စစ္သေဘၤာေပၚမွာ ႐ိုက္ႏွက္တဲ့ ဗီဒီယိုဖိုင္ကို တပ္က ဝန္ခံ၊ က်ဴးလြန္သူေတြ ဖမ္းထားၿပီလို႔ေျပာ

အဲဒီ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို အခု အခါမွာ ဖမ္းဆီးထားၿပီးျဖစ္တယ္လို႔ေျပာ
(Zawgyi)⤵⤵⤵
အခုရက္ပိုင္း အတြင္း အင္တာနက္ လူမႈကြန္ရက္ေတြမွာ ပ်ံ႕ႏွံ႔ေနတဲ့ စစ္သေဘၤာေပၚမွာ အမ်ိဳးသား ၅ ဦးကို ႐ိုက္ႏွက္ေနတဲ့ ဗီဒီယိုဖိုင္နဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္က ဟုတ္မွန္တယ္လို႔ ဝန္ခံလိုက္ပါတယ္။

ဒီလိုက်ဴးလြန္ခဲ့တာနဲ႔ ပတ္သက္လို႔ အဲဒီလုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို တရားဥပေဒအရ အေရးယူႏိုင္ဖို႔ စုံစမ္းစစ္ေဆးမႈ ေတြ ေဆာင္႐ြက္ေနတယ္လို႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ရဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

အဆိုပါ ျဖစ္စဥ္ဟာ ရခိုင္ျပည္နယ္ထဲက ၿမိဳ႕၊ ႐ြာေတြမွာ ေအေအ တပ္ဖြဲ႕ဝင္ေတြ ေဒသခံေတြအသြင္နဲ႔ စိမ့္ဝင္လႈပ္ရွားမႈေတြ မရွိေစေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ေဆာင္႐ြက္ခဲ့စဥ္ ပုဏၰားကြၽန္း ၿမိဳ႕နယ္၊ ေက်ာက္ဆိပ္ေက်း႐ြာက ေအေအနဲ႔ ပတ္သက္သူလို႔ယူဆရသူ အမ်ိဳးသား ၅ ဦးကို ထိန္းသိမ္းခဲ့တဲ့ ျဖစ္စဥ္လို႔ လည္းသူက ရွင္းျပပါတယ္။

ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ေက်ာက္ဆိပ္ေက်း႐ြာက ေအေအနဲ႔ ပတ္သက္တယ္လို႔ ယူဆရသူေတြကို စစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ ဧၿပီ ၂၁ ရက္က တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားခဲ့တယ္လို႔လည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေမ ၁၀ ရက္ မနက္ပိုင္းက လူမႈကြန္ရက္ေပၚ ပ်ံ႕ႏွံ႔လာခဲ့တဲ့ ႐ုပ္သံဖိုင္မွာ လက္ျပန္ႀကိဳးတုပ္ထားတဲ့ လူငါးဦးကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္လို႔ ယူဆရသူေတြက သေဘၤာေပၚ မွာ ထိုးႀကိတ္ကန္ေက်ာက္ေနၾကတာ ေတြ႕ရပါတယ္။

စုစုေပါင္း အပိုင္း ၃ ပိုင္းပါရွိတဲ့ ႐ုပ္သံဖိုင္မွာ ဗမာစကားေျပာ အရပ္ဝတ္တခ်ိဳ႕နဲ႔ တပ္မေတာ္ စစ္ဝတ္စုံဝတ္ထားသူ ေသနတ္ကိုင္ေဆာင္ထားသူတခ်ိဳ႕က မ်က္ႏွာမွာ အဝတ္စည္းထားတဲ့ အရပ္ဝတ္ အမ်ိဳးသားငါးဦးကို သေဘၤာေပၚမွာ ထိုးႀကိတ္ကန္ေက်ာက္ေနၾကတာ ျဖစ္ပါတယ္။

မ်က္ႏွာကို ေျခေထာက္နဲ႔ နင္းတာေတြ႕ရသလို၊ ပက္လက္လွန္ခိုင္းထားၿပီး ရင္ဘတ္ကို ေျခေထာက္နဲ႔ တက္ေဆာင့္တာကိုလည္း ေတြ႕ရပါတယ္။

အဲဒီ့ အမ်ိဳးသား ၅ ဦးကို ထပ္မံစစ္ေဆးမႈေတြလုပ္ဖို႔ တရားဥပေဒအရ တရားစြဲဆိုမႈေတြ ျပဳလုပ္ႏိုင္ေရး ပုဏၰားကြၽန္း ကေန စစ္ေတြကို ဧၿပီ ၂၇ ရက္ မနက္ပိုင္း စစ္ေရယာဥ္ နဲ႔ပို႔ေဆာင္စဥ္ အေစာင့္အျဖစ္လိုက္ပါလာတဲ့ လုံၿခဳံေရး တပ္ဖြဲ႕ဝင္တခ်ိဳ႕က ဥပေဒနဲ႔ မေလ်ာ္ညီတဲ့ စစ္ေဆးေမးျမန္းမႈတြ ေဆာင္႐ြက္ခဲ့တဲ့ ဗီဒီယိုဖိုင္ျဖစ္ေၾကာင္း စစ္ေဆးေဖာ္ထုတ္ ေတြ႕ရွိရတယ္လို႔ လည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

