တရားေဟာဆရာ ေစာေဒးဗစ္လားကို ခ်ဳပ္ရမန္ယူၿပီး အင္းစိန္ေထာင္ပို႔


(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္တားဆီးေရး စည္းကမ္းေတြ ထုတ္ျပန္ထားတဲ့ကာလအတြင္း လူစုလူေဝးနဲ႔ တရားပြဲ ျပဳလုပ္ခဲ့မႈနဲ႔  ခရစ္ယာန္ တရားေဟာဆရာ ေစာေဒးဗစ္ (ခ) ေစာေဒးဗစ္လားကို အမ်ားဆုံး ေထာင္ဒဏ္ သုံးႏွစ္ အထိ ခ်မွတ္ႏိုင္တဲ့ ပုဒ္မနဲ႔ ေမလ ၂ဝ ရက္ေန႔ ဒီေန႔မွာ မရမ္းကုန္ၿမိဳ႕နယ္ တရား႐ုံးမွာ ခ်ဳပ္ရမန္ ၁၅ ရက္ယူၿပီး အင္းစိန္ေထာင္ကို ပို႔လိုက္ပါတယ္။

ကပ္ေဘးကာလ အေရးေပၚအမိန႔္ေတြ ထုတ္ျပန္ထားခ်ိန္မွာ တရားေဟာပြဲျပဳလုပ္ခဲ့လို႔ ဆိုၿပီး တရားေဟာဆရာ ေစာေဒးဗစ္လားကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ နဲ႔ ရဲစခန္းမွာ အမႈဖြင့္ထားၿပီး ဒီမနက္ေတာ့ သူ႔ကို ယာယီထားရွိရာ City Hotel Yangon ကေန မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးကို ေခၚေဆာင္ သြားၿပီး ခ်ဳပ္ရမန္ယူခဲ့တာျဖစ္ပါတယ္။

ရဲလုပ္ငန္းေတြ လုပ္ကိုင္ဖို႔ ၁၅ ရက္ခ်ဳပ္မိန႔္ ေပးလိုက္တယ္လို႔ မရမ္းကုန္ၿမိဳ႕နယ္ တရားသူႀကိး ဦးမိုးေဆြက သတင္းမီဒီယာေတြကို ေျပာပါတယ္။

“ဒီေန႔မွာေတာ့ မရမ္းကုန္ၿမိဳ႕နယ္ ရဲစခန္းရဲ႕ (ပ)အမွတ္ ၅၈၃/၂၀၂၀ နဲ႔ ဦးေဒးဗစ္လား (ေခၚ) ေစာေဒးဗစ္လား (ေခၚ) ေဒးဗစ္ကို တရားစြဲဆိုတင္ပို႔ႏိုင္ေရးအတြက္ အမႈစစ္ရဲအရာရွိကေန က်န္တဲ့ ရဲလုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔ရန္အတြက္ သူ႔ကို ၂၀.၅.၂၀၂၀ ရက္ ဒီေန႔ကေနၿပီးေတာ့ ၃.၆.၂၀၂၀  ရက္ေန႔အထိ အင္းစိန္ အက်ဥ္းေထာင္မွာ ခ်ဳပ္ထားဖို႔ ခ်ဳပ္မိန႔္ေတာင္းလို႔ ကြၽန္ေတာ္က ခ်ဳပ္ထားခြင့္ ျပဳလိုက္တာပါခင္ဗ်”

