ျမန္မာဆိုင္ရာ ကန္သံအမတ္ႀကီးအျဖစ္ Thomas L. Vajda ကို အဆိုျပဳတာဟာ Trump လုပ္ခဲ့သမွ် အေကာင္းဆံုးျဖစ္ - Priscilla Clapp

ဒု-လက္ေထာက္ ႏုိင္ငံျခားေရး၀န္ႀကီးThomas L Vajda
(Zawgyi/Unicode)

ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္အသစ္အျဖစ္ သမၼတ Donald Trump အဆိုျပဳထားတဲ့ေတာင္အာရွေဒသဆိုင္ရာ ဒု-လက္ေထာက္ ႏုိင္ငံျခားေရး၀န္ႀကီး Thomas L Vajda ဟာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ဘယ္ေလာက္ထိ ကြ်မ္းကြ်မ္းက်င္က်င္သိထားလဲ၊ သူ႔အရင္ သံအမတ္ေတြ စြမ္းေဆာင္ခဲ့တတာမ်ဳိး ထက္ ႏွစ္ႏိုင္ငံဆက္ဆံေရးမွာ ဘာေတြပိုၿပီး ေဆာင္ရြက္ႏိုင္မလဲ။

ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ အႀကီးတန္း သံတမန္ေဟာင္ းPriscilla Clapp ကို ဆက္သြယ္ေမးျမန္း ထားတဲ့ မအင္ၾကင္းႏိုင္က တင္ျပမွာပါ။

ဒု-လက္ေထာက္ ႏုိင္ငံျခားေရး၀န္ႀကီးThomas L Vajda ကို ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ အသစ္ခန္႔အပ္ဖို႔ သမၼတ Trump ကေရြးခ်ယ္ အဆိုျပဳခဲ့တာဟာ သူ႔အစိုးရသက္တမ္းတေလွ်ာက္ ဒီတႀကိမ္ အေကာင္းဆံုးနဲ႔ အသင့္ေတာ္ဆံုး ပုဂၢိဳလ္ကို ေရြးခ်ယ္ႏိုင္သူအျဖစ္ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ အႀကီးတန္း သံတမန္ေဟာင္းPriscilla Clapp က ဗီြအိုေအကို ေျပာပါတယ္။

"သူဟာ လြန္ခဲ့တဲ့ႏွစ္အေတာ္ၾကာက ရန္ကုန္ အေမရိကန္သံ႐ုံး မွာ ဒုတိယ တာဝန္ခံသံမွဴးႀကီး ျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ရင္ သူ႔မွာ အေတြ႕အႀကဳံေတြ အမ်ားႀကီးရွိပါတယ္။ သမၼတ ေဒၚနယ္ထရမ့္အစိုးရလက္ထက္ တာဝန္ေပးေ႐ြးခ်ယ္ခန႔္အပ္ခဲ့တဲ့ ပုဂၢိဳလ္ေတြထဲမွာ ဒီတႀကိမ္မွာေတာ့ အေကာင္းဆုံး၊ အသင့္ေတာ္ဆုံးလူကို သမၼတက ေ႐ြးခ်ယ္ခဲ့တာပါ။"
ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္ သံအမတ္အသစ္အျဖစ္အဆိုျပဳထားခံရသူ ေတာင္အာရွေဒသဆိုင္ရာ အေမရိကန္ ဒု-လက္ေထာက္ ႏုိင္ငံျခားေရး၀န္ႀကီး Thomas L. Vajda
SEE ALSO:
ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္သံအမတ္သစ္ခန္႔ဖို႔ အဆိုျပဳထား

ဒါအျပင္ သမၼတ ထရမ့္လက္ထက္ ျမန္မာႏိုင္ငံဆိုင္ရာ မူ၀ါဒေတြအတြက္ အဓိက လုပ္ေဆာင္ေနရတဲ့ ရန္ကုန္ အေမရိကန္သံရံုးမွာ Thomas L Vajda လို ပုဂၢိဳလ္မ်ဳိးအေနနဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရးမွာ ကြ်မ္းကြ်မ္းက်င္က်င္ ေဆာင္ရြက္ႏိုင္တဲ့သူျဖစ္လိမ့္မယ္လို႔လည္း Priscilla Clapp က အခုလုိေျပာပါတယ္။

