ေဒါက္တာေအးေမာင္ကို လႊတ္ေတာ္အမတ္အျဖစ္ကေန ႐ုပ္သိမ္း

(Zawgyi)⤵⤵⤵
ရခိုင္အမ်ိဳးသားပါတီ ANP ရဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ေဒါက္တာေအးေမာင္ကို ျပည္သူ႔လႊတ္ေတာ္ ကိုယ္စား လွယ္အျဖစ္ကေန၊ ႐ုပ္သိမ္းေၾကာင္းနဲ႔ ေနာင္က်င္းပမယ့္ ေ႐ြးေကာက္ပြဲေတြမွာလည္း ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ မျပဳေတာ့ေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာလိုက္ပါတယ္။

ႏိုင္ငံေတာ္ ပုန္ကန္မႈ၊ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မေတြနဲ႔ ေထာင္ဒဏ္အႏွစ္ ၂၀ ခ်မွတ္ခံထားရတဲ့ ရခိုင္တိုင္းရင္းသား ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ေဒါက္တာေအးေမာင္ကို ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ အျဖစ္ကေန ႐ုပ္သိမ္းေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ေမလ ၁၈ ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ကေန ႐ုပ္သိမ္းတဲ့အျပင္၊ လာမယ့္ ေ႐ြးေကာက္ပြဲေတြမွာလည္း ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ မရွိေတာ့ေၾကာင္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ေဒါက္တာေအးေမာင္ကို ကိုယ္စားလွယ္အျဖစ္ကေန ႐ုပ္သိမ္းလိုက္တာဟာ၊ ရခိုင္ျပည္သူေတြအေနနဲ႔ ႏိုင္ငံေရး လမ္းေၾကာင္း၊ လႊတ္ေတာ္လမ္းေၾကာင္းအေပၚမွာ စိတ္ကုန္ၿပီးတင္းမာတဲ့ လက္နက္ကိုင္ လမ္းေၾကာင္းကို ေရာက္သြားနိင္တယ္လို႔ ရခိုင္အမ်ိဳးသားပါတီ ANP က ေျမပုံ မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

"တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႕ေတြေတာင္မွ တစ္ဖက္နဲ႔ တစ္ဖက္ သူေသကိုယ္ေသ တိုက္ေနတဲ့ သူေတြေတာင္မွ ဒီပုဒ္မမ်ိဳးနဲ႔ မစြဲဘဲနဲ႔ တရားဝင္ဖြဲ႕တဲ့ ပါတီေခါင္းေဆာင္တစ္ေယာက္ကို ဒီပုဒ္မမ်ိဳးနဲ႔ အေရးယူတယ္ဆိုတာ ေတာ္ေတာ္ေလးကို ျပင္းထန္ၿပီးေတာ့ ဆိုးက်ိဳးေတြ အနာဂတ္မွာ တလြဲအယူအဆေတြ ေပၚေပါက္လာၿပီးေတာ့ လႊတ္ေတာ္လမ္းေၾကာင္း ႏိုင္ငံေရးလမ္းေၾကာင္းေပၚမွာ လူထုစိတ္ကုန္သြားတဲ့ အျဖစ္မ်ိဳးနဲ႔ ႀကဳံသြားရႏိုင္တယ္။ ဒါေၾကာင့္ပိုၿပီးေတာ့ တင္းမာတဲ့ လက္နက္ကိုင္ လမ္းေၾကာင္းေပၚကို ေရာက္သြားႏိုင္တာေပါ့ဗ်ာ"

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ပါတီက ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းသီဟေက်ာ္ ကလည္း၊ ေဒါက္တာေအးေမာင္ကို ကိုယ္စားလွယ္အျဖစ္က ႐ုပ္သိမ္းၿပီး ေ႐ြးေကာက္ပြဲေတြမွာလည္း ဝင္ၿပိဳင္ခြင့္ မရေတာ့တာဟာ သူ႔ကို ႏိုင္ငံေရးေသေအာင္ လုပ္လိုက္တာျဖစ္တယ္လို႔ မွတ္ခ်က္ေပးပါတယ္။

