၉ နှစ်အတွင်း အမေရိကန်က လူလိုက်ပါမယ့်အာကာသယာဉ် ဗုဒ္ဓဟူးနေ့လွှတ်တင်မည်

SpaceX တွင်ပါဝင်မယ့် နာဆာအာကာသယာဉ်မှူးနှစ်ဦး
(Unicode)⤵⤵⤵
၉ နှစ်တာကာလ အတွင်း ပထမဆုံး လူလိုက်ပါမယ့်SPACEXအာကာသယာဉ်ကို အမေရိကန်နိုင်ငံ FLORIDA ပြည်နယ် CAPE CANAVERAL မှာရှိတဲ့ ကနေဒီ အာကာသ စခန်းကနေဒေသအချိန် ဗုဒ္ဓဟူးနေ့မှာ လွှတ်တင်မှာဖြစ်ပြီး သမ္မတ DONALD TRUMP နဲ့ ဒုသမ္မတMIKE PENCE တို့ တက် ရောက်ဖို့ စီစဉ်ထားပါတယ်။ အာကာသယာဉ်မှုး ၂ ဦးလိုက်ပါသွားမယ့် SPACEX အာကာသယာဉ်ကို ရာသီဥတု အခြေအနေကြောင့် ဗုဒ္ဓဟူး နေ့မှာ မလွှတ်တင်နိုင်လို့ စနေနေ့မှ လွှတ်တင်တဲ့အခါလည်း သူတို့နှစ်ဦး တက်ရောက်မှာ ဖြစ်ပါတယ်။

အခုလွှတ်တင်မယ့် SPACE X ဒုံးပျံယာဉ်ဟာ သမိုင်းမှာ ပုဂ္ဂလိက ကုမ္ပဏီက အခကြေးငွေ ယူပြီး လွှတ်တင်ပေးမယ့် ပထမဆုံး လူလိုက် ပါတဲ့ ဒုံးပျံယာဉ်ဖြစ်ပြီး အာကာသယာဉ်တစ်စီးကို အမေရိကန် မြေပေါ်ကနေ ၉ နှစ်အတွင်း ပထမဆုံး လွှတ်တင်မှာလည်း ဖြစ်ပါတယ်။

အမေရိကန်အာကာသစူးစမ်းလေ့လာရေး အေဂျင်စီအဖွဲ့ NASA တာဝန်ရှိသူတွေကတော့ SPACEX အာကာသယာဉ်ကို ဗုဒ္ဓဟူးနေ့မှာ လွှတ်တင်သွားဖို့ အားလုံး ပြင်ဆင် ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ FLORIDA ပြည်နယ်က ကနေဒီ အာကာသစခန်းမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ NASA အုပ်ချုပ် ရေးမှုး JIM BRIDENSTINE က ရာသီဥတု အခြေအနေ ကောင်းလို့ အာကာသယာဉ် လွှတ်တင် နိုင်ဖို့ ၆၀ ရာခိုင်နှုန်းလောက် သေချာနေတယ်လို့ပြောပါတယ်။

နိုင်ငံတကာ အာကာသ စခန်း (ISS) ကို လိုအပ်တဲ့ပစ္စည်းတွေ ဖြည့်တင်းဖို့ လူမပါတဲ့ ပုဂ္ဂလိကဒုံးပျံယာဉ်တွေ အသုံးပြုခဲ့တာ နှစ်ပေါင်း များစွာရှိခဲ့ပါပြီ။ နောက်တဆင့်ကတော့ ဗုဒ္ဓဟူးနေ့မှာ လွှတ်တင်မယ့် အာကာသယာဉ်မှာ လူလိုက်ပါမှာ ဖြစ်တယ်လို့ NASA အုပ်ချုပ် ရေးမှုး BRIDENSTINE ကပြောပါတယ်။

အာကာသယာဉ်မှုး ၂ ဦးလိုက်ပါသွားမယ့် ဒီ SPACEX အာကာသယာဉ်ဟာ ကြာသပတေးနေ့မှာ နိုင်ငံတကာ အာကာသ စခန်း ISS ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------------
(Zawgyi)⤵⤵⤵
၉ ႏွစ္အတြင္း အေမရိကန္က လူလုိက္ပါမယ့္အာကာသယာဥ္ ဗုဒၶဟူးေန႔လႊတ္တင္မည္

