ေလျပင္းေဘးအႏၲရာယ္ေၾကာင့္ တစ္လေက်ာ္အတြင္း လူ ၇ ဦး ေသဆုံးခဲ့ၿပီး ဒဏ္ရာရရွိသူ ၂၄ဦး ရွိ

မႏၲေလးတိုင္းေဒသႀကီးတြင္ ၂၀၂၀ျပည့္ႏွစ္ ေမ ၁၃ ရက္တြင္ ေလျပင္းတိုက္ခတ္မႈျဖစ္ပြားၿပီးေနာက္ ေနအိမ္ပ်က္စီးမႈတစ္ခ်ိဳ႕အားေတြ႕ရစဥ္ (ဓာတ္ပုံ--ျပည္ထဲေရးဝန္ႀကီးဌာန)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ ေမ ၁၅ ရက္ (ဆင္ဟြာ)

    ႏိုင္ငံတစ္ဝန္း ယခုႏွစ္ မိုးႀကိဳကာလ ျဖစ္သည့္ ဧၿပီ ၉ ရက္ မွ ေမ ၁၄ ရက္ အထိ တစ္ လေက်ာ္ကာလအတြင္း ေလျပင္းေဘးအႏၲရာယ္ေၾကာင့္ လူ ၇ဦး ေသဆုံးခဲ့ၿပီး ဒဏ္ရာရရွိသူ ၂၄ဦး ရွိေၾကာင္း၊ မိုးႀကိဳးပစ္မႈ ခပ္စိပ္စိပ္ျဖစ္လာသည့္ အတြက္ မိုးႀကိဳးအႏၲရာယ္ကိုလည္း ဂ႐ုျပဳသင့္ေၾကာင္း လူမႈဝန္ထမ္း ၊ ကယ္ဆယ္ေရး ႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ၊ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဦးစီးဌာန ၫႊန္ၾကားေရးမႉး ေဒၚျဖဴလဲ့လဲ့ထြန္းက ဆင္ဟြာကိုေျပာသည္။

ေဒၚျဖဴလဲ့လဲ့ထြန္းက “ဧၿပီ ၁ မွ ေမ ၁၄ ရက္ အထိ တိုင္းေဒသႀကီး နဲ႔  ျပည္နယ္ မ်ားအားလုံးတြင္ ေလျပင္းတိုက္ခတ္မႈေတြျဖစ္ပြားခဲ့တယ္။ လုံးဝၿပိဳက်သြားတဲ့ အိမ္ ၇၆၀လုံး၊ တစ္စိတ္တစ္ပိုင္းပ်က္တဲ့အိမ္ ၁၀,၃၀၀ရွိတယ္။ ဘာသာေရး အေဆာက္အဦး ၁၅ လုံးၿပိဳက်ပ်က္စီးခဲ့ၿပီး၊ ၁၉၀ ေလာက္ က တစ္စိတ္တစ္ပိုင္း ပ်က္စီးခဲ့တယ္’’ ဟုေျပာသည္။

ေလျပင္းတိုက္၊ မိုး႐ြာသည့္ အခ်ိန္တြင္ မိုးႀကိဳးပစ္မႈမ်ားလည္း ခပ္စိပ္စိပ္ျဖစ္ပြားသည့္ အတြက္ မိုးႀကိဳးအႏၲရာယ္အား သတိျပဳသင့္ေၾကာင္း ၎ ကဆိုသည္။

ေဒၚျဖဴျဖဴလဲ့လဲ့ထြန္းက “၂၀၁၉ ေအာက္တိုဘာ ၁ ရက္မွ ၂၀၂၀ ဧၿပီ ၃၀ အထိ မိုးႀကိဳးပစ္တဲ့ အႀကိမ္ ၃၆ ႀကိမ္ ျဖစ္ပြားခဲ့တယ္။ ေသဆုံးသူ ၃၈ ဦး၊ ဒဏ္ရာရသူ ၁၈ ဦး အထိ ရွိခဲ့တယ္။ ဒါေၾကာင့္ မိုးသည္းထန္စြာ ႐ြာသြန္းခ်ိန္မွာ မိုးႀကိဳးအႏၲရာယ္ကို လည္း သတိျပဳေရွာင္ရွားေစခ်င္ပါတယ္’’ ဟု ျဖည့္စြက္ေျပာၾကားသည္။

