တပ္မေတာ္စစ္ေၾကာင္း ဝင္ေရာက္ေနရာယူတဲ့အတြက္ မင္းျပား႐ြာသား ၄၀၀၀ ေက်ာ္ထြက္ေျပးေန


ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕ကို ျမင္ေတြ႕ရစဥ္ / ဓာတ္ပုံ - မင္းသိန္းေအာင္/ RFA
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္က မင္း႐ြာ၊ ေထာင့္ေခ်၊ ျမစ္နား စတဲ့ေက်း႐ြာေတြမွာ ၿပီးခဲ့တဲ့ ေမလ ၅ ရက္ ညေန ပိုင္းကေနစလို႔ တပ္မေတာ္စစ္ေၾကာင္းေတြက ႐ြာထဲမွာေနရာယူၿပီး တိုက္ပြဲျဖစ္တဲ့ေနရာေတြဆီကို လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ လွမ္းပစ္တာေၾကာင့္ ေက်း႐ြာ သုံး႐ြာက လူေပါင္း ၄၀၀၀ ေက်ာ္ခန႔္ဟာ နီးစပ္ရာေက်း႐ြာေတြ နဲ႔ မင္းျပားၿမိဳ႕ေပၚကို အသီးသီးထြက္ေျပးေနၾကရတယ္လို႔ ေဒသခံေက်း႐ြာသားေတြက RFA ကိုေျပာပါတယ္။

တပ္မေတာ္စစ္ေၾကာင္းဟာ မင္း႐ြာအလယ္မွာရွိတဲ့ စာသင္ေက်ာင္းဝင္းထဲမွာ အေျမာက္ႏွစ္လုံးတည္ၿပီး ဒီေန႔ မနက္ပိုင္းအခ်ိန္အထိ တိုက္ပြဲျဖစ္တဲ့ေနရာေတြဆီကို လွမ္းပစ္ေနတယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ႐ြာသားတစ္ဦးက ေျပာပါတယ္။

“သူတို႔႐ြာကိုစေရာက္တဲ့ေန႔ ညေနဘက္ကပင္ အေျမာက္ေတြနဲ႔စပစ္ေတာ့တာပါ။ မင္း႐ြာမူလြန္ေက်ာင္းေရွ႕မွာ လက္နက္ႀကီးႏွစ္လုံးတည္ထားပါတယ္။ အဲဒီကေန အေရွ႕ဘက္ေတာင္တန္းေတြကို အၿမဲတမ္းပစ္ပါတယ္။ အဲဒီ ေန႔ကလည္း ည ၉ နာရီေလာက္အထိပစ္ပါတယ္။ အခုဒီေန႔မနက္ကလည္းပဲ အဲဒီဘက္မွာတိုက္ပြဲျဖစ္ေနတယ္ ဆိုၿပီး အခ်က္ ၂၀ ေလာက္ပစ္ပါတယ္။ သူတို႔က စာသင္ေက်ာင္းထဲမွာလည္းေနတယ္။ ဘုန္းႀကီးေက်ာင္းထဲမွာ လည္းေနတယ္။ အိမ္ေတြမွာလည္းေနတယ္။ စာသင္ေက်ာင္းပတ္လည္က ေနအိမ္ေတြမွာ အားလုံးေနရာယူ ထားပါတယ္”

ေမလ ၅ ရက္ေန႔က အဲဒီတပ္မေတာ္စစ္ေၾကာင္းက ေက်း႐ြာသားတခ်ိဳ႕ကိုေခၚၿပီး လက္ရွိမတည္မၿငိမ္ျဖစ္ေနတဲ့ အေျခအေနေတြကို သင္ခန္းစာယူၿပီး ေအေအကို ေထာက္ခံအားေပးတာေတြ မလုပ္ဖို႔နဲ႔ မဆက္စပ္ၾကဖို႔ တပ္မေတာ္စစ္ေၾကာင္းအရာရွိက သတိေပးေျပာဆိုခဲ့တယ္လို႔ဆိုပါတယ္။

