ထိုင္းေရာက္ျမန္မာလုပ္သားေတြ ဇြန္လဆန္းမွ ေနရပ္ျပန္ခြင့္ရမည္

(Zawgyi)⤵⤵⤵
ကို႐ိုနာထိန္းခ်ဳပ္ကာကြယ္ေရးအတြက္ ထိုင္းႏိုင္ငံအတြင္း အေရးအေပၚေၾကညာခ်က္ေတြ ႐ုပ္သိမ္းမယ့္ ဇြန္လ ဆန္းမွ တာ့ခ္ခ႐ိုင္ထဲက နယ္စပ္ဂိတ္ကို ဖြင့္လွစ္မယ္လို႔ ထိုင္းအစိုးရက ေမ ၆ ရက္ မေန႔က သတင္းထုတ္ျပန္ လိုက္ပါတယ္။

အဲဒီထုတ္ျပန္ခ်က္ေၾကာင့္ ဒီလအတြင္း ေနရပ္ျပန္ဖို႔ ႀကိဳးစားေနတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြ အခက္ေတြ႕ေနပါတယ္။

ထိုင္းအာဏာပိုင္ေတြရဲ႕ မေန႔က ထုတ္ျပန္ခ်က္ေၾကာင့္ ျမန္မာအစိုးရ မူလစီစဥ္ထားတဲ့ ေမလအတြင္း အလုပ္ သမားေတြ ျပန္လည္လက္ခံေရးဟာ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ျမန္မာျပည္သားမ်ားအေရး ပူးတြဲလႈပ္ရွားမႈေကာ္မတီ ဥကၠ႒ ဦးမိုးႀကိဳးက ေျပာပါတယ္။

“ထိုင္းနဲ႔ ျမန္မာတာဝန္ရွိတဲ့သူေတြ မူလသေဘာတူထားတဲ့ ေမလ ၁ ရက္ေန႔မွာ တရားဝင္ ေနရပ္ျပန္မယ္အစီစဥ္ တစ္ရက္ကို လူ ၂၅၀၀ ႏႈန္းနဲ႔ ေနရပ္ျပန္မယ္၊ ဒီေၾကညာခ်က္အရဆိုရင္ ေမလ၁ရက္ေန႔ ေနရပ္ျပန္မယ့္ အစီအစဥ္ ဟာ ပ်က္ျပယ္သြားၿပီဆိုတာကို ထိုင္းဘက္က တရားဝင္အသိေပးလိုက္တာပဲ”

ျပန္လက္ခံဖို႔ အသင့္ျဖစ္ေနတဲ့ ျမန္မာဘက္ကေတာ့ အလုပ္သမားေတြျပန္လာဖို႔ အခက္အခဲျဖစ္ေနတဲ့ အေျခအေနကို သိရွိေၾကာင္း  ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေတဇေအာင္ က ေျပာပါတယ္။

“ေမ ၁ ရက္ေန႔ကတည္းက လက္ခံေနၿပီျဖစ္ပါတယ္၊ ႏွစ္ႏိုင္ငံလည္းညႇိၿပီးသား သို႔ေသာ္လည္းပဲ ထိုင္းႏိုင္ငံက အေရးေပၚအေျခအေနကို တလတိုးလိုက္တာကို၊ ဒီလိုတိုးလိုက္တဲ့အတြက္ ျမန္မာႏိုင္ငံသားေတြျပန္လာဖို႔က ျပည္နယ္ေက်ာ္၊ ခ႐ိုင္ေက်ာ္ ခရီးသြားလို႔ မရဘူးျဖစ္သြားတယ္၊ ေနာက္တခါ ညဘက္ထြက္လို႔မရဘူး၊ အဲအခ်က္နဲ႔ ၿငိၿပီးေတာ့ မူလတုန္းက တရက္ကို ၂၅၀၀ သြားလို႔ရေအာင္စီစဥ္တာ သို႔ေသာ္လည္း လက္ေတြ႕မွာ ၂၅၀၀ ရဖို႔က အခက္အခဲရွိတာေပါ့”

