ရန္ကုန္အျပင္ တျခားေဒသေတြမွာပါ COVID-19 စစ္ေဆးႏုိင္ဖို႔ ျပင္ဆင္ေန

ကန္႔သတ္မႈအခ်ဳိ႕ ေျဖေလွ်ာ့ေပးလုိက္သည့္ လႈိင္သာယာၿမိဳ႕နယ္တြင္ ႏွာေခါင္းစည္းတပ္ သြားလာေနၾကသူမ်ား။ (ေမ ၁၆၊ ၂၀၂၀)
(Zawgyi / Unicode)

COVID-19 ေရာဂါ ရွိမရွိ ဓာတ္ခြဲစစ္ေဆးတာေတြကို ရန္ကုန္အျပင္ တျခားေဒသေတြမွာ စစ္ႏိုင္ဖို႔ အစိုးရက စီစဥ္ေနပါတယ္။ အျပည့္အစုံကို ကုိစည္သူက တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံ ေဒသအႏွံ႔က COVID-19 ေရာဂါ သံသယရွိသူေတြရဲ႕ ဓာတ္ခြဲနမူနာေတြကို ရန္ကုန္ၿမိဳ႕က ဓာတ္ခြဲခန္းအထိ ပို႔ေဆာင္ဖို႔မလိုေတာ့ဘဲ နီးစပ္ရာ ေဒသေတြမွာ စစ္ေဆးႏိုင္ဖို႔ က်န္းမာေရးဝန္ႀကီးဌာနက ႀကိဳးစားေနေၾကာင္း အစိုးရ ေျပာေရးဆိုခြင့္ရွိသူ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ဒီကေန႔လုပ္တဲ့ အြန္လိုင္း သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုလိုက္တာပါ။

“အရင္တုန္းက ရန္ကုန္တခုတည္း စစ္တာကေနၿပီး ေဒသေပါ့၊ ေအာက္ဘက္မွာဆုိရင္ ေမာ္လၿမိဳင္လို ေနရာမွာ စစ္မယ္။ အေပၚဘက္မွာဆုိရင္ မႏၱေလးဘက္မွာ စစ္မယ္။ ရွမ္းျပည္ဘက္ဆုိရင္ ရွမ္းဘက္မွာစစ္မယ္။ အဲလုိမ်ဳိး Laboratory ေတြ မ်ားလာၿပီဆုိရင္ စစ္ႏုိင္တဲ့အေနအထားက ရန္ကုန္အထိ သယ္စရာ မလိုေတာ့ဘူး။ ဒါမ်ဳိး က်ေနာ္တုိ႔ ႀကိဳးပမ္းၿပီး လုပ္ေနတယ္။”

အခုလို ရန္ကုန္ျပင္ပေဒသေတြမွာ စစ္ေဆးႏုိင္ဖို႔ သက္ဆိုင္ရာ ဓာတ္ခြဲခန္းေတြဟာ ကမာၻ႔က်န္းမာေရးအဖြဲ႔ရဲ႕ စံသတ္မွတ္ခ်က္ေတြနဲ႔ ျပည့္စုံဖို႔ လိုအပ္တာေၾကာင့္ အျမန္ဆုံးဖြင့္ႏိုင္ေရး ေဆာင္ရြက္ေနတယ္လို႔လည္း ဦးေဇာ္ေဌးက ေျပာပါတယ္။

မႏၲေလးတိုင္း ျပည္သူ႔က်န္းမာေရးဦးစီးမွဴး ေဒါက္တာသန္းသန္းျမင့္ကေတာ့ ဓာတ္ခြဲခန္းအေဆာက္အဦ အဆင္သင့္ျဖစ္တာနဲ႔ တပတ္အတြင္း စတင္ႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။

“ေဆာက္လုပ္ေရးကေတာ့ ၁၇ ရက္ေန႔ အပ္မယ္လို႔ ေျပာတယ္။ ၁၇ ရက္ေန႔ အပ္ၿပီးရင္ က်မတို႔ ပစၥည္းေတြ ထည့္မယ္။ ထည့္ၿပီးရင္ ၂၀ ရက္ေန႔ေလာက္ေတာ့ စၿပီး စစ္ႏုိင္ပါမယ္။”

မႏၲေလးဓာတ္ခြဲခန္းမွာ COVID-19 စစ္ေပးႏိုင္ရင္ စစ္ကိုင္းတိုင္းနဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းလို နီးစပ္ရာ ေနရာတခ်ိဳ႕က သံသယလူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကို အခ်ိန္တိုအတြင္း စစ္ေပးႏိုင္မယ္လို႔ ေဒါက္တာသန္းသန္းျမင့္က ေျပာပါတယ္။

