အိုင်စီဂျေအမှုအတွက် ငွေတောင်းခံမှုအပေါ် တပ်ကိုယ်စားလှယ် မေးခွန်းထုတ်

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး နိုင်လင်းအောင်ကို ၂၀၂၀၊ မေ ၂၂ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ် / ဓာတ်ပုံ - ပြည်ထောင်စုလွှတ်တော်
(Unicode)⤵⤵⤵

ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို မြန်မာနိုင်ငံအနေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့အတွက် ကုန်ကျစရိတ် ကျပ်သန်းပေါင်း ၆၈၀ ကို ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ချပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ရှိ ကျင်းပနေတဲ့ ၁၆-ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်ပြတောင်းခံထားပါတယ်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး နိုင်လင်းအောင်က ဒီလိုတောင်းခံတာဟာ ဥပဒေနဲ့ညီညွတ်ရဲ့လားဆိုပြီး မေလ ၂၂ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မေးခွန်းထုတ်ခဲ့တာပါ။

"နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးရာဦးစီးဌာနရဲ့ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုမှာ သာမာန် အသုံးစရိတ်လုပ်အားအတွက် ကုန်ကျစရိတ်ခေါင်းစဉ်မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းရေးအတွက် ကုန်ကျစရိတ်များ၊ သယ်ယူပို့ဆောင်ခ ခေါင်းစဉ်မှာ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် သယ်ယူပို့ဆောင်စရိတ်များ၊ ဓာတ်ဆီစက်ဆီ ချောဆီခေါင်းစဉ်မှာ ပြည်ပကိုယ်စားလှယ်များ အသုံးပြုဖို့ ဗဟိုစက်ပစ္စည်းမှ ငှားရမ်းအသုံးပြုတဲ့ ယာဉ်နဲ့ ဆိုင်ကယ်များရဲ့ စက်သုံးဆီကုန်ကျစရိတ်များကို တင်ပြထားရာ ဒီဖြည့်စွက်တောင်းခံမှုတွေဟာ ဥပဒေနဲ့ညီရဲ့လား၊ လုပ်ထုံးလုပ်နည်းနဲ့ညီအောင် ဆောင်ရွက်ဖို့လိုအပ်ပါတယ်"

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းရဲ့မူနဲ့ အခြေခံသဘောအပါအဝင်၊ ရငွေ၊ သုံးငွေတွေနဲ့ ပတ်သက်ပြီး မေလ ၂၂ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်အမတ် ၁၈ ဦး ဝိုင်းဝန်းဆွေးနွေးစဉ်မှာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး နိုင်လင်းအောင်က မေးခွန်းထုတ် ဆွေးနွေးခဲ့တာပါ။

ဒီလိုတောင်းခံမှုတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း သူက ထောက်ပြဆွေးနွေးသွားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် သယ်ယူပို့ဆောင်စားရိတ်၊ အပြည်ပြည်ဆိုင်ရာ တရားရုံးအိုင်စီဂျေမှာ၊ ဂမ်ဘီယာက မြန်မာအပေါ် တရားစွဲဆိုထားမှုကို ရင်ဆိုင်ဖြေရှင်းတဲ့အခါ သုံးစွဲခဲ့တဲ့ ကုန်ကျစရိတ်အပါအဝင် အိုင်စီဂျေနဲ့ဆက်စပ်ပြီး နောက်ထပ်ဆောင်ရွက်ဖို့ ကျန်ရှိတဲ့လုပ်ငန်းတွေအတွက် စုစုပေါင်း လိုငွေ ကျပ်သန်းပေါင်း ၆၈၀ ကို ဖြည့်စွက်ခွင့်ပြုငွေအဖြစ် လွှတ်တော်ကို တင်ပြတောင်းခံထားတာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖြည့်စွက်ရန်ပုံငွေတောင်းခံမှုနဲ့ ဒီအပေါ် တပ်မတော်သား ကိုယ်စားလှယ်ရဲ့ ကန့်ကွက်မေးခွန်းထုတ်မှုတွေနဲ့ ပတ်သက်ပြီး၊ တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကို RFA-က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒါနဲ့ပတ်သက်ပြီးဝန်ကြီးဌာနအသီးသီးက တင်ပြလာတဲ့ ဖြည့်စွက်ငွေတွေကို စိစစ်ပြီး လွှတ်တော်ကိုပြန်တင်ပြတောင်းခံရတဲ့ လွှတ်တော်ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဒုဥက္ကဋ္ဌ ဦးအောင်မင်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့.