ျမန္မာႏိုင္ငံဘက္က ျမဝတီအမွတ္ ၂ တံတားကေန ေမလ ၁ ရက္ေန႔ကေန စတင္လက္ခံေနပါတယ္။ ဒါေပမဲ့ ျမန္မာလုပ္သားေတြ ျဖတ္သန္းလာရမယ့္ တာ့ခ္ခ႐ိုင္ဘက္က အဝင္အထြက္ဂိတ္ကို လာမယ့္ ဇြန္ ၁ရက္ေန႔မွသာ ဖြင့္မွာပါ။

အဲဒီေၾကညာခ်က္မွာ တာ့ခ္ခ႐ိုင္အတြင္း အေရးေပၚေၾကညာခ်က္ေတြ ႐ုပ္သိမ္းလိုက္တဲ့ေနာက္ပိုင္း ျမန္မာ အလုပ္သမား ေျခာက္ေသာင္းခြဲေက်ာ္ ျပန္လည္ဝင္ေရာက္ႏိုင္မွာျဖစ္ၿပီး တစ္ရက္ကို ပ်မ္းမွ် ၂၅၀၀ ႏႈန္းနဲ႔ ထိုင္းျမန္မာခ်စ္ၾကည္ေရးတံတား ၂ ကေန ဝင္ေရာက္ေစမယ္လို႔ ေရးသားထားပါတယ္။ အဲဒီအစီအစဥ္ကို ဒီလ ၁ရက္ေန႔မွာ စတင္ဖို႔ ႏွစ္ႏိုင္ငံ အစိုးရ သေဘာတူခဲ့ၾကေပမယ့္ ဒီသေဘာတူညီမႈ ပ်က္ျပယ္သြားတဲ့ သေဘာျဖစ္ တယ္လို႔ ျမန္မာျပည္သားအေရး ပူးတြဲလႈပ္ရွားမႈေကာ္မတီဥကၠ႒ ဦးမိုးႀကိဳး က ေျပာပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေကာင္စစ္ေရးရာနဲ႔ ဥပေဒေရးရာၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ေက်ာ္ဇံ က ထိုင္းအစိုးရနဲ႔ ထပ္မံညႇိႏႈိင္းေနေပမယ့္  သေဘာတူညီမႈ မရေသးဘူးလို႔ ေျပာပါတယ္။

“က်ေနာ္တို႔ဘက္က ညမထြက္ရရွိသလို သူတို႔ဘက္မွာလည္း ညမထြက္ရရွိတာေၾကာင့္ အဲအခ်ိန္ကိုေရွာင္ၿပီး မနက္ ၈ နာရီကေန ည ၁၁နာရီ ညႇိႏႈိင္းတာက ဘန္ေကာက္ကားဂိတ္ကေန ကားေတြထြက္လာမယ္ ဒီဘက္ကို ျမဝတီတံတား၂ အထိကို ၂၅၀၀ ႏႈန္းနဲ႔ စိစစ္လက္ခံၿပီးေတာ့ ဟိုဘက္ကေနစီစဥ္ေပးဖို႔ ညႇိႏႈိင္းထားတာကေတာ့ ခုထိလုံးဝအဆင္ေျပသြားတယ္၊ စလႊတ္ေတာ့မယ္ဆိုတဲ့ သတင္းေတာ့ မရေသးဘူးခင္ဗ်”

