ချင်းစစ်ဘေးရှောင်တွေရဲ့ အောက်မီးလက်ဝကျေးရွာ မီးလောင်၊ မီးငြှိမ်းခွင့်မရခဲ့

အောက်မီးလက်ဝကျေးရွာမှာ မေ ၂၆ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွား
(Unicode)⤵⤵⤵
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်းက အောက်မီးလက်ဝကျေးရွာမှာ မေ ၂၆ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ တိုက်ပွဲတွေကြောင့်ရွာကိုစွန့်ပြေးခဲ့ရတဲ့ အောက်မီးလက်ဝရွာသားတွေက ဘီဘီစီကိုပြောပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၆၀၀ နီးပါးနေထိုင်ခဲ့တဲ့ အောက်မီးလက်ဝကျေးရွာက ဒေသခံတွေဟာ မြန်မာ့တပ်မတော်နဲ့ အေအေတို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ မတ်လ ဝန်းကျင်ကတည်းက နေအိမ်တွေကိုစွန့်ကာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။

' ' ရွာမီးလောင်တာကို မနေ့က မွန်းလွဲပိုင်း ၂နာရီ ၄၀ လောက်မှ စပြီးသိတာ။ မီးငြှိမ်းဖို့ ရွာသားတွေစုပြီး သွားကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်းပါတယ်။ လှေနဲ့သွားတာ ဟိုကိုရောက်တဲ့ အချိန် ရွာကိုတက်လို့မရဘူး။ လက်နက်ငယ်နဲ့ပစ်တယ်။ ၇ ကြိမ် ၉ကြိမ်လောက်ရှိမယ်။ သွားလို့မရဘူး။ ရွာမှာကျန်ခဲ့တာတွေတော့ ဘာတစ်ခုမှကျွန်တော်တို့ပြန်မရတော့ဘူး''လို့ ပလက်ဝမြို့ပေါ်ကျောင်းတစ်ခုမှာနေထိုင်နေရတဲ့ အောက်မီးလက်ဝရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ရွာမီးလောင်ရတဲ့အပေါ်မှာတော့ မြန်မာ့တပ်မတော်ဘက်က ရက္ခိုင့်တပ်တော်( အေအေ)ကရှို့တာလို့ မီဒီယာအချို့မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

အေအေဘက်ကတော့ အောက်မီးလက်ဝကျေးရွာမီးလောင်မှုဟာ အင်အား ၅၀ခန့်ပါတဲ့ မြန်မာ့တပ်မတော်စစ်ကြောင်းတစ်ခုက မီးရှို့ခဲ့တာကြောင့်ဖြစ်တယ်လို့ မေ ၂၇ ရက်နေ့မှာ ထုတ်ပြန်ချက် ထုတ်ပြီး တုံ့ပြန်ပြောဆိုထားပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အောက်မီးလက်ဝကျေးရွာအနီးမှာ မြန်မာ့တပ်မတော်ရော အေအေဘက်က လှုပ်ရှားသွားလာမှုတွေရှိသလို တိုက်ပွဲတွေဖြစ်တာတွေလည်းရှိနေတယ်လို့ ဒေသခံအချို့ ကပြောပါတယ်။ ဒါပေမယ့်လည်း ရွာမီးလောင်မှုဟာ ဘယ်ဘက်ကြောင့်ဆိုတာမျိုး မခန့်မှန်းနိုင်သလို ဘယ်ဘက်ကလုပ်တာဖြစ်နိုင်သလဲဆိုတာကိုမျိုးကိုတောင် မဖြေကြားရဲဘူးလို့ ဒေသခံတွေက ငြင်းဆန်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာ ၁ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ကလေးငယ် ၁ဦးအပါအဝင် လူ၃ဦးသေဆုံးစေခဲ့တဲ့ ပလက်ဝခရီးသည်စက်လှေပစ်ခတ်မှုတုံးကလည်း တပ်နဲ့အေအေတို့အကြား အပြန်အလှန် စွပ်စွဲ ပြစ်တင်တာတွေရှိခဲ့ပြီး ဘယ်ဘက်ကပစ်ခတ်တယ်ဆိုတာမျိုးအဖြေမထွက်ခဲ့ပါဘူး။
 တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေပိုပိုတိုးလာ
ဒီလိုအခြေအနေကြားမှာပဲချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲတွေမကြာခဏဆိုသလို ဖြစ်ပွားနေတာကြောင့် နေအိမ်တွေစွန့်ခွာပြေးနေရသူတွေလည်း တိုးမြှင့်လာနေပါတယ်။

' ' ပြီးခဲ့တဲ့ရက်ကဆိုလည်း လက်နက်ကြီးကျလာလို့ ကျွန်တော့်အိမ်နောက်ဖေးဆောင် မီးလောင်သွားတယ်။ တိုက်ပွဲတွေက မြို့ပေါ်ထိမဖြစ်သေးပေမယ့် ပတ်ပတ်လည်မှာဖြစ်နေတော့ လက်နက်ကြီးကျတာတွေကလည်းရှိနေတယ်'' လို့ ပလက်ဝမြို့ပေါ်မှာ နေထိုင်တဲ့ စစ်ရှောင်ကူညီရေးကော်မတီဝင်တစ်ဦးကပြောပါတယ်။

