တ႐ုတ္က ျပည္နယ္ ၇ ခုမွာ တရားမဝင္ ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသား ၃၀၀ ေက်ာ္ကို မူဆယ္နယ္စပ္ဂိတ္ကတဆင့္ ျပန္လႊဲ

မူဆယ္နယ္စပ္ဂိတ္မွာ ဇန္နဝါရီ ၃၁ ရက္ေန႔တုန္းက ျပန္ဝင္လာသူေတြကို ျမန္မာဘက္က က်န္းမာေရးစစ္ေဆးမႈ ျပဳလုပ္ခဲ့စဥ္
တ႐ုတ္ႏိုင္ငံ ယူနန္၊ ဟူေဘး စတဲ့ ျပည္နယ္ ၇ ခုမွာ ဖမ္းဆီးထိန္းသိမ္းထားတဲ့ ျမန္မာႏိုင္ငံသား ၃၀၀ ေက်ာ္ေလာက္ကို ေမလ ၆ ရက္ နဲ႔ ၇ ရက္ မွာ ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္နန္းေတာ္နယ္စပ္ဂိတ္ကတဆင့္ တ႐ုတ္ဘက္က ျပန္လႊဲေပးခဲ့တယ္လို႔ ရွမ္းျပည္နယ္အစိုးရ နယ္စပ္ေရးရာနဲ႔ လုံၿခဳံေရးဝန္ႀကီး ဗိုလ္မႉးႀကီး လွဦးက ေျပာပါတယ္။

"တ႐ုတ္က အက်ဥ္းေထာင္ေတြမွာ ျပစ္ဒဏ္ေတြ က်ခံၿပီးသြားလို႔ ျပန္လာသူေတြျဖစ္တယ္၊ ေမလ ၆ ရက္ေန႔က ၅၄ ေယာက္ ျပန္လာတယ္၊ ဒီေန႔ ေမလ ၇ ရက္ေန႔မွာ ၂၆၀ ထပ္ဝင္လာတယ္" လို႔ ဗိုလ္မႉးႀကီး လွဦးက ဘီဘီစီကို ေျပာပါတယ္။

"တ႐ုတ္မွာ ဘယ္လိုျပစ္ဒဏ္ေတြ က်ခံခဲ့ရသူေတြလဲ ဆိုတာကိုေတာ့ စိစစ္တုန္းမို႔ မေျပာႏိုင္ေသးဘူး" လို႔ ဗိုလ္မႉးႀကီး လွဦးက ေျပာပါတယ္။
 တ႐ုတ္-ျမန္မာနယ္စပ္က မူဆယ္ဂိတ္အဝင္အထြက္ တစ္ေနရာ ကိုဗစ္ေရာဂါ မကူးစက္ခင္က ေတြ႕ရစဥ္
ျပန္လာၾကသူေတြထဲမွာ ကိုဗစ္-၁၉ စတင္ျဖစ္ခဲ့တဲ့ ဟူေဘးျပည္နယ္ထဲက ဝူဟန္မွာ ပိတ္မိေနတဲ့ ျမန္မာႏိုင္ငံသား ၂၄၂ ေယာက္လည္း ပါဝင္ပါတယ္။

သူတို႔ေတြဟာ ၇ ရက္သက္တမ္းပဲရွိတဲ့ တ႐ုတ္နယ္စပ္ျဖတ္ေက်ာ္ခြင့္ အေထာက္အထားနဲ႔ ေရာက္လာၾကာသူေတြ ျဖစ္ၿပီး ကိုဗစ္-၁၉ ေၾကာင့္ ဝူဟန္ၿမိဳ႕ကို ေလာ့ခ္ေဒါင္း ခ်လိုက္တာေၾကာင့္ ျမန္မာႏိုင္ငံကို ျပန္လာလို႔ မရခဲ့သူေတြ ျဖစ္တယ္လို႔ တ႐ုတ္ႏိုင္ငံဆိုင္ရာ ျမန္မာသံမႉး ဦးဟန္ဝင္းေအာင္ က ေျပာပါတယ္။

