တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျောင်းတွေကို ဇူလိုင် ၂၁ ရက်မှာ ပြန်ဖွင့်မယ်

 ကျောင်းသားများတဲ့ကျောင်းတွေမှာ အသုတ်လိုက်ခွဲပြီး အလှည့်ကျ ကျောင်းတက်ရမယ်
(Unicode)⤵⤵⤵
လာမယ့် ဇူလိုင် ၂၁ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျောင်းတွေကို အထက်တန်း (နဝမတန်း နဲ့ ဒဿမတန်း)ကစပြီးပြန်ဖွင့်သွားတော့မယ်လို့ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ဘီဘီစီကိုပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ပုံမှန်ကျောင်းဖွင့်ကာလဖြစ်တဲ့ ဇွန်လအတွင်းမှာ ကျောင်းတွေမဖွင့်နိုင်တော့ပါဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းတွေမှာကပ်ရောဂါကူးစက်မှုမဖြစ်စေဖို့ ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေလုပ်ဆောင်ဖို့ အချိန်ယူပြီး ဇူလိုင် ၂၁ ရက်နေ့ကို ပြောင်းရွှေ့ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

' ' ကျောင်းတစ်ကျောင်းစီအလိုက် ဆိုရှယ်ဒစ်စတန်းဆင်းအရ ဘယ်လိုပုံစံမျိုးသွားမယ်ဆိုတာကို ကျောင်းအုပ်တွေက ပလန်ဆွဲနေကြပြီ။ ကျောင်းမှာလိုက်နာရမှာတွေရှိတယ်။ ကျောင်းစာသင်ခန်းတွေမှာပြင်ဆင်ရမယ့်ကိစ္စ။ ကလေးတွေမုန့်စားဆင်းရင် ဘာတွေလိုက်နာရမယ်။ စသဖြင့် လိုက်နာရမှာတွေ အားလုံးကို SOP တွေရေးဆွဲထားပြီးပြီ။မကြာခင်မှာ ပြည်သူကိုအသိပေးထုတ်ပြန်သွားဖို့ရှိပါတယ် '' လို့ ကျောင်းတွေပြန်ဖွင့်ဖို့ လတ်တလောပြင်ဆင်နေတဲ့ အခြေအနေကို ဦးကိုလေးဝင်းကရှင်းပြပါတယ်။
အလယ်တန်းနဲ့ မူလတန်းတွေကို ဇူလိုင်လနဲ့ သြဂုတ်လအတွင်းဖွင့်လှစ်သွားမှာဖြစ်
အောင်စာရင်းတွေ ဘယ်တော့ထုတ်ပြန်မှာလဲ

အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းတွေကို ဇူလိုင်လနဲ့ သြဂုတ်လအတွင်းဖွင့်လှစ်သွားမှာဖြစ်လို့ တက္ကသိုလ်ဝင်တန်း( ဒဿမတန်း) ကလွဲလို့ ကျန်အတန်းအားလုံးကို ဇွန်လအတွင်း ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

' ' တက္ကသိုလ်ဝင်တန်းကတော့ ခါတိုင်းလိုပဲ နည်းနည်းနောက်ကျမယ်။ ဇူလိုင်လကုန် သြဂုတ်လဆန်းလောက် ထွက်ရင်ထွက်မယ်။ ဒါတော့မသေချာသေးပါဘူး။ အများကြီးနောက်မကျ ပါဘူး။ လုပ်ငန်းပြီးစီးတဲ့ပေါ်မူတည်တယ်။ ကျန်တဲ့အတန်းအားလုံးကတော့ ဇွန်လအတွင်းဖြစ်ဖို့များပါတယ်''လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းပေါင်း ၄၈၀၀ ကျော်ရှိပြီး ကနဦးက မူလတန်းကနေ စဖွင့်လှစ်ဖို့ ပြင်ဆင်ခဲ့ရာက အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဆရာ၊ ကျောင်းသားမိဘတွေ အွန်လိုင်းကတဆင့် ဆွေးနွေးရာက အထက်တန်းကနေပြောင်းလဲဖွင့်လှစ်ဖို့ ဖြစ်လာခဲ့တာပါ။
စာသင်ခန်းတစ်ခန်းကို ကျောင်းသား ဦးရေ ၂၀ သာသင်ကြားပေးဖို့ စီစဉ်နေ
ကိုဗစ်ကပ်ရောဂါကြား ကျောင်းတွေကို ဘယ်လိုပုံစံနဲ့ ပြန်ဖွင့်မှာလဲ

