COVID-19 ေၾကာင့္ စီးပြားေရးေပၚသက္ေရာက္မႈ ကုစားေရးလုပ္ငန္းအဖြဲ႔ ဘာေတြလုပ္မွာလဲ

ရန္ကုန္ၿမိဳ႕ Scott ေစ်းမွာ ပိတ္ထားရတဲ့ ဆိုင္ေတြအနီးမွာ ပိုးသတ္ေဆးဖ်န္းေနတဲ့ ၀န္ထမ္း တဦး (မတ္ ၃၀၊ ၂၀၂၀)
(Zawgyi/Unicode)

COVID-19 ကမာၻ႔ကပ္ေဘးေၾကာင့္ ထိခိုက္နစ္နာမႈရွိတဲ့ လုပ္ငန္းေတြကို ျမန္မာအစိုးရက အကူအညီေပးေနရာမွာ အေသးစားနဲ႔ အလတ္စားလုပ္ငန္းငယ္ေတြ ပိုၿပီး ထိထိေရာက္ေရာက္အကူအညီ ရရွိေအာင္လို႔ ေဆာင္႐ြက္ေပးမယ္ဆိုတဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက ေျပာျပေပးပါမယ္။

ကမာၻ႔ကပ္ေရာဂါေၾကာင့္ ထိခိုက္နစ္နာတဲ့ လုပ္ငန္းေတြ ျပန္လည္ပတ္ႏိုင္ေအာင္ အစိုးရက ကူညီေထာက္ပံ့တာေတြ ရွိေပမဲ့ လုပ္ငန္းႀကီးေတြသာ အမ်ားစုရၿပီး အေသးစားနဲ႔ အလတ္စားလုပ္ငန္းငယ္အမ်ားစုက ေခ်းေငြ မရဘူးလို႔ ေဝဖန္တာေတြ ရွိေနပါတယ္။ ဒီ ေခ်းေငြေထာက္ပံ့တဲ့ အစီအစဥ္ဟာ ျမန္မာအစိုးရက COVID-19 စီးပြားေရး ကုစားမႈအစီအစဥ္ႀကီးရဲ႕ အစိတ္အပိုင္း တရပ္ျဖစ္ပါတယ္။ ဒီအစီအစဥ္အတြက္ အစိုးရက က်ပ္ေငြ ဘီလီယံ ၁၀၀ ေက်ာ္လ်ာထားၿပီး ဒီထက္လည္း ပိုသုံးစြဲသြားဖို႔ ျပင္ဆင္ေနတယ္လို႔လည္း သိရပါတယ္။ အခုအခ်ိန္ထိ အကူအညီေခ်းေငြ ခ်ထားေပးရာမွာ မညီမွ်မႈေတြ ရွိသလို လုပ္ငန္းငယ္ေတြ အမ်ားအျပားအတြက္ကေတာ့ ေခ်းေငြရဖို႔ အခက္အခဲေတြ ရွိေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ဒီအစီအစဥ္မွာ လုပ္ငန္းငယ္ေတြအကူ အညီရဖို႔ ဆန္းစစ္ျပင္ဆင္တာေတြလုပ္သြားမယ္လို႔ အသစ္ဖြဲ႕လိုက္တဲ့ စီးပြားေရးသက္ေရာက္မႈအေပၚ ကုစားေရးေကာ္မတီ လုပ္ငန္းအဖြဲ႕ေခါင္းေဆာင္ ေနျပည္ေတာ္ ဒု ၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးက VOA ကိုေျပာပါတယ္။

