ပျက်ကျတောင်ကိုရီးယားလေယာဉ် ရှာဖွေရေး မြန်မာနဲ့တောင်ကိုရီးယား သဘောတူညီမှုရ

မြန်မာနဲ့တောင်ကိုရီးယားအလံ
(Unicode)⤵⤵⤵
၁၉၈၇ ခုနှစ်တုန်းက ပျက်ကျခဲ့တဲ့ ကိုရီးယား လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၈၅၈ လေယာဉ်ရဲ့ အစိတ်အပိုင်းတွေလို့ ယူဆရတဲ့ အပိုင်းအစတွေကပ္ပလီပင်လယ်ပြင်တွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ကိစ္စအပေါ် စုံစမ်းစစ်ဆေးဖို့ မြန်မာနဲ့ တောင်ကိုရီးယားတို့ ကြား သဘောတူညီမှုရခဲ့ကြပါတယ်။ စုံစမ်းစစ်ဆေးမယ့် အစီအစဉ်ကိုတော့ စေ့စပ်ညှိနှိုင်းနေဆဲဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာနကို ကိုးကားပြီး တောင်ကိုရီးယားသတင်းဌာန NEWS 1 သတင်းမှာ ကြာသပတေးနေ့မှာ ဖော်ပြထားပါတယ်။

ပဏာမ သဘောတူညီချက်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မပြောနိုင်သေးဘူးလို့ တောင်ကိုရီးယား အစိုးရ ကပြောပါတယ်။

ကြာသပတေးနေ့ အစောပိုင်း တောင်ကိုရီးယား ပြည်တွင်း MBC သတင်းကတော့ လေယာဉ် အပိုင်းအစတွေတွေ့တဲ့ နေရာမှာ အစိုးရ ဉီးဆောင်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တောင်ကိုရီးယား သမ္မတ MOON JAE-IN က ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

3D SONAR အသံလှိုင်း အသုံးပြုကိရိယာနဲ့ အပျက်အစီးတွေကို တွေ့ရှိခဲ့တာလို့ ဇန်နဝါရီလတုန်းက MBC သတင်းက ဖော်ပြခဲ့ပြီးနောက်မှာ လအနည်းငယ်အကြာမှာ သမ္မတ Moon က အခုလို ညွှန်ကြားလိုက်တာပါ။ ဒေသခံ ငါးဖမ်းသမားတွေကတော့ ရေအောက် ၁၆၄ ပေလောက်မှာ ကြီးမားတဲ့ အရာဝတ္ထုကြီးတခုတွေ့တယ်လို့ပြောပါတယ်။ စစ်ဆေးမှုတွေအရတော့ ၃၃ ပေအရှည်ရှိတဲ့ လေယာဉ် တောင်ပံ လို့ယူဆရတဲ့ အရိပ်ကို ပင်လယ်ရေအောက်ကြမ်းပြင်မှာတွေ့ရတာပါ။ လေယာဉ်အင်ဂျင်လို့ ယူဆရတဲ့ အရာဝတ္ထု တခုကိုလည်းတွေ့ထားတယ်လို့ ဇန်နဝါရီလတုန်းက MBC သတင်းမှာ ဖော်ပြခဲ့ပါတယ်။

ဒီကိုရီးယား လေကြောင်းလိုင်း လေယာဉ်က ၁၉၈၇ ခုနှစ်၊ နိုဝင်ဘာ လ ၂၉ ရက်နေ့တုန်းက အီရတ်နိုင်ငံ Baghdad မြို့ကနေ Seoul မြို့ကို ပျံသန်းနေတုန်း မြန်မာ့ ကမ်းလွန်ပင်လယ်ပြင်မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး လေယာဉ် ပေါ်လိုက်ပါသွားသူ ၁၁၅ ဉီးစလုံး သေဆုံးခဲ့ပါတယ်။
မြောက်ကိုရီးယား စပိုင် အမျိုးသမီး Kim Hyon-Hui
ဒီလေယာဉ်ကို ဗုံးဖေါက်ခွဲဖို့ စီစဉ်ခဲ့တာကို နောက်ပိုင်းမှာ ဖမ်းဆီးရမိတဲ့ မြောက်ကိုရီးယား စပိုင် အမျိုးသမီး Kim Hyon-Hui က ဝန်ခံ ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်က တောင်ကိုရီးယား သမ္မတ Chun Doo-Hwan အစိုးရအဖွဲ့က သေဆုံးသူရုပ်အလောင်းတွေနဲ့ ပျက်ကျ လေယာဉ် အပျက်အစီးတွေကို ရှာဖွေတာမလုပ်ခဲ့ဘူးလို့ KOREA TIMES သတင်းဌာနက ပြောပါတယ်။ လေယာဉ်ပျက် လို့ ယူဆရတဲ့ အစိတ်အပိုင်းတွေ အခုလို တွေ့ရှိတဲ့အခါမှတော့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလာတာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
ပ်က္က်ေတာင္ကိုရီးယားေလယာဥ္ ရွာေဖြေရး ျမန္မာနဲ႔ေတာင္ကိုရီးယား သေဘာတူညီမႈရ