"အခုေၾကညာခ်က္ကို ၾကည့္လိုက္ရင္ ေဒါက္တာေအးေမာင္ကို ေနာင္လာမယ့္ ဘယ္ေ႐ြးေကာက္ပြဲမဆို လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ျဖစ္ခြင့္မရွိေတာ့ဘူး၊ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ မျပဳေတာ့ဘူးေပါ့ေနာ္ အဲေတာ့ သေဘာက ေဒါက္တာေအးေမာင္ကို ႏိုင္ငံေရးကေန ထြက္ခိုင္းလိုက္တဲ့သေဘာ သူ႔ကို လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္လို႔ မရေတာ့ဘူးဆိုရင္ သူ ႏိုင္ငံေရးေသၿပီလို႔ သေဘာမ်ိဳးပဲ သတ္မွတ္လို႔ရတာေပါ့၊ ဒီလို ဆုံးျဖတ္ခ်က္ခ်တာက ေတာ္ေတာ္ေလး ျပင္းထန္တယ္လို႔ က်ေတာ္ေတာ့ ယူဆတယ္"

ေဒါက္တာေအးေမာင္ဟာ ၂၀၁၇ ခုႏွစ္၊ ဧၿပီလ ၁ ရက္ေန႔က က်င္းပခဲ့တဲ့ ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ ရခိုင္ျပည္ နယ္ အမ္းၿမိဳ႕နယ္ကေန ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံခဲ့ရတာပါ။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလက ရေသ့ေတာင္ၿမိဳ႕နယ္မွာ ျပဳလုပ္ခဲ့တဲ့ ရခိုင္အခ်ဳပ္အျခာအာဏာက်ဆုံးျခင္း အထိမ္းအမွတ္အျဖစ္ က်င္းပတဲ့ ေဟာေျပာပြဲမွာ ရခိုင္လက္နက္ကိုင္ေတာ္လွန္ေရးနဲ႔ ပတ္သက္တာေတြကို ထည့္သြင္းေဟာေျပာခဲ့တယ္ဆိုၿပီး ေဒါက္တာေအးေမာင္ကို အစိုးရက တရားစြဲဆိုခဲ့တာပါ။

အဲဒီေနာက္ ႏိုင္ငံေတာ္ပုန္ကန္မႈအတြက္ ေထာင္ဒဏ္ႏွစ္၂၀နဲ႔၊ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈအတြက္၂ ႏွစ္ကို တေပါင္းတည္းက်ခံေစၿပီး၊ စုစုေပါင္းေထာင္ဒဏ္အႏွစ္ ၂၀ က်ခံဖို႔ စစ္ေတြခ႐ိုင္တရား႐ုံးက၂၀၁၉ ခုႏွစ္ မတ္လ ၁၉ ရက္မွာ အမိန႔္ခ်ခဲ့တာပါ။

ေမလ ၁၈ ရက္က ထုတ္ျပန္တဲ့ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ ေၾကညာခ်က္မွာေတာ့ ေဒါက္တာ ေအးေမာင္ဟာ ျပည္သူ႔လႊတ္ေတာ္ ေ႐ြးေကာက္ပြဲဥပေဒ ပုဒ္မ ၁၁ ပုဒ္မခြဲ (ဃ) ပါ ျပဌာန္းခ်က္နဲ႔ ၿငိစြန္းတာေၾကာင့္ တရား႐ုံးက စီရင္ခ်က္အမိန႔္ခ်တဲ့ေန႔ကစၿပီး ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ဆက္လက္ရပ္တည္ပိုင္ခြင့္ မရွိေတာ့ေၾကာင္းနဲ႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံထားရသူအျဖစ္မွ ပယ္ဖ်က္လိုက္ေၾကာင္း ေဖာ္ျပထားပါတယ္။