ဒီလိုေျပာဆိုၿပီးေနာက္ အဲဒီစစ္ေၾကာင္းက ေက်း႐ြာေတြထဲက မူလြန္ေက်ာင္း၊ အထက္တန္းေက်ာင္း၊ ဘုန္းႀကီး ေက်ာင္းနဲ႔ ေနအိမ္ေတြမွာ စခန္းခ်ေနထိုင္ၿပီး ႐ြာထဲကေနၿပီး လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ လွမ္းပစ္ေန တာလို႔လည္း အမည္မေဖာ္လိုတဲ့ အဲဒီ႐ြာသားကေျပာပါတယ္။

မင္း႐ြာ၊ ေထာင့္ေခ်၊ ျမစ္နား ေက်း႐ြာသုံး႐ြာဟာ ႐ြာခ်င္းဆက္ေနတဲ့႐ြာေတြျဖစ္ၿပီး အိမ္ေျခ တစ္ေထာင္ေက်ာ္ ရွိပါတယ္။ တပ္မေတာ္စစ္ေၾကာင္းဟာ အဲဒီ႐ြာသုံး႐ြာစလုံးထဲမွာ ေနရာယူထားတာလို႔ဆိုပါတယ္။

အခုလက္ရွိမွာ သက္ႀကီး႐ြယ္အိုအခ်ိဳ႕သာ႐ြာထဲမွာ အေစာင့္အျဖစ္က်န္ရစ္ခဲ့ၾကၿပီး က်န္တဲ့လူအားလုံးက တပ္မေတာ္စစ္ေၾကာင္း ေရာက္လာတဲ့ေန႔ကပင္ ထြက္ေျပးသြားၾကၿပီလို႔ ေနာက္ထပ္ လုံၿခဳံေရးအရအမည္မေဖာ္ လိုတဲ့ ေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

“အစတုန္းကေတာ့ အဲဒီစစ္ေၾကာင္း ေတာင္ေပၚမွာေနတာပါ။ အဲဒီမွာေနတုန္းကလည္း တဒိန္းဒိန္း တဂ်ိန္းဂ်ိန္းနဲ႔ ၂၄ နာရီလုံးပစ္တယ္။ ႐ြာထဲကိုလည္း လက္နက္ႀကီးတစ္ခ်က္က်ခဲ့ေသးတယ္။ အဲဒီအခ်ိန္ကလည္း ႐ြာသားေတြ ထြက္ေျပးတာေတြရွိတယ္။ တစ္ညအိပ္ၿပီး ေနာက္ေန႔ ကိုယ့္အိမ္ကို အသီးသီးျပန္လာၾကတယ္။ အခုတစ္ခါ မွာေတာ့ စစ္သားေတြ႐ြာဘက္ကိုလာၿပီဆိုတာနဲ႔ အားလုံးထြက္ေျပးၾကတာ။ စစ္ေၾကာင္းက ႐ြာထဲကို ဝင္ခ်င္ ရင္လည္းဝင္ေပါ့။ ႐ြာထဲဝင္ၿပီး ႐ြာအျပင္မွာစခန္းခ်ၿပီးေန။ ႐ြာထဲမွာစခန္းမခ်နဲ႔ အဲလိုဆိုရင္လည္း ႐ြာသားေတြက ထြက္ေျပးမွာမဟုတ္ေသးဘူး။ အခုက က်ည္ေတြအဆင္သင့္ထိုးၿပီးေတာ့ ေလးငါးေယာက္စီ ႐ြာထဲလွည့္ေနေတာ့ ဘယ္သူမွမေနရဲၾကေတာ့ဘူး”

႐ြာမွာအေစာင့္က်န္ေနခဲ့ၾကတဲ့သူေတြထဲက အခ်ိဳ႕ဟာလည္း ဒီေန႔မနက္မွာ ထပ္ၿပီးေတာ့ ထြက္ေျပးၾကတာကို ေတြ႕ရတယ္လို႔ သူကဆိုပါတယ္။