မြန္ျပည္နယ္ ေမာ္လၿမိဳင္မွာလည္း ျမန္မာျပည္ေအာက္ပိုင္းက ဓာတ္ခြဲနမူနာေတြကို ဓာတ္ခြဲစစ္ေဆးႏိုင္ဖို႔ ဓာတ္ခြဲခန္း အေဆာက္အဦ အဆင္သင့္ျပင္ထားၿပီး ေမလကုန္မွာ စတင္စစ္ေဆးေပးႏိုင္ဖို႔ ခန႔္မွန္းထားေၾကာင္း ျပည္နယ္ က်န္းမာေရးဦးစီးမွဴး ေဒါက္တာထြန္းေအာင္ၾကည္က ေျပာပါတယ္။

ဒါ့အျပင္ ရွမ္းျပည္နယ္ ေတာင္ႀကီး စဝ္စံထြန္းေဆး႐ုံမွာလည္း ဓာတ္ခြဲခန္း ျပင္ဆင္ထားၿပီး ဇြန္လထဲမွာ စတင္စစ္ေဆးေပးႏိုင္ေတာ့မယ္လို႔ ျပည္နယ္က်န္းမာေရးဦးစီးမွဴး ေဒါက္တာသူဇာခ်စ္တင္က ေျပာပါတယ္။

“စဝ္စံထြန္းေဆး႐ုံမွာ Micro Biologist ရွိတယ္၊ အႏုဇီဝေဗဒဆုိင္ရာ ဆရာဝန္ႀကီးေပါ့။ အဲဒီဆရာဝန္ႀကီးရယ္ ဓာတ္ခြဲကၽြမ္းက်င္ေတြရယ္ကုိ NHL မွာ သင္တန္းေပးၿပီးၿပီ။ သူတုိ႔ သင္တန္း သြားတက္ၿပီးၿပီ။”

ရခိုင္ျပည္နယ္မွာ ဧၿပီလအတြင္းက ရန္ကုန္ဓာတ္ခြဲခန္းကို ပို႔ေဆာင္မယ့္ ဓာတ္ခြဲနမူနာ တင္ေဆာင္လာတဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ရဲ႕ ယာဥ္တန္းကို ပစ္ခတ္ခံခဲ့ရတာေၾကာင့္ WHO ဝန္ထမ္းတဦး ေသဆုံးခဲ့ၿပီး က်န္သူတခ်ဳိ႕ ဒဏ္ရာရခဲ့ပါတယ္။

ရန္ကုန္ကို ပို႔ေဆာင္ရမယ့္အခ်ိန္ ေလွ်ာ့ခ်ႏိုင္ဖို႔အျပင္ ဓာတ္ခြဲနမူနာေတြကို စစ္ေဆးရာမွာ အခ်ိန္ပိုမိုျမန္ဆန္ေစဖို႔ မိနစ္ပိုင္းအတြင္း စစ္ေဆးႏိုင္မယ့္ စမ္းသပ္ပစၥည္း Rapid Test Kit ေတြကိုလည္း စမ္းသပ္စစ္ေဆးေနတယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

“Test Kit ေတြကို စမ္းေနပါတယ္။ NHL မွာ WHO နည္းစနစ္နဲ႔ စမ္းသပ္တိုင္းမွာ Test Kit နဲ႔ စမ္းသပ္ေနတာရွိတယ္။ အဲဒီအေပၚမွာ က်န္းမာေရး Authority ကေရာ WHO ကေရာ ဘယ္ေလာက္ထိ စိတ္ခ်ရမလဲဆိုတဲ့ Result ေတြ ေစာင့္ၾကည့္ေနပါတယ္။ သတ္မွတ္ထားတဲ့ ပမာဏမွာ Positive ဘယ္ေလာက္ Negative ဘယ္ေလာက္မွာ သတ္မွတ္ခ်က္အတိုင္း အက်ဳံးဝင္ မွန္လာၿပီဆိုရင္ေတာ့ တခ်ိန္မွာ Test Kit ကို ေျပာင္းသုံးႏိုင္မယ္ဆိုရင္ေတာ့ ပိုၿပီးျမန္သြားၿပီေပါ့။”
ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုမွာ ႏွာေခါင္းစည္းတပ္ထားတဲ့ အမ်ိဳးသားတဦး ေတြ႔ရ (မတ္ ၂၄၊ ၂၀၂၀)
SEE ALSO:
ရန္ကုန္ ၄ ၿမိဳ႕နယ္နဲ႔ ကေလးၿမိဳ႕နယ္ အိမ္တြင္းေနအမိန္႔ ႐ုပ္သိမ္း