ပဲခူးတိုင္းေဒသႀကီး တြင္ေလျပင္းေၾကာင့္ ပ်က္စီးမႈ အမ်ားဆုံးျဖစ္ခဲ့ေၾကာင္း၊  လုံးဝၿပိဳက်သြားသည့္ အိမ္ ၃၃၀ လုံးဝန္းက်င္ရွိၿပီး၊ တစ္စိတ္တစ္ပိုင္းၿပိဳသည့္ အိမ္ အလုံးေပါင္း၂၄၀၀ ခန႔္ရွိေၾကာင္း၊ စစ္ကိုင္းတိုင္းေဒသႀကီး ႏွင့္ မေကြးတိုင္းေဒသႀကီး တို႔သည္ ပ်က္စီးမႈ ဒုတိယအမ်ားဆုံးတိုင္းေဒသႀကီး ၂ ခုျဖစ္ေၾကာင္း၊ တစ္စိတ္တစ္ပိုင္းႏွင့္ အလုံးလိုက္ၿပိဳက်သည့္ အိမ္စုစုေပါင္း ၂၃၀၀ ဝန္းက်င္ ခန႔္ ရွိေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီးတြင္ အိမ္ေပါင္း ၁၀၀ ေက်ာ္ ေလာက္ ပ်က္စီးခဲ့ေၾကာင္း၊ မႏၲေလးတိုင္းေဒသႀကီးတြင္  လုံးဝၿပိဳက်သည့္ အိမ္ ၈၀ ဝန္းက်င္၊ တစ္စိတ္တစ္ပိုင္းပ်က္စီးသည့္ အိမ္ ၁၁၀၀ ဝန္းက်င္ရွိေၾကာင္း သိရသည္။

လူမႈဝန္ထမ္း ၊ ကယ္ဆယ္ေရး ႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန အေနျဖင့္ ေလျပင္းေၾကာင့္ ထိခိုက္ဒဏ္ရာရရွိမႈႏွင့္  ပ်က္စီးဆုံးရႈံးမႈမ်ားအတြက္  ဆန္ရိကၡာ ေထာက္ပံ့ျခင္း၊ အိမ္ေဆာက္ပစၥည္းဖိုးေထာက္ပံ့ျခင္းမ်ား၊ ေသဆုံးသူ မ်ား အားတစ္ဦးလွ်င္ က်ပ္ ၃၀၀,၀၀၀ ႏႈန္း၊ ဒဏ္ရာရရွိသူ မ်ားကို တစ္ဦးက်ပ္လွ်င္ ၅၀,၀၀၀ ႏႈန္းျဖင့္ ေထာက္ပံ့ခဲ့ေၾကာင္း၊ လုံးဝၿပိဳက်သည့္အိမ္မ်ားကိုလည္း ေထာက္ပံ့ခဲ့ေၾကာင္း၊ ၁လေက်ာ္ကာလ အတြက္ ဝန္ႀကီးဌာန အေနျဖင့္ က်ပ္သန္းေပါင္း ၅၉၆ သန္းေက်ာ္ ေထာက္ပံ့ခဲ့ေၾကာင္း သိရသည္။ 

(Xinhua)
------------------------------
(Unicode)⤵⤵⤵
လေပြင်းဘေးအန္တရာယ်ကြောင့် တစ်လကျော်အတွင်း လူ ၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၄ဦး ရှိ

    ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

    နိုင်ငံတစ်ဝန်း ယခုနှစ် မိုးကြိုကာလ ဖြစ်သည့် ဧပြီ ၉ ရက် မှ မေ ၁၄ ရက် အထိ တစ် လကျော်ကာလအတွင်း လေပြင်းဘေးအန္တရာယ်ကြောင့် လူ ၇ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၄ဦး ရှိကြောင်း၊ မိုးကြိုးပစ်မှု ခပ်စိပ်စိပ်ဖြစ်လာသည့် အတွက် မိုးကြိုးအန္တရာယ်ကိုလည်း ဂရုပြုသင့်ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆင်ဟွာကိုပြောသည်။

