လူထု အထိတ်တလန့်ဖြစ်စေမှုနဲ့ ဘားအံအခြေစိုက်သတင်းအယ်ဒီတာ ထောင်၂နှစ်ချမှတ်ခံရ

(Unicode)⤵⤵⤵
ဦးဇော်ရဲထက်ဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြည်သူအထိတ်တလန့်ဖြစ်စေအောင် သတင်းအမှား တင်ခဲ့ လို့ဆိုပြီး ကရင်ပြည်နယ် မြိုင်ကလေးနယ်မြေရဲစခန်းမှူးက တရားလိုပြုလုပ်တရားစွဲဆိုခဲ့တာ ဖြစ်ပြီး မေလ ၂၀ ရက်နေ့မှာ ဘားအံမြို့နယ် တရားရုံးက နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

ဘားအံမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပေမယ့် အထက်အယူခံဆက်တက်ဖို့ လုပ်ဆောင်သွားမယ်လို့ ဦးဇော်ရဲထက်ကို ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်သူဇာမော်က ပြောပါတယ်။

ဦးဇော်ရဲထက်ကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်သူဇာမော်က စွဲဆိုတဲ့ ဥပဒေက ပြစ်မှုမမြောက်ဘူးလို့ ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့က ကိုရိုနာစောင့်ကြည့်လူနာတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂ ဦး သေဆုံးသွားခဲ့တယ်ဆိုတာမျိုး ဦးဇော်ရဲထက်က သူ့ရဲ့ ဒဲ့ပြော အွန်လိုင်းသတင်းမီဒီယာမှာ သတင်းအနေနဲ့ တင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

မြိုင်ကလေးနယ်မြေရဲစခန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။ သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က မှားယွင်းတဲ့ သတင်းဖော်ပြခဲ့တာမှန်တယ် ဆိုရင်တောင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက တဆင့် သွားရမှာဖြစ်ပြီး အမှုကို အငြှိုးနဲ့မကြီးကြီးအောင် လုပ်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုတာဟာလည်း မဖြစ်သင့်ဘူးလို့ ပြောပါတယ်။ ခေတ်သစ်သတင်းမီဒီယာရဲ့ အယ်ဒီတာချုပ်တစ်ဦးလည်း ဖြစ်သလို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးသာလွန်ဇောင်းထက်က သတင်းစာဆရာတွေကို အခုလိုပုဒ်မတွေနဲ့ တရားစွဲဆိုထောင်ချနေတာဟာ ဒီမိုကရေစီနိုင်ငံလို့ ပြောရမှာတောင် ခက်နေပြီလို့ ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ကတော့ ဒီလို အလျင်အမြန် ပြစ်ဒဏ်စီရင်လိုက်တာဟာ မြန်မာအာဏာပိုင်တွေအနေနဲ့ တခြားသတင်းသမားတွေကို သတင်းမရေးရဲအောင် ခြိမ်းခြောက်လိုတဲ့ ဆန္ဒရှိနေတယ်ဆိုတာ ပေါ်လွင်ထင်ရှားနေကြောင်း ကြေညာချက်ထုတ်ပြန် ဝေဖန်လိုက်ပါတယ်။

ဦးဇော်ရဲထက်ရဲ့ အမှုနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။

ခင်ခင်အိ / RFA Burmese
------------------------------------------

(Zawgyi)⤵⤵⤵
လူထု အထိတ္တလန႔္ျဖစ္ေစမႈနဲ႔ ဘားအံအေျခစိုက္သတင္းအယ္ဒီတာ ေထာင္၂ႏွစ္ခ်မွတ္ခံရ

ဦးေဇာ္ရဲထက္ဟာ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ျပည္သူအထိတ္တလန႔္ျဖစ္ေစေအာင္ သတင္းအမွား တင္ခဲ့ လို႔ဆိုၿပီး ကရင္ျပည္နယ္ ၿမိဳင္ကေလးနယ္ေျမရဲစခန္းမႉးက တရားလိုျပဳလုပ္တရားစြဲဆိုခဲ့တာ ျဖစ္ၿပီး ေမလ ၂၀ ရက္ေန႔မွာ ဘားအံၿမိဳ႕နယ္ တရား႐ုံးက ႏိုင္ငံေတာ္အၾကည္အညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ)နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္လိုက္ပါတယ္။