မြန်မာ့တပ်မတော်နဲ့ အေအေတို့အကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ရွာတွေလည်းရှိနေပြီး ဆန်ရိက္ခာထောက်ပံ့သူတွေရှိနေပေမယ့်လည်း သွားလာမရတာကြောင့် မထောက်ပံ့နိုင်လို့ အခက်အခဲဖြစ်နေတဲ့ရွာတွေလည်းရှိနေတယ်လို့ စစ်ရှောင်ကူညီရေးကော်မတီဝင်အချို့ကပြောပါတယ်။

' 'လာထောက်ပံ့ထားတာတွေရှိတာကြောင့် နောက်တပတ်စာလောက်အထိကတော့ စားဖို့ရှိသေးတယ်။ နောက်ပိုင်းတော့ လူကြီးတွေက ဘယ်လိုစီစဉ်ပေးကြမလဲမသိသေးဘူး''လို့ ပလက်ဝမြို့ပေါ်မှာ စစ်ဘေးရှောင်ရင်းနေထိုင်နေရတဲ့ အောက်မီးလက်ဝရွာသားတစ်ဦးကပြောပါတယ်။

BBC Burmese
-------------------------------------
(Zawgyi)⤵⤵⤵
ခ်င္းစစ္ေဘးေရွာင္ေတြရဲ႕ ေအာက္မီးလက္ဝေက်း႐ြာ မီးေလာင္၊ မီးျငႇိမ္းခြင့္မရခဲ့

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တြင္းက ေအာက္မီးလက္ဝေက်း႐ြာမွာ ေမ ၂၆ ရက္ေန႔က မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့တယ္လို႔ တိုက္ပြဲေတြေၾကာင့္႐ြာကိုစြန႔္ေျပးခဲ့ရတဲ့ ေအာက္မီးလက္ဝ႐ြာသားေတြက ဘီဘီစီကိုေျပာပါတယ္။

အိမ္ေျခ ၂၀၀ ေက်ာ္ရွိၿပီး လူဦးေရ ၆၀၀ နီးပါးေနထိုင္ခဲ့တဲ့ ေအာက္မီးလက္ဝေက်း႐ြာက ေဒသခံေတြဟာ ျမန္မာ့တပ္မေတာ္နဲ႔ ေအေအတို႔အၾကားျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ ၿပီးခဲ့တဲ့ မတ္လ ဝန္းက်င္ကတည္းက ေနအိမ္ေတြကိုစြန႔္ကာ ႐ြာလုံးကြၽတ္ထြက္ေျပးတိမ္းေရွာင္ေနခဲ့ရတာျဖစ္ပါတယ္။

' ' ႐ြာမီးေလာင္တာကို မေန႔က မြန္းလြဲပိုင္း ၂နာရီ ၄၀ ေလာက္မွ စၿပီးသိတာ။ မီးျငႇိမ္းဖို႔ ႐ြာသားေတြစုၿပီး သြားၾကတယ္။ ကြၽန္ေတာ္ကိုယ္တိုင္လည္းပါတယ္။ ေလွနဲ႔သြားတာ ဟိုကိုေရာက္တဲ့ အခ်ိန္ ႐ြာကိုတက္လို႔မရဘူး။ လက္နက္ငယ္နဲ႔ပစ္တယ္။ ၇ ႀကိမ္ ၉ႀကိမ္ေလာက္ရွိမယ္။ သြားလို႔မရဘူး။ ႐ြာမွာက်န္ခဲ့တာေတြေတာ့ ဘာတစ္ခုမွကြၽန္ေတာ္တို႔ျပန္မရေတာ့ဘူး''လို႔ ပလက္ဝၿမိဳ႕ေပၚေက်ာင္းတစ္ခုမွာေနထိုင္ေနရတဲ့ ေအာက္မီးလက္ဝ႐ြာသားတစ္ဦးက ဘီဘီစီကိုေျပာပါတယ္။

႐ြာမီးေလာင္ရတဲ့အေပၚမွာေတာ့ ျမန္မာ့တပ္မေတာ္ဘက္က ရကၡိဳင့္တပ္ေတာ္( ေအေအ)ကရႈိ႕တာလို႔ မီဒီယာအခ်ိဳ႕မွာ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

ေအေအဘက္ကေတာ့ ေအာက္မီးလက္ဝေက်း႐ြာမီးေလာင္မႈဟာ အင္အား ၅၀ခန႔္ပါတဲ့ ျမန္မာ့တပ္မေတာ္စစ္ေၾကာင္းတစ္ခုက မီးရႈိ႕ခဲ့တာေၾကာင့္ျဖစ္တယ္လို႔ ေမ ၂၇ ရက္ေန႔မွာ ထုတ္ျပန္ခ်က္ ထုတ္ၿပီး တုံ႔ျပန္ေျပာဆိုထားပါတယ္။