ဆိုရှယ်ဒစ်စတန့်စည်းမျဉ်းတွေအရ ကျောင်းသားတွေခပ်ခွာခွာသင်ကြားနိုင်ဖို့ ၃၄ပေ *၂၄ ပေရှိ စာသင်ခန်း တစ်ခန်းမှာ ကျောင်းသား ၂၀ ဦးရေသာ ထည့်သွင်းပြီးသင်ကြားသွားမှာဖြစ်တယ် လို့ ဆိုပါတယ်။

' ' ကျောင်းသားနည်းတဲ့ကျောင်းတွေကတော့ ပုံမှန်အတိုင်းပဲဖြစ်မယ်။ ကျောင်းသားတွေအခြေအနေအရ များတဲ့ကျောင်းတွေကတော့ ပုံမှန်တစ်ချိန်ထဲကနေ မနက်နဲ့ ညနေပိုင်း အသုတ်နဲ့ ခွဲတက်ရတာလည်း ရှိနိုင်တယ်။ အဲထက်မှ ကျောင်းသား ၅ထောင်လောက်ရှိတဲ့ ကျောင်းကြီးတွေဆိုရင်တော့ နှစ်သုတ်ခွဲပြီးတာကိုမှ တစ်ပတ်ခြားစီတက်ရတာလည်းရှိနိုင်တယ်။

' ' ဒီအပတ်က ဘယ်အတန်းတွေတက်ပေါ့။ ကျန်တဲ့ ကျောင်းသားတွေက အိမ်မှာ home assignment တွေလုပ်ပေါ့။ အဲထက်မှ မရတဲ့ကျောင်းတွေဆိုရင်တော့ အသုတ် ၂သုတ်ကိုမှ ၃ရက်ခြားစီ ခွဲတက်ရတာလည်းရှိမယ်။ အဲလိုကိုမှ မရတဲ့ကျောင်းလည်းရှိနိုင်တယ်။ ဒါကိုတော့ စပါယ်ရှယ်ကေ့စ်အနေနဲ့ စဉ်းစားရမှာပေါ့။ အဲလို ပုံစံ ၅ မျိုးနဲ့ ပြန်ဖွင့်ဖို့ စီစဉ်ထားတယ်။''လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ ဦးကိုလေးဝင်းက ပြောပြပါတယ်။
ကျောင်းတွေ ပြန်ဖွင့်လို့ ကျောင်းသားတွေလည်း သူငယ်ချင်းတွေနဲ့ ပြန်ဆုံနိုင်ပြီ။
ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေကရော ဘယ်တော့ဖွင့်ကြရမလဲ

ပြီးခဲ့တဲ့ စာသင်နှစ်တွေမှာ ကိုယ်ပိုင်ကျောင်းတွေဟာ အစိုးရကျောင်းတွေထက် တစ်လကြိုဖွင့်လေ့ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့အဲဒီလိုမျိုးရှိမှာမဟုတ်ဘူးလို့ ဦးကိုလေးဝင်းကပြောပါတယ်။

' ' အရင်ကတော့ အစဉ်အလာအရ ဘာမှမပြောခဲ့တာ။ အခုကတော့ ကျန်းမာရေးနဲ့အားကစားက ထုတ်ထားတဲ့စည်းကမ်းတွေကို မလိုက်နာလို့မရဘူး။ မဟုတ်ရင် သူတို့ဖွင့်ခွင့်ရမှာ မဟုတ်ဘူး။ အစိုးရကျောင်းတွေနဲ့ တပြေးညီပဲဖွင့်ရမယ်။''လို့ သူကပြောပါတယ်။

အလားတူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း( ဘက)တွေမှာလည်း သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနနဲ့ညှိပြီး ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို လိုက်နာဖွင့်လှစ်ရမှာဖြစ်တယ်လို့သိရပါတယ်။

ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းတွေအနေနဲ့လည်း ပြန်လည်ဖွင့်လှစ်မယ်ဆိုပါက ကျန်းမာရေးကထုတ်ပြန်ထားတဲ့ စည်းကမ်းတွေအတိုင်းကို လိုက်နာရမှာဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါတွေ့ရှိတာ အခုဆိုရင် ၂ လကျော်ရှိလာပြီဖြစ်ပြီး မေ ၂၆ ရက်နေ့အထိ ကူးစက်ခံထားရသူပေါင်း ၂၀၃ ဦးရှိလာပြီဖြစ်ပါတယ်။

ဒီအခြေအနေကြားမှာ ကျောင်းတွေပြန်ဖွင့်တော့မှာဖြစ်လို့ ကလေးတွေကို ကျောင်းလွှတ်ဖို့ ရတက်မအေးဖြစ်နေတဲ့ကျောင်းသားမိဘတွေလည်းရှိနေပါတယ်။ ဒီထဲကမှ ကျောင်းတစ်နှစ်အောက် ပြီး ကျောင်းမလွှတ်သေးဖို့ ဆုံးဖြတ်ရမလား စဉ်းစားနေတဲ့မိဘတချို့လည်းရှိနေပါတယ်။
အထက်တန်းအဆင့်ကနေ စဖွင့်သွားမှာဖြစ်
ရောဂါကာကွယ်ရေးအတွက် ပညာရေးဘတ်ဂျက် ဘီလီယံနဲ့ချီပြီး သုံးစွဲသွားဖို့ရှိ

ကျောင်းသားမိဘတွေကြား ဒီလိုစိုးရိမ်ပူပန်မှုတွေရှိနေပေမယ့် အခြေခံပညာဦးစီးဌာနကတော့ ကျောင်းတွေ မှာ နေရာခြားပြီးသင်ကြားဖို့ ကျောင်းစာသင်ခန်းတွေပြင်ဆင်ဖို့၊ လက်ဆေးစရာ ရေနဲ့ဆပ်ပြာ (ရေမရတဲ့ နေရာမှာ) လက်သန့်စင်ဆေးရည်တွေထားပေးဖို့၊ ကိုယ်ပူချိန်တိုင်းဖို့ သာမိုမီတာတွေ၊ ကျောင်းသားတွေနဲ့ ဆရာတွေအတွက် နှာခေါင်းစည်းတွေ အခမဲ့ဖြန့်ဝေပေးဖို့ အပါအဝင် ကျောင်းတွေမှာ ကူးစက်မှုမရှိစေဖို့ အများကြီးကြိုတင်ပြင်ဆင်နေတယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ပြောပါတယ်။

'' နိုင်ငံတော်ဘဏ္ဍာကနေလည်း တတ်နိုင်သမျှသုံးလို့ရတာတော်တော်များရတယ်။ Global partnership For Education ကနေ အမေရိကန်ဒေါ်လာ ၁၅သန်း လျှောက်ထားတာ ရှိတယ်။ ဇွန်လအဆန်းပိုင်းလောက်မှာရမယ်။ အီးယူကနေလျှောက်ထားတဲ့ ဂရန့်တွေလည်းရှိတယ်။ အဲဒါကလည်း ယူရို ၃၇ သန်းရှိတယ်။ နောက်ကမ္ဘာ့ဘဏ်နဲ့ ဂျီပီအီး အဲကနေပြီးချေးတဲ့ ပိုက်ဆံတွေထဲကလည်း သုံးလို့ရတယ်။ ဒါတွေအများကြီး အခြေခံပညာအတွက်သုံးမှာတွေရှိပါတယ်။''လို့ ဦးကိုလေးဝင်းကရှင်းပြပါတယ်။