"အိုင်စီဂျေဆိုတာ နိုင်ငံတော်ကို တရားစွဲတာပါ အိုင်စီဂျေကိစ္စကို သွားရောက်ဖြေရှင်းတယ်ဆိုတာကလည်း နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာအတွက် နိုင်ငံဘက်ကနေ ရပ်တည်ပြီး နိုင်ငံအတွက်သွားရှင်းတာပါ။ အဲ့ဒီအတွက် ဒီပိုက်ဆံတွေသုံးတယ်၊ ဒီ ပိုက်ဆံတွေ တောင်းလာတဲ့ကိစ္စကို စည်းမျဉ်းနဲ့ညီရဲ့လားလို့ သာမာန်အသိဉာဏ်ရှိတဲ့ လူတစ်ယောက်လို စဉ်းစားကြည့်လိုက်ပါ။ မေးသင့်သလား မမေးသင့်သလား၊ ကျနော်တို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ စိစစ်မှုသည် တက်လာကတည်းက အဆင့်ဆင့်စိစစ်ပြီးတက်လာတယ် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့ညီညွတ်တဲ့ အသုံးစရိတ်တွေ ဖြစ်တဲ့အတွက် အဆင့်ဆင့်တာဝန်ယူပြီး တင်ပြလာတာဖြစ်တဲ့အတွက် ဒီအသုံးစရိတ်တွေသည် ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ညီညွတ်တယ်လို့ ယုံကြည်တယ် "

အိုင်စီဂျေကိစ္စက ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာ ပေါ်လာတဲ့အခါ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အိုင်စီဂျေကုန်ကျစရိတ်ကို ပုံမှန်အသုံးစရိတ်ထဲကနေ ထုတ်သုံးခဲ့တာဖြစ်ပြီး အဲလိုထုတ်သုံးခဲ့တာကြောင့် ပုံမှန်သုံးရမယ့် လုပ်ငန်းတွေအတွက် သုံးစရာငွေကြေးမရှိတော့လို့ ခုလို ဖြည့်စွက် ခွင့်ပြုငွေ ထပ်မံတောင်းခံတာဖြစ်တယ်လို့ လည်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းက ပြောပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ကိစ္စနဲ့ ပတ်သက်ပြီး ဖြည့်စွက်တောင်းခံလာတာကိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနက လွှတ်တော်မှာ လာရောက်ရှင်းလင်းပေးတဲ့အခါမှာ အဖြေမှန်သိရမယ်လို့ သူကပြောပါတယ်။

ဝန်ကြီးဌာနအသီးသီးက တင်ပြလာတဲ့အသုံးစရိတ်တွေကို စီမံဘဏ္ဍာဝန်ကြီးဌာနကစိစစ်ပြီးနောက် ဒုသမ္မတ(၁) ဦးဆောင်တဲ့အဖွဲ့က ထပ်မံစိစစ်ပြီးမှသာ ဘဏ္ဍာရေးကော်မရှင်ထံ တင်ပြရပါတယ်။ အဲဒီနောက် ဘဏ္ဍာရေးကော်မရှင်က အတည်ပြုချက်ကို လွှတ်တော်ငွေစာရင်း ပူးပေါင်းကော်မတီက ထပ်မံစိစစ်ကာ လွှတ်တော်ကိုတင်ပြတောင်းခံရတာ ဖြစ်ပါတယ်။

အခု ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုရငွေက ကျပ်ငွေ ဘီလျံ နှစ်သောင်းခုနှစ်ထောင်ကျော်ဖြစ်ပြီး၊ သုံးစွဲငွေက ကျပ်ငွေ ဘီလျံ သုံးသောင်းလေးထောင်ကျော် ရှိပါတယ်။