မီးေလာင္မႈျဖစ္ပြားခဲ့တဲ့ ေအာက္မီးလက္၀ေက်း႐ြာအနီးမွာ ျမန္မာ့တပ္မေတာ္ေရာ ေအေအဘက္က လႈပ္ရွားသြားလာမႈေတြရွိသလို တိုက္ပြဲေတြျဖစ္တာေတြလည္းရွိေနတယ္လို႔ ေဒသခံအခ်ိဳ႕ ကေျပာပါတယ္။ ဒါေပမယ့္လည္း ႐ြာမီးေလာင္မႈဟာ ဘယ္ဘက္ေၾကာင့္ဆိုတာမ်ိဳး မခန႔္မွန္းႏိုင္သလို ဘယ္ဘက္ကလုပ္တာျဖစ္ႏိုင္သလဲဆိုတာကိုမ်ိဳးကိုေတာင္ မေျဖၾကားရဲဘူးလို႔ ေဒသခံေတြက ျငင္းဆန္ၾကပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ဒီဇင္ဘာ ၁ရက္ေန႔ကျဖစ္ပြားခဲ့တဲ့ ကေလးငယ္ ၁ဦးအပါအဝင္ လူ၃ဦးေသဆုံးေစခဲ့တဲ့ ပလက္ဝခရီးသည္စက္ေလွပစ္ခတ္မႈတုံးကလည္း တပ္နဲ႔ေအေအတို႔အၾကား အျပန္အလွန္ စြပ္စြဲ ျပစ္တင္တာေတြရွိခဲ့ၿပီး ဘယ္ဘက္ကပစ္ခတ္တယ္ဆိုတာမ်ိဳးအေျဖမထြက္ခဲ့ပါဘူး။

ဒီလိုအေျခအေနၾကားမွာပဲခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အတြင္း တိုက္ပြဲေတြမၾကာခဏဆိုသလို ျဖစ္ပြားေနတာေၾကာင့္ ေနအိမ္ေတြစြန႔္ခြာေျပးေနရသူေတြလည္း တိုးျမႇင့္လာေနပါတယ္။

' ' ၿပီးခဲ့တဲ့ရက္ကဆိုလည္း လက္နက္ႀကီးက်လာလို႔ ကြၽန္ေတာ့္အိမ္ေနာက္ေဖးေဆာင္ မီးေလာင္သြားတယ္။ တိုက္ပြဲေတြက ၿမိဳ႕ေပၚထိမျဖစ္ေသးေပမယ့္ ပတ္ပတ္လည္မွာျဖစ္ေနေတာ့ လက္နက္ႀကီးက်တာေတြကလည္းရွိေနတယ္'' လို႔ ပလက္ဝၿမိဳ႕ေပၚမွာ ေနထိုင္တဲ့ စစ္ေရွာင္ကူညီေရးေကာ္မတီဝင္တစ္ဦးကေျပာပါတယ္။

ျမန္မာ့တပ္မေတာ္နဲ႔ ေအေအတို႔အၾကား ျဖစ္ေပၚေနတဲ့ တိုက္ပြဲေတြေၾကာင့္ ပိတ္မိေနတဲ့ ႐ြာေတြလည္းရွိေနၿပီး ဆန္ရိကၡာေထာက္ပံ့သူေတြရွိေနေပမယ့္လည္း သြားလာမရတာေၾကာင့္ မေထာက္ပံ့ႏိုင္လို႔ အခက္အခဲျဖစ္ေနတဲ့႐ြာေတြလည္းရွိေနတယ္လို႔ စစ္ေရွာင္ကူညီေရးေကာ္မတီဝင္အခ်ိဳ႕ကေျပာပါတယ္။

' 'လာေထာက္ပံ့ထားတာေတြရွိတာေၾကာင့္ ေနာက္တပတ္စာေလာက္အထိကေတာ့ စားဖို႔ရွိေသးတယ္။ ေနာက္ပိုင္းေတာ့ လူႀကီးေတြက ဘယ္လိုစီစဥ္ေပးၾကမလဲမသိေသးဘူး''လို႔ ပလက္ဝၿမိဳ႕ေပၚမွာ စစ္ေဘးေရွာင္ရင္းေနထိုင္ေနရတဲ့ ေအာက္မီးလက္ဝ႐ြာသားတစ္ဦးကေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52805494
ချင်းစစ်ဘေးရှောင်တွေရဲ့ အောက်မီးလက်ဝကျေးရွာ မီးလောင်၊ မီးငြှိမ်းခွင့်မရခဲ့ ချင်းစစ်ဘေးရှောင်တွေရဲ့ အောက်မီးလက်ဝကျေးရွာ မီးလောင်၊ မီးငြှိမ်းခွင့်မရခဲ့ Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.