ျပည္သူ႔လႊတ္ေတာ္ ေ႐ြးေကာက္ပြဲဥပေဒ ပုဒ္မ ၁၁ ပုဒ္မခြဲ (ဃ) မွာ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးေကာက္ တင္ေျမႇာက္ခံရၿပီးေနာက္ တည္ဆဲဥပေဒတစ္ရပ္ရပ္အရ ေထာင္ဒဏ္က်ခံရရင္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဆက္လက္ရပ္တည္ပိုင္ခြင့္ မရွိေစရလို႔ ျပဌာန္းထားပါတယ္။

NLD ပါတီရဲ႕ ျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉး မုံ႐ြာေအာင္ရွင္ကေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္က ဥပေဒအရ အခုလို ထုတ္ျပန္တာျဖစ္ၿပီး ျပစ္ဒဏ္နဲ႔ပတ္သက္ၿပီး ေက်နပ္မႈမရွိရင္ ႏိုင္ငံေတာ္သမၼတဆီျဖစ္ျဖစ္ အယူခံ တက္ပိုင္ခြင့္ရွိမယ္လို႔ ယူဆေၾကာင္း ေျပာပါတယ္။

"ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥပေဒအရ ဒါကို အမိန႔္ကိုခ်တာကို။ ဆိုတဲ့အခါက်ေတာ့ ေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔ပဲ ဆိုင္လိမ့္မယ္လို႔ က်ေတာ္ ထင္တယ္ ဒါက တစ္ခ်က္ေပါ့ေလ။ ႏိုင္ငံေတာ္ သမၼတဆီပဲျဖစ္ျဖစ္ တရားေရးမွာ အျမင့္ဆုံးပုဂၢိဳလ္မ်ားဆီပဲျဖစ္ျဖစ္ ဆက္ၿပီးေတာ့ အယူခံတက္ပိုင္ခြင့္ ရွိလိမ့္မယ္လို႔ေတာ့ ယူဆပါတယ္။ အၿမဲတမ္း တစ္သက္မတ္တည္း မဟုတ္ပါဘူး ဒီဟာေတြကေနာ္။ ႏိုင္ငံေရးဆိုတာ ဒီလိုပဲ ျဖစ္တတ္ပါတယ္"

NLD ပါတီရဲ႕ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္လည္းျဖစ္သလို ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးလည္း ျဖစ္တဲ့ ဦးေအာင္ၾကည္ၫႊန႔္ကေတာ့ ေကာ္မရွင္က အခုလို ထုတ္ျပန္တာဟာ ဥပေဒေၾကာင္းအရ လုပ္တာျဖစ္ၿပီး ကိုယ္စားလွယ္အျဖစ္ ရပ္စဲခံရတဲ့အတြက္ ႏိုင္ငံေရးအရ ဘယ္လိုအက်ိဳးသက္ေရာက္မႈ ရွိႏိုင္မလဲ ဆိုတဲ့အေပၚ မွာေတာ့ သေဘာထားမွတ္ခ်က္ မေပးလိုေၾကာင္း RFA ကို ေျပာပါတယ္။

ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးကေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဥပေဒဟာ စိတ္ပ်က္ဖို႔ေကာင္း ေၾကာင္းနဲ႔ ေဒါက္တာေအးေမာင္ကို အခုလို ကိုယ္စားလွယ္အျဖစ္က ႐ုပ္သိမ္းလိုက္တာဟာ ရခိုင္ျပည္နယ္ ပဋိပကၡ ေျဖရွင္းေရးမွာ ႏိုင္ငံေရးအရ ေကာင္းမြန္တဲ့ကိစၥ မဟုတ္ဘူးလို႔ သုံးသပ္ပါတယ္။