တပ္မေတာ္စစ္ေၾကာင္းက ႐ြာသားေတြ ထြက္ေျပးသြားလို႔ ေနအိမ္အခ်ိဳ႕နဲ႔ စာသင္ေက်ာင္း ဘုန္းႀကီးေက်ာင္းေတြ မွာ ကတုတ္က်င္းေတြ တူးထားတယ္လို႔လည္း သူကေျပာပါတယ္။

အခုလိုရပ္ထဲ႐ြာထဲနဲ႔ စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္းေတြထဲမွာ စခန္းခ်တာေတြကို တားျမစ္ေပးဖို႔ အႀကီး အကဲေတြကို ေတာင္းဆိုလိုေၾကာင္းလည္း ေက်း႐ြာသားေတြက RFA ကိုေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ အိုးအိမ္စြန႔္ခြာထြက္ေျပးေနရသူအမ်ားစုဟာ တိုက္ပြဲေတြထက္ တပ္မေတာ္စစ္ေၾကာင္းကို ေၾကာက္ၿပီးေတာ့ ထြက္ေျပးၾကတာလို႔ ဒုကၡသည္အေရး အကူအညီေတြေပးေနတဲ့ မင္းျပားေဒသခံ ကိုအမ္းသားႀကီး ကေျပာပါတယ္။

“႐ြာသားေတြက တိုက္ပြဲကိုေၾကာက္တာထက္ စစ္ေၾကာင္းကို ေၾကာက္တယ္။ စစ္ေၾကာင္းေတြက ႐ြာကို ဝင္လာ လို႔ရွိရင္ ျပႆနာေတြအမ်ိဳးမ်ိဳးရွာတယ္။ လုပ္သင့္တဲ့ဟာကိုမလုပ္ဘူး။ မလုပ္သင့္တဲ့ဟာေတြကို လုပ္သြားတယ္။ ျပႆနာေတြရွာတယ္။ ၿပီးလို႔ရွိရင္ ျပည္သူေတြကို ၿခိမ္းေျခာက္တယ္။ ရွိတာေတြကို ယူသြားတယ္။ အဲဒီလိုအေန အထားမ်ိဳးေတြရွိေနတယ္။ အဲဒါေၾကာင့္ တိုက္ပြဲကို ေၾကာက္တာထက္ တပ္မေတာ္စစ္ေၾကာင္းကို ကြၽန္ေတာ္တို႔ ရခိုင္ျပည္သူေတြက ပိုေၾကာက္ေနရတဲ့အေနအထားရွိတယ္ခင္ဗ်”

