ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ က ၂ ရက္ အတြင္းအေမရိကန္ေဒၚလာ ၄ ဒသမ ၅ သန္း ကို ေဈးၿပိဳင္ေလလံျဖင့္ ဝယ္ယူ


(Zawgyi)⤵⤵⤵
    ရန္ကုန္၊ ေမ ၂၂ ရက္ (ဆင္ဟြာ)

    ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ အေနျဖင့္  ေမ၂၁ ရက္မွ ၂၂ ရက္ တြင္ ၂ ရက္အတြင္း အေမရိကန္ေဒၚလာ ၄ ဒသမ ၅ သန္း အား ႏိုင္ငံျခားေငြ ေဈးၿပိဳင္ေလလံျဖင့္ ဝယ္ယူခဲ့ေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ၏ ထုတ္ျပန္ခ်က္အရသိရသည္။

ေနျပည္ေတာ္စည္ပင္ဘဏ္ဥကၠ႒ ဦးရဲမင္းဦး က “ဗဟိုဘဏ္ရဲ႕ လက္ရွိေဆာင္႐ြက္ခ်က္ က အလြန္အကြၽံ အတက္အက် မျဖစ္ေအာင္ ဂ်မ္းတုံးေလးေတြ ခုေပးတဲ့ သေဘာပဲ။ ဗဟိုဘဏ္က ေဈးကြက္ တည္ၿငိမ္မႈ ကို အဓိက ေဆာင္႐ြက္တာျဖစ္တယ္။႐ုတ္တရက္ႀကီး ေဈးတက္တာ၊ က်တာ မရွိေအာင္ ေဆာင္႐ြက္ေပးတဲ့ သေဘာပါပဲ’’ ဟုဆင္ဟြာကို ေမ ၂၂ ရက္တြင္ ေျပာသည္။

ကေမာၻဇဘဏ္ ၏ အႀကီးတန္းအႀကံေပး ဦးသန္းလြင္က “ဗဟိုဘဏ္က ေဒၚလာကို အခုလိုဝယ္တာေကာင္းပါတယ္။ ေငြေဈးကြက္ ကို ထိန္းေက်ာင္းေပးတဲ့ သေဘာပါပဲ ဟုဆင္ဟြာသို႔ေျပာသည္။

ေမ ၂၁ ရက္တြင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က အေမရိကန္ေဒၚလာ ၃ သန္း ကို ႏိုင္ငံျခားေငြ ေဈးၿပိဳင္ေလလံျဖင့္ဝယ္ယူခဲ့ကာ ေလလံအတြက္ ပ်မ္းမွ်ေငြလဲလွယ္ႏႈန္းမွာ  တစ္ေဒၚလာလွ်င္ ၁၄၀၇ဒသမ ၄ က်ပ္ျဖစ္ေၾကာင္း၊ ေမ ၂၂ ရက္တြင္ အေမရိကန္ေဒၚလာ ၁ဒသမ၅ သန္းကို ေဈးၿပိဳင္ေလလံျဖင့္ ဝယ္ယူခဲ့ကာ ေလလံအတြက္ ပ်မ္းမွ်ေငြလဲလွယ္ႏႈန္းမွာ  တစ္ေဒၚလာလွ်င္ ၁၄၀၆ ဒသမ ၈ က်ပ္ျဖစ္ေၾကာင္း သိရသည္။

စီးပြားေရးအႀကံေပးတစ္ဦးျဖစ္သူ ကိုစိုင္း က “ဗဟိုဘဏ္က ဝယ္ေပးတဲ့ အတြက္ အက် ကို ထိန္းေပးတဲ့ သေဘာျဖစ္သြားတယ္။ အေမရိကန္ေဒၚလာ ေဈးက ၁၄၀၀ ဝန္းက်င္မွာပဲ အတက္အက်ျဖစ္ႏိုင္မယ္ လို႔ ခန႔္မွန္းရပါတယ္’’ ဟုေျပာသည္။