"က်ေတာ္တို႔ နဝတ၊ နအဖ ေခတ္တေလွ်ာက္လုံးမွာ ႏိုင္ငံေတာ္ ပုန္ကန္မႈေတြ အၾကည္ညိဳပ်က္မႈေတြနဲ႔ တရားစြဲဆိုျခင္း ခံရတဲ့သူေတြဟာ ဒီ ၂၀၀၈ ဖြဲ႕စည္းပုံေအာက္မွာ ေ႐ြးေကာက္ပြဲဝင္ခြင့္ရေနတဲ့ ကာလမွာ လက္ရွိ ဒီမိုကေရစီရပါၿပီဆိုတဲ့ကာလမွာ ဒီႏိုင္ငံေတာ္ ပုန္ကန္မႈနဲ႔ ေထာင္က်လို႔ အခုသက္တမ္းတင္မက ေနာင္သက္တမ္းေတြပါ ဝင္မၿပိဳင္ရဘူးဆိုတဲ့ ေ႐ြးေကာက္ပြဲ ဥပေဒကေတာ့ အေတာ္စိတ္ပ်က္စရာ ေကာင္းတယ္လို႔ပဲ ျမင္ပါတယ္။ ဒါဥပေဒေၾကာင္းအရ ေျပာမယ္ဆိုရင္ ဒုတိယ ႏိုင္ငံေရးအရ ေျပာမယ္ဆိုရင္ ရခိုင္ျပႆနာက သဲႀကီးမဲႀကီးနဲ႔ ဒီေလာက္တင္းမာၿပီးေတာ့ ပဋိပကၡေတြ ျပင္းထန္ေနခ်ိန္မွာ ေတြ႕ဆုံေဆြး ေႏြးအေျဖရွာဖို႔ လိုအပ္ေနတယ္လို႔ က်ေတာ္ တစ္ဦးခ်င္းအရ ျမင္ေနတဲ့အခ်ိန္ကာလမွာ ၿမိဳ႕ေပၚႏိုင္ငံေရး သမားတစ္ေယာက္ကို ျပင္းထန္တဲ့ ျပစ္ဒဏ္ေတြ ခ်မွတ္တာေရာ ဥပေဒအရဆိုၿပီး ေ႐ြးေကာက္ပြဲမွာ ထပ္ယွဥ္ ၿပိဳင္ခြင့္ မျပဳတာေရာက ျမန္မာႏိုင္ငံေရးအတြက္ မေကာင္းပါဘူး၊ အထူးသျဖင့္ ရခိုင္ျပႆနာေျဖရွင္းေရး အတြက္ ႏိုင္ငံေရးအရေတာ့ ေကာင္းမြန္တဲ့ ကိစၥမဟုတ္ဘူးလို႔ ျမင္ပါတယ္"

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး RFA က ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကို ဖုန္းနဲ႔ ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းျပန္လည္ေျဖၾကားျခင္း မရွိပါဘူး။

ရခိုင္တိုင္းရင္းသား ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ေဒါက္တာေအးေမာင္ကို ၂၀၁၈ ဇန္နဝါရီလကတည္းက ဖမ္းဆီး တရားစြဲခဲ့တာမို႔ အခုဆိုရင္ ေထာင္ထဲမွာ အက်ဥ္းခ်ခံထားရတာ ၂ ႏွစ္ေက်ာ္ၿပီ ျဖစ္ပါတယ္။  ၿပီးခဲ့တဲ့ ႏွစ္ဆန္း တစ္ရက္ သမၼတရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္မွာ ေဒါက္တာေအးေမာင္ ျပန္လြတ္လာဖို႔ သူ႔မိသားစုနဲ႔ ရခိုင္ျပည္သူ ေတြက ေမွ်ာ္လင့္ခဲ့ေပမယ့္ ျပန္လြတ္မလာခဲ့ပါဘူး။ ဒါေပမဲ့ အဲဒီႏွစ္ဆန္းတစ္ရက္ေန႔မွာပဲ သမၼတအမိန႔္နဲ႔ ေထာင္ဒဏ္ ႏွစ္ ၄၀ ‌ေအာက္ က်ခံေနရသူေတြကို ေထာင္ဒဏ္ ေလးပုံ တစ္ပုံ ေလ်ာ့ေပါ့လိုက္တာေၾကာင့္ ေဒါက္တာေအးေမာင္က ေထာင္ဒဏ္ ႏွစ္ ၂၀ ကေန ၁၅ ႏွစ္သာ က်ခံရမွာျဖစ္ပါတယ္။