"က်ေနာ္တို႔ SME ေတြက အရမ္းကို Small business ျဖစ္ေနတာေပါ့။ အဲလိုဆိုေတာ့ လိုအပ္တဲ့ မွတ္ပုံတင္မရွိတာ၊ စာရင္းေတြမရွိတာေတြရွိတယ္။ ကိုဗစ္ျဖစ္ေတာ့ အဲဒီေလွ်ာက္လႊာေတြကို ျဖည့္ဖို႔က အေတာ္ေလးလိုအပ္တာက တခ်ိဳ႕ ဟာ႐ြက္ေတြ ျဖည့္ဖို႔ အခက္အခဲႀကဳံတာေပါ့။ က်ေနာ္တို႔ေရွ႕က SME ေကာ္မတီဘက္က လုပ္ခဲ့တဲ့ အေတြ႕ အႀကဳံကို ျပန္ယူရမယ္။ ေနာက္တခါ ဘဏ္ေတြက SME ေတြကို ေငြေခ်းတာ ရွိတယ္။ အဲကေကာင္းတဲ့ အခ်က္ေတြ ကိုယူရမယ္။ တကယ္ SME ေတြတကယ္ရဖို႔ဆို တခ်ိဳ႕ဟာေတြျပင္ရမယ္။ ေနာက္ဒါက ေခ်းေငြ ေပးတာေပါ့။ ေခ်းေငြ ဆိုရင္ လိုအပ္တဲ့ စာ႐ြက္တင္ေပးရ ပါမယ္။ မတင္ႏိုင္ရင္ရဖို႔ ခက္တာေပါ့။ က်ေနာ္တို႔ဘက္က တတ္ႏိုင္သေ႐ြ႕ေျဖေလွ်ာ့မယ္။ SME ေတြဘက္ကေတာ့ ဒီလိုအပ္ခ်က္ေတြကို တင္ျပေပးဖို႔ေတာ့လိုပါမယ္။"

ေညာင္ေ႐ႊက ဟိုတယ္လုပ္ငန္းရွင္ တဦးျဖစ္တဲ့ ဦးေအာင္ေက်ာ္မိုးကေတာ့ လက္ရွိအခ်ိန္မွာ နယ္ၿမိဳ႕ေတြက လုပ္ငန္းရွင္ေတြမွာ ေခ်းေငြ ရယူႏိုင္ဖို႔ အခက္အခဲေတြ ရွိေနတာနဲ႔ ပတ္သတ္လို႔ အခက္အခဲတခ်ိဳ႕ကို ေျဖေလွ်ာ့ေပးဖို႔ လိုလားတယ္လို႔ ဆိုပါတယ္။

"က်ေနာ္တို႔နယ္ေတြမွာ အခက္အခဲက အခ်ိန္လိုတယ္။ လိုအပ္တာကို ခ်က္ခ်င္းရဖို႔ဆိုတာက က်ေနာ္တို႔မွာ အဆင့္ဆင့္လုပ္ရတယ္။ တိုင္း႐ုံးယူရတာတို႔ ၿမိဳ႕နယ္ယူရတာတို႔ေတြေၾကာင့္ခက္ခဲတာေတြရွိေနတာကို ေျပာခ်င္ပါတယ္။ဒီလိုအခ်ိန္မ်ိဳးမွာ လြယ္လြယ္ယူလို႔မရသလို တင္ဖို႔ကလည္းပို႔ေပးဖို႔က အရမ္းအခက္ခဲေတြ ရွိေနတယ္။"

အစိုးရရဲ႕ COVID-19 စီးပြားေရးကုစားမႈ အစီအစဥ္ကို မူဝါဒ ခ်မွတ္ေဆာင္႐ြက္ဖို႔ ရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြားဆက္ဆံေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းကို ဦးေဆာင္ေစၿပီး စီးပြားေရးသက္ေရာက္မႈအေပၚ ကုစားေရး ေကာ္မတီဖြဲ႕ထားပါတယ္။ အဲဒီ ေကာ္မတီရဲ႕ လက္ေတြ႕လုပ္ငန္းေတြ အေကာင္အထည္ေဖာ္ဖို႔ လုပ္ငန္းအဖြဲ႕ကို ထပ္ဖြဲ႕ထားတာျဖစ္တယ္လို႔ အဲဒီလုပ္ငန္းအဖြဲ႕ေခါင္းေဆာင္ ဦးရဲမင္းဦးက ေျပာပါတယ္။

