ကန့်သတ်စောင့်ကြည့်ရေးစခန်း စားစရိတ်ထောက်ပံ့ဖို့ အစိုးရကို တောင်းဆို

(Unicode)⤵⤵⤵
ပြည်ပက ပြန်ရောက်လာသူတွေ ၂၁ ရက် ကြပ်မတ်စောင့်ကြည့်ခံရတဲ့ နေရာတချို့မှာ စားသောက်စရိတ်ကို စောင့်ကြည့်ခံရသူတွေ ကိုယ်တိုင် ကျခံနေရတာကြောင့် အစိုးရရဲ့ ထောက်ပံ့မှု ရရှိမှ အခက်အခဲ ပြေလည်မယ်လို့  တောင်းဆိုမှုတွေ ရှိလာပါတယ်။

ပြည်ပကပြန်လာသူတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအသီးသီးရဲ့ စောင့်ကြည့်ရေးစခန်းတွေမှာ ၂၁ ရက်စီ နေထိုင်နေကြပြီး ဒေသတချို့မှာတော့ စောင့်ကြည့်ကာလအတွင်း စားသောက်စရိတ်ကို ကိုယ်တိုင် ကျခံ ရပါတော့မယ်။

စားသောက်စရိတ်အတွက် အစိုးရက စီစဉ်ပေးခဲ့တဲ့ ရခိုင်ပြည်နယ်မှာတော့ မေလ ၁၁ ရက်နေ့က စတင်ပြီး စခန်းဝင်သူက ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျခံဖို့ ညွှန်ကြားချက် ရထားတယ်လို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးအောင်မြင့်သိန်းက ပြောပါတယ်။

"အရင်တုန်းက ကျခံတာ ၃၀၀၀ နှုန်းပေးတာရှိတယ်။ အခု ၁၁ ရက်နေ့နောက်ပိုင်း ကိုယ့်အစီအစဉ်နဲ့ကိုယ် တခြား အဖွဲ့အစည်းတွေ ထောက်ပံ့တာကို လက်ခံတယ်။ ကျွန်တော်တို့ကို ပေးတာတော့ ပြည်နယ်အစိုးရက ပေးတာပါ။ တခြား ပြည်ထောင်စုက ထောက်ပံ့တာ ဘေးစီမံပေါ့ ဒုက္ခသည်တွေကို လက်သန့်ဆေး၊ နှာခေါင်းစည်းပေါ့။ အဲဒါတွေ ဝေပါတယ်"

ကနဦး အစိုးရထောက်ပံ့ပေးတဲ့ တစ်ဦး ၃၀၀၀ ကျပ်ဟာ တစ်ရက်စာ မလုံလောက်တာကြောင့် မြို့နယ်အုပ်ချုပ်ရေး ရုံးမှာ ရှိတဲ့ ရန်ပုံငွေကို ထပ်ဖြည့်သုံးစွဲလာရတယ်။ ဒါကြောင့် နောက်ပိုင်း လာရောက်မယ့်သူတွေကို မထောက်ပံ့ နိုင်တော့ဘဲ ကိုယ့်စားသောက်စားရိတ်ကို ကိုယ်တိုင် တာဝန်ယူရမယ်လို့ အကြောင်းကြားလာကြောင်း ရသေ့တောင်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

"ရခိုင်ပြည်ဘက်က လူအများစုသည် နိုင်ငံခြားမှာ သွားအလုပ်လုပ်ကြတယ်။ အခုလည်း တရုတ်ပြည်က ပြန်လာမယ့်သူတွေ ရှိနေတယ်။ လောလောဆယ် ရသေ့တောင်မှာ ကွာရန်တင်းနဲ့ပတ်သက်တဲ့ ရန်ပုံငွေရှိ မနေပါဘူးလို့ အုပ်ချုပ်ရေးမှုးက ပြောပါတယ်။ အခုတစ်ခေါက်လူတွေကို တာဝန်ယူတယ် နောက်လာမယ့် လူတွေကို စဉ်းစားကြပါလို့ ပြောပါတယ်။"

