AA တပ်ဖွဲ့ဝင်လို့ စွပ်စွဲခံရသူ ခြောက်ဦးကို စွဲချက်တင်ဖို့ မန္တလေးခရိုင်တရားရုံးဆုံးဖြတ်

(AA တပ်ဖွဲ့က ဒု-အရာခံဗိုလ်တစ်ဦး၊ တပ်ကြပ် နှစ်ဦးအပါအဝင် ခြောက်ယောက်ကို မန္တလေးခရိုင်တရားရုံးမှာ ၂၀၁၉၊ အောက်တိုဘာ ၈ ရက်နေ့က ရုံးထုတ်စဉ်) ဓာတ်ပုံ - ခေမဏီဝင်း/ RFA
(Unicode)⤵⤵⤵
AA တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲခံထားရတဲ့ အမျိုးသား ခြောက်ယောက်ကို ၂၀၁၄ ခုနှစ် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁ (ဂ)၊ ၅၂ (က) တို့နဲ့ စွဲချက်တင်ဖို့ မန္တလေးခရိုင်တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

တရာလိုပြသက်သေ ၁၉ ယောက်ကို စစ်ဆေးပြီး စွဲချက်တင်လိုက်တာဖြစ်တယ်လို့ ခရိုင်တရားရုံးက သတင်းနဲ့ပြန်ကြားရေးအရာရှိ ဦးကျော်ကျော်မိုးက ပြောပါတယ်။

အကြမ်းဖက် အုပ်စုတစ်စုမှန်းသိလျက်နဲ့ ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့တယ်၊ အကြမ်းဖက် ဗုံးခွဲမှုကျုးလွန်ရန် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများ ဖြန့်ဖြူးခြင်း၊ ပေးကမ်းခြင်း၊ လက်ဝယ်ထားခြင်းပြုခဲ့တယ် စတဲ့ သက်သေခံချက်တွေရှိလို့ ဒီပုဒ်မနဲ့ စွဲချက်တင်ခဲ့တာလို့ ဆိုပါတယ်။

စွဲချက်တင်ခံရတဲ့ ပုဒ်မတွေအရ ၅၂ (က) က အနည်းဆုံးထောင်ဒဏ် သုံးနှစ်ကနေ ခုနှစ်နှစ်ထိ ချမှတ်နိုင်ပြီး ၅၁ (ဂ) ကတော့ အနည်းဆုံးထောင်ဒဏ် ငါးနှစ်ကနေ ဆယ်နှစ်အထိ ချမှတ်နိုင်တာဖြစ်ပါတယ်။

ဒီအမှုမှာ တရားလိုက ဒုရဲမှူး ဇော်နိုင်ဖြစ်ပါတယ်။ အမှုနဲ့ပတ်သက်ပြီး နောက်ထပ် သုံးယောက်ကိုလည်း တရာခံပြေးအဖြစ် ကြေငြာထားပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇၊ ၈၈ အရ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆောင်ရွက်ထားတယ်လို့ တရားရုံးက ပြောပါတယ်။

စွဲဆိုခံထားရသူတွေဟာ အေအေတပ်ဖွဲ့ ပို့ဆောင်ရေးတာဝန်ရှိသူ အောင်လင်းထက်(ခ) လင်းထက်၊ ဒုတပ်ကြပ် ချမ်းငြိမ်း၊ ဒုတပ်ကြပ်  မြတ်ခိုင်၊ ရွှေပြည်သစ်ကားဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး၊ ကျောက်အရောင်းအဝယ် လုပ်သူ မိုးကျော် (ခ) ဦးမိုးကျော်၊  ဝင်းသိန်း တို့ ဖြစ်တယ်လို့ ခရိုင်တရားရုံးကနေ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၀ ရက်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းက နေအိမ်တစ်ခုကို ဝင်ရောက်ရှာဖွေရာကနေ ဖောက်ခွဲရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို တွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီး အမှုဖွင့်ခံရပြီး အိုးဘိုအကျဉ်းထောင်အတွင်းကနေ တရားရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

လာမယ့် ၂၃ ရက်နေ့ ရုံးချိန်းမှာ ပြန်ခေါ်သက်သေခေါ်ယူပြီး စစ်ဆေးသွားမှာဖြစ်ပါတယ်။

RFA Burmese
--------------------------------
(Zawgyi)⤵⤵⤵
AA တပ္ဖြဲ႕ဝင္လို႔ စြပ္စြဲခံရသူ ေျခာက္ဦးကို စြဲခ်က္တင္ဖို႔ မႏၲေလးခ႐ိုင္တရား႐ုံးဆုံးျဖတ္

AA တပ္ဖြဲ႕ဝင္ေတြလို႔ စြပ္စြဲခံထားရတဲ့ အမ်ိဳးသား ေျခာက္ေယာက္ကို ၂၀၁၄ ခုႏွစ္ အၾကမ္းဖက္ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၁ (ဂ)၊ ၅၂ (က) တို႔နဲ႔ စြဲခ်က္တင္ဖို႔ မႏၲေလးခ႐ိုင္တရား႐ုံးက ဒီကေန႔ ဆုံးျဖတ္လိုက္ပါတယ္။

