ကို႐ိုနာဗိုင္းရပ္စ္- ဝူဟန္ေဒသခံ ၁၁ သန္းကို ကို႐ိုနာဗိုင္းရပ္စ္ စစ္ဖို႔ ျပင္ဆင္

 ေမလ ၁၁ ရက္မွာ ဝူဟန္ၿမိဳ႕ထဲ သြားလာေနၾကသူေတြ
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ စျပန္႔ခဲ့တဲ့ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ ၿမိဳ႕ခံ ၁၁ သန္းလုံးကို ပိုးစစ္ဖို႔ လုပ္ေနတယ္လို႔ အစိုးရမီဒီယာက ေျပာပါတယ္။

ဒီအစီအစဥ္က အစပိုင္း အဆင့္မွာပဲ ရွိေသးၿပီး ဝူဟန္က သက္ဆိုင္ရာ ေဒသအပိုင္းအလိုက္ စစ္ေဆးမယ့္ အစီအစဥ္ အေသးစိတ္ေတြကို တင္ျပၾကရမွာ ျဖစ္ပါတယ္။

အဲဒီ မတိုင္ခင္တုန္းက ဧၿပီ ၃ ရက္ က စၿပီး ကူးစက္မႈ အသစ္မေတြ႕ခဲ့ပါဘူး။

ေရာဂါကူးစက္မႈေတြေၾကာင့္ တင္းၾကပ္တဲ့ ပိတ္ဆို႔မႈေတြ ဝူဟန္မွာ သီတင္း ၁၁ ပတ္ လုပ္ခဲ့ပါတယ္။ ေနာက္ေတာ့ ဧၿပီ ၈ ရက္မွာ ၿမိဳ႕ကို ျပန္ဖြင့္ေပးခဲ့ပါတယ္။

အဲဒီအခ်ိန္အတြင္း ပုံမွန္ အေျခအေန ျပန္ျဖစ္လာပုံ ေတြ႕ရပါတယ္။ ေက်ာင္းေတြ ပုံမွန္ျပန္ဖြင့္တာ၊ စီးပြားေရးလုပ္ငန္းေတြ ျဖည္းျဖည္းခ်င္း ျပန္စလာၾကတာ၊ ကား၊ရထားေတြ ျပန္စဆြဲတာေတြ ေတြ႕ရပါတယ္။

ဒါေပမဲ့ အခုလို အစုလိုက္ကူးစက္မႈ ေတြ႕လာရလို႔ ပုံမွန္ ျပန္ေရာက္မယ့္အေရးကို အတားအဆီး ျဖစ္လာပါတယ္။ ဒီကူးစက္မႈေတြက အိမ္ရာတစ္ခုတည္းမွာ ေတြ႕ခဲ့တာပါ။
၁၀ ရက္ တိုက္ပြဲ

ဝူဟန္က ေဒသအပိုင္းလိုက္တိုင္းဟာ ၁၀ ရက္အတြင္း ပိုးစစ္မယ့္ အစီအစဥ္ေတြကို အဂၤါေန႔ ေန႔လယ္ အၿပီးဆြဲဖို႔ ၫႊန္ၾကားထားတဲ့စာ ပ်ံ႕ႏွံ႔ေနပါတယ္။
ကူးစက္မႈ အသစ္ေၾကာင့္ ပုံမွန္အေျခအေန ျပန္ေရာက္ေရး အဟန္႔အတား ျဖစ္လာ
ေဒသအပိုင္းတိုင္းဟာ ကိုယ့္ကိုယ္ပိုင္ အစီအစဥ္ကို ေဒသ လူဦးေရနဲ႔ ကူးစက္မႈ အေျခအေနအလိုက္ ကိုယ့္ဘာသာ ေရးဆြဲရမွာပါ။

ဒီအစဥ္ကို ၫႊန္ၾကားခ်က္ထဲမွာ ၁၀ ရက္ တိုက္ပြဲလို႔ သုံးထားၿပီး အသက္ႀကီးသူေတြနဲ႔ လူထူထပ္တဲ့ေနရာေတြကို ဦးစားေပး စစ္ဖို႔ လည္း ၫႊန္ၾကားထားပါတယ္။

ဒါေပမဲ့ ဒီလို တၿမိဳ႕လုံး စစ္ဖို႔ဆိုတာ လက္ေတြ႕ လုပ္ဖို႔ မလြယ္ဘဲ အကုန္အက်လည္း မ်ားမယ္လို႔ အႀကီးတန္း က်န္းမာေရး အရာရွိေတြကို ကိုးကားၿပီး Global Times သတင္းစာက ေျပာပါတယ္။

က်န္းမာေရး ဝန္ထမ္းေတြ၊ ကူးစက္ႏိုင္ေျခ ျမင့္တဲ့သူေတြနဲ႔ ကူးစက္သူေတြနဲ႔ ထိေတြ႕ဖူးသူေတြကို စစ္ေဆးတာ ပိုျဖစ္ႏိုင္ေျခရွိတယ္လို႔ ဝူဟန္တကၠသိုလ္ က်ဳံးနန္ေဆး႐ုံက အထူးၾကပ္မတ္ကုသေဆာင္ ၫႊန္ၾကားေရးမႉး ဖုန္႔ၾကည္ယုံးက ေျပာပါတယ္။

တျခား ၫႊန္ၾကားေရးမႉး တစ္ေယာက္ကေတာ့ ဝူဟန္က လူ သုံးသန္းက ေန ငါးသန္းေလာက္က စစ္ထားၿပီးသား ျဖစ္လို႔ က်န္တဲ့ လူ ေျခာက္သန္းကေန ၁၀ သန္းေလာက္ကို ၁၀ ရက္အတြင္း စစ္ႏိုင္စြမ္း ရွိတယ္လို႔ ေျပာပါတယ္။