ရသေ့တောင်မြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သီးသန့်ရန်ပုံငွေဆိုတာမျိုး မရှိတာကြောင့် လက်ရှိ မလေးရှားနိုင်ငံက ပြန်ရောက်လာသူ ၁၈ ဦးအတွက် ကုန်ကျစရိတ်ကို ထွေအုပ်ရုံးက စိုက်ထုတ် ကျခံပေးမှာဖြစ်ပြီး နောက်ပိုင်း ရောက်ရှိလာသူတွေဟာ ကိုယ့်စရိတ်ကိုယ်ပေး နေထိုင်ရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေ အများအပြား ရှိနေတာဖြစ်ပြီး နိုင်ငံအသီးသီးက ပြန်လာမယ့် ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား ကျန်ရှိနေပါသေးတယ်။

ယာယီစောင့်ကြည့်ရေးစခန်း ထောက်ပံ့မှုအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဒီကနေ့ ဆက်သွယ်ပေးမယ့် တယ်လီဖုန်း လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူက ကြပ်မတ် စောင့်ကြည့်သူတွေရဲ့ ကျန်တဲ့ကုန်ကျစရိတ်ကို အစိုးရက စိုက်ထုတ်ပေးဖို့ ညွှန်ကြားထားတာ မရှိဘူးလို့ ပြောပါတယ်။

"စစ်ကိုင်းတိုင်းမှာ စထဲက ကွာရန်တင်းဝင်တဲ့သူတွေကို ထောက်ပံ့ပေးရမယ်လို့ လမ်းညွှန်မှု မရှိဘူး။ သူ့မြို့နယ်နဲ့သူ အရပ်ဘက်အဖွဲ့အစည်းတွေက အလှုခံလို့ရတဲ့ငွေနဲ့ ထောက်ပံ့တာမျိုးတွေ ရှိချင်ရှိမယ်။ နိုင်ငံတော်အစိုးရကနေ ကွာရန်တင်း ဝင်နေတဲ့သူတွေကို ထောက်ပံ့ရမယ်ဆိုတာမျိုး ပြည်ထောင်စုကနေ လမ်းညွှန်ထားတာ မရှိပါဘူး။"

ကုန်ကျစရိတ်တွေအတွက် အရပ်ဘက်အဖွဲ့တွေနဲ့ အလှူရှင်တွေ ပူပေါင်း ဆောင်ရွက်နေကြတာဖြစ်ပြီး လူတစ်ဦးအတွက် တစ်ရက် ကုန်ကျစရိတ်ဟာ ကျပ် ၅၀၀၀ လောက် ရှိပါတယ်။

ရန်ကုန်မှာတော့ ရပ်ကွက်တွင်း ကြပ်မတ်စောင့်ကြည့်သူတွေကို တိုင်းဒေသကြီးအစိုးရက ဆန်၊ ဆီ ထောက်ပံ့ ပေးပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် စားသောက်ရတယ်လို့ တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။

"ကွာရန်တင်းဝင်တဲ့လူတွေအတွက် အရင်တုန်းက ရပ်ကွက်ထဲမှာ အပြင်မှာ ကွာရန်တင်းဝင်ပြီး ရပ်ကွက်ထဲ ၁၄ ရက် ဝင်ရတဲ့သူတွေကို ဆန်ရယ်၊ ဆီရယ် ပေးပါတယ်။ တိုင်းဒေသကြီးအစိုးရက ပေးတာပါ။ သူတို့ဘာသူတို့ ချက်ပြုတ် စားသောက်ရတာပါ။"

ကြပ်မတ်စောင့်ကြည့်သူတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့နယ်တွေမှာ နေရာစီစဉ်ပေးပြီး စားသောက်နေထိုင်ရေးက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။

အရပ်ဘက် အဖွဲ့တွေ အားကောင်းတဲ့ နေရာတွေမှာ အဆင်ပြေကြပေမယ့် အရပ်ဘက်အဖွဲ့အစည်း နည်းပါးပြီး စစ်ရေးပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာတော့ ကြပ်မတ်စောင့်ကြည့်သူတွေကို ထားရှိတဲ့နေရာကအစ ကုတင်မရှိတာ၊ ထားရမယ့် အဆောင် အဆင်မပြေတာတွေရှိနေပြီး စားသောက်နေထိုင်ရေး ခက်ခဲနေတာပါ။

