ကိုဗစ္ေဆး ဘဂၤလားေဒ့ရွ္ ပထမဆုံး စထုတ္

ကိုယ္ထဲက ဆဲလ္ေတြမွာ ဗိုင္းရပ္စ္ ပြားေအာင္လုပ္ႏိုင္တဲ့ အင္ဇိုင္းကို ဒီေဆးက တားေပး
(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ လူနာေတြ ေရာဂါ ျပန္သက္သာခ်ိန္ ျမန္ဆန္ေစတဲ့ ရမ္ဒက္စ္ဆီဗီယာ Remdesivir ေဆးရဲ႕ အလားတူ ေဆးဝါးကို ဘဂၤလားေဒ့ရွ္ ေဆးကုမၸဏီတစ္ခုက ကမာၻ႔ႏိုင္ငံေတြထဲမွာ ပထမဆုံးအျဖစ္ စထုတ္ေတာ့မွာ ျဖစ္ပါတယ္။

ဒီေဆးကို အေမရိကန္ ေဆးကုမၸဏီႀကီး Gilead ဂိလိယတ္က မူရင္းထုတ္လုပ္တာ ျဖစ္ၿပီး ဘဂၤလားေဒ့ရွ္ အေျခစိုက္ Beximco ေဆးကုမၸဏီကေန ဒီေဆးနဲ႔ ပါဝင္ပစၥည္းေတြတူညီတဲ့ အလားတူ အမ်ိဳးအစားေဆးကို ဒီလထဲမွာ ထုတ္လုပ္မွာ ျဖစ္ပါတယ္။

ဒီေဆးက ကိုဗစ္လူနာေတြကို ေရာဂါ ျပန္သက္သာခ်ိန္ ပိုျမန္ေစတာကို ႏိုင္ငံတကာက ေဆး႐ုံေတြမွာ စမ္းသပ္မႈအရ ေတြ႕ရပါတယ္။

ဒီေဆးမသုံးသူေတြက ၁၅ ရက္မွာ ျပန္သက္သာတာကို ေတြ႕ရၿပီး ဒီေဆးနဲ႔ဆိုရင္ ၁၁ ရက္ ၾကာတာကို စမ္းသပ္မႈေတြမွာ ေတြ႕ခဲ့ရပါတယ္။

တကယ္ေတာ့ ဒီ ဗိုင္းရပ္စ္ကုသေဆးကို အီဘိုလာေရာဂါကို ကုသဖို႔အတြက္ ထုတ္လုပ္ထားခဲ့တာပါ။

ဒီေဆးက ကိုယ္ထဲက ဆဲလ္ေတြမွာ ဗိုင္းရပ္စ္ ပြားေအာင္လုပ္ႏိုင္တဲ့ အင္ဇိုင္းကို တားေပးပါတယ္။

ဒီေဆးက ေရာဂါသက္လာခ်ိန္ ပိုျမန္တာေတြ႕ရေပမဲ့ ေသဆုံးမႈႏႈန္းမွာေတာ့ သိသာတဲ့ အက်ိဳးသက္ေရာက္မႈ မေတြ႕ရပါဘူး။ ဒီေဆးနဲ႔ ကုသခံရသူေတြရဲ႕ ေသဆုံးႏႈန္းက ၈ ရာခိုင္ႏႈန္းရွိၿပီး ဒီေဆးမေပးသူေတြမွာေတာ့ ၁၁ ရာခိုင္ႏႈန္းေက်ာ္ ရွိပါတယ္။

ဒါေၾကာင့္ ပညာရွင္ေတြက ဒီေဆးကို ကို႐ိုနာဗိုင္းရပ္စ္အတြက္ အစြမ္းထက္ေမွာ္ေဆးလုံးလို႔ မျမင္ၾကနဲ႔လို႔ ေျပာထားပါတယ္။