လက္ရွိ ထိုင္းႏိုင္ငံထဲမွာ လုပ္ငန္းကိုင္ငန္း ရပ္ဆိုင္းထားမႈ၊ ကူးစက္ေရာဂါ ကာကြယ္ေရး အစီအစဥ္တို႔ေၾကာင့္ ျမန္မာလုပ္သား အေတာ္မ်ားမ်ားဟာ အလုပ္လက္မဲ့ ျဖစ္ေနၾကတာပါ။ ဒီအေျခအေနနဲ႔ ေနာက္ထပ္ တစ္လ ေလာက္ ထိုင္းႏိုင္ငံထဲမွာ ထပ္ေနရမွာျဖစ္လို႔  စားဝတ္ေနေရးအခက္အခဲေတြ၊ ေငြေၾကးအခက္အခဲေတြနဲ႔ ႀကဳံေနရၿပီလို႔ အလုပ္သမားေတြက ေျပာပါတယ္။

“အစိုးရကိုေျပာခ်င္တာက လမ္းေလးဖြင့္ေပးေစခ်င္တယ္၊ ဒီမွာစားဖို႔ေသာက္ဖို႔က ေတာ္ေတာ္အခက္အခဲ ျဖစ္ေနတာ၊ သူေဌးကလည္း အလုပ္အဆင္းမခံေတာ့ဘူး စားဖို႔ေသာက္ဖို႔လည္းမရွိဘူး လမ္းစရိတ္ေလာက္ပဲ ရွိေတာ့တယ္”

ဘန္ေကာက္ၿမိဳ႕က ျမန္မာလုပ္သား ကိုေက်ာ္သူရ က ေျပာသြားတာပါ။

ျမန္မာလုပ္သားေတြ ဘယ္အခ်ိန္မွာ ေနရပ္ျပန္ခြင့္ရမယ္ဆိုတာကို ျမန္မာအစိုးရအေနနဲ႔လည္း တိတိက်က် သတင္းထုတ္ျပန္ေပးသင့္တယ္လို႔ အလုပ္သမားအေရးေဆာင္႐ြက္ေနသူေတြနဲ႔ အလုပ္သမားေတြက ေတာင္း ဆိုလိုက္ပါတယ္။

ပါက်န္ဘူရီခ႐ိုင္မွာ အလုပ္လုပ္ေနတဲ့ ေမာင္ကိုကိုဦး က ျမန္မာလုပ္သားေတြအတြက္ ျမန္မာအစိုးရဘက္က တိတိက်က် ၫႊန္ၾကားခ်က္ေပးဖို႔ ေျပာပါတယ္။

“အစိုးရအေနနဲ႔ တိတိက်က် ဘယ္ေန႔ဖြင့္ေပးမယ္၊ သြားလမ္းလာလမ္းေျဖာင့္တယ္ အဲလိုအသံမ်ိဳးပဲ တိတိ က်က်ၾကားခ်င္တာ၊ အခုက်ေတာ့ ျမန္မာျပည္က ကိုယ္မိဘကဖုန္းဆက္ရင္ေတာင္ ဘယ္ေန႔ျပန္လာမလဲေမးရင္ ေျဖလို႔မရဘူး၊ ဘယ္ေန႔ျပန္လို႔ရမယ္ဆိုတာကို သတင္းေတြထုတ္ၿပီး ထုတ္တဲ့ေနမွာပဲ တကယ္ျပန္လို႔ရေအာင္ ႏွစ္ဦးႏွစ္ဖက္ညႇိႏႈိင္းေစခ်င္တယ္”

သန္းနဲ႔ခ်ီတဲ့ ျမန္မာလုပ္သားေတြ အလြယ္တကူေနရပ္ျပန္ႏိုင္ေအာင္ အမိန႔္၊ ၫႊန္ၾကားခ်က္ေတြကို ေျဖေလွ်ာ့ မေပးဘဲ တင္းက်ပ္ထားတာဟာ ေ႐ႊ႕ေျပာင္းလုပ္သားေတြအားလုံး ေနရပ္ျပန္မွာကို လိုလားပုံမရတာေၾကာင့္လည္း ျဖစ္ႏိုင္တယ္လို႔ အလုပ္သမားအေရးေဆာင္႐ြက္ေနတဲ့ ျမန္မာျပည္သားအေရး ပူးတြဲလႈပ္ရွားမႈေကာ္မတီဥကၠ႒ ဦးမိုးႀကိဳး က သုံးသပ္ပါတယ္။