တရားေဟာဆရာ ေစာေဒးဗစ္လားနဲ႔ နဝရတ္ေတးသံသြင္းက ဦးေဝထြန္းတို႔ဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူစုလူေဝးမျပဳလုပ္ဖို႔ အစိုးရက ၫႊန္ၾကားခ်က္ ထုတ္ထားတဲ့ကာလအတြင္း  ဧၿပီလ ၇ ရက္ေန႔ ညေနပိုင္းက မရမ္းကုန္းၿမိဳ႕နယ္ အမွတ္(၇) ရပ္ကြက္၊ ကမာၻေအးဘုရားလမ္းမွာရွိတဲ့ ညီအကိုမ်ားအသင္းေတာ္ဝန္းထဲမွာ စုေဝးခဲ့တာေၾကာင့္ အမႈဖြင့္တိုင္ၾကားခံရတာပါ။ နဝရတ္ေတးသံသြင္းက ဦးေဝထြန္းကေတာ့ Quarantine မျပည့္ေသးတာေၾကာင့္ ဒီေန႔ အခ်ဳပ္ရမန္ယူတဲ့အထဲမွာ မပါဝင္ခဲ့ပါဘူး။

အဲဒီျဖစ္ရပ္ဟာ ရန္ကုန္ရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ပ်ံ႕ႏွံ႔မႈ အမ်ားဆုံးေပၚေပါက္ခဲ့ရာ လူစုလူေဝးျပဳလုပ္မႈ တစ္ခု ျဖစ္ခဲပါတယ္။   အဲဒီဘာသာေရးဆိုင္ရာ စုေဝးမႈမွာ ပါဝင္ခဲ့သူတခ်ိဳ႕ကေတာ့ မူလက လူအမ်ားအျပား ပါဝင္ဖို႔ ရည္႐ြယ္ခဲ့ေပမယ့္ ကပ္ေဘးကာလ အမိန႔္ေတြ၊ သတင္း ထုတ္ျပန္ခ်က္ေတြကို သတိျပဳမိေၾကာင့္ လူအနည္းငယ္ပဲ စုေဝးခဲ့ၿပီး က်န္တဲ့ လူအမ်ားစု အြန္လိုင္းကေန ပါဝင္လို႔ရေအာင္ တိုက္႐ိုက္ ထုတ္လႊင့္ခဲ့တယ္လို႔ ေျပာဆိုခဲ့ၾကပါတယ္။

အင္းစိန္ၿမိဳ႕နယ္က အဲဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး ကန႔္ကြက္ေဝဖန္မႈ အမ်ားအျပား ျဖစ္ခဲ့ၿပီး ရန္ကုန္က ထင္ရွားတဲ့ ရဟန္းတစ္ပါးျဖစ္တဲ့ မေကြးေက်ာင္းတိုက္ဆရာေတာ္ ဦးပါေမာကၡက ေစာေဒးဗစ္လားကို ဘာသာသာသနာ ညႇိဳးႏြမ္းေစမႈ ဥပေဒပုဒ္မ ၂၉၅ (က) နဲ႔ မရမ္းကုန္း၊ အင္းစိန္ၿမိဳ႕နယ္တရား႐ုံးေတြမွာ တရားစြဲခဲ့ေပမယ့္ တရား႐ုံးေတြက အမႈကို ပလပ္ခဲ့ပါတယ္။

ဒီေန႔ ႐ုံးထုတ္ရမန္ယူတဲ့ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံးကို ႂကြေရာက္ခဲ့တဲ့ ဦးပါေမာကၡက အမႈဖြင့္ႏိုင္ေရး ဆက္လက္ ႀကိဳးပမ္းသြားမယ္လို႔ မိန႔္ပါတယ္။

“ဥပေဒေပၚေပါက္မႈျဖစ္ပါလ်က္သားနဲ႔ ဥပေဒအတိုင္းမျဖစ္ဘူး ဆိုရင္ေတာ့ ဒါ့ထက္ ဘုန္းႀကီးတို႔ ဆႏၵျပတာတို႔၊ သတင္းစာရွင္းလင္းပြဲလုပ္တာတို႔၊ ေနာက္ထပ္ ဘုန္းႀကီးတို႔ ျမန္မာႏိုင္ငံသားေတြက ေစာေဒးဗစ္လားရဲ႕ ေဟာေျပာခ်က္သည္ ဘာသာေရးပဋိပကၡကို ျဖစ္ေစပါတယ္၊ အဲဒါေၾကာင့္ မိမိတို႔ရဲ႕က်န္းမာေရးကို ခုတုံးလုပ္တယ္၊ ခုတုံးလုပ္ၿပီး ဘာလုပ္သလဲ ဘာသာေရးဘက္ကို မဲဆြယ္တယ္၊ ဒါေၾကာင့္ ဘုန္းႀကီးတို႔က ဘာသာ သာသနာညႇိဳးႏြမ္းေစမႈ ပုဒ္မ ၂၉၅(က)နဲ႔ ဥပေဒလမ္းေၾကာင္းဆုံးေအာင္ ဆက္ၿပီးေတာ့ လမ္းေလွ်ာက္မွာပါ”