မင္း႐ြာ၊ ေထာင့္ေခ်၊ ျမစ္နားေက်း႐ြာေတြက စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္း၊ ေနအိမ္ေတြေပၚမွာ တပ္မေတာ္ ကစခန္းခ် ပစ္ခတ္ေနတယ္ဆိုတဲ့ ေက်း႐ြာသားေတြေျပာဆိုခ်က္နဲ႔ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ကို RFA က ဆက္သြယ္ေမးျမန္းရာမွာ အဖြဲ႕အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက လက္နက္ႀကီးေတြကို ႐ြာထဲမွာ ယူလာပစ္မွာ ပစ္လို႔ရတဲ့ လက္နက္မဟုတ္ေၾကာင္း၊ ခြၽင္းခ်က္အေနနဲ႔ ႐ြာထဲဝင္ၿပီး နယ္ေျမစိုးမိုးေရးလုပ္ေဆာင္ေနစဥ္ လာေရာက္ပစ္ခတ္လို႔ ျပန္လည္ပစ္ခတ္တာမ်ိဳးျဖစ္ႏိုင္ေၾကာင္း၊ တပ္ရဲ႕ လိုက္နာရမယ့္ လွ်ိဳ႕ဝွက္စည္းမ်ဥ္းအရ ႐ြာထဲမွာ ေနရာယူပစ္တယ္ဆိုတာမ်ိဳး လုပ္ေဆာင္ျခင္းမရွိေၾကာင္း ေျဖၾကားပါတယ္။ ႐ြာထဲမွာေနၿပီး တပ္စြဲမယ္ဆိုရင္ ဘယ္ေလာက္အႏၲရာယ္မ်ားသလဲဆိုတာ အားလုံးသိၾက တဲ့အတြက္ တပ္စြဲတယ္ဆိုတာ မျဖစ္ႏိုင္ေၾကာင္း၊ တူးထားတဲ့ ကတုတ္က်င္းေတြဟာလည္း ႐ြာေတြကို အမီျပဳၿပီး စစ္ဆင္ေရးလုပ္ေနတာ AA ပဲျဖစ္တဲ့အတြက္ AA ဘက္က တူးထားသာတာျဖစ္ႏိုင္ေၾကာင္းလည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဒီလိုေျပာၾကားခ်က္နဲ႔ ပတ္သက္လို႔ AA ဘက္က တုံ႔ျပန္ခ်က္ကိုရရွိဖို႔ RFA က ႀကိဳးစားေနဆဲျဖစ္ပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔အၾကား တိုက္ပြဲေတြေၾကာင့္ ၿပီးခဲ့တဲ့ ဧၿပီလ ၃၀ ရက္ေန႔အထိ အိုးအိမ္စြန႔္ခြာထြက္ေျပးရသူ တစ္သိန္းေျခာက္ေသာင္း ေက်ာ္ရွိတယ္လို႔ စစ္ေတြၿမိဳ႕အေျခစိုက္ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး REC က ထုတ္ျပန္ထားပါတယ္။

ဒီေန႔မွာ မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတား အေရွ႕ဘက္ေတာင္တန္းေတြမွာ ႏွစ္ဘက္တိုက္ပြဲေတြ ဆက္လက္ ျပင္းထန္ေနၿပီး ညေန ၃ နာရီေက်ာ္ေလာက္မွာ တပ္မေတာ္ဘက္က ရဟတ္ယာဥ္ ၃ သုံးစီးနဲ႔ လာေရာက္ တိုက္ခိုက္ခဲ့ပါတယ္။ အလားတူပလက္ဝၿမိဳ႕ရဲ႕ အေရွ႕ ဘက္ေတာင္တန္းေတြမွာလည္း ဒီေန႔ေန႔လယ္က တပ္မေတာ္က ရဟတ္ယာဥ္ေတြနဲ႔ လာေရာက္တိုက္ခိုက္ေနတာကို လွမ္းျမင္ေနရတယ္လို႔ ေဒသခံေတြက ေျပာဆိုပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကေတာ့ ဒီရက္ပိုင္း မင္းျပားဘက္မွာ တိုက္ပြဲျဖစ္ပြားတာ မရွိေၾကာင္း RFA ကို ေျပာဆိုပါထားပါတယ္။

RFA Burmese
---------------------------------------
(Unicode)⤵⤵⤵
တပ်မတော်စစ်ကြောင်း ဝင်ရောက်နေရာယူတဲ့အတွက် မင်းပြားရွာသား ၄၀၀၀ ကျော်ထွက်ပြေးနေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို မြင်တွေ့ရစဉ် / ဓာတ်ပုံ - မင်းသိန်းအောင်/ RFA

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က မင်းရွာ၊ ထောင့်ချေ၊ မြစ်နား စတဲ့ကျေးရွာတွေမှာ ပြီးခဲ့တဲ့ မေလ ၅ ရက် ညနေ ပိုင်းကနေစလို့ တပ်မတော်စစ်ကြောင်းတွေက ရွာထဲမှာနေရာယူပြီး တိုက်ပွဲဖြစ်တဲ့နေရာတွေဆီကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လှမ်းပစ်တာကြောင့် ကျေးရွာ သုံးရွာက လူပေါင်း ၄၀၀၀ ကျော်ခန့်ဟာ နီးစပ်ရာကျေးရွာတွေ နဲ့ မင်းပြားမြို့ပေါ်ကို အသီးသီးထွက်ပြေးနေကြရတယ်လို့ ဒေသခံကျေးရွာသားတွေက RFA ကိုပြောပါတယ်။