“ျဖစ္ႏိုင္ေျခရွိတာကေတာ့ ကြၽမ္းက်င္လုပ္သားေတြျဖစ္တဲ့ ထိုင္းမွာရွိတဲ့ ျမန္မာေ႐ြ႕ေျပာင္းအလုပ္သမားေတြကို သူတို႔ရဲ႕လုပ္ငန္းရွင္ေတြက လက္မလႊတ္ခ်င္ဘူး၊ ေနာက္သူတို႔ရဲ႕အစိုးရက လက္မလႊတ္ခ်င္ဘူး၊ ေနာက္ထိုင္း ႏိုင္ငံရဲ႕ ဘက္ေပါင္းစုံက်ဆင္းေနတဲ့ စီးပြားေရးမွာ ေ႐ႊ႕ေျပာင္းလုပ္သားေတြရဲ႕ အခန္းက႑ကအေရးႀကီးတယ္၊ အဲအတြက္ေၾကာင့္ ထိုင္းႏိုင္ငံျပန္တည္ၿငိမ္လာရင္ ကုန္သြယ္ေရးနဲ႔ စီးပြားေရးကို ျပန္လည္ၿပီးေတာ့ သူတို႔ ေ႐ႊ႕ေျပာင္းလုပ္သားေတြရဲ႕အားနဲ႔ တည္ေဆာက္ခ်င္တဲ့သေဘာလည္း သက္ေရာက္တယ္”

ေ႐ႊ႕ေျပာင္းလုပ္သားေတြကို ထိုင္းအစိုးရက စားနပ္ရိကၡာေထာက္ပံ့တာမရွိသလို အလုပ္ရွင္ အမ်ားစုကလည္း အလုပ္ထုတ္ေပမယ့္ နစ္နာေၾကးေပးတာမ်ိဳးေတြ မရွိပါဘူး။

လက္ရွိထိုင္းႏိုင္ငံမွာ ျမန္မာလုပ္သား ၃ သန္းနီးပါးရွိၿပီး ေနရပ္ျပန္ဖို႔အတြက္ သံ႐ုံးမွာ စာရင္းေပးထားသူ ႏွစ္ေသာင္းေက်ာ္ ရွိပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ေ႐ႊ႕ေျပာင္းလုပ္သား တစ္သိန္းခြဲနီးပါး ေနရပ္ ျပန္လာႏိုင္တယ္လို႔ မြန္၊ ကရင္၊ တနသၤာရီဝန္ႀကီးခ်ဳပ္ေတြနဲ႔ အြန္လိုင္းေတြဆုံပြဲမွာ ထည့္သြင္းေျပာၾကားသြား ခဲ့ပါတယ္။

ထိုင္းႏိုင္ငံမွာရွိတဲ့ ျမန္မာအလုပ္သားေတြကေတာ့ ဘယ္ေန႔ေနရပ္ျပန္ရမလဲဆိုတာ တိတိက်က် မသိရေသးဘဲ စားေသာက္ေနထိုင္ဖို႔ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ေက်ာ္လြင္ဦး / RFA Burmese
-------------------------------------
(Unicode)⤵⤵⤵
ထိုင်းရောက်မြန်မာလုပ်သားတွေ ဇွန်လဆန်းမှ နေရပ်ပြန်ခွင့်ရမည်

ကိုရိုနာထိန်းချုပ်ကာကွယ်ရေးအတွက် ထိုင်းနိုင်ငံအတွင်း အရေးအပေါ်ကြေညာချက်တွေ ရုပ်သိမ်းမယ့် ဇွန်လ ဆန်းမှ တာ့ခ်ခရိုင်ထဲက နယ်စပ်ဂိတ်ကို ဖွင့်လှစ်မယ်လို့ ထိုင်းအစိုးရက မေ ၆ ရက် မနေ့က သတင်းထုတ်ပြန် လိုက်ပါတယ်။