သက္စုေအာင္ ၊ သီဟထြန္း / RFA Burmese
------------------------------------------------

(Unicode)⤵⤵⤵
ဒေါက်တာအေးမောင်ကို လွှတ်တော်အမတ်အဖြစ်ကနေ ရုပ်သိမ်း

ရခိုင်အမျိုးသားပါတီ ANP ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ်ကနေ၊ ရုပ်သိမ်းကြောင်းနဲ့ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာလည်း ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုတော့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။

နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရတဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ ရုပ်သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေလ ၁၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းတဲ့အပြင်၊ လာမယ့် ရွေးကောက်ပွဲတွေမှာလည်း ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေါက်တာအေးမောင်ကို ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းလိုက်တာဟာ၊ ရခိုင်ပြည်သူတွေအနေနဲ့ နိုင်ငံရေး လမ်းကြောင်း၊ လွှတ်တော်လမ်းကြောင်းအပေါ်မှာ စိတ်ကုန်ပြီးတင်းမာတဲ့ လက်နက်ကိုင် လမ်းကြောင်းကို ရောက်သွားနိင်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP က မြေပုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေတောင်မှ တစ်ဖက်နဲ့ တစ်ဖက် သူသေကိုယ်သေ တိုက်နေတဲ့ သူတွေတောင်မှ ဒီပုဒ်မမျိုးနဲ့ မစွဲဘဲနဲ့ တရားဝင်ဖွဲ့တဲ့ ပါတီခေါင်းဆောင်တစ်ယောက်ကို ဒီပုဒ်မမျိုးနဲ့ အရေးယူတယ်ဆိုတာ တော်တော်လေးကို ပြင်းထန်ပြီးတော့ ဆိုးကျိုးတွေ အနာဂတ်မှာ တလွဲအယူအဆတွေ ပေါ်ပေါက်လာပြီးတော့ လွှတ်တော်လမ်းကြောင်း နိုင်ငံရေးလမ်းကြောင်းပေါ်မှာ လူထုစိတ်ကုန်သွားတဲ့ အဖြစ်မျိုးနဲ့ ကြုံသွားရနိုင်တယ်။ ဒါကြောင့်ပိုပြီးတော့ တင်းမာတဲ့ လက်နက်ကိုင် လမ်းကြောင်းပေါ်ကို ရောက်သွားနိုင်တာပေါ့ဗျာ"

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော် ကလည်း၊ ဒေါက်တာအေးမောင်ကို ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းပြီး ရွေးကောက်ပွဲတွေမှာလည်း ဝင်ပြိုင်ခွင့် မရတော့တာဟာ သူ့ကို နိုင်ငံရေးသေအောင် လုပ်လိုက်တာဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

"အခုကြေညာချက်ကို ကြည့်လိုက်ရင် ဒေါက်တာအေးမောင်ကို နောင်လာမယ့် ဘယ်ရွေးကောက်ပွဲမဆို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဖြစ်ခွင့်မရှိတော့ဘူး၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုတော့ဘူးပေါ့နော် အဲတော့ သဘောက ဒေါက်တာအေးမောင်ကို နိုင်ငံရေးကနေ ထွက်ခိုင်းလိုက်တဲ့သဘော သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်လို့ မရတော့ဘူးဆိုရင် သူ နိုင်ငံရေးသေပြီလို့ သဘောမျိုးပဲ သတ်မှတ်လို့ရတာပေါ့၊ ဒီလို ဆုံးဖြတ်ချက်ချတာက တော်တော်လေး ပြင်းထန်တယ်လို့ ကျတော်တော့ ယူဆတယ်"