ေစာေဒးဗစ္လားနဲ႔ ဦးေဝထြန္းကို မရမ္းကုန္းၿမိဳ႕နယ္ ရဲစခန္းမွာ အမႈဖြင့္ထားသလိုပဲ သင္းအုပ္ဆရာ ေစာကြယ္ဝါး၊ အမႈေတာ္ေဆာင္ ေစာေရဂန္ဒီတို႔ကိုလည္း သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမူဥပေဒပုဒ္မ ၂၅ နဲ႔ပဲ အင္းစိန္ၿမိဳ႕နယ္ ရဲစခန္းမွာ အမႈဖြင့္ထားပါေသးတယ္။ အျပစ္ရွိေၾကာင္း တရား႐ုံးက ဆုံးျဖတ္ရင္ အမ်ားဆုံး ေထာင္ဒဏ္ သုံးႏွစ္အထိ ခ်မွတ္ႏိုင္ၿပီး ေငြဒဏ္လည္းခ်မွတ္ႏိုင္တဲ့ ပုဒ္မ ျဖစ္ပါတယ္။

ကပ္ေဘးကာလ အမိန႔္၊ ၫႊန္ၾကားခ်က္ မလိုက္နာသူေတြကို ေဒသအသီးသီးမွာ အေရးယူတဲ့အခါ အျပစ္ေပးတဲ့ပုံစံ မတူညီတာဟာ လူအခြင့္အေရး ခ်ိဳးေဖာက္မႈျဖစ္တယ္လို႔ Fortify Rights အဖြဲ႕ရဲ႕  ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး ကြၽမ္းက်င္သူ နစ္ကီဒိုင္းမြန္းက ေဝဖန္ပါတယ္။

ရန္ကုန္က တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္ကေတာ့  ဒီလို ျပစ္ဒဏ္မညီမွ်တာဟာ ဥပေဒရဲ႕ အားနည္းခ်က္ ေၾကာင့္ ျဖစ္တယ္၊ အျပစ္ရွိတယ္ဆိုရင္ ျပစ္ဒဏ္အနည္းဆုံး ဘယ္ေလာက္ ခ်မွတ္ရမယ္ဆိုၿပီး တိတိက်က် ျပ႒ာန္းထားရင္ အျငင္းပြားစရာ ျဖစ္လာမွာ မဟုတ္ဘူးလို႔  သုံးသပ္ပါတယ္။

သန႔္ဇင္ဦး / RFA Burmese
---------------------------------------

(Unicode)⤵⤵⤵
တရားဟောဆရာ စောဒေးဗစ်လားကို ချုပ်ရမန်ယူပြီး အင်းစိန်ထောင်ပို့

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး စည်းကမ်းတွေ ထုတ်ပြန်ထားတဲ့ကာလအတွင်း လူစုလူဝေးနဲ့ တရားပွဲ ပြုလုပ်ခဲ့မှုနဲ့  ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ် (ခ) စောဒေးဗစ်လားကို အများဆုံး ထောင်ဒဏ် သုံးနှစ် အထိ ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ မေလ ၂ဝ ရက်နေ့ ဒီနေ့မှာ မရမ်းကုန်မြို့နယ် တရားရုံးမှာ ချုပ်ရမန် ၁၅ ရက်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။