"Working ေကာ္မတီကေန ဘာေတြ လုပ္ခ်င္လဲ ေငြေခ်းခ်င္တယ္။ ဘယ္လိုလုပ္ငန္းေတြ ေခ်းခ်င္တယ္။ ဘယ္ေလာက္ကာလ အတြင္းၿပီးေအာင္ေခ်းခ်င္တယ္။ စီးပြားေရးလုပ္ငန္းေတြနဲ႔ပတ္သတ္လို႔ ဘယ္စီးပြားေရးကို ဖြံ႕ၿဖိဳးေစခ်င္တယ္။ အဲလိုဟာေတြ ဆုံးျဖတ္တာေတြကို က်ေနာ္တို႔အဖြဲ႕က အျမန္ဆုံးနည္းနဲ႔ ဘယ္လို အေကာင္အထည္ ေဖာ္မလဲ၊ အက်ိဳးရွိဆုံးဘယ္လိုလုပ္မလဲ လုပ္ေပးရမွာ။ လက္ရွိက ဒီ Working ေကာ္မတီ လုပ္ခ်င္တာ လုပ္ေပးရမယ့္ သေဘာပါ။ တာဝန္ခံမယ့္ သူေတြစုေပးတဲ့ သေဘာပါ။"

လတ္တေလာမွာ အစိုးရဘက္က တတိယ အသုတ္အေနနဲ႔ လုပ္ငန္းရွင္ေတြကို ေခ်းေငြေတြ ခ်ေပးခဲ့ၿပီးပါၿပီ။ ဒီလို ခ်ေပးတာမွာ လိုအပ္သေလာက္ မရႏိုင္တာ လုပ္ငန္းငယ္ေတြ မရရွိတာနဲ႔ ဟိုတယ္လုပ္ငန္း ျပည္ေထာင္စုဝန္ႀကီးမိသားစုပိုင္ ဟိုတယ္ကို ေငြပမာဏမ်ားမ်ားနဲ႔ ကနဦးခ်ေပးတာေတြအေပၚ ေဝဖန္မႈေတြရွိခဲ့ပါတယ္။ အခု စဖြဲ႕လိုက္တဲ့ သူတို႔လုပ္ငန္းအဖြဲ႕အေနနဲ႔ကေတာ့ ေကာ္မတီက ဆုံးျဖတ္ႏိုင္ဖို႔ မွန္ကန္တဲ့အခ်က္အလက္ေတြကိုစုေဆာင္းတင္ျပေပးမယ္လို႔ ေျပာပါတယ္။

"က်ေနာ္တို႔က အမ်ိဳးအစားျပန္ခြဲရမယ္။ ဘယ္လုပ္ငန္းကေတာ့ ၆ လအတြင္း ျပန္ထူေထာင္ႏိုင္မယ္။ ဘယ္လုပ္ငန္းကေတာ့ တႏွစ္အတြင္း ျပန္ထူေထာင္ႏိုင္မယ္ စသျဖင့္ က်ေနာ္တို႔က တင္ျပရမယ္။ ဘယ္သူ႔ကို ဦးစားေပးရမလဲဆိုတာ သူတို႔ကဆုံးျဖတ္မယ္၊ က်ေနာ္တို႔က မဆုံးျဖတ္ဘူး။ အေျဖအနီးစပ္ဆုံးရဖို႔ က်ေနာ္တို႔လုပ္မယ္။ က်ေနာ္တို႔ျမန္ျမန္တင္ေပးမယ္။ တခ်ိဳ႕ကက်ေနာ္တို႔မွာ ရီပို႔ေတြရွိပါတယ္။ တင္ျပၿပီး ဒါေတြကိုသက္ဆိုင္ရာဘက္က ခ်ေပးရင္ အဲဒါေတြကို ဦးစားေပးလုပ္မယ္။ ျမန္မာႏိုင္ငံက စိုက္ပ်ိဳးေရးကို အေျခခံ တဲ့တိုင္းျပည္ျဖစ္တယ္။ စိုက္ပ်ိဳးေရး၊ စိုက္ပ်ိဳးေရးနဲ႔ႏြယ္တဲ့ လုပ္ငန္းေတြကို ဦးစားမေပးလို႔မရဘူး။ သူတို႔ကို ထည့္ စဥ္းစားရပါမယ္။"