ဒါအပြင် အခြေခံပညာကျောင်းတွေမှာအရေးပေါ်တစ်ခုခုရှိလာပါက ကလေးတွေကို ရွှေ့ထားလို့ရမယ့် အရံခန်းတွေကိုပါ ထည့်သွင်းပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်ဖြစ်ပွားခဲ့တဲ့မြို့နယ်ကကျောင်းတွေမှာလည်း တစ်ခုခုအရေးပေါ်ဖြစ်ပွားတဲ့အခါ PPE ဝတ်စုံတွေဝတ်ဆင်ကာ ဆေးရုံကိုအရေးပေါ်ပို့နိုင်ဖို့ကအစ ပြင်ဆင်သွားဖို့ ရှိတယ်လို့လည်း ဦးကိုလေးဝင်းကပြောပြပါတယ်။

BBC Burmese
--------------------------------------------
(Zawgyi)⤵⤵⤵
တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ေက်ာင္းေတြကို ဇူလိုင္ ၂၁ ရက္မွာ ျပန္ဖြင့္မယ္

လာမယ့္ ဇူလိုင္ ၂၁ ရက္ေန႔ကစၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ေက်ာင္းေတြကို အထက္တန္း (နဝမတန္း နဲ႔ ဒႆမတန္း)ကစၿပီးျပန္ဖြင့္သြားေတာ့မယ္လို႔ အေျခခံပညာ ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးကိုေလးဝင္းက ဘီဘီစီကိုေျပာပါတယ္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ပုံမွန္ေက်ာင္းဖြင့္ကာလျဖစ္တဲ့ ဇြန္လအတြင္းမွာ ေက်ာင္းေတြမဖြင့္ႏိုင္ေတာ့ပါဘူး။ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ေက်ာင္းေတြမွာကပ္ေရာဂါကူးစက္မႈမျဖစ္ေစဖို႔ ႀကိဳတင္ကာကြယ္ေရးအစီအစဥ္ေတြလုပ္ေဆာင္ဖို႔ အခ်ိန္ယူၿပီး ဇူလိုင္ ၂၁ ရက္ေန႔ကို ေျပာင္းေ႐ႊ႕ဖြင့္လွစ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

' ' ေက်ာင္းတစ္ေက်ာင္းစီအလိုက္ ဆိုရွယ္ဒစ္စတန္းဆင္းအရ ဘယ္လိုပုံစံမ်ိဳးသြားမယ္ဆိုတာကို ေက်ာင္းအုပ္ေတြက ပလန္ဆြဲေနၾကၿပီ။ ေက်ာင္းမွာလိုက္နာရမွာေတြရွိတယ္။ ေက်ာင္းစာသင္ခန္းေတြမွာျပင္ဆင္ရမယ့္ကိစၥ။ ကေလးေတြမုန႔္စားဆင္းရင္ ဘာေတြလိုက္နာရမယ္။ စသျဖင့္ လိုက္နာရမွာေတြ အားလုံးကို SOP ေတြေရးဆြဲထားၿပီးၿပီ။မၾကာခင္မွာ ျပည္သူကိုအသိေပးထုတ္ျပန္သြားဖို႔ရွိပါတယ္ '' လို႔ ေက်ာင္းေတြျပန္ဖြင့္ဖို႔ လတ္တေလာျပင္ဆင္ေနတဲ့ အေျခအေနကို ဦးကိုေလးဝင္းကရွင္းျပပါတယ္။

ေအာင္စာရင္းေတြ ဘယ္ေတာ့ထုတ္ျပန္မွာလဲ

အထက္တန္း၊ အလယ္တန္းနဲ႔ မူလတန္းေတြကို ဇူလိုင္လနဲ႔ ၾသဂုတ္လအတြင္းဖြင့္လွစ္သြားမွာျဖစ္လို႔ တကၠသိုလ္ဝင္တန္း( ဒႆမတန္း) ကလြဲလို႔ က်န္အတန္းအားလုံးကို ဇြန္လအတြင္း ထုတ္ျပန္ေပးသြားမွာ ျဖစ္တယ္လို႔သိရပါတယ္။