တရာလိုျပသက္ေသ ၁၉ ေယာက္ကို စစ္ေဆးၿပီး စြဲခ်က္တင္လိုက္တာျဖစ္တယ္လို႔ ခ႐ိုင္တရား႐ုံးက သတင္းနဲ႔ျပန္ၾကားေရးအရာရွိ ဦးေက်ာ္ေက်ာ္မိုးက ေျပာပါတယ္။

အၾကမ္းဖက္ အုပ္စုတစ္စုမွန္းသိလ်က္နဲ႔ ပါဝင္လႈပ္ရွား ေဆာင္႐ြက္ခဲ့တယ္၊ အၾကမ္းဖက္ ဗုံးခြဲမႈက်ဳးလြန္ရန္ ေပါက္ကြဲေစတတ္တဲ့ ပစၥည္းမ်ား ျဖန႔္ျဖဴးျခင္း၊ ေပးကမ္းျခင္း၊ လက္ဝယ္ထားျခင္းျပဳခဲ့တယ္ စတဲ့ သက္ေသခံခ်က္ေတြရွိလို႔ ဒီပုဒ္မနဲ႔ စြဲခ်က္တင္ခဲ့တာလို႔ ဆိုပါတယ္။

စြဲခ်က္တင္ခံရတဲ့ ပုဒ္မေတြအရ ၅၂ (က) က အနည္းဆုံးေထာင္ဒဏ္ သုံးႏွစ္ကေန ခုႏွစ္ႏွစ္ထိ ခ်မွတ္ႏိုင္ၿပီး ၅၁ (ဂ) ကေတာ့ အနည္းဆုံးေထာင္ဒဏ္ ငါးႏွစ္ကေန ဆယ္ႏွစ္အထိ ခ်မွတ္ႏိုင္တာျဖစ္ပါတယ္။

ဒီအမႈမွာ တရားလိုက ဒုရဲမႉး ေဇာ္ႏိုင္ျဖစ္ပါတယ္။ အမႈနဲ႔ပတ္သက္ၿပီး ေနာက္ထပ္ သုံးေယာက္ကိုလည္း တရာခံေျပးအျဖစ္ ေၾကျငာထားၿပီး ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၈၇၊ ၈၈ အရ တရား႐ုံးရဲ႕ လုပ္ထုံးလုပ္နည္းေတြနဲ႔ ေဆာင္႐ြက္ထားတယ္လို႔ တရား႐ုံးက ေျပာပါတယ္။

စြဲဆိုခံထားရသူေတြဟာ ေအေအတပ္ဖြဲ႕ ပို႔ေဆာင္ေရးတာဝန္ရွိသူ ေအာင္လင္းထက္(ခ) လင္းထက္၊ ဒုတပ္ၾကပ္ ခ်မ္းၿငိမ္း၊ ဒုတပ္ၾကပ္  ျမတ္ခိုင္၊ ေ႐ႊျပည္သစ္ကားဂိတ္မႉး ေက်ာ္ေက်ာ္ၿဖိဳး (ခ) ကိုၿဖိဳး၊ ေက်ာက္အေရာင္းအဝယ္ လုပ္သူ မိုးေက်ာ္ (ခ) ဦးမိုးေက်ာ္၊  ဝင္းသိန္း တို႔ ျဖစ္တယ္လို႔ ခ႐ိုင္တရား႐ုံးကေန သိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာ ၁၀ ရက္ေန႔က မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္အတြင္းက ေနအိမ္တစ္ခုကို ဝင္ေရာက္ရွာေဖြရာကေန ေဖာက္ခြဲေရးနဲ႔ ဆက္စပ္တဲ့ ပစၥည္းေတြကို ေတြ႕ရွိခဲ့ၿပီးေနာက္ ဖမ္းဆီး အမႈဖြင့္ခံရၿပီး အိုးဘိုအက်ဥ္းေထာင္အတြင္းကေန တရားရင္ဆိုင္ေနၾကရတာျဖစ္ပါတယ္။

လာမယ့္ ၂၃ ရက္ေန႔ ႐ုံးခ်ိန္းမွာ ျပန္ေခၚသက္ေသေခၚယူၿပီး စစ္ေဆးသြားမွာျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
AA တပ်ဖွဲ့ဝင်လို့ စွပ်စွဲခံရသူ ခြောက်ဦးကို စွဲချက်တင်ဖို့ မန္တလေးခရိုင်တရားရုံးဆုံးဖြတ် AA တပ်ဖွဲ့ဝင်လို့ စွပ်စွဲခံရသူ ခြောက်ဦးကို စွဲချက်တင်ဖို့ မန္တလေးခရိုင်တရားရုံးဆုံးဖြတ် Reviewed by THITHTOOLWIN on 03:24 Rating: 5
Powered by Blogger.