စီးပြားေရးသက္ေရာက္မႈအေပၚ ကုစားေရးေကာ္မတီ လုပ္ငန္းအဖြဲ႕ကို ေနျပည္ေတာ္ ဒုၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦးကို ဦးေဆာင္ေစၿပီး ဆက္စပ္ဝန္ႀကီးဌာနအသီးသီးက အႀကီးတန္းအရာရွိေတြနဲ႔ ေမလ ၁၄ ရက္စြဲနဲ႔ ဖြဲ႕စည္းခဲ့တာပါ။ သူ႔တာဝန္ထဲမွာ COVID-19 တံုျပန္မႈ ေခ်းေငြကိစၥေတြကို သုံးသပ္စီစစ္ေပးဖို႔အျပင္ COVID-19 စီးပြားေရးအေပၚ သက္ေရာက္လာႏိုင္ေခ်ေတြကို သုံးသပ္ျပင္ဆင္ေဆာင္႐ြက္ဖို႔ဆိုတာလည္း ပါဝင္ပါတယ္။

ေမခ  / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------
[Unicode Version]

COVID-19 ကြောင့် စီးပွားရေးပေါ်သက်ရောက်မှု ကုစားရေးလုပ်ငန်းအဖွဲ့ ဘာတွေလုပ်မှာလဲ

COVID-19 ကမ္ဘာ့ကပ်ဘေးကြောင့် ထိခိုက်နစ်နာမှုရှိတဲ့ လုပ်ငန်းတွေကို မြန်မာအစိုးရက အကူအညီပေးနေရာမှာ အသေးစားနဲ့ အလတ်စားလုပ်ငန်းငယ်တွေ ပိုပြီး ထိထိရောက်ရောက်အကူအညီ ရရှိအောင်လို့ ဆောင်ရွက်ပေးမယ်ဆိုတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပေးပါမယ်။

ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်နစ်နာတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်အောင် အစိုးရက ကူညီထောက်ပံ့တာတွေ ရှိပေမဲ့ လုပ်ငန်းကြီးတွေသာ အများစုရပြီး အသေးစားနဲ့ အလတ်စားလုပ်ငန်းငယ်အများစုက ချေးငွေ မရဘူးလို့ ဝေဖန်တာတွေ ရှိနေပါတယ်။ ဒီ ချေးငွေထောက်ပံ့တဲ့ အစီအစဉ်ဟာ မြန်မာအစိုးရက COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်ကြီးရဲ့ အစိတ်အပိုင်း တရပ်ဖြစ်ပါတယ်။ ဒီအစီအစဉ်အတွက် အစိုးရက ကျပ်ငွေ ဘီလီယံ ၁၀၀ ကျော်လျာထားပြီး ဒီထက်လည်း ပိုသုံးစွဲသွားဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ အခုအချိန်ထိ အကူအညီချေးငွေ ချထားပေးရာမှာ မညီမျှမှုတွေ ရှိသလို လုပ်ငန်းငယ်တွေ အများအပြားအတွက်ကတော့ ချေးငွေရဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီအစီအစဉ်မှာ လုပ်ငန်းငယ်တွေအကူ အညီရဖို့ ဆန်းစစ်ပြင်ဆင်တာတွေလုပ်သွားမယ်လို့ အသစ်ဖွဲ့လိုက်တဲ့ စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးကော်မတီ လုပ်ငန်းအဖွဲ့ခေါင်းဆောင် နေပြည်တော် ဒု မြို့တော်ဝန် ဦးရဲမင်းဦးက VOA ကိုပြောပါတယ်။

"ကျနော်တို့ SME တွေက အရမ်းကို Small business ဖြစ်နေတာပေါ့။ အဲလိုဆိုတော့ လိုအပ်တဲ့ မှတ်ပုံတင်မရှိတာ၊ စာရင်းတွေမရှိတာတွေရှိတယ်။ ကိုဗစ်ဖြစ်တော့ အဲဒီလျှောက်လွှာတွေကို ဖြည့်ဖို့က အတော်လေးလိုအပ်တာက တချို့ ဟာရွက်တွေ ဖြည့်ဖို့ အခက်အခဲကြုံတာပေါ့။ ကျနော်တို့ရှေ့က SME ကော်မတီဘက်က လုပ်ခဲ့တဲ့ အတွေ့ အကြုံကို ပြန်ယူရမယ်။ နောက်တခါ ဘဏ်တွေက SME တွေကို ငွေချေးတာ ရှိတယ်။ အဲကကောင်းတဲ့ အချက်တွေ ကိုယူရမယ်။ တကယ် SME တွေတကယ်ရဖို့ဆို တချို့ဟာတွေပြင်ရမယ်။ နောက်ဒါက ချေးငွေ ပေးတာပေါ့။ ချေးငွေ ဆိုရင် လိုအပ်တဲ့ စာရွက်တင်ပေးရ ပါမယ်။ မတင်နိုင်ရင်ရဖို့ ခက်တာပေါ့။ ကျနော်တို့ဘက်က တတ်နိုင်သရွေ့ဖြေလျှော့မယ်။ SME တွေဘက်ကတော့ ဒီလိုအပ်ချက်တွေကို တင်ပြပေးဖို့တော့လိုပါမယ်။"