"အေရးႀကီးဆံုး မွတ္သားရမယ့္အခ်က္က ဒီအစိုးရလက္ထက္မွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ အေမရိကန္ မူ၀ါဒဟာ ရန္ကုန္မွာရွိတဲ့ အေမရိကန္သံရံုးကပဲ ခ်မွတ္ေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။ သံရံုးမွာ တာ၀န္ရွိတဲ့သူတဦးအေနနဲ႔ ျမန္မာႏိုင္ငံ အေျခအေနကို ေကာင္းေကာင္းသိထားၿပီး ကြ်မ္းက်င္လိမၼာမႈ အျပည့္ရွိတဲ့သူ ျဖစ္ဖို႔ အလြန္အေရးႀကီးပါတယ္။ ဒါေၾကာင့္ အခုလို ႏိုင္ငံေရးအရ ခန္႔အပ္မယ္႔ ရာထူးေနရာအတြက္ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ဘာမွ မသိတဲ့သူကို သမၼတ ထရမ့္ အစုိးရဘက္က ေစလႊတ္ဖို႔ မႀကိဳးစားတဲ့အေပၚမွာ က်မ အလြန္ပဲ အားရေက်နပ္မိပါတယ္။ Tom က ဒီေနရာကို အျပည့္အ၀ ထမ္းေဆာင္ႏိုင္သူျဖစ္ပါတယ္။ သမၼတအေနနဲ႔ အေကာင္းဆံုးကို တကယ္ေရြးခ်ယ္ႏိုင္ခဲ့တာပါ။"

Thomas L Vajda ဟာ ၂၀၁၄ ခုႏွစ္ကေန ၂၀၁၇ ခုနွစ္အထိ အိႏိၵယႏုိင္ငံ မြမ္ဘုိင္းျမိဳ႕မွာ အေမရိကန္ေကာင္စစ္၀န္ခ်ဳပ္ မျဖစ္ခင္ ျမန္မာႏုိင္ငံဆို္င္ရာ သံ႐ံုး ဒုတိယ အၾကီးအကဲအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့တာပါ။ ဒါေၾကာင့္လည္း ေတာင္အာရွႏိုင္ငံေတြနဲ႔ ပတ္သက္လို႔ ေကာင္းေကာင္းသိထားတဲ့သူတဦးကို ျမန္မာႏိုင္ငံအတြက္ ပထမဦးဆံုး သံအမတ္အျဖစ္ ခန္႔အပ္တာမ်ဳိး ျဖစ္လာဖြယ္ရွိတယ္လို႔လည္း Priscilla Clapp က သံုးသပ္ပါတယ္။

"သူ႔မွာ ကမၻာတ၀ွမ္း ႏိုင္ငံအႏွံ႔ အေတြ႕အႀကံဳအမ်ားႀကီးရွိေနတာပါ။ ဒါအျပင္ မၾကာေသးခင္ကပဲ အေမရိကန္ႏိုင္ငံျခားေရးဌာန ေတာင္အာရွ ဗ်ဴရိုရဲ႕ လက္ေထာက္ ႏိုင္ငံျခားေရး၀န္ႀကီး အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ပါတယ္။ သူတာ၀န္ယူရတဲ့ အပိုင္းက ဘဂၤလားေဒ့ရွ္ကေန အာဖဂန္နစၥတန္ ႏိုင္ငံအထိတေလ်ာက္လံုး ပါ၀င္ပါတယ္။ဒါေၾကာင့္သူဟာ ေတာင္အာရွအေတြ႕အႀကဳံေတြသာမက အေရွ႕ေတာင္အာရွအေတြ႕အႀကဳံေတြရွိတဲ့ ပထမဆုံး သံအမတ္ႀကီးျဖစ္လာဖို႔ရွိပါတယ္။ အဲေတာ့ သူ႔အေနနဲ႔အေနာက္ဘက္ျခမ္း နယ္စပ္ဘက္ေရာ အေရွ႕ဘက္ျခမ္းကိုပါ သံုးသပ္ၾကည့္ႏိုင္ ပါလိမ့္မယ္။"