"ဧၿပီ ၈ ရက္ေန႔ ေနာက္ပိုင္း ဝူဟန္ ျပန္ဖြင့္ၿပီးကာမွ တ႐ုတ္အစိုးရနဲ႔ ညႇိႏႈိင္းခဲ့ၿပီး အခုက်မွ သူတို႔ေတြကို ျပန္ပို႔တာ" လို႔ ျမန္မာသံမႉး ဦးဟန္ဝင္းေအာင္က ေျပာပါတယ္။

ကိုဗစ္-၁၉ ဝူဟန္မွာ စတင္ပ်ံ႕ႏွံ႔ခ်ိန္တုန္းကလည္း ဝူဟန္မွာ ေက်ာင္းတက္ေနတဲ့ ျမန္မာႏိုင္ငံသား ၆၁ ဦးကို ျမန္မာအစိုးရဘက္က ျပန္ေခၚခဲ့ရပါတယ္။

အခု ျပန္လာသူေတြထဲမွာေတာ့ တ႐ုတ္-ျမန္မာ နယ္စပ္ ယူနန္ျပည္နယ္ထဲ လာေရာက္အလုပ္လုပ္ၾကသူေတြ ရွိသလို နန္နင္း၊ ရွန္းက်န႔္ စတဲ့ျပည္နယ္ေတြမွာ သြားေရာက္အလုပ္လုပ္ၾကသူေတြလည္း ရွိပါတယ္။

ဒါ့အျပင္ ေဘဂ်င္းမွာ ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသား ၃၉ ေယာက္ကိုလည္း ေလယာဥ္နဲ႔ ျပန္ပို႔ႏိုင္ဖို႔ တ႐ုတ္အစိုးရနဲ႔ စီစဥ္ေဆာင္႐ြက္ေနတယ္လို႔ ျမန္မာသံမႉး ဦးဟန္ဝင္းေအာင္က ေျပာပါတယ္။

ျပန္လာသူေတြကို က်န္းမာေရးေကာင္းမြန္ေၾကာင္း အေထာက္အထားလက္မွတ္ေတြ ထုတ္ေပးလိုက္တယ္လို႔လည္း ျမန္မာသံမႉးက ေျပာပါတယ္။

ရွမ္းျပည္နယ္အစိုးရ နယ္စပ္ေရးရာနဲ႔ လုံၿခဳံေရးဝန္ႀကီး ဗိုလ္မႉးႀကီး လွဦးကေတာ့ ျပန္လာသူ ၃၀၀ ေက်ာ္ကို ေမလ ၈ ရက္နဲ႔ ၉ ရက္မွာ HIV/AIDS အပါအဝင္ က်န္းမာေရးစစ္ေဆးမႈေတြကို မူဆယ္မွာ ၂ ရက္ဆက္တိုက္ လုပ္မယ္လို႔ ေျပာပါတယ္။

"စစ္ေဆးမႈေတြၿပီးမွ ေနရပ္ေတြကို ျပန္ပို႔မွာျဖစ္ၿပီး ကိုဗစ္-၁၉ ကူးစက္ထားတာ ရွိမရွိ က်န္းမာေရး ေစာင့္ၾကပ္ၾကည့္ရႈမႈ ၂၁ ရက္ ကြာရန္တင္း ကိုေတာ့ သက္ဆိုင္ရာ ျပည္နယ္နဲ႔ တိုင္းေတြမွာ ဝင္ရမယ္" လို႔ ဗိုလ္မႉးႀကီးလွဦးက ဆက္ေျပာပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္၊ ခ်င္းေ႐ႊေဟာ္၊ ေလာက္ကိုင္ စတဲ့ ေဒသေတြကို ျဖတ္ၿပီး တ႐ုတ္ႏိုင္ငံထဲ အလုပ္သြားလုပ္ေနတဲ့ ျမန္မာႏိုင္ငံသား ေသာင္းနဲ႔ခ်ီ ရွိၿပီး သူတို႔ေတြဟာ အခုရက္ပိုင္း နယ္စပ္ဂိတ္ေတြကတဆင့္ ျမန္မာႏိုင္ငံထဲ ျပန္ဝင္လာေနၾကတာ ျဖစ္ပါတယ္။