' ' တကၠသိုလ္ဝင္တန္းကေတာ့ ခါတိုင္းလိုပဲ နည္းနည္းေနာက္က်မယ္။ ဇူလိုင္လကုန္ ၾသဂုတ္လဆန္းေလာက္ ထြက္ရင္ထြက္မယ္။ ဒါေတာ့မေသခ်ာေသးပါဘူး။ အမ်ားႀကီးေနာက္မက် ပါဘူး။ လုပ္ငန္းၿပီးစီးတဲ့ေပၚမူတည္တယ္။ က်န္တဲ့အတန္းအားလုံးကေတာ့ ဇြန္လအတြင္းျဖစ္ဖို႔မ်ားပါတယ္''လို႔ ဦးကိုေလးဝင္းက ေျပာပါတယ္။

တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေက်ာင္းေပါင္း ၄၈၀၀ ေက်ာ္ရွိၿပီး ကနဦးက မူလတန္းကေန စဖြင့္လွစ္ဖို႔ ျပင္ဆင္ခဲ့ရာက အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ဆရာ၊ ေက်ာင္းသားမိဘေတြ အြန္လိုင္းကတဆင့္ ေဆြးေႏြးရာက အထက္တန္းကေနေျပာင္းလဲဖြင့္လွစ္ဖို႔ ျဖစ္လာခဲ့တာပါ။

ကိုဗစ္ကပ္ေရာဂါၾကား ေက်ာင္းေတြကို ဘယ္လိုပုံစံနဲ႔ ျပန္ဖြင့္မွာလဲ

ဆိုရွယ္ဒစ္စတန႔္စည္းမ်ဥ္းေတြအရ ေက်ာင္းသားေတြခပ္ခြာခြာသင္ၾကားႏိုင္ဖို႔ ၃၄ေပ *၂၄ ေပရွိ စာသင္ခန္း တစ္ခန္းမွာ ေက်ာင္းသား ၂၀ ဦးေရသာ ထည့္သြင္းၿပီးသင္ၾကားသြားမွာျဖစ္တယ္ လို႔ ဆိုပါတယ္။

' ' ေက်ာင္းသားနည္းတဲ့ေက်ာင္းေတြကေတာ့ ပုံမွန္အတိုင္းပဲျဖစ္မယ္။ ေက်ာင္းသားေတြအေျခအေနအရ မ်ားတဲ့ေက်ာင္းေတြကေတာ့ ပုံမွန္တစ္ခ်ိန္ထဲကေန မနက္နဲ႔ ညေနပိုင္း အသုတ္နဲ႔ ခြဲတက္ရတာလည္း ရွိႏိုင္တယ္။ အဲထက္မွ ေက်ာင္းသား ၅ေထာင္ေလာက္ရွိတဲ့ ေက်ာင္းႀကီးေတြဆိုရင္ေတာ့ ႏွစ္သုတ္ခြဲၿပီးတာကိုမွ တစ္ပတ္ျခားစီတက္ရတာလည္းရွိႏိုင္တယ္။