BBC Burmese
----------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်- ဝူဟန်ဒေသခံ ၁၁ သန်းကို ကိုရိုနာဗိုင်းရပ်စ် စစ်ဖို့ ပြင်ဆင်

ကိုရိုနာဗိုင်းရပ်စ် စပြန့်ခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ မြို့ခံ ၁၁ သန်းလုံးကို ပိုးစစ်ဖို့ လုပ်နေတယ်လို့ အစိုးရမီဒီယာက ပြောပါတယ်။

ဒီအစီအစဉ်က အစပိုင်း အဆင့်မှာပဲ ရှိသေးပြီး ဝူဟန်က သက်ဆိုင်ရာ ဒေသအပိုင်းအလိုက် စစ်ဆေးမယ့် အစီအစဉ် အသေးစိတ်တွေကို တင်ပြကြရမှာ ဖြစ်ပါတယ်။

အဲဒီ မတိုင်ခင်တုန်းက ဧပြီ ၃ ရက် က စပြီး ကူးစက်မှု အသစ်မတွေ့ခဲ့ပါဘူး။

ရောဂါကူးစက်မှုတွေကြောင့် တင်းကြပ်တဲ့ ပိတ်ဆို့မှုတွေ ဝူဟန်မှာ သီတင်း ၁၁ ပတ် လုပ်ခဲ့ပါတယ်။ နောက်တော့ ဧပြီ ၈ ရက်မှာ မြို့ကို ပြန်ဖွင့်ပေးခဲ့ပါတယ်။

အဲဒီအချိန်အတွင်း ပုံမှန် အခြေအနေ ပြန်ဖြစ်လာပုံ တွေ့ရပါတယ်။ ကျောင်းတွေ ပုံမှန်ပြန်ဖွင့်တာ၊ စီးပွားရေးလုပ်ငန်းတွေ ဖြည်းဖြည်းချင်း ပြန်စလာကြတာ၊ ကား၊ရထားတွေ ပြန်စဆွဲတာတွေ တွေ့ရပါတယ်။

ဒါပေမဲ့ အခုလို အစုလိုက်ကူးစက်မှု တွေ့လာရလို့ ပုံမှန် ပြန်ရောက်မယ့်အရေးကို အတားအဆီး ဖြစ်လာပါတယ်။ ဒီကူးစက်မှုတွေက အိမ်ရာတစ်ခုတည်းမှာ တွေ့ခဲ့တာပါ။

၁၀ ရက် တိုက်ပွဲ

ဝူဟန်က ဒေသအပိုင်းလိုက်တိုင်းဟာ ၁၀ ရက်အတွင်း ပိုးစစ်မယ့် အစီအစဉ်တွေကို အင်္ဂါနေ့ နေ့လယ် အပြီးဆွဲဖို့ ညွှန်ကြားထားတဲ့စာ ပျံ့နှံ့နေပါတယ်။

ဒေသအပိုင်းတိုင်းဟာ ကိုယ့်ကိုယ်ပိုင် အစီအစဉ်ကို ဒေသ လူဦးရေနဲ့ ကူးစက်မှု အခြေအနေအလိုက် ကိုယ့်ဘာသာ ရေးဆွဲရမှာပါ။

ဒီအစဉ်ကို ညွှန်ကြားချက်ထဲမှာ ၁၀ ရက် တိုက်ပွဲလို့ သုံးထားပြီး အသက်ကြီးသူတွေနဲ့ လူထူထပ်တဲ့နေရာတွေကို ဦးစားပေး စစ်ဖို့ လည်း ညွှန်ကြားထားပါတယ်။

ဒါပေမဲ့ ဒီလို တမြို့လုံး စစ်ဖို့ဆိုတာ လက်တွေ့ လုပ်ဖို့ မလွယ်ဘဲ အကုန်အကျလည်း များမယ်လို့ အကြီးတန်း ကျန်းမာရေး အရာရှိတွေကို ကိုးကားပြီး Global Times သတင်းစာက ပြောပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ၊ ကူးစက်နိုင်ခြေ မြင့်တဲ့သူတွေနဲ့ ကူးစက်သူတွေနဲ့ ထိတွေ့ဖူးသူတွေကို စစ်ဆေးတာ ပိုဖြစ်နိုင်ခြေရှိတယ်လို့ ဝူဟန်တက္ကသိုလ် ကျုံးနန်ဆေးရုံက အထူးကြပ်မတ်ကုသဆောင် ညွှန်ကြားရေးမှူး ဖုန့်ကြည်ယုံးက ပြောပါတယ်။

တခြား ညွှန်ကြားရေးမှူး တစ်ယောက်ကတော့ ဝူဟန်က လူ သုံးသန်းက နေ ငါးသန်းလောက်က စစ်ထားပြီးသား ဖြစ်လို့ ကျန်တဲ့ လူ ခြောက်သန်းကနေ ၁၀ သန်းလောက်ကို ၁၀ ရက်အတွင်း စစ်နိုင်စွမ်း ရှိတယ်လို့ ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52631972
ကို႐ိုနာဗိုင္းရပ္စ္- ဝူဟန္ေဒသခံ ၁၁ သန္းကို ကို႐ိုနာဗိုင္းရပ္စ္ စစ္ဖို႔ ျပင္ဆင္ ကို႐ိုနာဗိုင္းရပ္စ္- ဝူဟန္ေဒသခံ ၁၁ သန္းကို ကို႐ိုနာဗိုင္းရပ္စ္ စစ္ဖို႔ ျပင္ဆင္ Reviewed by THITHTOOLWIN on 05:54 Rating: 5
Powered by Blogger.