အဲဒီထုတ်ပြန်ချက်ကြောင့် ဒီလအတွင်း နေရပ်ပြန်ဖို့ ကြိုးစားနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အခက်တွေ့နေပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ မနေ့က ထုတ်ပြန်ချက်ကြောင့် မြန်မာအစိုးရ မူလစီစဉ်ထားတဲ့ မေလအတွင်း အလုပ် သမားတွေ ပြန်လည်လက်ခံရေးဟာ မဖြစ်နိုင်တော့ဘူးလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ထိုင်းနဲ့ မြန်မာတာဝန်ရှိတဲ့သူတွေ မူလသဘောတူထားတဲ့ မေလ ၁ ရက်နေ့မှာ တရားဝင် နေရပ်ပြန်မယ်အစီစဉ် တစ်ရက်ကို လူ ၂၅၀၀ နှုန်းနဲ့ နေရပ်ပြန်မယ်၊ ဒီကြေညာချက်အရဆိုရင် မေလ၁ရက်နေ့ နေရပ်ပြန်မယ့် အစီအစဉ် ဟာ ပျက်ပြယ်သွားပြီဆိုတာကို ထိုင်းဘက်က တရားဝင်အသိပေးလိုက်တာပဲ”

ပြန်လက်ခံဖို့ အသင့်ဖြစ်နေတဲ့ မြန်မာဘက်ကတော့ အလုပ်သမားတွေပြန်လာဖို့ အခက်အခဲဖြစ်နေတဲ့ အခြေအနေကို သိရှိကြောင်း  မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇအောင် က ပြောပါတယ်။

“မေ ၁ ရက်နေ့ကတည်းက လက်ခံနေပြီဖြစ်ပါတယ်၊ နှစ်နိုင်ငံလည်းညှိပြီးသား သို့သော်လည်းပဲ ထိုင်းနိုင်ငံက အရေးပေါ်အခြေအနေကို တလတိုးလိုက်တာကို၊ ဒီလိုတိုးလိုက်တဲ့အတွက် မြန်မာနိုင်ငံသားတွေပြန်လာဖို့က ပြည်နယ်ကျော်၊ ခရိုင်ကျော် ခရီးသွားလို့ မရဘူးဖြစ်သွားတယ်၊ နောက်တခါ ညဘက်ထွက်လို့မရဘူး၊ အဲအချက်နဲ့ ငြိပြီးတော့ မူလတုန်းက တရက်ကို ၂၅၀၀ သွားလို့ရအောင်စီစဉ်တာ သို့သော်လည်း လက်တွေ့မှာ ၂၅၀၀ ရဖို့က အခက်အခဲရှိတာပေါ့”

မြန်မာနိုင်ငံဘက်က မြဝတီအမှတ် ၂ တံတားကနေ မေလ ၁ ရက်နေ့ကနေ စတင်လက်ခံနေပါတယ်။ ဒါပေမဲ့ မြန်မာလုပ်သားတွေ ဖြတ်သန်းလာရမယ့် တာ့ခ်ခရိုင်ဘက်က အဝင်အထွက်ဂိတ်ကို လာမယ့် ဇွန် ၁ရက်နေ့မှသာ ဖွင့်မှာပါ။