ဒီအတွက် အစိုးရအဖွဲ့မှာ ကျပ်ငွေ ဘီလျံ ခြောက်ထောင်ကျော် လိုငွေပြနေပြီး၊ အဲဒီအထဲကမှ မဖြစ်မနေသုံးစွဲရမယ့် ကျပ်ငွေ ဘီလျံ နှစ်ထောင့်ခြောက်ရာခြောက်ဆယ်ကျော် (၂၆၆၀.၉၈၇) ကို၊ လက်ရှိကျင်းပနေတဲ့ ၁၆-ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တောင်းခံထာပြီး၊ ဒီကိစ္စအပေါ် လွှတ်တော်အမတ်တွေက ဝိုင်းဝန်းဆွေးနွေးနေတာဖြစ်ပါတယ်။

RFA Burmese
----------------------------------------------
(Zawgyi)⤵⤵⤵
အိုင္စီေဂ်အမႈအတြက္ ေငြေတာင္းခံမႈအေပၚ တပ္ကိုယ္စားလွယ္ ေမးခြန္းထုတ္

ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုမႈကို ျမန္မာႏိုင္ငံအေနနဲ႔ ရင္ဆိုင္ေျဖရွင္းဖို႔အတြက္ ကုန္က်စရိတ္ က်ပ္သန္းေပါင္း ၆၈၀ ကို ျဖည့္စြက္ခြင့္ျပဳေငြအျဖစ္ ခ်ေပးဖို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက လက္ရွိ က်င္းပေနတဲ့ ၁၆-ႀကိမ္ေျမာက္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ တင္ျပေတာင္းခံထားပါတယ္။

တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္ ဗိုလ္မႉး ႏိုင္လင္းေအာင္က ဒီလိုေတာင္းခံတာဟာ ဥပေဒနဲ႔ညီၫြတ္ရဲ႕လားဆိုၿပီး ေမလ ၂၂ ရက္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ေမးခြန္းထုတ္ခဲ့တာပါ။

"ႏိုင္ငံျခားေရးဝန္ႀကီးဌာန ႏိုင္ငံျခားေရးရာဦးစီးဌာနရဲ႕ ျဖည့္စြက္ခြင့္ျပဳေငြ ေတာင္းခံမႈမွာ သာမာန္ အသုံးစရိတ္လုပ္အားအတြက္ ကုန္က်စရိတ္ေခါင္းစဥ္မွာ ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုမႈကို ရင္ဆိုင္ေျဖရွင္းေရးအတြက္ ကုန္က်စရိတ္မ်ား၊ သယ္ယူပို႔ေဆာင္ခ ေခါင္းစဥ္မွာ ဗိုလ္ခ်ဳပ္႐ုပ္ရွင္႐ိုက္ကူးေရးအတြက္ သယ္ယူပို႔ေဆာင္စရိတ္မ်ား၊ ဓာတ္ဆီစက္ဆီ ေခ်ာဆီေခါင္းစဥ္မွာ ျပည္ပကိုယ္စားလွယ္မ်ား အသုံးျပဳဖို႔ ဗဟိုစက္ပစၥည္းမွ ငွားရမ္းအသုံးျပဳတဲ့ ယာဥ္နဲ႔ ဆိုင္ကယ္မ်ားရဲ႕ စက္သုံးဆီကုန္က်စရိတ္မ်ားကို တင္ျပထားရာ ဒီျဖည့္စြက္ေတာင္းခံမႈေတြဟာ ဥပေဒနဲ႔ညီရဲ႕လား၊ လုပ္ထုံးလုပ္နည္းနဲ႔ညီေအာင္ ေဆာင္႐ြက္ဖို႔လိုအပ္ပါတယ္"

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ျပည္ေထာင္စုရဲ႕ ေနာက္ထပ္ဘ႑ာေငြ ခြဲေဝသုံးစြဲေရး ဥပေဒၾကမ္းရဲ႕မူနဲ႔ အေျခခံသေဘာအပါအဝင္၊ ရေငြ၊ သုံးေငြေတြနဲ႔ ပတ္သက္ၿပီး ေမလ ၂၂ ရက္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ လႊတ္ေတာ္အမတ္ ၁၈ ဦး ဝိုင္းဝန္းေဆြးေႏြးစဥ္မွာ တပ္မေတာ္သား ကိုယ္စားလွယ္ ဗိုလ္မႉး ႏိုင္လင္းေအာင္က ေမးခြန္းထုတ္ ေဆြးေႏြးခဲ့တာပါ။