ကပ်ဘေးကာလ အရေးပေါ်အမိန့်တွေ ထုတ်ပြန်ထားချိန်မှာ တရားဟောပွဲပြုလုပ်ခဲ့လို့ ဆိုပြီး တရားဟောဆရာ စောဒေးဗစ်လားကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပြီး ဒီမနက်တော့ သူ့ကို ယာယီထားရှိရာ City Hotel Yangon ကနေ မရမ်းကုန်းမြို့နယ် တရားရုံးကို ခေါ်ဆောင် သွားပြီး ချုပ်ရမန်ယူခဲ့တာဖြစ်ပါတယ်။

ရဲလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ၁၅ ရက်ချုပ်မိန့် ပေးလိုက်တယ်လို့ မရမ်းကုန်မြို့နယ် တရားသူကြိး ဦးမိုးဆွေက သတင်းမီဒီယာတွေကို ပြောပါတယ်။

“ဒီနေ့မှာတော့ မရမ်းကုန်မြို့နယ် ရဲစခန်းရဲ့ (ပ)အမှတ် ၅၈၃/၂၀၂၀ နဲ့ ဦးဒေးဗစ်လား (ခေါ်) စောဒေးဗစ်လား (ခေါ်) ဒေးဗစ်ကို တရားစွဲဆိုတင်ပို့နိုင်ရေးအတွက် အမှုစစ်ရဲအရာရှိကနေ ကျန်တဲ့ ရဲလုပ်ငန်းတွေ ဆောင်ရွက်ဖို့ရန်အတွက် သူ့ကို ၂၀.၅.၂၀၂၀ ရက် ဒီနေ့ကနေပြီးတော့ ၃.၆.၂၀၂၀  ရက်နေ့အထိ အင်းစိန် အကျဉ်းထောင်မှာ ချုပ်ထားဖို့ ချုပ်မိန့်တောင်းလို့ ကျွန်တော်က ချုပ်ထားခွင့် ပြုလိုက်တာပါခင်ဗျ”

တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမပြုလုပ်ဖို့ အစိုးရက ညွှန်ကြားချက် ထုတ်ထားတဲ့ကာလအတွင်း  ဧပြီလ ၇ ရက်နေ့ ညနေပိုင်းက မရမ်းကုန်းမြို့နယ် အမှတ်(၇) ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ညီအကိုများအသင်းတော်ဝန်းထဲမှာ စုဝေးခဲ့တာကြောင့် အမှုဖွင့်တိုင်ကြားခံရတာပါ။ နဝရတ်တေးသံသွင်းက ဦးဝေထွန်းကတော့ Quarantine မပြည့်သေးတာကြောင့် ဒီနေ့ အချုပ်ရမန်ယူတဲ့အထဲမှာ မပါဝင်ခဲ့ပါဘူး။

အဲဒီဖြစ်ရပ်ဟာ ရန်ကုန်ရဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှု အများဆုံးပေါ်ပေါက်ခဲ့ရာ လူစုလူဝေးပြုလုပ်မှု တစ်ခု ဖြစ်ခဲပါတယ်။   အဲဒီဘာသာရေးဆိုင်ရာ စုဝေးမှုမှာ ပါဝင်ခဲ့သူတချို့ကတော့ မူလက လူအများအပြား ပါဝင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ကပ်ဘေးကာလ အမိန့်တွေ၊ သတင်း ထုတ်ပြန်ချက်တွေကို သတိပြုမိကြောင့် လူအနည်းငယ်ပဲ စုဝေးခဲ့ပြီး ကျန်တဲ့ လူအများစု အွန်လိုင်းကနေ ပါဝင်လို့ရအောင် တိုက်ရိုက် ထုတ်လွှင့်ခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

အင်းစိန်မြို့နယ်က အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကန့်ကွက်ဝေဖန်မှု အများအပြား ဖြစ်ခဲ့ပြီး ရန်ကုန်က ထင်ရှားတဲ့ ရဟန်းတစ်ပါးဖြစ်တဲ့ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက စောဒေးဗစ်လားကို ဘာသာသာသနာ ညှိုးနွမ်းစေမှု ဥပဒေပုဒ်မ ၂၉၅ (က) နဲ့ မရမ်းကုန်း၊ အင်းစိန်မြို့နယ်တရားရုံးတွေမှာ တရားစွဲခဲ့ပေမယ့် တရားရုံးတွေက အမှုကို ပလပ်ခဲ့ပါတယ်။