အဲဒီကြေညာချက်မှာ တာ့ခ်ခရိုင်အတွင်း အရေးပေါ်ကြေညာချက်တွေ ရုပ်သိမ်းလိုက်တဲ့နောက်ပိုင်း မြန်မာ အလုပ်သမား ခြောက်သောင်းခွဲကျော် ပြန်လည်ဝင်ရောက်နိုင်မှာဖြစ်ပြီး တစ်ရက်ကို ပျမ်းမျှ ၂၅၀၀ နှုန်းနဲ့ ထိုင်းမြန်မာချစ်ကြည်ရေးတံတား ၂ ကနေ ဝင်ရောက်စေမယ်လို့ ရေးသားထားပါတယ်။ အဲဒီအစီအစဉ်ကို ဒီလ ၁ရက်နေ့မှာ စတင်ဖို့ နှစ်နိုင်ငံ အစိုးရ သဘောတူခဲ့ကြပေမယ့် ဒီသဘောတူညီမှု ပျက်ပြယ်သွားတဲ့ သဘောဖြစ် တယ်လို့ မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုး က ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံ က ထိုင်းအစိုးရနဲ့ ထပ်မံညှိနှိုင်းနေပေမယ့်  သဘောတူညီမှု မရသေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ဘက်က ညမထွက်ရရှိသလို သူတို့ဘက်မှာလည်း ညမထွက်ရရှိတာကြောင့် အဲအချိန်ကိုရှောင်ပြီး မနက် ၈ နာရီကနေ ည ၁၁နာရီ ညှိနှိုင်းတာက ဘန်ကောက်ကားဂိတ်ကနေ ကားတွေထွက်လာမယ် ဒီဘက်ကို မြဝတီတံတား၂ အထိကို ၂၅၀၀ နှုန်းနဲ့ စိစစ်လက်ခံပြီးတော့ ဟိုဘက်ကနေစီစဉ်ပေးဖို့ ညှိနှိုင်းထားတာကတော့ ခုထိလုံးဝအဆင်ပြေသွားတယ်၊ စလွှတ်တော့မယ်ဆိုတဲ့ သတင်းတော့ မရသေးဘူးခင်ဗျ”

လက်ရှိ ထိုင်းနိုင်ငံထဲမှာ လုပ်ငန်းကိုင်ငန်း ရပ်ဆိုင်းထားမှု၊ ကူးစက်ရောဂါ ကာကွယ်ရေး အစီအစဉ်တို့ကြောင့် မြန်မာလုပ်သား အတော်များများဟာ အလုပ်လက်မဲ့ ဖြစ်နေကြတာပါ။ ဒီအခြေအနေနဲ့ နောက်ထပ် တစ်လ လောက် ထိုင်းနိုင်ငံထဲမှာ ထပ်နေရမှာဖြစ်လို့  စားဝတ်နေရေးအခက်အခဲတွေ၊ ငွေကြေးအခက်အခဲတွေနဲ့ ကြုံနေရပြီလို့ အလုပ်သမားတွေက ပြောပါတယ်။

“အစိုးရကိုပြောချင်တာက လမ်းလေးဖွင့်ပေးစေချင်တယ်၊ ဒီမှာစားဖို့သောက်ဖို့က တော်တော်အခက်အခဲ ဖြစ်နေတာ၊ သူဌေးကလည်း အလုပ်အဆင်းမခံတော့ဘူး စားဖို့သောက်ဖို့လည်းမရှိဘူး လမ်းစရိတ်လောက်ပဲ ရှိတော့တယ်”

ဘန်ကောက်မြို့က မြန်မာလုပ်သား ကိုကျော်သူရ က ပြောသွားတာပါ။

မြန်မာလုပ်သားတွေ ဘယ်အချိန်မှာ နေရပ်ပြန်ခွင့်ရမယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့လည်း တိတိကျကျ သတင်းထုတ်ပြန်ပေးသင့်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေနဲ့ အလုပ်သမားတွေက တောင်း ဆိုလိုက်ပါတယ်။

ပါကျန်ဘူရီခရိုင်မှာ အလုပ်လုပ်နေတဲ့ မောင်ကိုကိုဦး က မြန်မာလုပ်သားတွေအတွက် မြန်မာအစိုးရဘက်က တိတိကျကျ ညွှန်ကြားချက်ပေးဖို့ ပြောပါတယ်။