ညောင်ရွှေက ဟိုတယ်လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးအောင်ကျော်မိုးကတော့ လက်ရှိအချိန်မှာ နယ်မြို့တွေက လုပ်ငန်းရှင်တွေမှာ ချေးငွေ ရယူနိုင်ဖို့ အခက်အခဲတွေ ရှိနေတာနဲ့ ပတ်သတ်လို့ အခက်အခဲတချို့ကို ဖြေလျှော့ပေးဖို့ လိုလားတယ်လို့ ဆိုပါတယ်။

"ကျနော်တို့နယ်တွေမှာ အခက်အခဲက အချိန်လိုတယ်။ လိုအပ်တာကို ချက်ချင်းရဖို့ဆိုတာက ကျနော်တို့မှာ အဆင့်ဆင့်လုပ်ရတယ်။ တိုင်းရုံးယူရတာတို့ မြို့နယ်ယူရတာတို့တွေကြောင့်ခက်ခဲတာတွေရှိနေတာကို ပြောချင်ပါတယ်။ဒီလိုအချိန်မျိုးမှာ လွယ်လွယ်ယူလို့မရသလို တင်ဖို့ကလည်းပို့ပေးဖို့က အရမ်းအခက်ခဲတွေ ရှိနေတယ်။"

အစိုးရရဲ့ COVID-19 စီးပွားရေးကုစားမှု အစီအစဉ်ကို မူဝါဒ ချမှတ်ဆောင်ရွက်ဖို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို ဦးဆောင်စေပြီး စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေး ကော်မတီဖွဲ့ထားပါတယ်။ အဲဒီ ကော်မတီရဲ့ လက်တွေ့လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ လုပ်ငန်းအဖွဲ့ကို ထပ်ဖွဲ့ထားတာဖြစ်တယ်လို့ အဲဒီလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဦးရဲမင်းဦးက ပြောပါတယ်။

"Working ကော်မတီကနေ ဘာတွေ လုပ်ချင်လဲ ငွေချေးချင်တယ်။ ဘယ်လိုလုပ်ငန်းတွေ ချေးချင်တယ်။ ဘယ်လောက်ကာလ အတွင်းပြီးအောင်ချေးချင်တယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သတ်လို့ ဘယ်စီးပွားရေးကို ဖွံ့ဖြိုးစေချင်တယ်။ အဲလိုဟာတွေ ဆုံးဖြတ်တာတွေကို ကျနော်တို့အဖွဲ့က အမြန်ဆုံးနည်းနဲ့ ဘယ်လို အကောင်အထည် ဖော်မလဲ၊ အကျိုးရှိဆုံးဘယ်လိုလုပ်မလဲ လုပ်ပေးရမှာ။ လက်ရှိက ဒီ Working ကော်မတီ လုပ်ချင်တာ လုပ်ပေးရမယ့် သဘောပါ။ တာဝန်ခံမယ့် သူတွေစုပေးတဲ့ သဘောပါ။"
မႏၱေလးၿမိဳ႕ ေက်ာက္မ်က္ရတနာေစ်းမွာ ေက်ာက္စိမ္းနဲ႔ ပယင္းမ်ား ေရာင္းေနသူတခ်ိဳ႕ (ဇန္န၀ါရီ ၁၅၊ ၂၀၂၀)
SEE ALSO:
COVID-19 အလြန္ ျမန္မာ့စီးပြားေရး ျပန္ေကာင္းႏုိင္တယ္လုိ႔ AMRO ခန္႔မွန္း