တပ်မတော်စစ်ကြောင်းဟာ မင်းရွာအလယ်မှာရှိတဲ့ စာသင်ကျောင်းဝင်းထဲမှာ အမြောက်နှစ်လုံးတည်ပြီး ဒီနေ့ မနက်ပိုင်းအချိန်အထိ တိုက်ပွဲဖြစ်တဲ့နေရာတွေဆီကို လှမ်းပစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

“သူတို့ရွာကိုစရောက်တဲ့နေ့ ညနေဘက်ကပင် အမြောက်တွေနဲ့စပစ်တော့တာပါ။ မင်းရွာမူလွန်ကျောင်းရှေ့မှာ လက်နက်ကြီးနှစ်လုံးတည်ထားပါတယ်။ အဲဒီကနေ အရှေ့ဘက်တောင်တန်းတွေကို အမြဲတမ်းပစ်ပါတယ်။ အဲဒီ နေ့ကလည်း ည ၉ နာရီလောက်အထိပစ်ပါတယ်။ အခုဒီနေ့မနက်ကလည်းပဲ အဲဒီဘက်မှာတိုက်ပွဲဖြစ်နေတယ် ဆိုပြီး အချက် ၂၀ လောက်ပစ်ပါတယ်။ သူတို့က စာသင်ကျောင်းထဲမှာလည်းနေတယ်။ ဘုန်းကြီးကျောင်းထဲမှာ လည်းနေတယ်။ အိမ်တွေမှာလည်းနေတယ်။ စာသင်ကျောင်းပတ်လည်က နေအိမ်တွေမှာ အားလုံးနေရာယူ ထားပါတယ်”

မေလ ၅ ရက်နေ့က အဲဒီတပ်မတော်စစ်ကြောင်းက ကျေးရွာသားတချို့ကိုခေါ်ပြီး လက်ရှိမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတွေကို သင်ခန်းစာယူပြီး အေအေကို ထောက်ခံအားပေးတာတွေ မလုပ်ဖို့နဲ့ မဆက်စပ်ကြဖို့ တပ်မတော်စစ်ကြောင်းအရာရှိက သတိပေးပြောဆိုခဲ့တယ်လို့ဆိုပါတယ်။

ဒီလိုပြောဆိုပြီးနောက် အဲဒီစစ်ကြောင်းက ကျေးရွာတွေထဲက မူလွန်ကျောင်း၊ အထက်တန်းကျောင်း၊ ဘုန်းကြီး ကျောင်းနဲ့ နေအိမ်တွေမှာ စခန်းချနေထိုင်ပြီး ရွာထဲကနေပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ လှမ်းပစ်နေ တာလို့လည်း အမည်မဖော်လိုတဲ့ အဲဒီရွာသားကပြောပါတယ်။

မင်းရွာ၊ ထောင့်ချေ၊ မြစ်နား ကျေးရွာသုံးရွာဟာ ရွာချင်းဆက်နေတဲ့ရွာတွေဖြစ်ပြီး အိမ်ခြေ တစ်ထောင်ကျော် ရှိပါတယ်။ တပ်မတော်စစ်ကြောင်းဟာ အဲဒီရွာသုံးရွာစလုံးထဲမှာ နေရာယူထားတာလို့ဆိုပါတယ်။

အခုလက်ရှိမှာ သက်ကြီးရွယ်အိုအချို့သာရွာထဲမှာ အစောင့်အဖြစ်ကျန်ရစ်ခဲ့ကြပြီး ကျန်တဲ့လူအားလုံးက တပ်မတော်စစ်ကြောင်း ရောက်လာတဲ့နေ့ကပင် ထွက်ပြေးသွားကြပြီလို့ နောက်ထပ် လုံခြုံရေးအရအမည်မဖော် လိုတဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