လက္ရွိတာ၀န္ထမ္းေဆာင္ေနတဲ့ သံအမတ္ႀကီး Scott Marcial ရဲ႕ေနရာမွာ အစားထိုး ၀င္ေရာက္မယ့္သူတဦး အေနနဲ႔ အရည္အခ်င္းအျပည့္အ၀ လုပ္ေဆာင္ႏိုင္တဲ့ အေနအထားမ်ဳိးရွိေနေၾကာင္းလည္း Priscilla Clapp ကေျပာပါတယ္။

"သံအမတ္ႀကီး Scott Marcial ဆိုရင္ ဥပမာ အေရွ႕ေတာင္အာရွေဒသေရးရာ အေၾကာင္း ကြ်မ္းကြ်မ္းက်င္က်င္နဲ႔ ေကာင္းေကာင္းသိထားသူျဖစ္ပါတယ္။ဘာေၾကာင့္လဲ ဆိုေတာ့ အင္ဒိုနီးရွားနဲ႕ အျခားအေရွ႕ေတာင္အာရွမွာ အေကာင္းဆံုး တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ရင္လည္း အလြန္ေတာ္တဲ့ သံအမတ္တဦးျဖစ္ပါတယ္။ သူတာ၀န္သက္တမ္း ကုန္ဆံုးေတာ့မွာ ျဖစ္တဲ့အတြက္ သူ႔ကို ဆံုးရွဳံးရာမွာ က်မ အလြန္စိုးရိမ္ခဲ့ပါတယ္။ ဒါေပမဲ့ အခု သူ႔ေနရာမွာ အဆိုျပဳခံထားရတဲ့ Tom ကလည္း ခိုင္ခိုင္မာမာရပ္တည္သူတဦးျဖစ္ပါတယ္။ က်မ အျမင္အရေျပာရရင္ အလြန္ေကာင္းတဲ့ အေနအထားျဖစ္ပါတယ္။

ေမး။။ သမၼတ ထရမ့္က အဆိုျပဳထားတဲ့ သံအမတ္အသစ္ တေယာက္အေနနဲ႔ ျမန္မာႏိုင္ငံက လူ႔အခြင့္အေရးဆိုင္ရာ ကိစၥရပ္ေတြမွာ ဘာေတြ အေျပာင္းအလဲလုပ္ႏိုင္မလဲ လို႔ ေမွ်ာ္လင့္ပါသလဲ။

ေျဖ။ ။ဘယ္သံအမတ္မဆို ကိုယ္သြားေရာက္ထမ္းေဆာင္မယ့္ ႏိုင္ငံနဲ႔ ပတ္သက္လို႔ ေကာင္းေကာင္းနားလည္ထားသူ ျဖစ္ၿပီး အဲဒီႏိုင္ငံနဲ႔ ခိုင္မာတဲ့ ဆက္ဆံေရး ရွိဖို႔ ဆက္လက္ လုပ္ေဆာင္ၾကတာပါ။ ဒါေပမယ့္ ရိုဟင္ဂ်ာကိစၥလိုမ်ဳိး နဲ႔ ပတ္သက္တာ၊ လူ႔အခြင့္အေရးအဖဲြ႕အစည္းေတြနဲ႔ ပတ္သက္တဲ့ေနရာမွာေတာ့ အေမရိကန္အစိုးရေရာ၊ သံအမတ္ကပါ တစံုတရာ အေျပာင္းအလဲ အက်ဳိးသက္ေရာက္တာမ်ဳိး ရွိမွာ မဟုတ္ပါဘူး။ ဆိုလိုတာက ဒါေတြနဲ႔ပတ္သက္ရင္ ဘာအေျပာင္းအလဲမွ ရွိမွာ မဟုတ္ပါဘူး။ဒီျပႆနာေတြ ရုတ္တရက္ ေျဖရွင္းဖို႔ သံအမတ္တေယာက္ဆိုတာမ်ဳိး ရွိမွာမဟုတ္ပါဘူး။ ဒီျပသနာေတြက ျမန္မာအေနနဲ႔ ကိုယ္တိုင္ေျဖရွင္းရမယ့္ ကိစၥျဖစ္ပါတယ္။”