ဒေါက်တာအေးမောင်ဟာ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်ပြည် နယ် အမ်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတာပါ။

၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ဟောပြောပွဲမှာ ရခိုင်လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်တာတွေကို ထည့်သွင်းဟောပြောခဲ့တယ်ဆိုပြီး ဒေါက်တာအေးမောင်ကို အစိုးရက တရားစွဲဆိုခဲ့တာပါ။

အဲဒီနောက် နိုင်ငံတော်ပုန်ကန်မှုအတွက် ထောင်ဒဏ်နှစ်၂၀နဲ့၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုအတွက်၂ နှစ်ကို တပေါင်းတည်းကျခံစေပြီး၊ စုစုပေါင်းထောင်ဒဏ်အနှစ် ၂၀ ကျခံဖို့ စစ်တွေခရိုင်တရားရုံးက၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်မှာ အမိန့်ချခဲ့တာပါ။

မေလ ၁၈ ရက်က ထုတ်ပြန်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကြေညာချက်မှာတော့ ဒေါက်တာ အေးမောင်ဟာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ (ဃ) ပါ ပြဌာန်းချက်နဲ့ ငြိစွန်းတာကြောင့် တရားရုံးက စီရင်ချက်အမိန့်ချတဲ့နေ့ကစပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ဖော်ပြထားပါတယ်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ (ဃ) မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထောင်ဒဏ်ကျခံရရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရလို့ ပြဌာန်းထားပါတယ်။

NLD ပါတီရဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ ရွေးကောက်ပွဲကော်မရှင်က ဥပဒေအရ အခုလို ထုတ်ပြန်တာဖြစ်ပြီး ပြစ်ဒဏ်နဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိရင် နိုင်ငံတော်သမ္မတဆီဖြစ်ဖြစ် အယူခံ တက်ပိုင်ခွင့်ရှိမယ်လို့ ယူဆကြောင်း ပြောပါတယ်။

"ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ ဒါကို အမိန့်ကိုချတာကို။ ဆိုတဲ့အခါကျတော့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပဲ ဆိုင်လိမ့်မယ်လို့ ကျတော် ထင်တယ် ဒါက တစ်ချက်ပေါ့လေ။ နိုင်ငံတော် သမ္မတဆီပဲဖြစ်ဖြစ် တရားရေးမှာ အမြင့်ဆုံးပုဂ္ဂိုလ်များဆီပဲဖြစ်ဖြစ် ဆက်ပြီးတော့ အယူခံတက်ပိုင်ခွင့် ရှိလိမ့်မယ်လို့တော့ ယူဆပါတယ်။ အမြဲတမ်း တစ်သက်မတ်တည်း မဟုတ်ပါဘူး ဒီဟာတွေကနော်။ နိုင်ငံရေးဆိုတာ ဒီလိုပဲ ဖြစ်တတ်ပါတယ်"

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ်သလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်တဲ့ ဦးအောင်ကြည်ညွှန့်ကတော့ ကော်မရှင်က အခုလို ထုတ်ပြန်တာဟာ ဥပဒေကြောင်းအရ လုပ်တာဖြစ်ပြီး ကိုယ်စားလှယ်အဖြစ် ရပ်စဲခံရတဲ့အတွက် နိုင်ငံရေးအရ ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတဲ့အပေါ် မှာတော့ သဘောထားမှတ်ချက် မပေးလိုကြောင်း RFA ကို ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေဟာ စိတ်ပျက်ဖို့ကောင်း ကြောင်းနဲ့ ဒေါက်တာအေးမောင်ကို အခုလို ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းလိုက်တာဟာ ရခိုင်ပြည်နယ် ပဋိပက္ခ ဖြေရှင်းရေးမှာ နိုင်ငံရေးအရ ကောင်းမွန်တဲ့ကိစ္စ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

