RFA သတင္းေထာက္ ဦးေအာင္မိုးျမင့္ ကြယ္လြန္

ထိုင္းျမန္မာနယ္စပ္ ၿငိမ္းခ်မ္းေရးေဆြး‌ေႏြးပြဲတစ္ခုတြင္ ေတြ႕ရသည့္ RFA သတင္းေထာက္ ဦးေအာင္မိုးျမင့္။ Photo: Facebook/ Aung Moe Myint
(Zawgyi)⤵⤵⤵
လြတ္လပ္တဲ့အာရွအသံ RFA သတင္းဌာနရဲ႕ ထိုင္းႏိုင္ငံအေျခစိုက္ သတင္းေထာက္တစ္ဦးျဖစ္တဲ့ ဦးေအာင္မိုးျမင့္ဟာ ၂ဝ၂ဝ ျပည့္ႏွစ္ ေမလ ၁၆ ရက္ေန႔က ခ်င္းမိုင္ၿမိဳ႕ေဆး႐ုံႀကီးမွာ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားပါတယ္။

ဦးေအာင္မိုးျမင့္ဟာ RFA သတင္းဌာနမွာ အႏွစ္ ၂ဝ နီးပါး လုပ္ကိုင္ခဲ့တဲ့ သတင္းသမားတစ္ဦး ျဖစ္ၿပီး တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔ အစိုးရရဲ႕ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ၊ ထိုင္းျမန္မာနယ္စပ္က ဒုကၡသည္ေတြအေရး၊ ထိုင္းေရာက္ ျမန္မာျပည္သား အလုပ္သမားေတြရဲ႕ အေျခအေန‌ေတြနဲ႔ ပတ္သက္တဲ့ သတင္းေတြကို စဥ္ဆက္မျပတ္ ေပးပို႔ခဲ့သူ ျဖစ္ပါတယ္။

ဦးေအာင္မိုးျမင့္ဟာ ၂၀၀၁ ခုႏွစ္မွာ  ျပည္ပေရာက္ ျမန္မာလူငယ္မ်ား သတင္းႏွင့္မီဒီယာ ကြန္ရက္ (Network Media Group) ကို တည္ေထာင္ရာမွာ ပါဝင္သူတစ္ဦး ျဖစ္ပါတယ္။

မီဒီယာအဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္း ဖြဲ႕စည္းထားတဲ့ ႏိုင္ငံတကာ ျမန္မာသတင္းအဖြဲ႕ (BNI) မွာ မီဒီယာနဲ႔ ဖြံ႕ၿဖိဳးေရးဆိုင္ရာေကာ္မတီရဲ႕ ဥကၠ႒အျဖစ္ တာဝန္ယူခဲ့သူလည္း ျဖစ္ပါတယ္။

ဦးေအာင္မိုးျမင့္ဟာ ကြယ္လြန္ခ်ိန္မွာ အသက္ ၄၉ ႏွစ္ ရွိၿပီ ျဖစ္ၿပီး သမီးတစ္ေယာက္ သားတစ္ေယာက္ က်န္ရစ္ခဲ့ပါတယ္။

RFA Burmese
----------------------------------
(Unicode)⤵⤵⤵
RFA သတင်းထောက် ဦးအောင်မိုးမြင့် ကွယ်လွန်

ထိုင်းမြန်မာနယ်စပ် ငြိမ်းချမ်းရေးဆွေး‌နွေးပွဲတစ်ခုတွင် တွေ့ရသည့် RFA သတင်းထောက် ဦးအောင်မိုးမြင့်။ Photo: Facebook/ Aung Moe Myint

လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာနရဲ့ ထိုင်းနိုင်ငံအခြေစိုက် သတင်းထောက်တစ်ဦးဖြစ်တဲ့ ဦးအောင်မိုးမြင့်ဟာ ၂ဝ၂ဝ ပြည့်နှစ် မေလ ၁၆ ရက်နေ့က ချင်းမိုင်မြို့ဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ဦးအောင်မိုးမြင့်ဟာ RFA သတင်းဌာနမှာ အနှစ် ၂ဝ နီးပါး လုပ်ကိုင်ခဲ့တဲ့ သတင်းသမားတစ်ဦး ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေအရေး၊ ထိုင်းရောက် မြန်မာပြည်သား အလုပ်သမားတွေရဲ့ အခြေအနေ‌တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို စဉ်ဆက်မပြတ် ပေးပို့ခဲ့သူ ဖြစ်ပါတယ်။

ဦးအောင်မိုးမြင့်ဟာ ၂၀၀၁ ခုနှစ်မှာ  ပြည်ပရောက် မြန်မာလူငယ်များ သတင်းနှင့်မီဒီယာ ကွန်ရက် (Network Media Group) ကို တည်ထောင်ရာမှာ ပါဝင်သူတစ်ဦး ဖြစ်ပါတယ်။

မီဒီယာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) မှာ မီဒီယာနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ဦးအောင်မိုးမြင့်ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၉ နှစ် ရှိပြီ ဖြစ်ပြီး သမီးတစ်ယောက် သားတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/reporter-aung-moe-myint-obituary-05162020095330.html
RFA သတင္းေထာက္ ဦးေအာင္မိုးျမင့္ ကြယ္လြန္ RFA သတင္းေထာက္ ဦးေအာင္မိုးျမင့္ ကြယ္လြန္ Reviewed by THITHTOOLWIN on 22:26 Rating: 5
Powered by Blogger.