၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ပရောက်သူတွေ မဲပေးနိုင်မယ့် နည်းလမ်းတွေကို ကော်မရှင် ထုတ်ပြန်

 ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရှင်းလင်းပွဲ တစ်ခုကို တွေ့ရစဉ်
(Unicode)⤵⤵⤵
၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ပရောက်မဲဆန္ဒရှင်တွေဟာ သက်ဆိုင်ရာ သံရုံးတစ်ခုတည်းမှာဘဲ မဲပေးနေရတာထက် မြန်မာနိုင်ငံသား အများစုရှိတဲ့ နီးစပ်ရာ သံအရာရှိရုံးတွေမှာလည်း မဲပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတဆင့် ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းက နိုင်ငံပေါင်းစုံကို ရောက်နေတဲ့ ပြည်ပရောက ်မဲပေးသူဦးရေက နှစ်သောင်းကျော် ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ထိုင်းကို ရောက်နေသူတွေထဲက လူ ၆၀၀ ကျော်ပဲ မဲပေးခဲ့တယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အလုပ်သမား၊ အလုပ်အကိုင်နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရဆိုရင် ထိုင်းနိုင်ငံထဲမှာ ရောက်နေတဲ့ တရားဝင်အလုပ်လုပ်ကိုင်ခွင့် လတ်မှတ်ရထားသူ အရေအတွက်က သန်းနဲ့ချီပြီးရှိပါတယ်။

လက်ရှိမှာ ကော်မရှင်ဟာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ပြောထားပေမယ့် ဘယ်နေ့ လုပ်မလဲဆိုတဲ့ ရက် အတိအကျ ကိုတော့ ထုတ်မပြောသေးပါဘူး။

ဒါ့အပြင် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်တွေအတွက် မဲပေးနိုင်ဖို့ အချက်အလက်တွေ ထည့်သွင်းဖြည့်ရမယ့် ပုံစံ ၁၅ တွေကို ပို့ထားပြီး ရှိမရှိကိုလည်း ဖြေကြားပေးတာ မရှိသေးပါဘူး။

ပုံစံ ၁၅ ဟာ ရွေးကောက်ပွဲရက်အတိအကျ မထုတ်ပြန်ခင် သက်ဆိုင်ရာနိုင်ငံတွေကို ရွေးကောက်ပွဲကော်မရှင်တွေက ပေးပို့ရတာဖြစ်ပါတယ်။

ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရည်မှန်းထားပြီး အဲဒီမတိုင်မီ ၄ လ အလိုမှာ ရွေးကောက်ပွဲလုပ်မယ့် ရက်အတိအကျကို ထုန်ပြန်ပေးမယ်လို့တော့ ဦးမြင့်နိုင်က ပြောထားသလို၊ အခြားကော်မရှင်အဖွဲ့ဝင်အချို့ကလည်း ဘီဘီစီကို အတည်ပြု ပြောထားပါတယ်။

BBC Burmese
----------------------------------------
(Zawgyi)⤵⤵⤵
၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပည္ပေရာက္သူေတြ မဲေပးႏိုင္မယ့္ နည္းလမ္းေတြကို ေကာ္မရွင္ ထုတ္ျပန္

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပည္ပေရာက္မဲဆႏၵရွင္ေတြဟာ သက္ဆိုင္ရာ သံ႐ုံးတစ္ခုတည္းမွာဘဲ မဲေပးေနရတာထက္ ျမန္မာႏိုင္ငံသား အမ်ားစုရွိတဲ့ နီးစပ္ရာ သံအရာရွိ႐ုံးေတြမွာလည္း မဲေပးႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးျမင့္ႏိုင္က လူမႈကြန္ရက္စာမ်က္ႏွာေပၚကေနတဆင့္ ေျဖၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတုန္းက ႏိုင္ငံေပါင္းစုံကို ေရာက္ေနတဲ့ ျပည္ပေရာက ္မဲေပးသူဦးေရက ႏွစ္ေသာင္းေက်ာ္ ရွိခဲ့ပါတယ္။ အဲဒီထဲမွာ ထိုင္းကို ေရာက္ေနသူေတြထဲက လူ ၆၀၀ ေက်ာ္ပဲ မဲေပးခဲ့တယ္လို႔ ေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။

အလုပ္သမား၊ အလုပ္အကိုင္နဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာနရဲ႕ အခ်က္အလက္ေတြအရဆိုရင္ ထိုင္းႏိုင္ငံထဲမွာ ေရာက္ေနတဲ့ တရားဝင္အလုပ္လုပ္ကိုင္ခြင့္ လတ္မွတ္ရထားသူ အေရအတြက္က သန္းနဲ႔ခ်ီၿပီးရွိပါတယ္။

လက္ရွိမွာ ေကာ္မရွင္ဟာ ေ႐ြးေကာက္ပြဲ က်င္းပမယ္လို႔ေျပာထားေပမယ့္ ဘယ္ေန႔ လုပ္မလဲဆိုတဲ့ ရက္ အတိအက် ကိုေတာ့ ထုတ္မေျပာေသးပါဘူး။

ဒါ့အျပင္ ႏိုင္ငံျပင္ပေရာက္ မဲဆႏၵရွင္ေတြအတြက္ မဲေပးႏိုင္ဖို႔ အခ်က္အလက္ေတြ ထည့္သြင္းျဖည့္ရမယ့္ ပုံစံ ၁၅ ေတြကို ပို႔ထားၿပီး ရွိမရွိကိုလည္း ေျဖၾကားေပးတာ မရွိေသးပါဘူး။

ပုံစံ ၁၅ ဟာ ေ႐ြးေကာက္ပြဲရက္အတိအက် မထုတ္ျပန္ခင္ သက္ဆိုင္ရာႏိုင္ငံေတြကို ေ႐ြးေကာက္ပြဲေကာ္မရွင္ေတြက ေပးပို႔ရတာျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲကို ၂၀၂၀ ခုႏွစ္ႏွစ္ကုန္ပိုင္းမွာ က်င္းပဖို႔အတြက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ရည္မွန္းထားၿပီး အဲဒီမတိုင္မီ ၄ လ အလိုမွာ ေ႐ြးေကာက္ပြဲလုပ္မယ့္ ရက္အတိအက်ကို ထုန္ျပန္ေပးမယ္လို႔ေတာ့ ဦးျမင့္ႏိုင္က ေျပာထားသလို၊ အျခားေကာ္မရွင္အဖြဲ႕ဝင္အခ်ိဳ႕ကလည္း ဘီဘီစီကို အတည္ျပဳ ေျပာထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/52803741
၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ပရောက်သူတွေ မဲပေးနိုင်မယ့် နည်းလမ်းတွေကို ကော်မရှင် ထုတ်ပြန် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ပရောက်သူတွေ မဲပေးနိုင်မယ့် နည်းလမ်းတွေကို ကော်မရှင် ထုတ်ပြန် Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.