စစ်ဘေးဒုက္ခသည် ခြောက်ထောင်ကျော်လောက်ရှိနေတဲ့ ကျောက်တော်မြို့နယ်မှာ ကွာရန်တင်းဝင်ရတဲ့သူ ၁၄၀ အတွက် ကူညီပေးရေးမှာ အခက်အခဲတွေရှိနေတယ်လို့ ကျောက်တော်ဒေသခံ ဦးကျော်လှမြင့်က ဆိုပါတယ်။

"ကျောက်တော်မြို့ထဲမှာ ဒုက္ခသည်ကလည်း ခြောက်ထောင် ခုနှစ်ထောင်လောက် ရှိနေတယ်။ ကွာရန်တင်း ဝင်တဲ့သူကလည်း ၁၄၀ ဆိုတော့ သူတို့အတွက် စားရေးသောက်ရေး အဆင်ပြေမှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ဟိုဘက်ကိုလည်း လုံးပန်းရ၊ ဒီဘက်ကိုလည်း လုံးပန်းရနဲ့ CSO ( အရပ်ဘက်အဖွဲ့ ) တွေ အနေနဲ့ လည်း လိုက်မမှီနိုင်ဘူး။ အဲဒီလို အခြေအနေဖြစ်နေတယ်။"

အရင်တုန်းကလည်း အတည်ပြုလူနာ များပြားတဲ့နေရာက လာသူတွေကို စစ်တွေမြို့ပေါ်မှာ ကြပ်မတ် စောင့်ကြည့်ရာမှာ စားသောက်ရေးအတွက် မလုံလောက်တာ၊  နေထိုင်ရေးမှာလည်း အဆင်မပြေတာတွေ ကြုံတွေ့ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ်အလိုက် ကိုရိုနာဗိုင်းရပ်စ် ရန်ပုံငွေတွေ ထားရှိဖို့ စီစဉ်နေပြီး စစ်ရေးပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေမှာတောင် ရိက္ခာမလုံလောက်မှုတွေရှိနေတဲ့ မြို့နယ်တွေအတွက် အစိုးရအနေနဲ့ စီစဉ်ပေးဖို့ကိုလည်း လွှတ်တော် ကိုယ်စားလှယ်တွေက တောင်းဆိုကြပါတယ်။

ကြပ်မတ်စောင့်ကြည့်ရာမှာ အဆင်မပြေမှုတွေရှိနေရင် ယာယီနေထိုင်ရမယ့် စခန်းကနေ ထွက်ပြေးသူတွေ ရှိလာနိုင်ပြီး ရောဂါပိုးပျံ့နှံ့မှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဝေယံမိုးမြင့် / RFA Burmese
-------------------------------------------------------------

(Zawgyi)⤵⤵⤵
ကန႔္သတ္ေစာင့္ၾကည့္ေရးစခန္း စားစရိတ္ေထာက္ပံ့ဖို႔ အစိုးရကို ေတာင္းဆို

ျပည္ပက ျပန္ေရာက္လာသူေတြ ၂၁ ရက္ ၾကပ္မတ္ေစာင့္ၾကည့္ခံရတဲ့ ေနရာတခ်ိဳ႕မွာ စားေသာက္စရိတ္ကို ေစာင့္ၾကည့္ခံရသူေတြ ကိုယ္တိုင္ က်ခံေနရတာေၾကာင့္ အစိုးရရဲ႕ ေထာက္ပံ့မႈ ရရွိမွ အခက္အခဲ ေျပလည္မယ္လို႔  ေတာင္းဆိုမႈေတြ ရွိလာပါတယ္။

ျပည္ပကျပန္လာသူေတြကို သက္ဆိုင္ရာ ျပည္နယ္နဲ႔ တိုင္းအသီးသီးရဲ႕ ေစာင့္ၾကည့္ေရးစခန္းေတြမွာ ၂၁ ရက္စီ ေနထိုင္ေနၾကၿပီး ေဒသတခ်ိဳ႕မွာေတာ့ ေစာင့္ၾကည့္ကာလအတြင္း စားေသာက္စရိတ္ကို ကိုယ္တိုင္ က်ခံ ရပါေတာ့မယ္။