တနလၤာေန႔က ျပန္လည္စတင္တဲ့ အေမရိကန္အထက္လႊတ္ေတာ္ လုပ္ငန္းစဥ္ေတြထဲက အဓိက လုပ္ငန္းစဥ္တခုဟာ ရာထူးခန္႔ထားေရးအတြက္ အမည္စာရင္း တင္သြင္းထားသူေတြကုိ သက္ဆုိင္ရာ ေကာ္မတီအသီးသီးက အတည္ျပဳေပးမယ့္ အစီအစဥ္လဲ ပါ၀င္တာမုိ႔ သမၼတ ထရမ့္ အဆိုျပဳထားတဲ့ ျမန္မာႏုိင္ငံဆုိင္ရာ သံအမတ္ေလာင္း Thomas L Vajda ကုိလည္း မၾကာခင္ ရက္ပုိင္းအတြင္း အတည္ျပဳေကာင္း ျပဳေပးႏုိင္ပါတယ္။ အတည္ျပဳလုိက္ၿပီဆုိရင္ေတာ့ သက္တမ္းကုန္ဆံုးေတာ့မယ့္ လက္ရွိ သံအမတ္ႀကီး Scot Marciel ေနရာမွာ တာ၀န္ယူရမွာျဖစ္ပါတယ္။

အင္ၾကင္းႏုိင္  / ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------

မြန်မာဆိုင်ရာ ကန်သံအမတ်ကြီးအဖြစ် Thomas L. Vajda ကို အဆိုပြုတာဟာ Trump လုပ်ခဲ့သမျှ အကောင်းဆုံးဖြစ် - Priscilla Clapp

(Unicode)

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ်အဖြစ် သမ္မတ Donald Trump အဆိုပြုထားတဲ့တောင်အာရှဒေသဆိုင်ရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Thomas L Vajda ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ ကျွမ်းကျွမ်းကျင်ကျင်သိထားလဲ၊ သူ့အရင် သံအမတ်တွေ စွမ်းဆောင်ခဲ့တတာမျိုး ထက် နှစ်နိုင်ငံဆက်ဆံရေးမှာ ဘာတွေပိုပြီး ဆောင်ရွက်နိုင်မလဲ။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အကြီးတန်း သံတမန်ဟောင်းPriscilla Clapp ကို ဆက်သွယ်မေးမြန်း ထားတဲ့ မအင်ကြင်းနိုင်က တင်ပြမှာပါ။

ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီးThomas L Vajda ကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ် အသစ်ခန့်အပ်ဖို့ သမ္မတ Trump ကရွေးချယ် အဆိုပြုခဲ့တာဟာ သူ့အစိုးရသက်တမ်းတလျှောက် ဒီတကြိမ် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ကို ရွေးချယ်နိုင်သူအဖြစ်မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အကြီးတန်း သံတမန်ဟောင်းPriscilla Clapp က ဗွီအိုအေကို ပြောပါတယ်။

"သူဟာ လွန်ခဲ့တဲ့နှစ်အတော်ကြာက ရန်ကုန် အမေရိကန်သံရုံး မှာ ဒုတိယ တာဝန်ခံသံမှူးကြီး ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် သူ့မှာ အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်အစိုးရလက်ထက် တာဝန်ပေးရွေးချယ်ခန့်အပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဒီတကြိမ်မှာတော့ အကောင်းဆုံး၊ အသင့်တော်ဆုံးလူကို သမ္မတက ရွေးချယ်ခဲ့တာပါ။"

ဒါအပြင် သမ္မတ ထရမ့်လက်ထက် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေအတွက် အဓိက လုပ်ဆောင်နေရတဲ့ ရန်ကုန် အမေရိကန်သံရုံးမှာ Thomas L Vajda လို ပုဂ္ဂိုလ်မျိုးအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးမှာ ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်နိုင်တဲ့သူဖြစ်လိမ့်မယ်လို့လည်း Priscilla Clapp က အခုလိုပြောပါတယ်။