၁၉၈၇ ခုႏွစ္တုန္းက ပ်က္က်ခဲ့တဲ့ ကိုရီးယား ေလေၾကာင္းလိုင္း ခရီးစဥ္အမွတ္ ၈၅၈ ေလယာဥ္ရဲ႕ အစိတ္အပိုင္းေတြလို႔ ယူဆရတဲ့ အပိုင္းအစေတြကပၸလီပင္လယ္ျပင္တြင္း ရွာေဖြေတြ႕ရွိခဲ့တဲ့ ကိစၥအေပၚ စုံစမ္းစစ္ေဆးဖို႔ ျမန္မာနဲ႔ ေတာင္ကိုရီးယားတို႔ ၾကား သေဘာတူညီမႈရခဲ့ၾကပါတယ္။ စုံစမ္းစစ္ေဆးမယ့္ အစီအစဥ္ကိုေတာ့ ေစ့စပ္ညႇိႏႈိင္းေနဆဲျဖစ္ေၾကာင္း ေတာင္ကိုရီးယား ႏိုင္ငံျခားေရးဌာနကို ကိုးကားၿပီး ေတာင္ကိုရီးယားသတင္းဌာန NEWS 1 သတင္းမွာ ၾကာသပေတးေန႔မွာ ေဖာ္ျပထားပါတယ္။

ပဏာမ သေဘာတူညီခ်က္နဲ႔ ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မေျပာႏိုင္ေသးဘူးလို႔ ေတာင္ကိုရီးယား အစိုးရ ကေျပာပါတယ္။

ၾကာသပေတးေန႔ အေစာပိုင္း ေတာင္ကိုရီးယား ျပည္တြင္း MBC သတင္းကေတာ့ ေလယာဥ္ အပိုင္းအစေတြေတြ႕တဲ့ ေနရာမွာ အစိုးရ ဉီးေဆာင္တဲ့ စုံစမ္းစစ္ေဆးမႈေတြလုပ္ဖို႔ ေတာင္ကိုရီးယား သမၼတ MOON JAE-IN က ၫႊန္ၾကားထားတယ္လို႔ ေျပာပါတယ္။

3D SONAR အသံလႈိင္း အသုံးျပဳကိရိယာနဲ႔ အပ်က္အစီးေတြကို ေတြ႕ရွိခဲ့တာလို႔ ဇန္နဝါရီလတုန္းက MBC သတင္းက ေဖာ္ျပခဲ့ၿပီးေနာက္မွာ လအနည္းငယ္အၾကာမွာ သမၼတ Moon က အခုလို ၫႊန္ၾကားလိုက္တာပါ။ ေဒသခံ ငါးဖမ္းသမားေတြကေတာ့ ေရေအာက္ ၁၆၄ ေပေလာက္မွာ ႀကီးမားတဲ့ အရာဝတၳဳႀကီးတခုေတြ႕တယ္လို႔ေျပာပါတယ္။ စစ္ေဆးမႈေတြအရေတာ့ ၃၃ ေပအရွည္ရွိတဲ့ ေလယာဥ္ ေတာင္ပံ လို႔ယူဆရတဲ့ အရိပ္ကို ပင္လယ္ေရေအာက္ၾကမ္းျပင္မွာေတြ႕ရတာပါ။ ေလယာဥ္အင္ဂ်င္လို႔ ယူဆရတဲ့ အရာဝတၳဳ တခုကိုလည္းေတြ႕ထားတယ္လို႔ ဇန္နဝါရီလတုန္းက MBC သတင္းမွာ ေဖာ္ျပခဲ့ပါတယ္။

ဒီကိုရီးယား ေလေၾကာင္းလိုင္း ေလယာဥ္က ၁၉၈၇ ခုႏွစ္၊ ႏိုဝင္ဘာ လ ၂၉ ရက္ေန႔တုန္းက အီရတ္ႏိုင္ငံ Baghdad ၿမိဳ႕ကေန Seoul ၿမိဳ႕ကို ပ်ံသန္းေနတုန္း ျမန္မာ့ ကမ္းလြန္ပင္လယ္ျပင္မွာ ေပ်ာက္ဆုံးသြားခဲ့တာျဖစ္ၿပီး ေလယာဥ္ ေပၚလိုက္ပါသြားသူ ၁၁၅ ဉီးစလုံး ေသဆုံးခဲ့ပါတယ္။

ဒီေလယာဥ္ကို ဗုံးေဖါက္ခြဲဖို႔ စီစဥ္ခဲ့တာကို ေနာက္ပိုင္းမွာ ဖမ္းဆီးရမိတဲ့ ေျမာက္ကိုရီးယား စပိုင္ အမ်ိဳးသမီး Kim Hyon-Hui က ဝန္ခံ ေျပာဆိုခဲ့ပါတယ္။ အဲဒီအခ်ိန္က ေတာင္ကိုရီးယား သမၼတ Chun Doo-Hwan အစိုးရအဖြဲ႕က ေသဆုံးသူ႐ုပ္အေလာင္းေတြနဲ႔ ပ်က္က် ေလယာဥ္ အပ်က္အစီးေတြကို ရွာေဖြတာမလုပ္ခဲ့ဘူးလို႔ KOREA TIMES သတင္းဌာနက ေျပာပါတယ္။ ေလယာဥ္ပ်က္ လို႔ ယူဆရတဲ့ အစိတ္အပိုင္းေတြ အခုလို ေတြ႕ရွိတဲ့အခါမွေတာ့ ေသဆုံးသူေတြရဲ႕ မိသားစုဝင္ေတြက စုံစမ္းစစ္ေဆးဖို႔ ေတာင္းဆိုလာတာလည္း ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/missing-kore-flight-myanmar-korean-agree-/5432294.html
ပျက်ကျတောင်ကိုရီးယားလေယာဉ် ရှာဖွေရေး မြန်မာနဲ့တောင်ကိုရီးယား သဘောတူညီမှုရ ပျက်ကျတောင်ကိုရီးယားလေယာဉ် ရှာဖွေရေး မြန်မာနဲ့တောင်ကိုရီးယား သဘောတူညီမှုရ Reviewed by THITHTOOLWIN on 12:17 Rating: 5
Powered by Blogger.