ေမ ၂၂ ရက္ တြင္ ျပင္ပ ေငြလဲစင္တာတစ္ခ်ိဳ႕ တြင္ အေမရိကန္တစ္ေဒၚလာ ကို ျမန္မာေငြ ၁၄၀၈ က်ပ္ေပါက္ေဈးရွိသည္။

 (Xinhua)
----------------------------------------
(Unicode)⤵⤵⤵
မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ၂ ရက် အတွင်းအမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း ကို ဈေးပြိုင်လေလံဖြင့် ဝယ်ယူ

    ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့်  မေ၂၁ ရက်မှ ၂၂ ရက် တွင် ၂ ရက်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း အား နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် ဝယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ ထုတ်ပြန်ချက်အရသိရသည်။

နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌ ဦးရဲမင်းဦး က “ဗဟိုဘဏ်ရဲ့ လက်ရှိဆောင်ရွက်ချက် က အလွန်အကျွံ အတက်အကျ မဖြစ်အောင် ဂျမ်းတုံးလေးတွေ ခုပေးတဲ့ သဘောပဲ။ ဗဟိုဘဏ်က ဈေးကွက် တည်ငြိမ်မှု ကို အဓိက ဆောင်ရွက်တာဖြစ်တယ်။ရုတ်တရက်ကြီး ဈေးတက်တာ၊ ကျတာ မရှိအောင် ဆောင်ရွက်ပေးတဲ့ သဘောပါပဲ’’ ဟုဆင်ဟွာကို မေ ၂၂ ရက်တွင် ပြောသည်။

ကမ္ဘောဇဘဏ် ၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က “ဗဟိုဘဏ်က ဒေါ်လာကို အခုလိုဝယ်တာကောင်းပါတယ်။ ငွေဈေးကွက် ကို ထိန်းကျောင်းပေးတဲ့ သဘောပါပဲ ဟုဆင်ဟွာသို့ပြောသည်။

မေ ၂၁ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ သန်း ကို နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့်ဝယ်ယူခဲ့ကာ လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ  တစ်ဒေါ်လာလျှင် ၁၄၀၇ဒသမ ၄ ကျပ်ဖြစ်ကြောင်း၊ မေ ၂၂ ရက်တွင် အမေရိကန်ဒေါ်လာ ၁ဒသမ၅ သန်းကို ဈေးပြိုင်လေလံဖြင့် ဝယ်ယူခဲ့ကာ လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ  တစ်ဒေါ်လာလျှင် ၁၄၀၆ ဒသမ ၈ ကျပ်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးအကြံပေးတစ်ဦးဖြစ်သူ ကိုစိုင်း က “ဗဟိုဘဏ်က ဝယ်ပေးတဲ့ အတွက် အကျ ကို ထိန်းပေးတဲ့ သဘောဖြစ်သွားတယ်။ အမေရိကန်ဒေါ်လာ ဈေးက ၁၄၀၀ ဝန်းကျင်မှာပဲ အတက်အကျဖြစ်နိုင်မယ် လို့ ခန့်မှန်းရပါတယ်’’ ဟုပြောသည်။

မေ ၂၂ ရက် တွင် ပြင်ပ ငွေလဲစင်တာတစ်ချို့ တွင် အမေရိကန်တစ်ဒေါ်လာ ကို မြန်မာငွေ ၁၄၀၈ ကျပ်ပေါက်ဈေးရှိသည်။

 (Xinhua)
http://www.xinhuamyanmar.com/business/local/27662-2020-05-22-10-46-39
ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ က ၂ ရက္ အတြင္းအေမရိကန္ေဒၚလာ ၄ ဒသမ ၅ သန္း ကို ေဈးၿပိဳင္ေလလံျဖင့္ ဝယ္ယူ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ က ၂ ရက္ အတြင္းအေမရိကန္ေဒၚလာ ၄ ဒသမ ၅ သန္း ကို ေဈးၿပိဳင္ေလလံျဖင့္ ဝယ္ယူ Reviewed by THITHTOOLWIN on 22:23 Rating: 5
Powered by Blogger.