“အစတုန်းကတော့ အဲဒီစစ်ကြောင်း တောင်ပေါ်မှာနေတာပါ။ အဲဒီမှာနေတုန်းကလည်း တဒိန်းဒိန်း တဂျိန်းဂျိန်းနဲ့ ၂၄ နာရီလုံးပစ်တယ်။ ရွာထဲကိုလည်း လက်နက်ကြီးတစ်ချက်ကျခဲ့သေးတယ်။ အဲဒီအချိန်ကလည်း ရွာသားတွေ ထွက်ပြေးတာတွေရှိတယ်။ တစ်ညအိပ်ပြီး နောက်နေ့ ကိုယ့်အိမ်ကို အသီးသီးပြန်လာကြတယ်။ အခုတစ်ခါ မှာတော့ စစ်သားတွေရွာဘက်ကိုလာပြီဆိုတာနဲ့ အားလုံးထွက်ပြေးကြတာ။ စစ်ကြောင်းက ရွာထဲကို ဝင်ချင် ရင်လည်းဝင်ပေါ့။ ရွာထဲဝင်ပြီး ရွာအပြင်မှာစခန်းချပြီးနေ။ ရွာထဲမှာစခန်းမချနဲ့ အဲလိုဆိုရင်လည်း ရွာသားတွေက ထွက်ပြေးမှာမဟုတ်သေးဘူး။ အခုက ကျည်တွေအဆင်သင့်ထိုးပြီးတော့ လေးငါးယောက်စီ ရွာထဲလှည့်နေတော့ ဘယ်သူမှမနေရဲကြတော့ဘူး”

ရွာမှာအစောင့်ကျန်နေခဲ့ကြတဲ့သူတွေထဲက အချို့ဟာလည်း ဒီနေ့မနက်မှာ ထပ်ပြီးတော့ ထွက်ပြေးကြတာကို တွေ့ရတယ်လို့ သူကဆိုပါတယ်။

တပ်မတော်စစ်ကြောင်းက ရွာသားတွေ ထွက်ပြေးသွားလို့ နေအိမ်အချို့နဲ့ စာသင်ကျောင်း ဘုန်းကြီးကျောင်းတွေ မှာ ကတုတ်ကျင်းတွေ တူးထားတယ်လို့လည်း သူကပြောပါတယ်။

အခုလိုရပ်ထဲရွာထဲနဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေထဲမှာ စခန်းချတာတွေကို တားမြစ်ပေးဖို့ အကြီး အကဲတွေကို တောင်းဆိုလိုကြောင်းလည်း ကျေးရွာသားတွေက RFA ကိုပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူအများစုဟာ တိုက်ပွဲတွေထက် တပ်မတော်စစ်ကြောင်းကို ကြောက်ပြီးတော့ ထွက်ပြေးကြတာလို့ ဒုက္ခသည်အရေး အကူအညီတွေပေးနေတဲ့ မင်းပြားဒေသခံ ကိုအမ်းသားကြီး ကပြောပါတယ်။

“ရွာသားတွေက တိုက်ပွဲကိုကြောက်တာထက် စစ်ကြောင်းကို ကြောက်တယ်။ စစ်ကြောင်းတွေက ရွာကို ဝင်လာ လို့ရှိရင် ပြဿနာတွေအမျိုးမျိုးရှာတယ်။ လုပ်သင့်တဲ့ဟာကိုမလုပ်ဘူး။ မလုပ်သင့်တဲ့ဟာတွေကို လုပ်သွားတယ်။ ပြဿနာတွေရှာတယ်။ ပြီးလို့ရှိရင် ပြည်သူတွေကို ခြိမ်းခြောက်တယ်။ ရှိတာတွေကို ယူသွားတယ်။ အဲဒီလိုအနေ အထားမျိုးတွေရှိနေတယ်။ အဲဒါကြောင့် တိုက်ပွဲကို ကြောက်တာထက် တပ်မတော်စစ်ကြောင်းကို ကျွန်တော်တို့ ရခိုင်ပြည်သူတွေက ပိုကြောက်နေရတဲ့အနေအထားရှိတယ်ခင်ဗျ”