"အရေးကြီးဆုံး မှတ်သားရမယ့်အချက်က ဒီအစိုးရလက်ထက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန် မူဝါဒဟာ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကပဲ ချမှတ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ သံရုံးမှာ တာဝန်ရှိတဲ့သူတဦးအနေနဲ့ မြန်မာနိုင်ငံ အခြေအနေကို ကောင်းကောင်းသိထားပြီး ကျွမ်းကျင်လိမ္မာမှု အပြည့်ရှိတဲ့သူ ဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အခုလို နိုင်ငံရေးအရ ခန့်အပ်မယ့် ရာထူးနေရာအတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘာမှ မသိတဲ့သူကို သမ္မတ ထရမ့် အစိုးရဘက်က စေလွှတ်ဖို့ မကြိုးစားတဲ့အပေါ်မှာ ကျမ အလွန်ပဲ အားရကျေနပ်မိပါတယ်။ Tom က ဒီနေရာကို အပြည့်အ၀ ထမ်းဆောင်နိုင်သူဖြစ်ပါတယ်။ သမ္မတအနေနဲ့ အကောင်းဆုံးကို တကယ်ရွေးချယ်နိုင်ခဲ့တာပါ။"

Thomas L Vajda ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ အမေရိကန်ကောင်စစ်ဝန်ချုပ် မဖြစ်ခင် မြန်မာနိုင်ငံဆိုင်ရာ သံရုံး ဒုတိယ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ဒါကြောင့်လည်း တောင်အာရှနိုင်ငံတွေနဲ့ ပတ်သက်လို့ ကောင်းကောင်းသိထားတဲ့သူတဦးကို မြန်မာနိုင်ငံအတွက် ပထမဦးဆုံး သံအမတ်အဖြစ် ခန့်အပ်တာမျိုး ဖြစ်လာဖွယ်ရှိတယ်လို့လည်း Priscilla Clapp က သုံးသပ်ပါတယ်။

"သူ့မှာ ကမ္ဘာတဝှမ်း နိုင်ငံအနှံ့ အတွေ့အကြုံအများကြီးရှိနေတာပါ။ ဒါအပြင် မကြာသေးခင်ကပဲ အမေရိကန်နိုင်ငံခြားရေးဌာန တောင်အာရှ ဗျူရိုရဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူတာဝန်ယူရတဲ့ အပိုင်းက ဘင်္ဂလားဒေ့ရှ်ကနေ အာဖဂန်နစ္စတန် နိုင်ငံအထိတလျောက်လုံး ပါဝင်ပါတယ်။ဒါကြောင့်သူဟာ တောင်အာရှအတွေ့အကြုံတွေသာမက အရှေ့တောင်အာရှအတွေ့အကြုံတွေရှိတဲ့ ပထမဆုံး သံအမတ်ကြီးဖြစ်လာဖို့ရှိပါတယ်။ အဲတော့ သူ့အနေနဲ့အနောက်ဘက်ခြမ်း နယ်စပ်ဘက်ရော အရှေ့ဘက်ခြမ်းကိုပါ သုံးသပ်ကြည့်နိုင် ပါလိမ့်မယ်။"

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သံအမတ်ကြီး Scott Marcial ရဲ့နေရာမှာ အစားထိုး ဝင်ရောက်မယ့်သူတဦး အနေနဲ့ အရည်အချင်းအပြည့်အ၀ လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုးရှိနေကြောင်းလည်း Priscilla Clapp ကပြောပါတယ်။