ဘားအံၿမိဳ႕နယ္ တရား႐ုံးက ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္လိုက္ေပမယ့္ အထက္အယူခံဆက္တက္ဖို႔ လုပ္ေဆာင္သြားမယ္လို႔ ဦးေဇာ္ရဲထက္ကို ေရွ႕ေနအျဖစ္လိုက္ပါေဆာင္႐ြက္ေပးတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚျမင့္သူဇာေမာ္က ေျပာပါတယ္။

ဦးေဇာ္ရဲထက္ကို ေရွ႕ေနအျဖစ္ လိုက္ပါေဆာင္႐ြက္ေပးတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚျမင့္သူဇာေမာ္က စြဲဆိုတဲ့ ဥပေဒက ျပစ္မႈမေျမာက္ဘူးလို႔ ေျပာပါတယ္။
ကရင္ျပည္နယ္ ျမဝတီၿမိဳ႕က ကို႐ိုနာေစာင့္ၾကည့္လူနာေတြထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိသူ ၂ ဦး ေသဆုံးသြားခဲ့တယ္ဆိုတာမ်ိဳး ဦးေဇာ္ရဲထက္က သူ႔ရဲ႕ ဒဲ့ေျပာ အြန္လိုင္းသတင္းမီဒီယာမွာ သတင္းအေနနဲ႔ တင္ခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။

ၿမိဳင္ကေလးနယ္ေျမရဲစခန္းကို RFA က ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာ မရွိပါဘူး။ သတင္းမီဒီယာေကာင္စီ တြဲဖက္အတြင္းေရးမႉး ဦးျမင့္ေက်ာ္က မွားယြင္းတဲ့ သတင္းေဖာ္ျပခဲ့တာမွန္တယ္ ဆိုရင္ေတာင္ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီက တဆင့္ သြားရမွာျဖစ္ၿပီး အမႈကို အျငႇိဳးနဲ႔မႀကီးႀကီးေအာင္ လုပ္တာျဖစ္တယ္လို႔ သုံးသပ္ပါတယ္။

ႏိုင္ငံေတာ္အၾကည္အညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ) နဲ႔ တရားစြဲဆိုတာဟာလည္း မျဖစ္သင့္ဘူးလို႔ ေျပာပါတယ္။ ေခတ္သစ္သတင္းမီဒီယာရဲ႕ အယ္ဒီတာခ်ဳပ္တစ္ဦးလည္း ျဖစ္သလို ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ ဦးသာလြန္ေဇာင္းထက္က သတင္းစာဆရာေတြကို အခုလိုပုဒ္မေတြနဲ႔ တရားစြဲဆိုေထာင္ခ်ေနတာဟာ ဒီမိုကေရစီႏိုင္ငံလို႔ ေျပာရမွာေတာင္ ခက္ေနၿပီလို႔ ေျပာပါတယ္။

ဒီအမႈနဲ႔ပတ္သက္လို႔ ျပင္သစ္အေျခစိုက္ နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႕ RSF ကေတာ့ ဒီလို အလ်င္အျမန္ ျပစ္ဒဏ္စီရင္လိုက္တာဟာ ျမန္မာအာဏာပိုင္ေတြအေနနဲ႔ တျခားသတင္းသမားေတြကို သတင္းမေရးရဲေအာင္ ၿခိမ္းေျခာက္လိုတဲ့ ဆႏၵရွိေနတယ္ဆိုတာ ေပၚလြင္ထင္ရွားေနေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ ေဝဖန္လိုက္ပါတယ္။

ဦးေဇာ္ရဲထက္ရဲ႕ အမႈနဲ႔ ပတ္သက္ၿပီး ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ကို RFA က ဖုန္းနဲ႔ ဆက္သြယ္ခဲ့ေပမယ့္လည္း လက္ခံေျဖၾကားျခင္းမရွိခဲ့ပါဘူး။

ခင္ခင္အိ / RFA Burmese
https://www.rfa.org/burmese/news/editor-sentenced-in-jaill-over-corona-report-05222020195541.html
လူထု အထိတ်တလန့်ဖြစ်စေမှုနဲ့ ဘားအံအခြေစိုက်သတင်းအယ်ဒီတာ ထောင်၂နှစ်ချမှတ်ခံရ လူထု အထိတ်တလန့်ဖြစ်စေမှုနဲ့ ဘားအံအခြေစိုက်သတင်းအယ်ဒီတာ ထောင်၂နှစ်ချမှတ်ခံရ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.