"ကျတော်တို့ နဝတ၊ နအဖ ခေတ်တလျှောက်လုံးမှာ နိုင်ငံတော် ပုန်ကန်မှုတွေ အကြည်ညိုပျက်မှုတွေနဲ့ တရားစွဲဆိုခြင်း ခံရတဲ့သူတွေဟာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရွေးကောက်ပွဲဝင်ခွင့်ရနေတဲ့ ကာလမှာ လက်ရှိ ဒီမိုကရေစီရပါပြီဆိုတဲ့ကာလမှာ ဒီနိုင်ငံတော် ပုန်ကန်မှုနဲ့ ထောင်ကျလို့ အခုသက်တမ်းတင်မက နောင်သက်တမ်းတွေပါ ဝင်မပြိုင်ရဘူးဆိုတဲ့ ရွေးကောက်ပွဲ ဥပဒေကတော့ အတော်စိတ်ပျက်စရာ ကောင်းတယ်လို့ပဲ မြင်ပါတယ်။ ဒါဥပဒေကြောင်းအရ ပြောမယ်ဆိုရင် ဒုတိယ နိုင်ငံရေးအရ ပြောမယ်ဆိုရင် ရခိုင်ပြဿနာက သဲကြီးမဲကြီးနဲ့ ဒီလောက်တင်းမာပြီးတော့ ပဋိပက္ခတွေ ပြင်းထန်နေချိန်မှာ တွေ့ဆုံဆွေး နွေးအဖြေရှာဖို့ လိုအပ်နေတယ်လို့ ကျတော် တစ်ဦးချင်းအရ မြင်နေတဲ့အချိန်ကာလမှာ မြို့ပေါ်နိုင်ငံရေး သမားတစ်ယောက်ကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်တာရော ဥပဒေအရဆိုပြီး ရွေးကောက်ပွဲမှာ ထပ်ယှဉ် ပြိုင်ခွင့် မပြုတာရောက မြန်မာနိုင်ငံရေးအတွက် မကောင်းပါဘူး၊ အထူးသဖြင့် ရခိုင်ပြဿနာဖြေရှင်းရေး အတွက် နိုင်ငံရေးအရတော့ ကောင်းမွန်တဲ့ ကိစ္စမဟုတ်ဘူးလို့ မြင်ပါတယ်"

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး RFA က ရွေးကောက်ပွဲ ကော်မရှင်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ၂၀၁၈ ဇန်နဝါရီလကတည်းက ဖမ်းဆီး တရားစွဲခဲ့တာမို့ အခုဆိုရင် ထောင်ထဲမှာ အကျဉ်းချခံထားရတာ ၂ နှစ်ကျော်ပြီ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ နှစ်ဆန်း တစ်ရက် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒေါက်တာအေးမောင် ပြန်လွတ်လာဖို့ သူ့မိသားစုနဲ့ ရခိုင်ပြည်သူ တွေက မျှော်လင့်ခဲ့ပေမယ့် ပြန်လွတ်မလာခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီနှစ်ဆန်းတစ်ရက်နေ့မှာပဲ သမ္မတအမိန့်နဲ့ ထောင်ဒဏ် နှစ် ၄၀ ‌အောက် ကျခံနေရသူတွေကို ထောင်ဒဏ် လေးပုံ တစ်ပုံ လျော့ပေါ့လိုက်တာကြောင့် ဒေါက်တာအေးမောင်က ထောင်ဒဏ် နှစ် ၂၀ ကနေ ၁၅ နှစ်သာ ကျခံရမှာဖြစ်ပါတယ်။

သက်စုအောင် ၊ သီဟထွန်း / RFA Burmese
https://www.rfa.org/burmese/news/dr-ayemaung-parliament-mp-remove-05202020064517.html
ေဒါက္တာေအးေမာင္ကို လႊတ္ေတာ္အမတ္အျဖစ္ကေန ႐ုပ္သိမ္း ေဒါက္တာေအးေမာင္ကို လႊတ္ေတာ္အမတ္အျဖစ္ကေန ႐ုပ္သိမ္း Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.