"သံအမတ်ကြီး Scott Marcial ဆိုရင် ဥပမာ အရှေ့တောင်အာရှဒေသရေးရာ အကြောင်း ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကောင်းကောင်းသိထားသူဖြစ်ပါတယ်။ဘာကြောင့်လဲ ဆိုတော့ အင်ဒိုနီးရှားနဲ့ အခြားအရှေ့တောင်အာရှမှာ အကောင်းဆုံး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်လည်း အလွန်တော်တဲ့ သံအမတ်တဦးဖြစ်ပါတယ်။ သူတာဝန်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် သူ့ကို ဆုံးရှုံးရာမှာ ကျမ အလွန်စိုးရိမ်ခဲ့ပါတယ်။ ဒါပေမဲ့ အခု သူ့နေရာမှာ အဆိုပြုခံထားရတဲ့ Tom ကလည်း ခိုင်ခိုင်မာမာရပ်တည်သူတဦးဖြစ်ပါတယ်။ ကျမ အမြင်အရပြောရရင် အလွန်ကောင်းတဲ့ အနေအထားဖြစ်ပါတယ်။

မေး။။ သမ္မတ ထရမ့်က အဆိုပြုထားတဲ့ သံအမတ်အသစ် တယောက်အနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဘာတွေ အပြောင်းအလဲလုပ်နိုင်မလဲ လို့ မျှော်လင့်ပါသလဲ။

ဖြေ။ ။ဘယ်သံအမတ်မဆို ကိုယ်သွားရောက်ထမ်းဆောင်မယ့် နိုင်ငံနဲ့ ပတ်သက်လို့ ကောင်းကောင်းနားလည်ထားသူ ဖြစ်ပြီး အဲဒီနိုင်ငံနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိဖို့ ဆက်လက် လုပ်ဆောင်ကြတာပါ။ ဒါပေမယ့် ရိုဟင်ဂျာကိစ္စလိုမျိုး နဲ့ ပတ်သက်တာ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့နေရာမှာတော့ အမေရိကန်အစိုးရရော၊ သံအမတ်ကပါ တစုံတရာ အပြောင်းအလဲ အကျိုးသက်ရောက်တာမျိုး ရှိမှာ မဟုတ်ပါဘူး။ ဆိုလိုတာက ဒါတွေနဲ့ပတ်သက်ရင် ဘာအပြောင်းအလဲမှ ရှိမှာ မဟုတ်ပါဘူး။ဒီပြဿနာတွေ ရုတ်တရက် ဖြေရှင်းဖို့ သံအမတ်တယောက်ဆိုတာမျိုး ရှိမှာမဟုတ်ပါဘူး။ ဒီပြသနာတွေက မြန်မာအနေနဲ့ ကိုယ်တိုင်ဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။”

တနင်္လာနေ့က ပြန်လည်စတင်တဲ့ အမေရိကန်အထက်လွှတ်တော် လုပ်ငန်းစဉ်တွေထဲက အဓိက လုပ်ငန်းစဉ်တခုဟာ ရာထူးခန့်ထားရေးအတွက် အမည်စာရင်း တင်သွင်းထားသူတွေကို သက်ဆိုင်ရာ ကော်မတီအသီးသီးက အတည်ပြုပေးမယ့် အစီအစဉ်လဲ ပါဝင်တာမို့ သမ္မတ ထရမ့် အဆိုပြုထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်လောင်း Thomas L Vajda ကိုလည်း မကြာခင် ရက်ပိုင်းအတွင်း အတည်ပြုကောင်း ပြုပေးနိုင်ပါတယ်။ အတည်ပြုလိုက်ပြီဆိုရင်တော့ သက်တမ်းကုန်ဆုံးတော့မယ့် လက်ရှိ သံအမတ်ကြီး Scot Marciel နေရာမှာ တာဝန်ယူရမှာဖြစ်ပါတယ်။

အင်ကြင်းနိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-new-appointed-ambassador-/5409052.html
ျမန္မာဆိုင္ရာ ကန္သံအမတ္ႀကီးအျဖစ္ Thomas L. Vajda ကို အဆိုျပဳတာဟာ Trump လုပ္ခဲ့သမွ် အေကာင္းဆံုးျဖစ္ - Priscilla Clapp ျမန္မာဆိုင္ရာ ကန္သံအမတ္ႀကီးအျဖစ္ Thomas L. Vajda ကို အဆိုျပဳတာဟာ Trump လုပ္ခဲ့သမွ် အေကာင္းဆံုးျဖစ္ - Priscilla Clapp Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.