ဒါေပမဲ့ အခုေလာေလာဆယ္မွာ ကိုဗစ္ကို ထိထိေရာက္ေရာက္ကုႏိုင္တဲ့ေဆး ဘာမွ မရွိေသးလို႔ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ဒီေဆးကို စမ္းသပ္ၾကည့္ခ်င္ေနၾကပါတယ္။

Beximco က ထုတ္မယ့္ေဆးကို အေရွ႕ေတာင္အာရွ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားဆီ ျမန္ျမန္ဆန္ဆန္ ျဖန္႔ႏိုင္မွာ ျဖစ္ပါတယ္။

အတည္မျပဳရေသးတဲ့ သတင္းတခ်ိဳ႕ကေတာ့ ဒီကုမၸဏီဟာ အိႏၵိယနဲ႔ ပါကစၥတန္ ႏိုင္ငံက ေဆးကုမၸဏီႀကီးေတြနဲ႔ ပူးေပါင္းလုပ္ဖို႔ ႀကိဳးစားေနတယ္လို႔လည္း သိရပါတယ္။

အိႏၵိယနဲ႔ ပါကစၥတန္ ကုမၸဏီ ငါးခုတို႔က ျမန္မာအပါအဝင္ ဝင္ေငြနည္းပါးတဲ့ႏိုင္ငံေတြနဲ႔ ဝင္ေငြအလယ္အလတ္ေအာက္နိမ့္တဲ့ ႏိုင္ငံ ၁၂၇ ခု အတြက္ အဲဒီကိုဗစ္ေဆးေတြ ထုတ္ဖို႔ အေမရိကန္ေဆးကုမၸဏီႀကီး ဂိလိယတ္ နဲ႔ သေဘာတူခဲ့ၾကတယ္လို႔ ေမလလယ္မွာ ေၾကညာထားခဲ့ပါတယ္။

ေဆးစထုတ္မယ့္အခ်ိန္နဲ႔ ေစ်းႏႈန္းေတြ ေျပာဖို႔ ေစာလြန္းေသးတယ္လို႔ အဲဒီထဲမွာ ပါဝင္တဲ့ အိႏၵိယေဆး ကုမၸဏီတစ္ခုက ေျပာၿပီး ဇြန္လေလာက္က်ရင္ ဒီအေျခအေနေတြကို သိႏိုင္မယ္လို႔ အဲဒီေဆးကုမၸဏီက ေျပာပါတယ္။

BBC Burmese
---------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်ဆေး ဘင်္ဂလားဒေ့ရှ် ပထမဆုံး စထုတ်

ကိုဗစ်-၁၉ လူနာတွေ ရောဂါ ပြန်သက်သာချိန် မြန်ဆန်စေတဲ့ ရမ်ဒက်စ်ဆီဗီယာ Remdesivir ဆေးရဲ့ အလားတူ ဆေးဝါးကို ဘင်္ဂလားဒေ့ရှ် ဆေးကုမ္ပဏီတစ်ခုက ကမ္ဘာ့နိုင်ငံတွေထဲမှာ ပထမဆုံးအဖြစ် စထုတ်တော့မှာ ဖြစ်ပါတယ်။

ဒီဆေးကို အမေရိကန် ဆေးကုမ္ပဏီကြီး Gilead ဂိလိယတ်က မူရင်းထုတ်လုပ်တာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အခြေစိုက် Beximco ဆေးကုမ္ပဏီကနေ ဒီဆေးနဲ့ ပါဝင်ပစ္စည်းတွေတူညီတဲ့ အလားတူ အမျိုးအစားဆေးကို ဒီလထဲမှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဒီဆေးက ကိုဗစ်လူနာတွေကို ရောဂါ ပြန်သက်သာချိန် ပိုမြန်စေတာကို နိုင်ငံတကာက ဆေးရုံတွေမှာ စမ်းသပ်မှုအရ တွေ့ရပါတယ်။