လက္ရွိအခ်ိန္အထိေတာ့ COVID ဓာတ္ခြဲနမူနာေတြကို အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန၊ ေဆးသုေတသန ဦးစီးဌာနနဲ႔ ေနျပည္ေတာ္ တပ္မေတာ္ေဆး႐ုံႀကီးတို႔ကေန စမ္းသပ္စစ္ေဆးေနပါတယ္။ ျမန္မာႏုိင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ရွိမရွိ ေဖေဖာ္ဝါရီ ၃ ရက္ေန႔က စတင္စစ္ေဆးခဲ့ၿပီးေတာ့ ေမလ ၁၆ ရက္ေန႔ ေန႔လယ္ပုိင္းအထိ ထုတ္ျပန္ခ်က္အရ တေသာင္းသုံးေထာင္ေက်ာ္ စစ္ေဆးခဲ့ၿပီး ပိုးေတြ႔လူနာ ၁၈၂ ဦး ေတြ႔ရွိထားပါတယ္။

ကိုစည္သူ / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------

(Unicode)

ရန်ကုန်အပြင် တခြားဒေသတွေမှာပါ COVID-19 စစ်ဆေးနိုင်ဖို့ ပြင်ဆင်နေ

COVID-19 ရောဂါ ရှိမရှိ ဓာတ်ခွဲစစ်ဆေးတာတွေကို ရန်ကုန်အပြင် တခြားဒေသတွေမှာ စစ်နိုင်ဖို့ အစိုးရက စီစဉ်နေပါတယ်။ အပြည့်အစုံကို ကိုစည်သူ တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ဒေသအနှံ့က COVID-19 ရောဂါ သံသယရှိသူတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန်မြို့က ဓာတ်ခွဲခန်းအထိ ပို့ဆောင်ဖို့မလိုတော့ဘဲ နီးစပ်ရာ ဒေသတွေမှာ စစ်ဆေးနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ကြိုးစားနေကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီကနေ့လုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

“အရင်တုန်းက ရန်ကုန်တခုတည်း စစ်တာကနေပြီး ဒေသပေါ့၊ အောက်ဘက်မှာဆိုရင် မော်လမြိုင်လို နေရာမှာ စစ်မယ်။ အပေါ်ဘက်မှာဆိုရင် မန္တလေးဘက်မှာ စစ်မယ်။ ရှမ်းပြည်ဘက်ဆိုရင် ရှမ်းဘက်မှာစစ်မယ်။ အဲလိုမျိုး Laboratory တွေ များလာပြီဆိုရင် စစ်နိုင်တဲ့အနေအထားက ရန်ကုန်အထိ သယ်စရာ မလိုတော့ဘူး။ ဒါမျိုး ကျနော်တို့ ကြိုးပမ်းပြီး လုပ်နေတယ်။”

အခုလို ရန်ကုန်ပြင်ပဒေသတွေမှာ စစ်ဆေးနိုင်ဖို့ သက်ဆိုင်ရာ ဓာတ်ခွဲခန်းတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စံသတ်မှတ်ချက်တွေနဲ့ ပြည့်စုံဖို့ လိုအပ်တာကြောင့်အမြန်ဆုံးဖွင့်နိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်ကတော့ ဓာတ်ခွဲခန်းအဆောက်အဦ အဆင်သင့်ဖြစ်တာနဲ့ တပတ်အတွင်း စတင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

“ဆောက်လုပ်ရေးကတော့ ၁၇ ရက်နေ့ အပ်မယ်လို့ ပြောတယ်။ ၁၇ ရက်နေ့ အပ်ပြီးရင် ကျမတို့ ပစ္စည်းတွေ ထည့်မယ်။ ထည့်ပြီးရင် ၂၀ ရက်နေ့လောက်တော့ စပြီး စစ်နိုင်ပါမယ်။”