စားေသာက္စရိတ္အတြက္ အစိုးရက စီစဥ္ေပးခဲ့တဲ့ ရခိုင္ျပည္နယ္မွာေတာ့ ေမလ ၁၁ ရက္ေန႔က စတင္ၿပီး စခန္းဝင္သူက ကိုယ့္အစီအစဥ္နဲ႔ကိုယ္ က်ခံဖို႔ ၫႊန္ၾကားခ်က္ ရထားတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႈး ဦးေအာင္ျမင့္သိန္းက ေျပာပါတယ္။

"အရင္တုန္းက က်ခံတာ ၃၀၀၀ ႏႈန္းေပးတာရွိတယ္။ အခု ၁၁ ရက္ေန႔ေနာက္ပိုင္း ကိုယ့္အစီအစဥ္နဲ႔ကိုယ္ တျခား အဖြဲ႕အစည္းေတြ ေထာက္ပံ့တာကို လက္ခံတယ္။ ကြၽန္ေတာ္တို႔ကို ေပးတာေတာ့ ျပည္နယ္အစိုးရက ေပးတာပါ။ တျခား ျပည္ေထာင္စုက ေထာက္ပံ့တာ ေဘးစီမံေပါ့ ဒုကၡသည္ေတြကို လက္သန႔္ေဆး၊ ႏွာေခါင္းစည္းေပါ့။ အဲဒါေတြ ေဝပါတယ္"

ကနဦး အစိုးရေထာက္ပံ့ေပးတဲ့ တစ္ဦး ၃၀၀၀ က်ပ္ဟာ တစ္ရက္စာ မလုံေလာက္တာေၾကာင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး ႐ုံးမွာ ရွိတဲ့ ရန္ပုံေငြကို ထပ္ျဖည့္သုံးစြဲလာရတယ္။ ဒါေၾကာင့္ ေနာက္ပိုင္း လာေရာက္မယ့္သူေတြကို မေထာက္ပံ့ ႏိုင္ေတာ့ဘဲ ကိုယ့္စားေသာက္စားရိတ္ကို ကိုယ္တိုင္ တာဝန္ယူရမယ္လို႔ အေၾကာင္းၾကားလာေၾကာင္း ရေသ့ေတာင္ၿမိဳ႕ နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက ေျပာပါတယ္။

"ရခိုင္ျပည္ဘက္က လူအမ်ားစုသည္ ႏိုင္ငံျခားမွာ သြားအလုပ္လုပ္ၾကတယ္။ အခုလည္း တ႐ုတ္ျပည္က ျပန္လာမယ့္သူေတြ ရွိေနတယ္။ ေလာေလာဆယ္ ရေသ့ေတာင္မွာ ကြာရန္တင္းနဲ႔ပတ္သက္တဲ့ ရန္ပုံေငြရွိ မေနပါဘူးလို႔ အုပ္ခ်ဳပ္ေရးမႈးက ေျပာပါတယ္။ အခုတစ္ေခါက္လူေတြကို တာဝန္ယူတယ္ ေနာက္လာမယ့္ လူေတြကို စဥ္းစားၾကပါလို႔ ေျပာပါတယ္။"

ရေသ့ေတာင္ၿမိဳ႕နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့ သီးသန႔္ရန္ပုံေငြဆိုတာမ်ိဳး မရွိတာေၾကာင့္ လက္ရွိ မေလးရွားႏိုင္ငံက ျပန္ေရာက္လာသူ ၁၈ ဦးအတြက္ ကုန္က်စရိတ္ကို ေထြအုပ္႐ုံးက စိုက္ထုတ္ က်ခံေပးမွာျဖစ္ၿပီး ေနာက္ပိုင္း ေရာက္ရွိလာသူေတြဟာ ကိုယ့္စရိတ္ကိုယ္ေပး ေနထိုင္ရမွာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္မွာ ျပည္ပထြက္ အလုပ္လုပ္ကိုင္သူေတြ အမ်ားအျပား ရွိေနတာျဖစ္ၿပီး ႏိုင္ငံအသီးသီးက ျပန္လာမယ့္ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ အမ်ားအျပား က်န္ရွိေနပါေသးတယ္။