လြယ္ဂ်ယ္ဂိတ္အပါအဝင္ နယ္စပ္ဂိတ္ေတြကေန ျပန္ပို႔သူအေရအတြက္ ၁၈၀၀၀ အထိ ရွိတယ္လို႔ ယူနန္ျပည္နယ္အစိုးရက ျမန္မာဘက္ကို အသိေပးထားၿပီး အခုခ်ိန္အထိ လူေထာင္နဲ႔ခ်ီၿပီး ျမန္မာႏိုင္ငံထဲကို ျပန္လည္ ဝင္ေရာက္ဆဲ ျဖစ္ပါတယ္။

BBC Burmese
---------------------------------------------
တရုတ်က ပြည်နယ် ၇ ခုမှာ တရားမဝင် ရောက်နေတဲ့ မြန်မာနိုင်ငံသား ၃၀၀ ကျော်ကို မူဆယ်နယ်စပ်ဂိတ်ကတဆင့် ပြန်လွှဲ

တရုတ်နိုင်ငံ ယူနန်၊ ဟူဘေး စတဲ့ ပြည်နယ် ၇ ခုမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၃၀၀ ကျော်လောက်ကို မေလ ၆ ရက် နဲ့ ၇ ရက် မှာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်နန်းတော်နယ်စပ်ဂိတ်ကတဆင့် တရုတ်ဘက်က ပြန်လွှဲပေးခဲ့တယ်လို့ ရှမ်းပြည်နယ်အစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး လှဦးက ပြောပါတယ်။

"တရုတ်က အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်တွေ ကျခံပြီးသွားလို့ ပြန်လာသူတွေဖြစ်တယ်၊ မေလ ၆ ရက်နေ့က ၅၄ ယောက် ပြန်လာတယ်၊ ဒီနေ့ မေလ ၇ ရက်နေ့မှာ ၂၆၀ ထပ်ဝင်လာတယ်" လို့ ဗိုလ်မှူးကြီး လှဦးက ဘီဘီစီကို ပြောပါတယ်။

"တရုတ်မှာ ဘယ်လိုပြစ်ဒဏ်တွေ ကျခံခဲ့ရသူတွေလဲ ဆိုတာကိုတော့ စိစစ်တုန်းမို့ မပြောနိုင်သေးဘူး" လို့ ဗိုလ်မှူးကြီး လှဦးက ပြောပါတယ်။

ပြန်လာကြသူတွေထဲမှာ ကိုဗစ်-၁၉ စတင်ဖြစ်ခဲ့တဲ့ ဟူဘေးပြည်နယ်ထဲက ဝူဟန်မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၂၄၂ ယောက်လည်း ပါဝင်ပါတယ်။

သူတို့တွေဟာ ၇ ရက်သက်တမ်းပဲရှိတဲ့ တရုတ်နယ်စပ်ဖြတ်ကျော်ခွင့် အထောက်အထားနဲ့ ရောက်လာကြာသူတွေ ဖြစ်ပြီး ကိုဗစ်-၁၉ ကြောင့် ဝူဟန်မြို့ကို လော့ခ်ဒေါင်း ချလိုက်တာကြောင့် မြန်မာနိုင်ငံကို ပြန်လာလို့ မရခဲ့သူတွေ ဖြစ်တယ်လို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံမှူး ဦးဟန်ဝင်းအောင် က ပြောပါတယ်။

"ဧပြီ ၈ ရက်နေ့ နောက်ပိုင်း ဝူဟန် ပြန်ဖွင့်ပြီးကာမှ တရုတ်အစိုးရနဲ့ ညှိနှိုင်းခဲ့ပြီး အခုကျမှ သူတို့တွေကို ပြန်ပို့တာ" လို့ မြန်မာသံမှူး ဦးဟန်ဝင်းအောင်က ပြောပါတယ်။