“အစိုးရအနေနဲ့ တိတိကျကျ ဘယ်နေ့ဖွင့်ပေးမယ်၊ သွားလမ်းလာလမ်းဖြောင့်တယ် အဲလိုအသံမျိုးပဲ တိတိ ကျကျကြားချင်တာ၊ အခုကျတော့ မြန်မာပြည်က ကိုယ်မိဘကဖုန်းဆက်ရင်တောင် ဘယ်နေ့ပြန်လာမလဲမေးရင် ဖြေလို့မရဘူး၊ ဘယ်နေ့ပြန်လို့ရမယ်ဆိုတာကို သတင်းတွေထုတ်ပြီး ထုတ်တဲ့နေမှာပဲ တကယ်ပြန်လို့ရအောင် နှစ်ဦးနှစ်ဖက်ညှိနှိုင်းစေချင်တယ်”

သန်းနဲ့ချီတဲ့ မြန်မာလုပ်သားတွေ အလွယ်တကူနေရပ်ပြန်နိုင်အောင် အမိန့်၊ ညွှန်ကြားချက်တွေကို ဖြေလျှော့ မပေးဘဲ တင်းကျပ်ထားတာဟာ ရွှေ့ပြောင်းလုပ်သားတွေအားလုံး နေရပ်ပြန်မှာကို လိုလားပုံမရတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့ မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုး က သုံးသပ်ပါတယ်။

“ဖြစ်နိုင်ခြေရှိတာကတော့ ကျွမ်းကျင်လုပ်သားတွေဖြစ်တဲ့ ထိုင်းမှာရှိတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို သူတို့ရဲ့လုပ်ငန်းရှင်တွေက လက်မလွှတ်ချင်ဘူး၊ နောက်သူတို့ရဲ့အစိုးရက လက်မလွှတ်ချင်ဘူး၊ နောက်ထိုင်း နိုင်ငံရဲ့ ဘက်ပေါင်းစုံကျဆင်းနေတဲ့ စီးပွားရေးမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခန်းကဏ္ဍကအရေးကြီးတယ်၊ အဲအတွက်ကြောင့် ထိုင်းနိုင်ငံပြန်တည်ငြိမ်လာရင် ကုန်သွယ်ရေးနဲ့ စီးပွားရေးကို ပြန်လည်ပြီးတော့ သူတို့ ရွှေ့ပြောင်းလုပ်သားတွေရဲ့အားနဲ့ တည်ဆောက်ချင်တဲ့သဘောလည်း သက်ရောက်တယ်”

ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက စားနပ်ရိက္ခာထောက်ပံ့တာမရှိသလို အလုပ်ရှင် အများစုကလည်း အလုပ်ထုတ်ပေမယ့် နစ်နာကြေးပေးတာမျိုးတွေ မရှိပါဘူး။

လက်ရှိထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၃ သန်းနီးပါးရှိပြီး နေရပ်ပြန်ဖို့အတွက် သံရုံးမှာ စာရင်းပေးထားသူ နှစ်သောင်းကျော် ရှိပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွှေ့ပြောင်းလုပ်သား တစ်သိန်းခွဲနီးပါး နေရပ် ပြန်လာနိုင်တယ်လို့ မွန်၊ ကရင်၊ တနင်္သာရီဝန်ကြီးချုပ်တွေနဲ့ အွန်လိုင်းတွေဆုံပွဲမှာ ထည့်သွင်းပြောကြားသွား ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သားတွေကတော့ ဘယ်နေ့နေရပ်ပြန်ရမလဲဆိုတာ တိတိကျကျ မသိရသေးဘဲ စားသောက်နေထိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကျော်လွင်ဦး / RFA Burmese
https://www.rfa.org/burmese/program_2/myanmar-will-return-from-thai-on-june-05072020060438.html
ထိုင္းေရာက္ျမန္မာလုပ္သားေတြ ဇြန္လဆန္းမွ ေနရပ္ျပန္ခြင့္ရမည္ ထိုင္းေရာက္ျမန္မာလုပ္သားေတြ ဇြန္လဆန္းမွ ေနရပ္ျပန္ခြင့္ရမည္ Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.