ယာယီေစာင့္ၾကည့္ေရးစခန္း ေထာက္ပံ့မႈအေျခအေနနဲ႔ ပတ္သက္ၿပီး ေမးျမန္းဖို႔ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ကို ဒီကေန႔ ဆက္သြယ္ေပးမယ့္ တယ္လီဖုန္း လက္ခံေျဖၾကားျခင္း မရွိခဲ့ပါဘူး။

စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီး ဦးမိုးေက်ာ္သူက ၾကပ္မတ္ ေစာင့္ၾကည့္သူေတြရဲ႕ က်န္တဲ့ကုန္က်စရိတ္ကို အစိုးရက စိုက္ထုတ္ေပးဖို႔ ၫႊန္ၾကားထားတာ မရွိဘူးလို႔ ေျပာပါတယ္။

"စစ္ကိုင္းတိုင္းမွာ စထဲက ကြာရန္တင္းဝင္တဲ့သူေတြကို ေထာက္ပံ့ေပးရမယ္လို႔ လမ္းၫႊန္မႈ မရွိဘူး။ သူ႔ၿမိဳ႕နယ္နဲ႔သူ အရပ္ဘက္အဖြဲ႕အစည္းေတြက အလႈခံလို႔ရတဲ့ေငြနဲ႔ ေထာက္ပံ့တာမ်ိဳးေတြ ရွိခ်င္ရွိမယ္။ ႏိုင္ငံေတာ္အစိုးရကေန ကြာရန္တင္း ဝင္ေနတဲ့သူေတြကို ေထာက္ပံ့ရမယ္ဆိုတာမ်ိဳး ျပည္ေထာင္စုကေန လမ္းၫႊန္ထားတာ မရွိပါဘူး။"

ကုန္က်စရိတ္ေတြအတြက္ အရပ္ဘက္အဖြဲ႕ေတြနဲ႔ အလႉရွင္ေတြ ပူေပါင္း ေဆာင္႐ြက္ေနၾကတာျဖစ္ၿပီး လူတစ္ဦးအတြက္ တစ္ရက္ ကုန္က်စရိတ္ဟာ က်ပ္ ၅၀၀၀ ေလာက္ ရွိပါတယ္။

ရန္ကုန္မွာေတာ့ ရပ္ကြက္တြင္း ၾကပ္မတ္ေစာင့္ၾကည့္သူေတြကို တိုင္းေဒသႀကီးအစိုးရက ဆန္၊ ဆီ ေထာက္ပံ့ ေပးၿပီး ကိုယ့္အစီအစဥ္နဲ႔ကိုယ္ စားေသာက္ရတယ္လို႔ ေတာင္ဒဂုံၿမိဳ႕နယ္ ၂၀ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းႏိုင္က ေျပာပါတယ္။

"ကြာရန္တင္းဝင္တဲ့လူေတြအတြက္ အရင္တုန္းက ရပ္ကြက္ထဲမွာ အျပင္မွာ ကြာရန္တင္းဝင္ၿပီး ရပ္ကြက္ထဲ ၁၄ ရက္ ဝင္ရတဲ့သူေတြကို ဆန္ရယ္၊ ဆီရယ္ ေပးပါတယ္။ တိုင္းေဒသႀကီးအစိုးရက ေပးတာပါ။ သူတို႔ဘာသူတို႔ ခ်က္ျပဳတ္ စားေသာက္ရတာပါ။"

ၾကပ္မတ္ေစာင့္ၾကည့္သူေတြကို သက္ဆိုင္ရာ တိုင္းနဲ႔ျပည္နယ္အသီးသီးက ၿမိဳ႕နယ္ေတြမွာ ေနရာစီစဥ္ေပးၿပီး စားေသာက္ေနထိုင္ေရးက အရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ အလႉရွင္ေတြရဲ႕ အစီအစဥ္နဲ႔ ေဆာင္႐ြက္ၾကတာ ျဖစ္ပါတယ္။

