ့ ဇြန္လ ၃ ရက္ေန႔ စစ္ဆင္ေရးမွာ Abdelmalek ေသဆုံးေၾကာင္း သီးျခားဆန္းစစ္မႈက ရတဲ့ အခ်က္အလက္ေတြကို ကိုးကားၿပီး စေနေန႔မွာ AFRICOM က ထုတ္ျပန္လိုက္တာပါ။ ဒီစစ္ဆင္ေရးဟာ ပူးတြဲစစ္ဆင္ေရးျဖစ္ေၾကာင္းလည္း AFRICOM ေျပာခြင့္ရ ဗိုလ္မႉးႀကီး Chris Karns က ဗြီအိုေအကို ေျပာပါတယ္။

ျပင္သစ္ လက္နက္ကိုင္တပ္မ်ားဆိုင္ရာ ဝန္ႀကီး Florence Parly က ျပင္သစ္တပ္ေတြဟာ ေဒသတြင္း မိတ္ေဆြေတြရဲ႕ အကူအညီနဲ႔ မာလီေျမာက္ပိုင္းမွာ ျပဳလုပ္တဲ့ ဇြန္လ ၃ ရက္ စစ္ဆင္ေရးအတြင္း Abdelmalek ကို အေသရမိတာျဖစ္ေၾကာင္း ေသာၾကာေန႔က ေၾကညာခဲ့တာပါ။

အာဖရိကေျမာက္ပိုင္းမွာ လႈပ္ရွားေနတဲ့ ဒီ ဂ်ီဟတ္အဖြဲ႕ကို ျပင္သစ္တပ္ေတြ ႏွစ္ေပါင္းမ်ားစြာ ေျခရာခံလိုက္ေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ အေမရိကန္ရဲ႕ ေထာက္လွမ္းေရးနဲ႔ ေစာင့္ၾကည့္စစ္ေဆးမႈ အခ်က္အလက္ေတြအရ သူ႔ကို ဖမ္းဖို႔ စီစဥ္ႏိုင္ခဲ့တယ္လို႔ AFRICOM က ေျပာပါတယ္။

သူဟာ လူေပါင္း ၃၃ ဦး ေသဆုံးခဲ့ရတဲ့ အယ္လ္ဂ်ီးရီးယား ဝန္ႀကီးခ်ဳပ္႐ုံး ဗုံးခြဲမႈ အပါအဝင္ ၂၀၀၇ ခုႏွစ္အတြင္း လူအေသအေပ်ာက္မ်ားတဲ့ ဗုံးခြဲမႈေတြ ဆက္တိုက္ လုပ္ေဆာင္ခဲ့သူလို႔ အေမရိကန္ အရာရွိေတြက သတ္မွတ္ထားတာပါ။

အခု သူ႔ကို အေသရမိခဲ့ေပမယ့္ စီးပြားေရးနဲ႔ ႏိုင္ငံေရး မတည္မၿငိမ္ျဖစ္ေနတဲ့ အာဖရိကအေနာက္ပိုင္း တခ်ိဳ႕ေဒသေတြမွာ AQIM နဲ႔ တျခားအၾကမ္းဖက္အဖြဲ႕ေတြ တိုးလာေနတာေၾကာင့္ ျပင္သစ္၊ အေမရိကန္နဲ႔ အာဖရိကေဒသက အရာရွိေတြက စိုးရိမ္ေနၾကဆဲ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/death-of-africa-al-qaida-chief/5452327.html
အာဖရိက အယ်လ်ကိုင်းဒါးခေါင်းဆောင် သေဆုံးကြောင်း အမေရိကန်နဲ့ ပြင်သစ် အတည်ပြု အာဖရိက အယ်လ်ကိုင်းဒါးခေါင်းဆောင် သေဆုံးကြောင်း အမေရိကန်နဲ့ ပြင်သစ် အတည်ပြု Reviewed by THITHTOOLWIN on 07:11 Rating: 5
Powered by Blogger.