လတ်တလောမှာ အစိုးရဘက်က တတိယ အသုတ်အနေနဲ့ လုပ်ငန်းရှင်တွေကို ချေးငွေတွေ ချပေးခဲ့ပြီးပါပြီ။ ဒီလို ချပေးတာမှာ လိုအပ်သလောက် မရနိုင်တာ လုပ်ငန်းငယ်တွေ မရရှိတာနဲ့ ဟိုတယ်လုပ်ငန်း ပြည်ထောင်စုဝန်ကြီးမိသားစုပိုင် ဟိုတယ်ကို ငွေပမာဏများများနဲ့ ကနဦးချပေးတာတွေအပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ အခု စဖွဲ့လိုက်တဲ့ သူတို့လုပ်ငန်းအဖွဲ့အနေနဲ့ကတော့ ကော်မတီက ဆုံးဖြတ်နိုင်ဖို့ မှန်ကန်တဲ့အချက်အလက်တွေကိုစုဆောင်းတင်ပြပေးမယ်လို့ ပြောပါတယ်။

"ကျနော်တို့က အမျိုးအစားပြန်ခွဲရမယ်။ ဘယ်လုပ်ငန်းကတော့ ၆ လအတွင်း ပြန်ထူထောင်နိုင်မယ်။ ဘယ်လုပ်ငန်းကတော့ တနှစ်အတွင်း ပြန်ထူထောင်နိုင်မယ် စသဖြင့် ကျနော်တို့က တင်ပြရမယ်။ ဘယ်သူ့ကို ဦးစားပေးရမလဲဆိုတာ သူတို့ကဆုံးဖြတ်မယ်၊ ကျနော်တို့က မဆုံးဖြတ်ဘူး။ အဖြေအနီးစပ်ဆုံးရဖို့ ကျနော်တို့လုပ်မယ်။ ကျနော်တို့မြန်မြန်တင်ပေးမယ်။ တချို့ကကျနော်တို့မှာ ရီပို့တွေရှိပါတယ်။ တင်ပြပြီး ဒါတွေကိုသက်ဆိုင်ရာဘက်က ချပေးရင် အဲဒါတွေကို ဦးစားပေးလုပ်မယ်။ မြန်မာနိုင်ငံက စိုက်ပျိုးရေးကို အခြေခံ တဲ့တိုင်းပြည်ဖြစ်တယ်။ စိုက်ပျိုးရေး၊ စိုက်ပျိုးရေးနဲ့နွယ်တဲ့ လုပ်ငန်းတွေကို ဦးစားမပေးလို့မရဘူး။ သူတို့ကို ထည့် စဉ်းစားရပါမယ်။"

စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးကော်မတီ လုပ်ငန်းအဖွဲ့ကို နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးကို ဦးဆောင်စေပြီး ဆက်စပ်ဝန်ကြီးဌာနအသီးသီးက အကြီးတန်းအရာရှိတွေနဲ့ မေလ ၁၄ ရက်စွဲနဲ့ ဖွဲ့စည်းခဲ့တာပါ။ သူ့တာဝန်ထဲမှာ COVID-19 တုံပြန်မှု ချေးငွေကိစ္စတွေကို သုံးသပ်စီစစ်ပေးဖို့အပြင် COVID-19 စီးပွားရေးအပေါ် သက်ရောက်လာနိုင်ချေတွေကို သုံးသပ်ပြင်ဆင်ဆောင်ရွက်ဖို့ဆိုတာလည်း ပါဝင်ပါတယ်။

မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-business-help-plan/5421132.html
COVID-19 ေၾကာင့္ စီးပြားေရးေပၚသက္ေရာက္မႈ ကုစားေရးလုပ္ငန္းအဖြဲ႔ ဘာေတြလုပ္မွာလဲ COVID-19 ေၾကာင့္ စီးပြားေရးေပၚသက္ေရာက္မႈ ကုစားေရးလုပ္ငန္းအဖြဲ႔ ဘာေတြလုပ္မွာလဲ Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.