ဒီလိုေတာင္းခံမႈေတြကို လုပ္ထုံးလုပ္နည္းနဲ႔အညီ ေဆာင္႐ြက္ဖို႔လိုအပ္ေၾကာင္းလည္း သူက ေထာက္ျပေဆြးေႏြးသြားပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဗိုလ္ခ်ဳပ္႐ုပ္ရွင္႐ိုက္ကူးေရးအတြက္ သယ္ယူပို႔ေဆာင္စားရိတ္၊ အျပည္ျပည္ဆိုင္ရာ တရား႐ုံးအိုင္စီေဂ်မွာ၊ ဂမ္ဘီယာက ျမန္မာအေပၚ တရားစြဲဆိုထားမႈကို ရင္ဆိုင္ေျဖရွင္းတဲ့အခါ သုံးစြဲခဲ့တဲ့ ကုန္က်စရိတ္အပါအဝင္ အိုင္စီေဂ်နဲ႔ဆက္စပ္ၿပီး ေနာက္ထပ္ေဆာင္႐ြက္ဖို႔ က်န္ရွိတဲ့လုပ္ငန္းေတြအတြက္ စုစုေပါင္း လိုေငြ က်ပ္သန္းေပါင္း ၆၈၀ ကို ျဖည့္စြက္ခြင့္ျပဳေငြအျဖစ္ လႊတ္ေတာ္ကို တင္ျပေတာင္းခံထားတာပါ။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ျဖည့္စြက္ရန္ပုံေငြေတာင္းခံမႈနဲ႔ ဒီအေပၚ တပ္မေတာ္သား ကိုယ္စားလွယ္ရဲ႕ ကန႔္ကြက္ေမးခြန္းထုတ္မႈေတြနဲ႔ ပတ္သက္ၿပီး၊ တစ္စုံတစ္ရာ မွတ္ခ်က္ေပးဖို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ကို RFA-က ဖုန္းနဲ႔အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ဒါနဲ႔ပတ္သက္ၿပီးဝန္ႀကီးဌာနအသီးသီးက တင္ျပလာတဲ့ ျဖည့္စြက္ေငြေတြကို စိစစ္ၿပီး လႊတ္ေတာ္ကိုျပန္တင္ျပေတာင္းခံရတဲ့ လႊတ္ေတာ္ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီက ဒုဥကၠ႒ ဦးေအာင္မင္းကို RFA က ဆက္သြယ္ေမးျမန္းရာမွာေတာ့.

"အိုင္စီေဂ်ဆိုတာ ႏိုင္ငံေတာ္ကို တရားစြဲတာပါ အိုင္စီေဂ်ကိစၥကို သြားေရာက္ေျဖရွင္းတယ္ဆိုတာကလည္း ႏိုင္ငံေတာ္ရဲ႕ ဂုဏ္သိကၡာအတြက္ ႏိုင္ငံဘက္ကေန ရပ္တည္ၿပီး ႏိုင္ငံအတြက္သြားရွင္းတာပါ။ အဲ့ဒီအတြက္ ဒီပိုက္ဆံေတြသုံးတယ္၊ ဒီ ပိုက္ဆံေတြ ေတာင္းလာတဲ့ကိစၥကို စည္းမ်ဥ္းနဲ႔ညီရဲ႕လားလို႔ သာမာန္အသိဉာဏ္ရွိတဲ့ လူတစ္ေယာက္လို စဥ္းစားၾကည့္လိုက္ပါ။ ေမးသင့္သလား မေမးသင့္သလား၊ က်ေနာ္တို႔ ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီ စိစစ္မႈသည္ တက္လာကတည္းက အဆင့္ဆင့္စိစစ္ၿပီးတက္လာတယ္ ဘ႑ာေရး စည္းမ်ဥ္းစည္းကမ္းနဲ႔ညီၫြတ္တဲ့ အသုံးစရိတ္ေတြ ျဖစ္တဲ့အတြက္ အဆင့္ဆင့္တာဝန္ယူၿပီး တင္ျပလာတာျဖစ္တဲ့အတြက္ ဒီအသုံးစရိတ္ေတြသည္ ဘ႑ာေရးစည္းမ်ဥ္းနဲ႔ ညီၫြတ္တယ္လို႔ ယုံၾကည္တယ္ "