' ' ဒီအပတ္က ဘယ္အတန္းေတြတက္ေပါ့။ က်န္တဲ့ ေက်ာင္းသားေတြက အိမ္မွာ home assignment ေတြလုပ္ေပါ့။ အဲထက္မွ မရတဲ့ေက်ာင္းေတြဆိုရင္ေတာ့ အသုတ္ ၂သုတ္ကိုမွ ၃ရက္ျခားစီ ခြဲတက္ရတာလည္းရွိမယ္။ အဲလိုကိုမွ မရတဲ့ေက်ာင္းလည္းရွိႏိုင္တယ္။ ဒါကိုေတာ့ စပါယ္ရွယ္ေက့စ္အေနနဲ႔ စဥ္းစားရမွာေပါ့။ အဲလို ပုံစံ ၅ မ်ိဳးနဲ႔ ျပန္ဖြင့္ဖို႔ စီစဥ္ထားတယ္။''လို႔ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ျဖစ္တဲ့ ဦးကိုေလးဝင္းက ေျပာျပပါတယ္။
ေက်ာင္းေတြ ျပန္ဖြင့္လို႔ ေက်ာင္းသားေတြလည္း သူငယ္ခ်င္းေတြနဲ႔ ျပန္ဆုံႏိုင္ၿပီ။
ကိုယ္ပိုင္ေက်ာင္းေတြနဲ႔ ဘုန္းေတာ္ႀကီးသင္ေက်ာင္းေတြကေရာ ဘယ္ေတာ့ဖြင့္ၾကရမလဲ

ၿပီးခဲ့တဲ့ စာသင္ႏွစ္ေတြမွာ ကိုယ္ပိုင္ေက်ာင္းေတြဟာ အစိုးရေက်ာင္းေတြထက္ တစ္လႀကိဳဖြင့္ေလ့ရွိခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့အဲဒီလိုမ်ိဳးရွိမွာမဟုတ္ဘူးလို႔ ဦးကိုေလးဝင္းကေျပာပါတယ္။

' ' အရင္ကေတာ့ အစဥ္အလာအရ ဘာမွမေျပာခဲ့တာ။ အခုကေတာ့ က်န္းမာေရးနဲ႔အားကစားက ထုတ္ထားတဲ့စည္းကမ္းေတြကို မလိုက္နာလို႔မရဘူး။ မဟုတ္ရင္ သူတို႔ဖြင့္ခြင့္ရမွာ မဟုတ္ဘူး။ အစိုးရေက်ာင္းေတြနဲ႔ တေျပးညီပဲဖြင့္ရမယ္။''လို႔ သူကေျပာပါတယ္။

အလားတူ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္း( ဘက)ေတြမွာလည္း သာသနာေရးနဲ႔ယဥ္ေက်းမႈဝန္ႀကီးဌာန၊ သာသနာေတာ္ထြန္းကားျပန႔္ပြားေရးဦးစီးဌာနနဲ႔ညႇိၿပီး ထုတ္ျပန္ထားတဲ့ ကန႔္သတ္ခ်က္ေတြကို လိုက္နာဖြင့္လွစ္ရမွာျဖစ္တယ္လို႔သိရပါတယ္။

ဘာသာရပ္သင္ကိုယ္ပိုင္သင္တန္းေတြအေနနဲ႔လည္း ျပန္လည္ဖြင့္လွစ္မယ္ဆိုပါက က်န္းမာေရးကထုတ္ျပန္ထားတဲ့ စည္းကမ္းေတြအတိုင္းကို လိုက္နာရမွာျဖစ္တယ္လို႔သိရပါတယ္။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေတြ႕ရွိတာ အခုဆိုရင္ ၂ လေက်ာ္ရွိလာၿပီျဖစ္ၿပီး ေမ ၂၆ ရက္ေန႔အထိ ကူးစက္ခံထားရသူေပါင္း ၂၀၃ ဦးရွိလာၿပီျဖစ္ပါတယ္။

ဒီအေျခအေနၾကားမွာ ေက်ာင္းေတြျပန္ဖြင့္ေတာ့မွာျဖစ္လို႔ ကေလးေတြကို ေက်ာင္းလႊတ္ဖို႔ ရတက္မေအးျဖစ္ေနတဲ့ေက်ာင္းသားမိဘေတြလည္းရွိေနပါတယ္။ ဒီထဲကမွ ေက်ာင္းတစ္ႏွစ္ေအာက္ ၿပီး ေက်ာင္းမလႊတ္ေသးဖို႔ ဆုံးျဖတ္ရမလား စဥ္းစားေနတဲ့မိဘတခ်ိဳ႕လည္းရွိေနပါတယ္။