မန္တလေးဓာတ်ခွဲခန်းမှာ COVID-19 စစ်ပေးနိုင်ရင် စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းလို နီးစပ်ရာ နေရာတချို့က သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို အချိန်တိုအတွင်း စစ်ပေးနိုင်မယ်လို့ ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မှာလည်း မြန်မာပြည်အောက်ပိုင်းက ဓာတ်ခွဲနမူနာတွေကို ဓာတ်ခွဲစစ်ဆေးနိုင်ဖို့ ဓာတ်ခွဲခန်း အဆောက်အဦ အဆင်သင့်ပြင်ထားပြီး မေလကုန်မှာ စတင်စစ်ဆေးပေးနိုင်ဖို့ ခန့်မှန်းထားကြောင်း ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် တောင်ကြီး စဝ်စံထွန်းဆေးရုံမှာလည်း ဓာတ်ခွဲခန်း ပြင်ဆင်ထားပြီး ဇွန်လထဲမှာ စတင်စစ်ဆေးပေးနိုင်တော့မယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသူဇာချစ်တင်က ပြောပါတယ်။

“စဝ်စံထွန်းဆေးရုံမှာ Micro Biologist ရှိတယ်၊ အနုဇီဝဗေဒဆိုင်ရာ ဆရာဝန်ကြီးပေါ့။ အဲဒီဆရာဝန်ကြီးရယ် ဓာတ်ခွဲကျွမ်းကျင်တွေရယ်ကို NHL မှာ သင်တန်းပေးပြီးပြီ။ သူတို့ သင်တန်း သွားတက်ပြီးပြီ။”

ရခိုင်ပြည်နယ်မှာ ဧပြီလအတွင်းက ရန်ကုန်ဓာတ်ခွဲခန်းကို ပို့ဆောင်မယ့် ဓာတ်ခွဲနမူနာ တင်ဆောင်လာတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ယာဉ်တန်းကို ပစ်ခတ်ခံခဲ့ရတာကြောင့် WHO ဝန်ထမ်းတဦး သေဆုံးခဲ့ပြီး ကျန်သူတချို့ ဒဏ်ရာရခဲ့ပါတယ်။

ရန်ကုန်ကို ပို့ဆောင်ရမယ့်အချိန် လျှော့ချနိုင်ဖို့အပြင် ဓာတ်ခွဲနမူနာတွေကို စစ်ဆေးရာမှာ အချိန်ပိုမိုမြန်ဆန်စေဖို့ မိနစ်ပိုင်းအတွင်း စစ်ဆေးနိုင်မယ့် စမ်းသပ်ပစ္စည်း Rapid Test Kit တွေကိုလည်း စမ်းသပ်စစ်ဆေးနေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“Test Kit တွေကို စမ်းနေပါတယ်။ NHL မှာ WHO နည်းစနစ်နဲ့ စမ်းသပ်တိုင်းမှာ Test Kit နဲ့ စမ်းသပ်နေတာရှိတယ်။ အဲဒီအပေါ်မှာ ကျန်းမာရေး Authority ကရော WHO ကရော ဘယ်လောက်ထိ စိတ်ချရမလဲဆိုတဲ့ Result တွေ စောင့်ကြည့်နေပါတယ်။ သတ်မှတ်ထားတဲ့ ပမာဏမှာ Positive ဘယ်လောက် Negative ဘယ်လောက်မှာ သတ်မှတ်ချက်အတိုင်း အကျုံးဝင် မှန်လာပြီဆိုရင်တော့ တချိန်မှာ Test Kit ကို ပြောင်းသုံးနိုင်မယ်ဆိုရင်တော့ ပိုပြီးမြန်သွားပြီပေါ့။”

လက်ရှိအချိန်အထိတော့ COVID ဓာတ်ခွဲနမူနာတွေကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဆေးသုတေသန ဦးစီးဌာနနဲ့ နေပြည်တော် တပ်မတော်ဆေးရုံကြီးတို့ကနေ စမ်းသပ်စစ်ဆေးနေပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ ဖေဖော်ဝါရီ ၃ ရက်နေ့က စတင်စစ်ဆေးခဲ့ပြီးတော့ မေလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းအထိ ထုတ်ပြန်ချက်အရ တသောင်းသုံးထောင်ကျော် စစ်ဆေးခဲ့ပြီး ပိုးတွေ့လူနာ ၁၈၂ ဦး တွေ့ရှိထားပါတယ်။

ကိုစည်သူ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid19-test/5422580.html
ရန္ကုန္အျပင္ တျခားေဒသေတြမွာပါ COVID-19 စစ္ေဆးႏုိင္ဖို႔ ျပင္ဆင္ေန ရန္ကုန္အျပင္ တျခားေဒသေတြမွာပါ COVID-19 စစ္ေဆးႏုိင္ဖို႔ ျပင္ဆင္ေန Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.