ဒီဆေးမသုံးသူတွေက ၁၅ ရက်မှာ ပြန်သက်သာတာကို တွေ့ရပြီး ဒီဆေးနဲ့ဆိုရင် ၁၁ ရက် ကြာတာကို စမ်းသပ်မှုတွေမှာ တွေ့ခဲ့ရပါတယ်။

တကယ်တော့ ဒီ ဗိုင်းရပ်စ်ကုသဆေးကို အီဘိုလာရောဂါကို ကုသဖို့အတွက် ထုတ်လုပ်ထားခဲ့တာပါ။

ဒီဆေးက ကိုယ်ထဲက ဆဲလ်တွေမှာ ဗိုင်းရပ်စ် ပွားအောင်လုပ်နိုင်တဲ့ အင်ဇိုင်းကို တားပေးပါတယ်။

ဒီဆေးက ရောဂါသက်လာချိန် ပိုမြန်တာတွေ့ရပေမဲ့ သေဆုံးမှုနှုန်းမှာတော့ သိသာတဲ့ အကျိုးသက်ရောက်မှု မတွေ့ရပါဘူး။ ဒီဆေးနဲ့ ကုသခံရသူတွေရဲ့ သေဆုံးနှုန်းက ၈ ရာခိုင်နှုန်းရှိပြီး ဒီဆေးမပေးသူတွေမှာတော့ ၁၁ ရာခိုင်နှုန်းကျော် ရှိပါတယ်။

ဒါကြောင့် ပညာရှင်တွေက ဒီဆေးကို ကိုရိုနာဗိုင်းရပ်စ်အတွက် အစွမ်းထက်မှော်ဆေးလုံးလို့ မမြင်ကြနဲ့လို့ ပြောထားပါတယ်။

ဒါပေမဲ့ အခုလောလောဆယ်မှာ ကိုဗစ်ကို ထိထိရောက်ရောက်ကုနိုင်တဲ့ဆေး ဘာမှ မရှိသေးလို့ နိုင်ငံတော်တော်များများက ဒီဆေးကို စမ်းသပ်ကြည့်ချင်နေကြပါတယ်။

Beximco က ထုတ်မယ့်ဆေးကို အရှေ့တောင်အာရှ နိုင်ငံတော်တော်များများဆီ မြန်မြန်ဆန်ဆန် ဖြန့်နိုင်မှာ ဖြစ်ပါတယ်။

အတည်မပြုရသေးတဲ့ သတင်းတချို့ကတော့ ဒီကုမ္ပဏီဟာ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံက ဆေးကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းလုပ်ဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန် ကုမ္ပဏီ ငါးခုတို့က မြန်မာအပါအဝင် ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်အောက်နိမ့်တဲ့ နိုင်ငံ ၁၂၇ ခု အတွက် အဲဒီကိုဗစ်ဆေးတွေ ထုတ်ဖို့ အမေရိကန်ဆေးကုမ္ပဏီကြီး ဂိလိယတ် နဲ့ သဘောတူခဲ့ကြတယ်လို့ မေလလယ်မှာ ကြေညာထားခဲ့ပါတယ်။

ဆေးစထုတ်မယ့်အချိန်နဲ့ ဈေးနှုန်းတွေ ပြောဖို့ စောလွန်းသေးတယ်လို့ အဲဒီထဲမှာ ပါဝင်တဲ့ အိန္ဒိယဆေး ကုမ္ပဏီတစ်ခုက ပြောပြီး ဇွန်လလောက်ကျရင် ဒီအခြေအနေတွေကို သိနိုင်မယ်လို့ အဲဒီဆေးကုမ္ပဏီက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52777054
ကိုဗစ္ေဆး ဘဂၤလားေဒ့ရွ္ ပထမဆုံး စထုတ္ ကိုဗစ္ေဆး ဘဂၤလားေဒ့ရွ္ ပထမဆုံး စထုတ္ Reviewed by THITHTOOLWIN on 04:13 Rating: 5
Powered by Blogger.