၉ ႏွစ္တာကာလ အတြင္း ပထမဆုံး လူလိုက္ပါမယ့္SPACEXအာကာသယာဥ္ကို အေမရိကန္နိုင္ငံ FLORIDA ျပည္နယ္ CAPE CANAVERAL မွာရွိတဲ့ ကေနဒီ အာကာသ စခန္းကေနေဒသအခ်ိန္ ဗုဒၶဟူးေန႔မွာ လႊတ္တင္မွာျဖစ္ၿပီး သမၼတ DONALD TRUMP နဲ႔ ဒုသမၼတMIKE PENCE တို႔ တက္ ေရာက္ဖို႔ စီစဥ္ထားပါတယ္။ အာကာသယာဥ္မႈး ၂ ဦးလိုက္ပါသြားမယ့္ SPACEX အာကာသယာဥ္ကို ရာသီဥတု အေျခအေနေၾကာင့္ ဗုဒၶဟူး ေန႔မွာ မလႊတ္တင္နိုင္လို႔ စေနေန႔မွ လႊတ္တင္တဲ့အခါလည္း သူတို႔ႏွစ္ဦး တက္ေရာက္မွာ ျဖစ္ပါတယ္။

အခုလႊတ္တင္မယ့္ SPACE X ဒုံးပ်ံယာဥ္ဟာ သမိုင္းမွာ ပုဂၢလိက ကုမၸဏီက အခေၾကးေငြ ယူၿပီး လႊတ္တင္ေပးမယ့္ ပထမဆုံး လူလိုက္ ပါတဲ့ ဒုံးပ်ံယာဥ္ျဖစ္ၿပီး အာကာသယာဥ္တစ္စီးကို အေမရိကန္ ေျမေပၚကေန ၉ ႏွစ္အတြင္း ပထမဆုံး လႊတ္တင္မွာလည္း ျဖစ္ပါတယ္။

အေမရိကန္အာကာသစူးစမ္းေလ့လာေရး ေအဂ်င္စီအဖြဲ႕ NASA တာဝန္ရွိသူေတြကေတာ့ SPACEX အာကာသယာဥ္ကို ဗုဒၶဟူးေန႔မွာ လႊတ္တင္သြားဖို႔ အားလုံး ျပင္ဆင္ ထားၿပီးျဖစ္တယ္လို႔ ေျပာပါတယ္။ FLORIDA ျပည္နယ္က ကေနဒီ အာကာသစခန္းမွာ လုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ NASA အုပ္ခ်ဳပ္ ေရးမႈး JIM BRIDENSTINE က ရာသီဥတု အေျခအေန ေကာင္းလို႔ အာကာသယာဥ္ လႊတ္တင္ နိုင္ဖို႔ ၆၀ ရာခိုင္ႏႈန္းေလာက္ ေသခ်ာေနတယ္လို႔ေျပာပါတယ္။

နိုင္ငံတကာ အာကာသ စခန္း (ISS) ကို လိုအပ္တဲ့ပစၥည္းေတြ ျဖည့္တင္းဖို႔ လူမပါတဲ့ ပုဂၢလိကဒုံးပ်ံယာဥ္ေတြ အသုံးျပဳခဲ့တာ ႏွစ္ေပါင္း မ်ားစြာရွိခဲ့ပါၿပီ။ ေနာက္တဆင့္ကေတာ့ ဗုဒၶဟူးေန႔မွာ လႊတ္တင္မယ့္ အာကာသယာဥ္မွာ လူလိုက္ပါမွာ ျဖစ္တယ္လို႔ NASA အုပ္ခ်ဳပ္ ေရးမႈး BRIDENSTINE ကေျပာပါတယ္။

အာကာသယာဥ္မႈး ၂ ဦးလိုက္ပါသြားမယ့္ ဒီ SPACEX အာကာသယာဥ္ဟာ ၾကာသပေတးေန႔မွာ နိုင္ငံတကာ အာကာသ စခန္း ISS ကို ေရာက္ရွိသြားမွာျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/us-will-launch-a-space-during-9-years/5436984.html
၉ နှစ်အတွင်း အမေရိကန်က လူလိုက်ပါမယ့်အာကာသယာဉ် ဗုဒ္ဓဟူးနေ့လွှတ်တင်မည် ၉ နှစ်အတွင်း အမေရိကန်က လူလိုက်ပါမယ့်အာကာသယာဉ် ဗုဒ္ဓဟူးနေ့လွှတ်တင်မည် Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.