အရပ္ဘက္ အဖြဲ႕ေတြ အားေကာင္းတဲ့ ေနရာေတြမွာ အဆင္ေျပၾကေပမယ့္ အရပ္ဘက္အဖြဲ႕အစည္း နည္းပါးၿပီး စစ္ေရးပဋိပကၡေတြရွိေနတဲ့ ရခိုင္ျပည္နယ္မွာေတာ့ ၾကပ္မတ္ေစာင့္ၾကည့္သူေတြကို ထားရွိတဲ့ေနရာကအစ ကုတင္မရွိတာ၊ ထားရမယ့္ အေဆာင္ အဆင္မေျပတာေတြရွိေနၿပီး စားေသာက္ေနထိုင္ေရး ခက္ခဲေနတာပါ။

စစ္ေဘးဒုကၡသည္ ေျခာက္ေထာင္ေက်ာ္ေလာက္ရွိေနတဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ကြာရန္တင္းဝင္ရတဲ့သူ ၁၄၀ အတြက္ ကူညီေပးေရးမွာ အခက္အခဲေတြရွိေနတယ္လို႔ ေက်ာက္ေတာ္ေဒသခံ ဦးေက်ာ္လွျမင့္က ဆိုပါတယ္။

"ေက်ာက္ေတာ္ၿမိဳ႕ထဲမွာ ဒုကၡသည္ကလည္း ေျခာက္ေထာင္ ခုႏွစ္ေထာင္ေလာက္ ရွိေနတယ္။ ကြာရန္တင္း ဝင္တဲ့သူကလည္း ၁၄၀ ဆိုေတာ့ သူတို႔အတြက္ စားေရးေသာက္ေရး အဆင္ေျပမွာ မဟုတ္ဘူး။ ဘာလို႔လဲ ဆိုေတာ့ ဟိုဘက္ကိုလည္း လုံးပန္းရ၊ ဒီဘက္ကိုလည္း လုံးပန္းရနဲ႔ CSO ( အရပ္ဘက္အဖြဲ႕ ) ေတြ အေနနဲ႔ လည္း လိုက္မမွီႏိုင္ဘူး။ အဲဒီလို အေျခအေနျဖစ္ေနတယ္။"

အရင္တုန္းကလည္း အတည္ျပဳလူနာ မ်ားျပားတဲ့ေနရာက လာသူေတြကို စစ္ေတြၿမိဳ႕ေပၚမွာ ၾကပ္မတ္ ေစာင့္ၾကည့္ရာမွာ စားေသာက္ေရးအတြက္ မလုံေလာက္တာ၊  ေနထိုင္ေရးမွာလည္း အဆင္မေျပတာေတြ ႀကဳံေတြ႕ခဲ့ပါတယ္။

ရခိုင္ျပည္နယ္မွာ ၿမိဳ႕နယ္အလိုက္ ကို႐ိုနာဗိုင္းရပ္စ္ ရန္ပုံေငြေတြ ထားရွိဖို႔ စီစဥ္ေနၿပီး စစ္ေရးပဋိပကၡေတြေၾကာင့္ ဒုကၡသည္ေတြမွာေတာင္ ရိကၡာမလုံေလာက္မႈေတြရွိေနတဲ့ ၿမိဳ႕နယ္ေတြအတြက္ အစိုးရအေနနဲ႔ စီစဥ္ေပးဖို႔ကိုလည္း လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ေတာင္းဆိုၾကပါတယ္။

ၾကပ္မတ္ေစာင့္ၾကည့္ရာမွာ အဆင္မေျပမႈေတြရွိေနရင္ ယာယီေနထိုင္ရမယ့္ စခန္းကေန ထြက္ေျပးသူေတြ ရွိလာႏိုင္ၿပီး ေရာဂါပိုးပ်ံ႕ႏွံ႔မွာကိုလည္း ေဒသခံေတြက စိုးရိမ္ေနၾကပါတယ္။

ေဝယံမိုးျမင့္ / RFA Burmese
https://www.rfa.org/burmese/program_2/request-to-provide-food-for-qurantine-centers-05252020042554.html
ကန့်သတ်စောင့်ကြည့်ရေးစခန်း စားစရိတ်ထောက်ပံ့ဖို့ အစိုးရကို တောင်းဆို ကန့်သတ်စောင့်ကြည့်ရေးစခန်း စားစရိတ်ထောက်ပံ့ဖို့ အစိုးရကို တောင်းဆို Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.