ဒီနေ့ ရုံးထုတ်ရမန်ယူတဲ့ မရမ်းကုန်းမြို့နယ် တရားရုံးကို ကြွရောက်ခဲ့တဲ့ ဦးပါမောက္ခက အမှုဖွင့်နိုင်ရေး ဆက်လက် ကြိုးပမ်းသွားမယ်လို့ မိန့်ပါတယ်။

“ဥပဒေပေါ်ပေါက်မှုဖြစ်ပါလျက်သားနဲ့ ဥပဒေအတိုင်းမဖြစ်ဘူး ဆိုရင်တော့ ဒါ့ထက် ဘုန်းကြီးတို့ ဆန္ဒပြတာတို့၊ သတင်းစာရှင်းလင်းပွဲလုပ်တာတို့၊ နောက်ထပ် ဘုန်းကြီးတို့ မြန်မာနိုင်ငံသားတွေက စောဒေးဗစ်လားရဲ့ ဟောပြောချက်သည် ဘာသာရေးပဋိပက္ခကို ဖြစ်စေပါတယ်၊ အဲဒါကြောင့် မိမိတို့ရဲ့ကျန်းမာရေးကို ခုတုံးလုပ်တယ်၊ ခုတုံးလုပ်ပြီး ဘာလုပ်သလဲ ဘာသာရေးဘက်ကို မဲဆွယ်တယ်၊ ဒါကြောင့် ဘုန်းကြီးတို့က ဘာသာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)နဲ့ ဥပဒေလမ်းကြောင်းဆုံးအောင် ဆက်ပြီးတော့ လမ်းလျှောက်မှာပါ”

စောဒေးဗစ်လားနဲ့ ဦးဝေထွန်းကို မရမ်းကုန်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားသလိုပဲ သင်းအုပ်ဆရာ စောကွယ်ဝါး၊ အမှုတော်ဆောင် စောရေဂန်ဒီတို့ကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဥပဒေပုဒ်မ ၂၅ နဲ့ပဲ အင်းစိန်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားပါသေးတယ်။ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ရင် အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်းချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

ကပ်ဘေးကာလ အမိန့်၊ ညွှန်ကြားချက် မလိုက်နာသူတွေကို ဒေသအသီးသီးမှာ အရေးယူတဲ့အခါ အပြစ်ပေးတဲ့ပုံစံ မတူညီတာဟာ လူအခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ Fortify Rights အဖွဲ့ရဲ့  မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက ဝေဖန်ပါတယ်။

ရန်ကုန်က တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့  ဒီလို ပြစ်ဒဏ်မညီမျှတာဟာ ဥပဒေရဲ့ အားနည်းချက် ကြောင့် ဖြစ်တယ်၊ အပြစ်ရှိတယ်ဆိုရင် ပြစ်ဒဏ်အနည်းဆုံး ဘယ်လောက် ချမှတ်ရမယ်ဆိုပြီး တိတိကျကျ ပြဋ္ဌာန်းထားရင် အငြင်းပွားစရာ ဖြစ်လာမှာ မဟုတ်ဘူးလို့  သုံးသပ်ပါတယ်။

သန့်ဇင်ဦး / RFA Burmese
https://www.rfa.org/burmese/news/send-sawdavidla-to-insein-prison-05202020052455.html
တရားေဟာဆရာ ေစာေဒးဗစ္လားကို ခ်ဳပ္ရမန္ယူၿပီး အင္းစိန္ေထာင္ပို႔ တရားေဟာဆရာ ေစာေဒးဗစ္လားကို ခ်ဳပ္ရမန္ယူၿပီး အင္းစိန္ေထာင္ပို႔ Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.