ကိုဗစ်-၁၉ ဝူဟန်မှာ စတင်ပျံ့နှံ့ချိန်တုန်းကလည်း ဝူဟန်မှာ ကျောင်းတက်နေတဲ့ မြန်မာနိုင်ငံသား ၆၁ ဦးကို မြန်မာအစိုးရဘက်က ပြန်ခေါ်ခဲ့ရပါတယ်။

အခု ပြန်လာသူတွေထဲမှာတော့ တရုတ်-မြန်မာ နယ်စပ် ယူနန်ပြည်နယ်ထဲ လာရောက်အလုပ်လုပ်ကြသူတွေ ရှိသလို နန်နင်း၊ ရှန်းကျန့် စတဲ့ပြည်နယ်တွေမှာ သွားရောက်အလုပ်လုပ်ကြသူတွေလည်း ရှိပါတယ်။

ဒါ့အပြင် ဘေဂျင်းမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား ၃၉ ယောက်ကိုလည်း လေယာဉ်နဲ့ ပြန်ပို့နိုင်ဖို့ တရုတ်အစိုးရနဲ့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာသံမှူး ဦးဟန်ဝင်းအောင်က ပြောပါတယ်။

ပြန်လာသူတွေကို ကျန်းမာရေးကောင်းမွန်ကြောင်း အထောက်အထားလက်မှတ်တွေ ထုတ်ပေးလိုက်တယ်လို့လည်း မြန်မာသံမှူးက ပြောပါတယ်။

ရှမ်းပြည်နယ်အစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး လှဦးကတော့ ပြန်လာသူ ၃၀၀ ကျော်ကို မေလ ၈ ရက်နဲ့ ၉ ရက်မှာ HIV/AIDS အပါအဝင် ကျန်းမာရေးစစ်ဆေးမှုတွေကို မူဆယ်မှာ ၂ ရက်ဆက်တိုက် လုပ်မယ်လို့ ပြောပါတယ်။

"စစ်ဆေးမှုတွေပြီးမှ နေရပ်တွေကို ပြန်ပို့မှာဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ထားတာ ရှိမရှိ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုမှု ၂၁ ရက် ကွာရန်တင်း ကိုတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေမှာ ဝင်ရမယ်" လို့ ဗိုလ်မှူးကြီးလှဦးက ဆက်ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ ချင်းရွှေဟော်၊ လောက်ကိုင် စတဲ့ ဒေသတွေကို ဖြတ်ပြီး တရုတ်နိုင်ငံထဲ အလုပ်သွားလုပ်နေတဲ့ မြန်မာနိုင်ငံသား သောင်းနဲ့ချီ ရှိပြီး သူတို့တွေဟာ အခုရက်ပိုင်း နယ်စပ်ဂိတ်တွေကတဆင့် မြန်မာနိုင်ငံထဲ ပြန်ဝင်လာနေကြတာ ဖြစ်ပါတယ်။

လွယ်ဂျယ်ဂိတ်အပါအဝင် နယ်စပ်ဂိတ်တွေကနေ ပြန်ပို့သူအရေအတွက် ၁၈၀၀၀ အထိ ရှိတယ်လို့ ယူနန်ပြည်နယ်အစိုးရက မြန်မာဘက်ကို အသိပေးထားပြီး အခုချိန်အထိ လူထောင်နဲ့ချီပြီး မြန်မာနိုင်ငံထဲကို ပြန်လည် ဝင်ရောက်ဆဲ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52558716
တ႐ုတ္က ျပည္နယ္ ၇ ခုမွာ တရားမဝင္ ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသား ၃၀၀ ေက်ာ္ကို မူဆယ္နယ္စပ္ဂိတ္ကတဆင့္ ျပန္လႊဲ တ႐ုတ္က ျပည္နယ္ ၇ ခုမွာ တရားမဝင္ ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသား ၃၀၀ ေက်ာ္ကို မူဆယ္နယ္စပ္ဂိတ္ကတဆင့္ ျပန္လႊဲ Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.