ေရာဂါကာကြယ္ေရးအတြက္ ပညာေရးဘတ္ဂ်က္ ဘီလီယံနဲ႔ခ်ီၿပီး သုံးစြဲသြားဖို႔ရွိ

ေက်ာင္းသားမိဘေတြၾကား ဒီလိုစိုးရိမ္ပူပန္မႈေတြရွိေနေပမယ့္ အေျခခံပညာဦးစီးဌာနကေတာ့ ေက်ာင္းေတြ မွာ ေနရာျခားၿပီးသင္ၾကားဖို႔ ေက်ာင္းစာသင္ခန္းေတြျပင္ဆင္ဖို႔၊ လက္ေဆးစရာ ေရနဲ႔ဆပ္ျပာ (ေရမရတဲ့ ေနရာမွာ) လက္သန႔္စင္ေဆးရည္ေတြထားေပးဖို႔၊ ကိုယ္ပူခ်ိန္တိုင္းဖို႔ သာမိုမီတာေတြ၊ ေက်ာင္းသားေတြနဲ႔ ဆရာေတြအတြက္ ႏွာေခါင္းစည္းေတြ အခမဲ့ျဖန႔္ေဝေပးဖို႔ အပါအဝင္ ေက်ာင္းေတြမွာ ကူးစက္မႈမရွိေစဖို႔ အမ်ားႀကီးႀကိဳတင္ျပင္ဆင္ေနတယ္လို႔ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးကိုေလးဝင္းက ေျပာပါတယ္။

'' ႏိုင္ငံေတာ္ဘ႑ာကေနလည္း တတ္ႏိုင္သမွ်သုံးလို႔ရတာေတာ္ေတာ္မ်ားရတယ္။ Global partnership For Education ကေန အေမရိကန္ေဒၚလာ ၁၅သန္း ေလွ်ာက္ထားတာ ရွိတယ္။ ဇြန္လအဆန္းပိုင္းေလာက္မွာရမယ္။ အီးယူကေနေလွ်ာက္ထားတဲ့ ဂရန႔္ေတြလည္းရွိတယ္။ အဲဒါကလည္း ယူ႐ို ၃၇ သန္းရွိတယ္။ ေနာက္ကမာၻ႔ဘဏ္နဲ႔ ဂ်ီပီအီး အဲကေနၿပီးေခ်းတဲ့ ပိုက္ဆံေတြထဲကလည္း သုံးလို႔ရတယ္။ ဒါေတြအမ်ားႀကီး အေျခခံပညာအတြက္သုံးမွာေတြရွိပါတယ္။''လို႔ ဦးကိုေလးဝင္းကရွင္းျပပါတယ္။

ဒါအျပင္ အေျခခံပညာေက်ာင္းေတြမွာအေရးေပၚတစ္ခုခုရွိလာပါက ကေလးေတြကို ေ႐ႊ႕ထားလို႔ရမယ့္ အရံခန္းေတြကိုပါ ထည့္သြင္းျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ကိုဗစ္ကပ္ေရာဂါ ကူးစက္ျဖစ္ပြားခဲ့တဲ့ၿမိဳ႕နယ္ကေက်ာင္းေတြမွာလည္း တစ္ခုခုအေရးေပၚျဖစ္ပြားတဲ့အခါ PPE ဝတ္စုံေတြဝတ္ဆင္ကာ ေဆး႐ုံကိုအေရးေပၚပို႔ႏိုင္ဖို႔ကအစ ျပင္ဆင္သြားဖို႔ ရွိတယ္လို႔လည္း ဦးကိုေလးဝင္းကေျပာျပပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52768368
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျောင်းတွေကို ဇူလိုင် ၂၁ ရက်မှာ ပြန်ဖွင့်မယ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျောင်းတွေကို ဇူလိုင် ၂၁ ရက်မှာ ပြန်ဖွင့်မယ် Reviewed by THITHTOOLWIN on 19:57 Rating: 5
Powered by Blogger.