မင်းရွာ၊ ထောင့်ချေ၊ မြစ်နားကျေးရွာတွေက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ နေအိမ်တွေပေါ်မှာ တပ်မတော် ကစခန်းချ ပစ်ခတ်နေတယ်ဆိုတဲ့ ကျေးရွာသားတွေပြောဆိုချက်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာမှာ အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လက်နက်ကြီးတွေကို ရွာထဲမှာ ယူလာပစ်မှာ ပစ်လို့ရတဲ့ လက်နက်မဟုတ်ကြောင်း၊ ချွင်းချက်အနေနဲ့ ရွာထဲဝင်ပြီး နယ်မြေစိုးမိုးရေးလုပ်ဆောင်နေစဉ် လာရောက်ပစ်ခတ်လို့ ပြန်လည်ပစ်ခတ်တာမျိုးဖြစ်နိုင်ကြောင်း၊ တပ်ရဲ့ လိုက်နာရမယ့် လျှို့ဝှက်စည်းမျဉ်းအရ ရွာထဲမှာ နေရာယူပစ်တယ်ဆိုတာမျိုး လုပ်ဆောင်ခြင်းမရှိကြောင်း ဖြေကြားပါတယ်။ ရွာထဲမှာနေပြီး တပ်စွဲမယ်ဆိုရင် ဘယ်လောက်အန္တရာယ်များသလဲဆိုတာ အားလုံးသိကြ တဲ့အတွက် တပ်စွဲတယ်ဆိုတာ မဖြစ်နိုင်ကြောင်း၊ တူးထားတဲ့ ကတုတ်ကျင်းတွေဟာလည်း ရွာတွေကို အမီပြုပြီး စစ်ဆင်ရေးလုပ်နေတာ AA ပဲဖြစ်တဲ့အတွက် AA ဘက်က တူးထားသာတာဖြစ်နိုင်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီလိုပြောကြားချက်နဲ့ ပတ်သက်လို့ AA ဘက်က တုံ့ပြန်ချက်ကိုရရှိဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ တစ်သိန်းခြောက်သောင်း ကျော်ရှိတယ်လို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။

ဒီနေ့မှာ မင်းပြားမြို့နယ် ရာမောင်တံတား အရှေ့ဘက်တောင်တန်းတွေမှာ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး ညနေ ၃ နာရီကျော်လောက်မှာ တပ်မတော်ဘက်က ရဟတ်ယာဉ် ၃ သုံးစီးနဲ့ လာရောက် တိုက်ခိုက်ခဲ့ပါတယ်။ အလားတူပလက်ဝမြို့ရဲ့ အရှေ့ ဘက်တောင်တန်းတွေမှာလည်း ဒီနေ့နေ့လယ်က တပ်မတော်က ရဟတ်ယာဉ်တွေနဲ့ လာရောက်တိုက်ခိုက်နေတာကို လှမ်းမြင်နေရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ ဒီရက်ပိုင်း မင်းပြားဘက်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိကြောင်း RFA ကို ပြောဆိုပါထားပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/400-minbya-villagers-flee-05072020083556.html
တပ္မေတာ္စစ္ေၾကာင္း ဝင္ေရာက္ေနရာယူတဲ့အတြက္ မင္းျပား႐ြာသား ၄၀၀၀ ေက်ာ္ထြက္ေျပးေန တပ္မေတာ္စစ္ေၾကာင္း ဝင္ေရာက္ေနရာယူတဲ့အတြက္ မင္းျပား႐ြာသား ၄၀၀၀ ေက်ာ္ထြက္ေျပးေန Reviewed by THITHTOOLWIN on 21:15 Rating: 5
Powered by Blogger.