ဒေါ်ဖြူလဲ့လဲ့ထွန်းက “ဧပြီ ၁ မှ မေ ၁၄ ရက် အထိ တိုင်းဒေသကြီး နဲ့  ပြည်နယ် များအားလုံးတွင် လေပြင်းတိုက်ခတ်မှုတွေဖြစ်ပွားခဲ့တယ်။ လုံးဝပြိုကျသွားတဲ့ အိမ် ၇၆၀လုံး၊ တစ်စိတ်တစ်ပိုင်းပျက်တဲ့အိမ် ၁၀,၃၀၀ရှိတယ်။ ဘာသာရေး အဆောက်အဦး ၁၅ လုံးပြိုကျပျက်စီးခဲ့ပြီး၊ ၁၉၀ လောက် က တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့တယ်’’ ဟုပြောသည်။

လေပြင်းတိုက်၊ မိုးရွာသည့် အချိန်တွင် မိုးကြိုးပစ်မှုများလည်း ခပ်စိပ်စိပ်ဖြစ်ပွားသည့် အတွက် မိုးကြိုးအန္တရာယ်အား သတိပြုသင့်ကြောင်း ၎င်း ကဆိုသည်။

ဒေါ်ဖြူဖြူလဲ့လဲ့ထွန်းက “၂၀၁၉ အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ဧပြီ ၃၀ အထိ မိုးကြိုးပစ်တဲ့ အကြိမ် ၃၆ ကြိမ် ဖြစ်ပွားခဲ့တယ်။ သေဆုံးသူ ၃၈ ဦး၊ ဒဏ်ရာရသူ ၁၈ ဦး အထိ ရှိခဲ့တယ်။ ဒါကြောင့် မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ မိုးကြိုးအန္တရာယ်ကို လည်း သတိပြုရှောင်ရှားစေချင်ပါတယ်’’ ဟု ဖြည့်စွက်ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး တွင်လေပြင်းကြောင့် ပျက်စီးမှု အများဆုံးဖြစ်ခဲ့ကြောင်း၊  လုံးဝပြိုကျသွားသည့် အိမ် ၃၃၀ လုံးဝန်းကျင်ရှိပြီး၊ တစ်စိတ်တစ်ပိုင်းပြိုသည့် အိမ် အလုံးပေါင်း၂၄၀၀ ခန့်ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး တို့သည် ပျက်စီးမှု ဒုတိယအများဆုံးတိုင်းဒေသကြီး ၂ ခုဖြစ်ကြောင်း၊ တစ်စိတ်တစ်ပိုင်းနှင့် အလုံးလိုက်ပြိုကျသည့် အိမ်စုစုပေါင်း ၂၃၀၀ ဝန်းကျင် ခန့် ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ပေါင်း ၁၀၀ ကျော် လောက် ပျက်စီးခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင်  လုံးဝပြိုကျသည့် အိမ် ၈၀ ဝန်းကျင်၊ တစ်စိတ်တစ်ပိုင်းပျက်စီးသည့် အိမ် ၁၁၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် လေပြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့်  ပျက်စီးဆုံးရှုံးမှုများအတွက်  ဆန်ရိက္ခာ ထောက်ပံ့ခြင်း၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ခြင်းများ၊ သေဆုံးသူ များ အားတစ်ဦးလျှင် ကျပ် ၃၀၀,၀၀၀ နှုန်း၊ ဒဏ်ရာရရှိသူ များကို တစ်ဦးကျပ်လျှင် ၅၀,၀၀၀ နှုန်းဖြင့် ထောက်ပံ့ခဲ့ကြောင်း၊ လုံးဝပြိုကျသည့်အိမ်များကိုလည်း ထောက်ပံ့ခဲ့ကြောင်း၊ ၁လကျော်ကာလ အတွက် ဝန်ကြီးဌာန အနေဖြင့် ကျပ်သန်းပေါင်း ၅၉၆ သန်းကျော် ထောက်ပံ့ခဲ့ကြောင်း သိရသည်။ 

(Xinhua)
http://www.xinhuamyanmar.com/myanmar/environment-disasters-accidents/27557-2020-05-15-08-45-45
ေလျပင္းေဘးအႏၲရာယ္ေၾကာင့္ တစ္လေက်ာ္အတြင္း လူ ၇ ဦး ေသဆုံးခဲ့ၿပီး ဒဏ္ရာရရွိသူ ၂၄ဦး ရွိ ေလျပင္းေဘးအႏၲရာယ္ေၾကာင့္ တစ္လေက်ာ္အတြင္း လူ ၇ ဦး ေသဆုံးခဲ့ၿပီး ဒဏ္ရာရရွိသူ ၂၄ဦး ရွိ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.