အခုလို ဥပေဒနဲ႔ မေလ်ာ္ညီတဲ့ စစ္ေဆးေမးျမန္းမႈေတြ ေဆာင္႐ြက္ခဲ့တဲ့ လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြကို စစ္စည္းကမ္းအရ အေရးယူႏိုင္ေရး စုံစမ္းစစ္ေဆးမႈေတြ စတင္ေဆာင္႐ြက္ေနတယ္လို႔လည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

အဲဒီ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို အခုအခါမွာ ဖမ္းဆီးထားၿပီးျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

BBC Burmese
-------------------------------
(Unicode)⤵⤵⤵
စစ်သင်္ဘောပေါ်မှာ ရိုက်နှက်တဲ့ ဗီဒီယိုဖိုင်ကို တပ်က ဝန်ခံ၊ ကျူးလွန်သူတွေ ဖမ်းထားပြီလို့ပြော

အခုရက်ပိုင်း အတွင်း အင်တာနက် လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ စစ်သင်္ဘောပေါ်မှာ အမျိုးသား ၅ ဦးကို ရိုက်နှက်နေတဲ့ ဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ တပ်မတော်ဘက်က ဟုတ်မှန်တယ်လို့ ဝန်ခံလိုက်ပါတယ်။

ဒီလိုကျူးလွန်ခဲ့တာနဲ့ ပတ်သက်လို့ အဲဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တရားဥပဒေအရ အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှု တွေ ဆောင်ရွက်နေတယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ ရခိုင်ပြည်နယ်ထဲက မြို့၊ ရွာတွေမှာ အေအေ တပ်ဖွဲ့ဝင်တွေ ဒေသခံတွေအသွင်နဲ့ စိမ့်ဝင်လှုပ်ရှားမှုတွေ မရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆောင်ရွက်ခဲ့စဉ် ပုဏ္ဏားကျွန်း မြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက အေအေနဲ့ ပတ်သက်သူလို့ယူဆရသူ အမျိုးသား ၅ ဦးကို ထိန်းသိမ်းခဲ့တဲ့ ဖြစ်စဉ်လို့ လည်းသူက ရှင်းပြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက အေအေနဲ့ ပတ်သက်တယ်လို့ ယူဆရသူတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဧပြီ ၂၁ ရက်က တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားခဲ့တယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မေ ၁၀ ရက် မနက်ပိုင်းက လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာခဲ့တဲ့ ရုပ်သံဖိုင်မှာ လက်ပြန်ကြိုးတုပ်ထားတဲ့ လူငါးဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်လို့ ယူဆရသူတွေက သင်္ဘောပေါ် မှာ ထိုးကြိတ်ကန်ကျောက်နေကြတာ တွေ့ရပါတယ်။

စုစုပေါင်း အပိုင်း ၃ ပိုင်းပါရှိတဲ့ ရုပ်သံဖိုင်မှာ ဗမာစကားပြော အရပ်ဝတ်တချို့နဲ့ တပ်မတော် စစ်ဝတ်စုံဝတ်ထားသူ သေနတ်ကိုင်ဆောင်ထားသူတချို့က မျက်နှာမှာ အဝတ်စည်းထားတဲ့ အရပ်ဝတ် အမျိုးသားငါးဦးကို သင်္ဘောပေါ်မှာ ထိုးကြိတ်ကန်ကျောက်နေကြတာ ဖြစ်ပါတယ်။

မျက်နှာကို ခြေထောက်နဲ့ နင်းတာတွေ့ရသလို၊ ပက်လက်လှန်ခိုင်းထားပြီး ရင်ဘတ်ကို ခြေထောက်နဲ့ တက်ဆောင့်တာကိုလည်း တွေ့ရပါတယ်။

အဲဒီ့ အမျိုးသား ၅ ဦးကို ထပ်မံစစ်ဆေးမှုတွေလုပ်ဖို့ တရားဥပဒေအရ တရားစွဲဆိုမှုတွေ ပြုလုပ်နိုင်ရေး ပုဏ္ဏားကျွန်း ကနေ စစ်တွေကို ဧပြီ ၂၇ ရက် မနက်ပိုင်း စစ်ရေယာဉ် နဲ့ပို့ဆောင်စဉ် အစောင့်အဖြစ်လိုက်ပါလာတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တချို့က ဥပဒေနဲ့ မလျော်ညီတဲ့ စစ်ဆေးမေးမြန်းမှုတွ ဆောင်ရွက်ခဲ့တဲ့ ဗီဒီယိုဖိုင်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ် တွေ့ရှိရတယ်လို့ လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အခုလို ဥပဒေနဲ့ မလျော်ညီတဲ့ စစ်ဆေးမေးမြန်းမှုတွေ ဆောင်ရွက်ခဲ့တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို စစ်စည်းကမ်းအရ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

အဲဒီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အခုအခါမှာ ဖမ်းဆီးထားပြီးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52635729
စစ္သေဘၤာေပၚမွာ ႐ိုက္ႏွက္တဲ့ ဗီဒီယိုဖိုင္ကို တပ္က ဝန္ခံ၊ က်ဴးလြန္သူေတြ ဖမ္းထားၿပီလို႔ေျပာ စစ္သေဘၤာေပၚမွာ ႐ိုက္ႏွက္တဲ့ ဗီဒီယိုဖိုင္ကို တပ္က ဝန္ခံ၊ က်ဴးလြန္သူေတြ ဖမ္းထားၿပီလို႔ေျပာ Reviewed by THITHTOOLWIN on 05:54 Rating: 5
Powered by Blogger.