အိုင္စီေဂ်ကိစၥက ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာမွာ ေပၚလာတဲ့အခါ ႏိုင္ငံျခားေရးဝန္ႀကီးဌာနအေနနဲ႔ အိုင္စီေဂ်ကုန္က်စရိတ္ကို ပုံမွန္အသုံးစရိတ္ထဲကေန ထုတ္သုံးခဲ့တာျဖစ္ၿပီး အဲလိုထုတ္သုံးခဲ့တာေၾကာင့္ ပုံမွန္သုံးရမယ့္ လုပ္ငန္းေတြအတြက္ သုံးစရာေငြေၾကးမရွိေတာ့လို႔ ခုလို ျဖည့္စြက္ ခြင့္ျပဳေငြ ထပ္မံေတာင္းခံတာျဖစ္တယ္လို႔ လည္း ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီ ဒုဥကၠဌ ဦးေအာင္မင္းက ေျပာပါတယ္။

ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကိစၥနဲ႔ ပတ္သက္ၿပီး ျဖည့္စြက္ေတာင္းခံလာတာကိုေတာ့ သက္ဆိုင္ရာဝန္ႀကီးဌာနက လႊတ္ေတာ္မွာ လာေရာက္ရွင္းလင္းေပးတဲ့အခါမွာ အေျဖမွန္သိရမယ္လို႔ သူကေျပာပါတယ္။

ဝန္ႀကီးဌာနအသီးသီးက တင္ျပလာတဲ့အသုံးစရိတ္ေတြကို စီမံဘ႑ာဝန္ႀကီးဌာနကစိစစ္ၿပီးေနာက္ ဒုသမၼတ(၁) ဦးေဆာင္တဲ့အဖြဲ႕က ထပ္မံစိစစ္ၿပီးမွသာ ဘ႑ာေရးေကာ္မရွင္ထံ တင္ျပရပါတယ္။ အဲဒီေနာက္ ဘ႑ာေရးေကာ္မရွင္က အတည္ျပဳခ်က္ကို လႊတ္ေတာ္ေငြစာရင္း ပူးေပါင္းေကာ္မတီက ထပ္မံစိစစ္ကာ လႊတ္ေတာ္ကိုတင္ျပေတာင္းခံရတာ ျဖစ္ပါတယ္။

အခု ၂၀၁၉-၂၀ ဘ႑ာႏွစ္မွာ ျပည္ေထာင္စုရေငြက က်ပ္ေငြ ဘီလ်ံ ႏွစ္ေသာင္းခုႏွစ္ေထာင္ေက်ာ္ျဖစ္ၿပီး၊ သုံးစြဲေငြက က်ပ္ေငြ ဘီလ်ံ သုံးေသာင္းေလးေထာင္ေက်ာ္ ရွိပါတယ္။

ဒီအတြက္ အစိုးရအဖြဲ႕မွာ က်ပ္ေငြ ဘီလ်ံ ေျခာက္ေထာင္ေက်ာ္ လိုေငြျပေနၿပီး၊ အဲဒီအထဲကမွ မျဖစ္မေနသုံးစြဲရမယ့္ က်ပ္ေငြ ဘီလ်ံ ႏွစ္ေထာင့္ေျခာက္ရာေျခာက္ဆယ္ေက်ာ္ (၂၆၆၀.၉၈၇) ကို၊ လက္ရွိက်င္းပေနတဲ့ ၁၆-ႀကိမ္ေျမာက္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ေတာင္းခံထာၿပီး၊ ဒီကိစၥအေပၚ လႊတ္ေတာ္အမတ္ေတြက ဝိုင္းဝန္းေဆြးေႏြးေနတာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/questioned-by-military-mp-on-charges-for-icj-case-05252020064732.html
အိုင်စီဂျေအမှုအတွက် ငွေတောင်းခံမှုအပေါ် တပ်ကိုယ်စားလှယ် မေးခွန်းထုတ် အိုင်စီဂျေအမှုအတွက် ငွေတောင်းခံမှုအပေါ် တပ်ကိုယ်စားလှယ် မေးခွန်းထုတ် Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.